iMyanmarHouse.com - Best Property Website for Myanmar
×
















Credit : Mystyle

ခရီးသွားရတာ ပျော်ဖို့ကောင်းပါတယ်။ ဒါပေမယ့် အလုပ်ကိစ္စနဲ့ ခဏခဏ ခရီးသွားနေရသူတွေအတွက် ဟိုတယ်က ကိုယ့်အိမ်လောက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။

ဒါ့ကြောင့် ဟိုတယ်မှာနေတဲ့သူတွေအတွက် အသုံးဝင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ရေနွေးအိုးထဲမှာ ကြက်ဥပြုတ်ခြင်း

တခါတလေ အပြင်ထွက်ပြီး ထမင်းမစားချင်တဲ့အခါမျိုး ကြက်ဥ ၁ လုံးလောက်ပြုတ်စားပြီး ညအိပ်ချင်တဲ့အချိန်တို့မှာ အသုံးဝင်ပါတယ်။

ဟိုတယ်မှာပေးထားတဲ့ ရေနွေးအိုးနဲ့ ကြက်ဥပြုတ်စားလို့ရပါတယ်။

မီးပူနဲ့ Toast လုပ်ခြင်း

ပေါင်မုန့်၊ ကြက်ဥ၊ အလူမီနီယံအပြား (Foil) ရှိရင် Toast လုပ်စားလို့ရပါတယ်။ ပေါင်မုန့်ပေါ်မှာကို ကြက်ဥ ဖောက်တင်ပြီး အလူမီနီယံအပြား (Foil) နဲ့ပတ်ပြီး စက္ကန့် ၃၀ လောက် ၂ ဖက်လုံးကို မီးပူနဲ့ တိုက်လိုက်ပါ။ ဒါဆိုရင် အရသာရှိတဲ့ ပေါင်မုန့် Toast ရပါပြီ။

ဖုန်းစပီကာအဖြစ် မတ်ခွက်ကိုသုံးနိုင်

မနက်မိုးလင်း ဖုန်း Alarm ကို ကျယ်ကျယ်မြည်စေရုံသာမက သီချင်း ကျယ်ကျယ်နားထောင်ချင်လည်း အသုံးဝင်ပါတယ်။

ဖုန်းကို မတ်ခွက်ထဲထည့်လိုက်ပါ။

Hair Conditioner ကို မိတ်ကပ်ဖျက်ဆေးအဖြစ်အသုံးပြုနိုင်

Makeup ဖျက်တဲ့ ဆေးရည်ကုန်သွားရင်လည်း စိတ်မပူပါနဲ့။ ရေချိုးခန်းထဲက Hair Conditioner ကို မိတ်ကပ် ဖျက်ဆေးအဖြစ်အသုံးပြုလို့ရပါတယ်။

Shower Cap နဲ့ အစားအစာတွေ အုပ်ထားနိုင်

ဝယ်ထားတဲ့ အစားအစာတွေကို ရေခဲသေတ္တာထဲထည့် သိမ်းထားပေမယ့် အရမ်း ကြီး မအေးခဲသွားစေချင်ရင် Shower Cap လေးနဲ့ အုပ်ပြီး ထည့်ပါ။

ဒီအတိုင်းအပြင်မှာ ထားရင်လည်း ယင်ကောင်တွေ ပိုးမွှားတွေ နားလို့မရအောင် Shower Cap လေးစွပ်ထားပါ။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top