iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီဥတုေအးတဲ့အခါနဲ႔ လႈပ္ရွားမႈမရွိဘဲ တစ္စံုတစ္ခုကိုၾကာရွည္စြာ အားစိုက္လုပ္ေဆာင္ထားတဲ့အခါမွာ လက္ေတြဟာ ထံုက်ဥ္ေနတတ္ပါတယ္။ ဒါေပမယ့္ တျခားအေၾကာင္းေတြေၾကာင့္လည္း လက္ေတြ ထံုတတ္ပါတယ္။

၁ - အရက္

အရက္ ေရရွည္အလြန္အကၽြံေသာက္တဲ့ဒဏ္ေၾကာင့္ ျဖစ္ပါတယ္။ အာရုံေၾကာေတြယုိယြင္းလာျပီး ေျခေတြ၊လက္ေတြ ထံုလာတာျဖစ္ပါတယ္။ လက္ထိပ္ေျခထိပ္ေတြဟာ အပ္နဲ႔ထိုးသလို စူးတာမ်ိဳးလည္း ျဖစ္ပါတယ္။ အေၾကာလိုက္တာနဲ႔ ၾကြက္သားေရာ့ရဲလာတာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။ အရက္ဟာ တစ္ေန႔ကို အမ်ိဳးသမီးဆုိ သံုးခြက္၊ အမ်ိဳးသားဆုိေလးခြက္နဲ႔ ေလးခြက္ အထက္ေသာက္ျခင္းဟာ အလြန္အကၽြံေသာက္ျခင္းပဲ ျဖစ္ပါတယ္။

၂ - ေလျဖတ္ျခင္း

လက္ေတြ၊ ေျခေတြထုံတာဟာ ေလျဖတ္မယ့္ လကၡဏာလည္း ျဖစ္တတ္ပါတယ္။ ျပံဳးတဲ့အခါ ပါးရႊဲ႕တာ၊ စကားသံမပီသတာ၊ ေခါင္းေတြမူးေဝတာနဲ႔ အျမင္မႈန္ဝါးတာေတြပါ တြဲျဖတ္ေနတယ္ဆိုရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။ ဒီလိုလကၡဏာမ်ိဳး သံုးေလးခုထက္ ပိုျဖစ္ေနရင္ သတိထားသင့္တာလည္း ျဖစ္ပါတယ္။

၃ - ေသြးခ်ိဳ ဆီးခ်ိဳ

ၾကိမ္ဖန္မ်ားစြာ အေပါ့သြားတာ၊ ေရခဏခဏ ဆာတာေတြဟာ ေသြးတြင္းသၾကားဓာတ္အဆင့္ျမင့္မားေနျပီး ဆီးခ်ိဳေသြးခ်ိဳရဲ႕ အၾကိဳလကၡဏာေတြျဖစ္ေၾကာင္း လူေတာ္ေတာ္မ်ားမ်ား သိၾကပါတယ္။  ဒီလိုလကၡဏာေတြခဏခဏ ျဖစ္ေနရင္လည္း ဆရာဝန္ ျပသင့္ပါတယ္။ မကုသဘဲ ထားမယ္ဆိုရင္ေတာ့ အာရုံေၾကာထိခိုက္လာျပီး လက္ထံုတာေတြျဖစ္လာပါတယ္။  ေနာက္ပိုင္းမွာ အျမင္အာရုံမႈန္ဝါးတာ၊ ေက်ာက္က္ျပႆနာရွိတာေတြပါ ျဖစ္လာပါလိမ့္မယ္။

(သင္စိတ္ဝင္စားႏုိင္တဲ့ေဆာင္းပါး - ညဘက္ေခၽြးထြက္ရတဲ့ အေၾကာင္းအရင္း (၆) ခ်က္)

၄ - Guillain-Barré Syndrome

ဒါကေတာ့ ကိုယ္ခံအားစနစ္နဲ႔ ဆုိင္တဲ့ ေရာဂါတစ္မ်ိဳးျဖစ္ပါတယ္။ ကိုယ္ခံအားစနစ္ဟာ နာ့ဗ္ေၾကာေတြကို မွားယြင္းတုိက္ခိုက္တာ ျဖစ္ပါတယ္။ ရလဒ္အေနနဲ႔ လက္ေတြထုံက်င္တာ ျဖစ္ပါတယ္။  အားနည္းသလိုျဖစ္တာ၊ ခႏၶာကိုယ္ေနရာအခ်ိဳ႕မွာ ယားယံသလို တရြရြ ျဖစ္ေနတာ၊ လက္နဲ႔ ေျခေထာက္ေတြထံုတာမ်ိဳးေတြျဖစ္ျပီး ဆရာဝန္နဲ႔ ျပသင့္ပါတယ္။

၅ - Multiple Sclerosis

Multiple sclerosis ဟာ ကုိယ္ခံအားစနစ္နဲ႔ ဆုိင္တဲ့ ေရာဂါတစ္မ်ိဳး ျဖစ္ပါတယ္။  ကိုယ္ခံအားစနစ္ဟာ ဦးေႏွာက္အာရုံေၾကာကို ကာကြယ္ေပးထားတဲ့ ပစၥည္းေတြကို မွားယြင္းတုိက္ခိုက္တာ ျဖစ္ပါတယ္။ ဒီလိုတုိက္ခိုက္မႈရဲ႕ ရလဒ္အေနနဲ႔ လက္ထံုတာေတြ ျဖစ္လာပါတယ္။ အသက္အရြယ္မေရြးျဖစ္ပြားႏုိင္ျပီး ၂၀ ေက်ာ္နဲ႔ ၃၀ ေက်ာ္ပိုင္းေတြမွာ ပိုျဖစ္ေလ့ရွိပါတယ္။

Photos & Source: Prevention

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ရာသီဥတုအေးတဲ့အခါနဲ့ လှုပ်ရှားမှုမရှိဘဲ တစ်စုံတစ်ခုကိုကြာရှည်စွာ အားစိုက်လုပ်ဆောင်ထားတဲ့အခါမှာ လက်တွေဟာ ထုံကျဉ်နေတတ်ပါတယ်။ ဒါပေမယ့် တခြားအကြောင်းတွေကြောင့်လည်း လက်တွေ ထုံတတ်ပါတယ်။

၁ - အရက်

အရက် ရေရှည်အလွန်အကျွံသောက်တဲ့ဒဏ်ကြောင့် ဖြစ်ပါတယ်။ အာရုံကြောတွေယိုယွင်းလာပြီး ခြေတွေ၊လက်တွေ ထုံလာတာဖြစ်ပါတယ်။ လက်ထိပ်ခြေထိပ်တွေဟာ အပ်နဲ့ထိုးသလို စူးတာမျိုးလည်း ဖြစ်ပါတယ်။ အကြောလိုက်တာနဲ့ ကြွက်သားရော့ရဲလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ အရက်ဟာ တစ်နေ့ကို အမျိုးသမီးဆို သုံးခွက်၊ အမျိုးသားဆိုလေးခွက်နဲ့ လေးခွက် အထက်သောက်ခြင်းဟာ အလွန်အကျွံသောက်ခြင်းပဲ ဖြစ်ပါတယ်။

၂ - လေဖြတ်ခြင်း

လက်တွေ၊ ခြေတွေထုံတာဟာ လေဖြတ်မယ့် လက္ခဏာလည်း ဖြစ်တတ်ပါတယ်။ ပြုံးတဲ့အခါ ပါးရွှဲ့တာ၊ စကားသံမပီသတာ၊ ခေါင်းတွေမူးဝေတာနဲ့ အမြင်မှုန်ဝါးတာတွေပါ တွဲဖြတ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဒီလိုလက္ခဏာမျိုး သုံးလေးခုထက် ပိုဖြစ်နေရင် သတိထားသင့်တာလည်း ဖြစ်ပါတယ်။

၃ - သွေးချို ဆီးချို

ကြိမ်ဖန်များစွာ အပေါ့သွားတာ၊ ရေခဏခဏ ဆာတာတွေဟာ သွေးတွင်းသကြားဓာတ်အဆင့်မြင့်မားနေပြီး ဆီးချိုသွေးချိုရဲ့ အကြိုလက္ခဏာတွေဖြစ်ကြောင်း လူတော်တော်များများ သိကြပါတယ်။  ဒီလိုလက္ခဏာတွေခဏခဏ ဖြစ်နေရင်လည်း ဆရာဝန် ပြသင့်ပါတယ်။ မကုသဘဲ ထားမယ်ဆိုရင်တော့ အာရုံကြောထိခိုက်လာပြီး လက်ထုံတာတွေဖြစ်လာပါတယ်။  နောက်ပိုင်းမှာ အမြင်အာရုံမှုန်ဝါးတာ၊ ကျောက်က်ပြဿနာရှိတာတွေပါ ဖြစ်လာပါလိမ့်မယ်။

(သင်စိတ်ဝင်စားနိုင်တဲ့ဆောင်းပါး - ညဘက်ချွေးထွက်ရတဲ့ အကြောင်းအရင်း (၆) ချက်)

၄ - Guillain-Barré Syndrome

ဒါကတော့ ကိုယ်ခံအားစနစ်နဲ့ ဆိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ နာ့ဗ်ကြောတွေကို မှားယွင်းတိုက်ခိုက်တာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ လက်တွေထုံကျင်တာ ဖြစ်ပါတယ်။  အားနည်းသလိုဖြစ်တာ၊ ခန္ဓာကိုယ်နေရာအချို့မှာ ယားယံသလို တရွရွ ဖြစ်နေတာ၊ လက်နဲ့ ခြေထောက်တွေထုံတာမျိုးတွေဖြစ်ပြီး ဆရာဝန်နဲ့ ပြသင့်ပါတယ်။

၅ - Multiple Sclerosis

Multiple sclerosis ဟာ ကိုယ်ခံအားစနစ်နဲ့ ဆိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။  ကိုယ်ခံအားစနစ်ဟာ ဦးနှောက်အာရုံကြောကို ကာကွယ်ပေးထားတဲ့ ပစ္စည်းတွေကို မှားယွင်းတိုက်ခိုက်တာ ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုရဲ့ ရလဒ်အနေနဲ့ လက်ထုံတာတွေ ဖြစ်လာပါတယ်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး ၂၀ ကျော်နဲ့ ၃၀ ကျော်ပိုင်းတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။

Photos & Source: Prevention

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top