iMyanmarHouse.com - Best Property Website for Myanmar
×

ပိန္ဖို႔အတြက္ ပိန္ေဆးေတြေသာက္၊ Gym ေတြ ေဆာ့ေနလား၊ ခႏၶာကိုယ္မွာရွိတဲ့ အဆီေတြကို ဖယ္ရွားပစ္ႏိုင္ဖို႔နဲ႔ အဆီပိုေတြ ေလွ်ာ့က်သြားေစဖို႔ဆိုတာ ကိုယ့္ရဲ႕ ေနထိုင္စားေသာက္မႈ အေပၚမွာ အမ်ားႀကီး မူတည္ပါတယ္။ ပိန္ခ်င္တယ္ဆိုရင္ေတာ့ အစားအေသာက္ေလွ်ာ့ခ်ရမွာဆိုတာ ဟုတ္ပါတယ္။ ေလွ်ာ့တာေတာင္မွ ခႏၶာကိုယ္အေလးခ်ိန္ တက္ေစတဲ့ အစားအစာေတြကို ေလွ်ာ့စား၊ ေရွာင္စားရမွာပါ။ ဘယ္လိုအစားအစာေတြ ေရွာင္ရမလဲဆိုတာ Hello Sayarwon ကေန မွ်ေဝေပးမယ္ေနာ္။
အာလူးေၾကာ္အပါအဝင္ ဆီေၾကာ္မုန္႔မ်ား

ပိန္ဖို႔ႀကိဳးစားေနတဲ့သူတိုင္း အာလူးေၾကာ္လိုမ်ိဳး ဆီနဲ႔ေၾကာ္ထားတဲ့ အစားအစာေတြကို ေရွာင္စားရပါမယ္။ ဒီအစားအစာေတြက ကယ္လိုရီေတြ တက္ေစၿပီး ဝတာေတြ ျဖစ္ေစႏိုင္ပါတယ္။
အခ်ိဳလြန္ကဲတဲ့ အခ်ိဳရည္မ်ား

အခ်ိဳလြန္ကဲတဲ့ အခ်ိဳရည္ေတြနဲ႔ ဆုိဒါေတြကို မစြန္႔လႊတ္ႏိုင္ဘူးဆိုရင္ေတာ့ ပိန္ဖို႔ မလြယ္ကူပါဘူး။ သၾကားဓါတ္မ်ားတာက ကယ္လိုရီပိုတက္ေစၿပီး အဆီပိုေတြကို ေလွ်ာ့ခ်မေပးႏုိင္တာေၾကာင့္ ခႏၶာကိုယ္အေလးခ်ိန္တိုးတာေတြ ျဖစ္လာေစႏုိင္ပါတယ္။
ေပါင္မုန္႔အျဖဴ

ေပါင္မုန္႔စားသံုးျခင္းက က်န္းမာေရးနဲ႔ ညီညြတ္တယ္ဆိုေပမယ့္ သၾကားပါဝင္မႈ ျမင့္မားတဲ့ ေပါင္မုန္႔ဆိုရင္ေတာ့ ခႏၶာကိုယ္အေလးခ်ိန္ တက္လာႏိုင္ပါတယ္။ ေလ့လာမႈ တစ္ခုမွာေတာ့ တစ္ေန႔ကို ေပါင္မုန္႔(၁၂၀) ဂရမ္ စားသံုးတဲ့ လူဦးေရ (၉၂၆၇) ဦးမွာ (၄၀%) ေလာက္က အေလးခ်ိန္တိုးလာျခင္းနဲ႔ အဝလြန္ျခင္းေတြ ျဖစ္တယ္လို႔ ဆိုထားပါတယ္။ ဒါေၾကာင့္ ပိန္ဖို႔ ႀကိဳးစားေနခ်ိန္မွာေတာ့ သၾကားပါတဲ့ ေပါင္မုန္႔ေရွာင္ပါ။
သၾကားလံုး

သၾကားလံုးေတြကေတာ့ ပိန္ခ်င္ရင္ ေရွာင္ရမွာပါ။ အပ်င္းေျပေတာင္ စားလို႔ မရဘူးေနာ္။ သၾကားလံုးမွာ ပါဝင္တဲ့ အခ်ိဳဓါတ္ေတြက ကယ္လိုရီေတြ မ်ားေစၿပီး အာဟာရ ေပးစြမ္းႏုိင္မႈကေတာ့ နည္းပါတယ္။ ေခ်ာကလက္နဲ႔ ျပဳလုပ္ထားတဲ့ သၾကားလံုးမွာဆိုရင္ေတာ့ ကယ္လိုရီ(၂၀၀) ကေန (၃၀၀) ၾကား ပါဝင္ပါတယ္။

ယ့္
အသီးေဖ်ာ္ရည္

အသီးေဖ်ာ္ရည္ေသာက္တာက က်န္းမာေရးအတြက္ အထူးေကာင္းမြန္ပါတယ္။ ဒါေပမယ့္ ပိန္ဖို႔အတြက္ဆိုရင္ေတာ့ သၾကားနည္းဖို႔ လိုပါတယ္။ သၾကားနည္းေလး ပိုေကာင္းေလပါပဲ။ ေထာပတ္သီးေဖ်ာ္ရည္ေသာက္မယ္ဆိုရင္ သၾကား၊ ႏို႔ဆီေတြ ေလွ်ာ့ထည့္ပါ။ ေထာပတ္သီးက ပိန္ဖို႔ ကူညီေပးေပမယ့္ သၾကားနဲ႔ ႏို႔ဆီကေတာ့ ဝေစပါတယ္။ ဒါေၾကာင့္ အသီးေဖ်ာ္ရည္ေသာက္မယ္ဆို သၾကားေလွ်ာ့ပါ။
ကြတ္ကီး

ကြတ္ကီးနဲ႔ ကိတ္မုန္႔ေတြလည္း ေရွာင္စားေပးႏိုင္ရင္ အေကာင္းဆံုးပါ။ ဘာလို႔လဲဆိုေတာ့ ကြတ္ကီးေတြမွာ သၾကားနဲ႔ ျပဳျပင္ထားၿပီးသား အရသာမႈန္႔ေတြ ပါဝင္တာေၾကာင့္ပါ။ ဒါေတြဟာ trans fats အစားအစာေတြပါပဲ။ ဗိုက္ဆာတဲ့အခါမွာ ကြတ္ကီးေတြ အမ်ားႀကီး စားမိႏိုင္ပါတယ္။ ဒီလိုဆိုရင္ေတာ့ ကယ္လိုရီေတြသာ မ်ားလာၿပီး အာဟာရ နည္းနည္းပဲ ျဖစ္မွာပါ။ အခ်ိဳစားမွ ျဖစ္မယ္လို႔ စိတ္ကူးရင္ေတာ့ အမည္းေရာင္ေခ်ာကလက္ နည္းနည္းေလာက္သာ စားေပးပါ။
အရက္

အရက္နဲ႔ ဘီယာကလည္း ဝေစတဲ့ အရည္တစ္မ်ိဳးပါ။ အရက္ ဒါမွမဟုတ္ (၁) ဂရမ္မွာ (၇) ကယ္လိုရီ ပါဝင္ပါတယ္။ နည္းနည္းပဲ ေသာက္တာက ျပႆနာ မရွိေပမယ့္ မ်ားမ်ားေသာက္မယ္ဆိုရင္ေတာ့ ကယ္လိုရီေတြေၾကာင့္ အဆီပိုေတြ စုလာၿပီး ဝတာမ်ိဳး ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အရက္ ဘီယာေတြလည္း ေရွာင္ရပါမယ္။

ပိန္ဖုိ႔ ႀကိဳးစားေနတဲ့ ကိုကို မမတို႔ေရ အေပၚမွာ ေဖာ္ျပခဲ့တဲ့ အစားအေသာက္ေလးေတြ အတတ္ႏိုင္ဆံုး ေရွာင္ရွားရင္း ကိုယ္လိုခ်င္တဲ့ ခႏၶာကိုယ္အေလးခ်ိန္ေလး ျမန္ျမန္ရရွိပါေစလို႔ ဆႏၵျပဳလုိက္ပါတယ္ေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ပိန်ဖို့အတွက် ပိန်ဆေးတွေသောက်၊ Gym တွေ ဆော့နေလား၊ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေကို ဖယ်ရှားပစ်နိုင်ဖို့နဲ့ အဆီပိုတွေ လျှော့ကျသွားစေဖို့ဆိုတာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု အပေါ်မှာ အများကြီး မူတည်ပါတယ်။ ပိန်ချင်တယ်ဆိုရင်တော့ အစားအသောက်လျှော့ချရမှာဆိုတာ ဟုတ်ပါတယ်။ လျှော့တာတောင်မှ ခန္ဓာကိုယ်အလေးချိန် တက်စေတဲ့ အစားအစာတွေကို လျှော့စား၊ ရှောင်စားရမှာပါ။ ဘယ်လိုအစားအစာတွေ ရှောင်ရမလဲဆိုတာ Hello Sayarwon ကနေ မျှဝေပေးမယ်နော်။
အာလူးကြော်အပါအဝင် ဆီကြော်မုန့်များ

ပိန်ဖို့ကြိုးစားနေတဲ့သူတိုင်း အာလူးကြော်လိုမျိုး ဆီနဲ့ကြော်ထားတဲ့ အစားအစာတွေကို ရှောင်စားရပါမယ်။ ဒီအစားအစာတွေက ကယ်လိုရီတွေ တက်စေပြီး ဝတာတွေ ဖြစ်စေနိုင်ပါတယ်။
အချိုလွန်ကဲတဲ့ အချိုရည်များ

အချိုလွန်ကဲတဲ့ အချိုရည်တွေနဲ့ ဆိုဒါတွေကို မစွန့်လွှတ်နိုင်ဘူးဆိုရင်တော့ ပိန်ဖို့ မလွယ်ကူပါဘူး။ သကြားဓါတ်များတာက ကယ်လိုရီပိုတက်စေပြီး အဆီပိုတွေကို လျှော့ချမပေးနိုင်တာကြောင့် ခန္ဓာကိုယ်အလေးချိန်တိုးတာတွေ ဖြစ်လာစေနိုင်ပါတယ်။
ပေါင်မုန့်အဖြူ

ပေါင်မုန့်စားသုံးခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် သကြားပါဝင်မှု မြင့်မားတဲ့ ပေါင်မုန့်ဆိုရင်တော့ ခန္ဓာကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ လေ့လာမှု တစ်ခုမှာတော့ တစ်နေ့ကို ပေါင်မုန့်(၁၂၀) ဂရမ် စားသုံးတဲ့ လူဦးရေ (၉၂၆၇) ဦးမှာ (၄၀%) လောက်က အလေးချိန်တိုးလာခြင်းနဲ့ အဝလွန်ခြင်းတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ပိန်ဖို့ ကြိုးစားနေချိန်မှာတော့ သကြားပါတဲ့ ပေါင်မုန့်ရှောင်ပါ။
သကြားလုံး

သကြားလုံးတွေကတော့ ပိန်ချင်ရင် ရှောင်ရမှာပါ။ အပျင်းပြေတောင် စားလို့ မရဘူးနော်။ သကြားလုံးမှာ ပါဝင်တဲ့ အချိုဓါတ်တွေက ကယ်လိုရီတွေ များစေပြီး အာဟာရ ပေးစွမ်းနိုင်မှုကတော့ နည်းပါတယ်။ ချောကလက်နဲ့ ပြုလုပ်ထားတဲ့ သကြားလုံးမှာဆိုရင်တော့ ကယ်လိုရီ(၂၀၀) ကနေ (၃၀၀) ကြား ပါဝင်ပါတယ်။

ယ့်
အသီးဖျော်ရည်

အသီးဖျော်ရည်သောက်တာက ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ဒါပေမယ့် ပိန်ဖို့အတွက်ဆိုရင်တော့ သကြားနည်းဖို့ လိုပါတယ်။ သကြားနည်းလေး ပိုကောင်းလေပါပဲ။ ထောပတ်သီးဖျော်ရည်သောက်မယ်ဆိုရင် သကြား၊ နို့ဆီတွေ လျှော့ထည့်ပါ။ ထောပတ်သီးက ပိန်ဖို့ ကူညီပေးပေမယ့် သကြားနဲ့ နို့ဆီကတော့ ဝစေပါတယ်။ ဒါကြောင့် အသီးဖျော်ရည်သောက်မယ်ဆို သကြားလျှော့ပါ။
ကွတ်ကီး

ကွတ်ကီးနဲ့ ကိတ်မုန့်တွေလည်း ရှောင်စားပေးနိုင်ရင် အကောင်းဆုံးပါ။ ဘာလို့လဲဆိုတော့ ကွတ်ကီးတွေမှာ သကြားနဲ့ ပြုပြင်ထားပြီးသား အရသာမှုန့်တွေ ပါဝင်တာကြောင့်ပါ။ ဒါတွေဟာ trans fats အစားအစာတွေပါပဲ။ ဗိုက်ဆာတဲ့အခါမှာ ကွတ်ကီးတွေ အများကြီး စားမိနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ကယ်လိုရီတွေသာ များလာပြီး အာဟာရ နည်းနည်းပဲ ဖြစ်မှာပါ။ အချိုစားမှ ဖြစ်မယ်လို့ စိတ်ကူးရင်တော့ အမည်းရောင်ချောကလက် နည်းနည်းလောက်သာ စားပေးပါ။
အရက်

အရက်နဲ့ ဘီယာကလည်း ဝစေတဲ့ အရည်တစ်မျိုးပါ။ အရက် ဒါမှမဟုတ် (၁) ဂရမ်မှာ (၇) ကယ်လိုရီ ပါဝင်ပါတယ်။ နည်းနည်းပဲ သောက်တာက ပြဿနာ မရှိပေမယ့် များများသောက်မယ်ဆိုရင်တော့ ကယ်လိုရီတွေကြောင့် အဆီပိုတွေ စုလာပြီး ဝတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရက် ဘီယာတွေလည်း ရှောင်ရပါမယ်။

ပိန်ဖို့ ကြိုးစားနေတဲ့ ကိုကို မမတို့ရေ အပေါ်မှာ ဖော်ပြခဲ့တဲ့ အစားအသောက်လေးတွေ အတတ်နိုင်ဆုံး ရှောင်ရှားရင်း ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အလေးချိန်လေး မြန်မြန်ရရှိပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top