iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ဘက္က ျမတ္ျမတ္ႏုိးႏုိးရွိခဲ့ေပမယ့္ ျငင္းခံခဲ့ရပါတယ္။ အခ်ိန္တစ္ခုၾကာျပီးမွ သူ႔ဘက္က ျပန္လည္လက္ခံခ်င္တဲ့ ပံုစံမ်ိဳး ျပေနတဲ့အခါ ဆံုးျဖတ္ရခက္တတ္ပါတယ္။ အထူးသျဖင့္ ကိုယ့္ဘဝထဲ သူမရွိေတာ့ဘူးလို႔ လက္ခံေနသားက်ျပီးေနမွ ျပန္ေရာက္လာသူအတြက္ ေနရာဘယ္လိုေပးရမလဲဆိုတာ ေဝခြဲမရပါဘူး။ ဒီလိုအေျခအေနမ်ိဳးနဲ႔ ၾကံဳေနရရင္ အဓိကစဥ္းစားရမယ့္ အခ်က္ေတြ ရွိပါတယ္။

၁ - အထီးက်န္မႈနဲ႔မဆုိင္

ကိုယ္အထီးက်န္ေနတာနဲ႔ပဲ ဒီလူကို လက္ခံလိုက္မယ္ဆိုတာမ်ိဳး မလုပ္သင့္ပါဘူး။ အထီးက်န္ေနတဲ့အခ်ိန္ဟာ ဆက္ဆံေရးတစ္ခုတည္ေဆာက္ျဖစ္သြားဖို႔ လြယ္ကူတာေတာ့မွန္ပါတယ္။ ဒါေပမဲ့ တစ္ဖက္လူကလည္း တြဲဖက္မရွိဘဲ အထီးက်န္ေနတာေၾကာင့္ ျငင္းျပီးမွ သင့္ကို ျပန္လက္ခံတာလားဆိုတာကလည္း စဥ္းစားသင့္ပါတယ္။

၂ - အခြင့္အေရးေပးလိုက္မိလား

ျငင္းခံရျပီး အေတာ္ၾကာမွ သင့္ဘက္က သူ႔အေပၚလိုလားေနဆဲျဖစ္တယ္ဆိုတဲ့ အရိပ္အေယာင္ေတြ သြားေပးမိလား။ ဒီလိုသြားေပးမိတာေၾကာင့္ သူ႔ဘက္က ျပန္လည္လာတာလား။ သူ႕ဘက္က စိတ္လည္လာတဲ့အေၾကာင္းအရင္းကို ေသခ်ာသိသင့္ပါတယ္။ တြဲျဖစ္ရင္ေတာင္ သူ႔ဘက္က နားလည္မႈမရွိဘဲ အႏုိင္က်င့္မယ့္ အရိပ္အေယာင္ေတြရွိလားဆုိတာကိုလည္း စဥ္းစားသင့္ပါတယ္။

၃ - ျပင္းထန္တဲ့ ျငင္းဆိုမႈ

ျငင္းခံရတဲ့အခ်ိန္တုန္းက သင့္ကို နာက်င္ေအာင္လုပ္ခဲ့လား။ လက္တြဲလို႔ မျဖစ္ဘူးလို႔ ရိုးရိုးေလးမေျပာဘဲ သင့္ကို အရွက္ရေအာင္၊ သိကၡာက်ေအာင္ တမင္လုပ္ခဲ့လား။ ဒီလုိလူမ်ိဳးေတြကိုေတာ့ သတိထားပါ။သူတို႔ေတြဟာ တစ္ဖက္သားနာက်င္ခံစားမႈကို လိုခ်င္ေနသူေတြ ျဖစ္တတ္ပါတယ္။ သူ႔ဘက္က စိတ္လည္လာေတာင္ မတြဲသင့္ပါဘူး။ စိတ္ပိုင္းဆုိင္ရာအႏုိင္က်င့္မယ့္သူေတြ ျဖစ္တတ္ပါတယ္။

၄ - အေၾကာင္းအရင္း

သူဘာေၾကာင့္ သင့္ဆီျပန္လွည့္လာတယ္ဆိုတဲ့ အေၾကာင္းအရင္းကို အတတ္ႏုိင္ဆံုး တိတိက်က် သိဖို႔ လိုပါတယ္။ ဒီလိုသိဖို႔ သံုးသပ္တဲ့ေနရာမွာလည္း လက္ေတြ႕က်ဖို႔ အေရးၾကီးပါတယ္။ အေစာၾကီးကတည္းက ကိုယ္က သေဘာက်တဲ့လူျဖစ္တာေၾကာင့္ အလြယ္တကူတိမ္းညႊတ္သြားႏုိင္ပါတယ္။ အထူးသျဖင့္ေတာ့ သင့္အေပၚ ျပန္လည္ခ်ည္းကပ္မႈမွာ ေလးစားမႈရွိရဲ႕လားဆိုတာကို ၾကည့္သင့္ပါတယ္။ သင့္ဘက္ကလည္း မျငင္းခ်င္ဘူးဆုိရင္ေတာ့ အခ်ိန္တစ္ခုဆြဲျပီး ေစာင့္ၾကည့္သင့္ပါတယ္။

၅ - ကမ္းလွမ္းသူ

ကိုယ္က စခဲ့ျပီးမွ ျငင္းခံရတာပါ။ လက္ရွိမွာ ကိုယ္ကုိ စျပီး ကမ္းလွမ္းတဲ့သူရွိထားတယ္၊ ဒီလူနဲ႔လည္း အဆင္ေျပတယ္ဆိုရင္ေတာ့ စိတ္ျပန္လည္လာသူဘက္ ပါသြားဖို႔ကုိ ေတာ္ေတာ္ေလး အခ်ိန္ယူစဥ္းစားရမွာ ျဖစ္ပါတယ္။ ဘာမွေလးေလးနက္နက္ မရွိဘဲ တည္ျငိမ္ေနတဲ့ သင့္အေျခအေနကို ေနာက္က်ိေအာင္ လုပ္တာလည္း ျဖစ္ေနႏုိင္ပါတယ္။ တကယ္မတြဲခ်င္ဘဲ စိတ္ေပ်ာ္ရုံသက္သက္ လာလုပ္တာ ျဖစ္ေနႏုိင္ပါတယ္။

Photos & Source: Digital Romance

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ကိုယ့်ဘက်က မြတ်မြတ်နိုးနိုးရှိခဲ့ပေမယ့် ငြင်းခံခဲ့ရပါတယ်။ အချိန်တစ်ခုကြာပြီးမှ သူ့ဘက်က ပြန်လည်လက်ခံချင်တဲ့ ပုံစံမျိုး ပြနေတဲ့အခါ ဆုံးဖြတ်ရခက်တတ်ပါတယ်။ အထူးသဖြင့် ကိုယ့်ဘဝထဲ သူမရှိတော့ဘူးလို့ လက်ခံနေသားကျပြီးနေမှ ပြန်ရောက်လာသူအတွက် နေရာဘယ်လိုပေးရမလဲဆိုတာ ဝေခွဲမရပါဘူး။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံနေရရင် အဓိကစဉ်းစားရမယ့် အချက်တွေ ရှိပါတယ်။

၁ - အထီးကျန်မှုနဲ့မဆိုင်

ကိုယ်အထီးကျန်နေတာနဲ့ပဲ ဒီလူကို လက်ခံလိုက်မယ်ဆိုတာမျိုး မလုပ်သင့်ပါဘူး။ အထီးကျန်နေတဲ့အချိန်ဟာ ဆက်ဆံရေးတစ်ခုတည်ဆောက်ဖြစ်သွားဖို့ လွယ်ကူတာတော့မှန်ပါတယ်။ ဒါပေမဲ့ တစ်ဖက်လူကလည်း တွဲဖက်မရှိဘဲ အထီးကျန်နေတာကြောင့် ငြင်းပြီးမှ သင့်ကို ပြန်လက်ခံတာလားဆိုတာကလည်း စဉ်းစားသင့်ပါတယ်။

၂ - အခွင့်အရေးပေးလိုက်မိလား

ငြင်းခံရပြီး အတော်ကြာမှ သင့်ဘက်က သူ့အပေါ်လိုလားနေဆဲဖြစ်တယ်ဆိုတဲ့ အရိပ်အယောင်တွေ သွားပေးမိလား။ ဒီလိုသွားပေးမိတာကြောင့် သူ့ဘက်က ပြန်လည်လာတာလား။ သူ့ဘက်က စိတ်လည်လာတဲ့အကြောင်းအရင်းကို သေချာသိသင့်ပါတယ်။ တွဲဖြစ်ရင်တောင် သူ့ဘက်က နားလည်မှုမရှိဘဲ အနိုင်ကျင့်မယ့် အရိပ်အယောင်တွေရှိလားဆိုတာကိုလည်း စဉ်းစားသင့်ပါတယ်။

၃ - ပြင်းထန်တဲ့ ငြင်းဆိုမှု

ငြင်းခံရတဲ့အချိန်တုန်းက သင့်ကို နာကျင်အောင်လုပ်ခဲ့လား။ လက်တွဲလို့ မဖြစ်ဘူးလို့ ရိုးရိုးလေးမပြောဘဲ သင့်ကို အရှက်ရအောင်၊ သိက္ခာကျအောင် တမင်လုပ်ခဲ့လား။ ဒီလိုလူမျိုးတွေကိုတော့ သတိထားပါ။သူတို့တွေဟာ တစ်ဖက်သားနာကျင်ခံစားမှုကို လိုချင်နေသူတွေ ဖြစ်တတ်ပါတယ်။ သူ့ဘက်က စိတ်လည်လာတောင် မတွဲသင့်ပါဘူး။ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်မယ့်သူတွေ ဖြစ်တတ်ပါတယ်။

၄ - အကြောင်းအရင်း

သူဘာကြောင့် သင့်ဆီပြန်လှည့်လာတယ်ဆိုတဲ့ အကြောင်းအရင်းကို အတတ်နိုင်ဆုံး တိတိကျကျ သိဖို့ လိုပါတယ်။ ဒီလိုသိဖို့ သုံးသပ်တဲ့နေရာမှာလည်း လက်တွေ့ကျဖို့ အရေးကြီးပါတယ်။ အစောကြီးကတည်းက ကိုယ်က သဘောကျတဲ့လူဖြစ်တာကြောင့် အလွယ်တကူတိမ်းညွှတ်သွားနိုင်ပါတယ်။ အထူးသဖြင့်တော့ သင့်အပေါ် ပြန်လည်ချည်းကပ်မှုမှာ လေးစားမှုရှိရဲ့လားဆိုတာကို ကြည့်သင့်ပါတယ်။ သင့်ဘက်ကလည်း မငြင်းချင်ဘူးဆိုရင်တော့ အချိန်တစ်ခုဆွဲပြီး စောင့်ကြည့်သင့်ပါတယ်။

၅ - ကမ်းလှမ်းသူ

ကိုယ်က စခဲ့ပြီးမှ ငြင်းခံရတာပါ။ လက်ရှိမှာ ကိုယ်ကို စပြီး ကမ်းလှမ်းတဲ့သူရှိထားတယ်၊ ဒီလူနဲ့လည်း အဆင်ပြေတယ်ဆိုရင်တော့ စိတ်ပြန်လည်လာသူဘက် ပါသွားဖို့ကို တော်တော်လေး အချိန်ယူစဉ်းစားရမှာ ဖြစ်ပါတယ်။ ဘာမှလေးလေးနက်နက် မရှိဘဲ တည်ငြိမ်နေတဲ့ သင့်အခြေအနေကို နောက်ကျိအောင် လုပ်တာလည်း ဖြစ်နေနိုင်ပါတယ်။ တကယ်မတွဲချင်ဘဲ စိတ်ပျော်ရုံသက်သက် လာလုပ်တာ ဖြစ်နေနိုင်ပါတယ်။

Photos & Source: Digital Romance

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top