iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတစ္ေယာက္အတြက္ ဆြဲေဆာင္မႈရွိၿပီး လွပေစမယ့္အရာေတြထဲမွာ သြယ္လ်တဲ့ေျခတံေလးေတြကလည္း မပါမျဖစ္ပါပဲ။ လူတစ္ေယာက္က ဖက္ရွင္က်က်ဝတ္ဆင္တတ္မွလည္း လူအမ်ားၾကားမွာ ဆြဲေဆာင္မႈရွိေနမွာေပါ႔။ အရပ္ရွည္တဲ့သူေတြအတြက္ေရာ၊ အရပ္ပုတဲ့သူေတြအတြက္ေရာ ခႏၶာကိုယ္အခ်ိဳးအစားနဲ႔ လိုက္ဖက္မႈရွိေအာင္ဝတ္တတ္ဖို႔က အေရးႀကီးဆံုးပဲဆုိေတာ့ ပ်ိဳေမတို႔ရဲ႕ေျခတံေလးေတြ ရွည္လ်ားတယ္လို႔ထင္ရေစေအာင္ ဒါေတြကိုလိုက္နာၾကည့္ပါေနာ္။

ခါးေလးေတြေပၚလြင္ေနေအာင္

ရွည္လ်ားတဲ့ေျခတံေလးေတြကို ပိုင္ဆိုင္ထားတယ္လို႔ထင္ရေစဖို႔အတြက္ဆိုရင္ Crop Top နဲ႔ ခါးျမင့္ေဘာင္းဘီမ်ိဳးေတြကို ေရြးခ်ယ္ၿပီးဝတ္ဆင္တာက သင့္ေျခတံေတြကို ရွည္လ်ားတဲ့ပံုေပၚလြင္ေစပါတယ္။ အရပ္ျမင့္ျမင့္ေလးနဲ႔ စတိုင္က်တဲ့ပံုစံေလးလည္း ေပၚလြင္ေစတာေပါ႔။

စကပ္တိုေလးေတြဝတ္ဆင္ၾကည့္ရေအာင္

စကပ္တိုေလးေတြကို ဝတ္ဆင္တာကလည္း သင့္ေျခတံေလးေတြကို ရွည္လ်ားတဲ့ပံုေပၚေစတာ အမွန္ပါပဲ။ စကပ္တိုကိုေရြးခ်ယ္တဲ့အခါမွာ ခါးျမင့္တဲ့စကပ္မ်ိဳးဆိုရင္ ပိုၿပီးေတာ့ အဆင္ေျပေစပါတယ္။ ခါးျမင့္တဲ့ဝတ္စားဆင္ယင္ပံုေတြက သင့္ေအာက္ပိုင္းကိုရွည္တယ္လို႔ထင္ရေစၿပီး အတိုေၾကာင့္ ပိုၿပီးေတာ့ၾကည့္ေကာင္းေစမွာပါ။

အေရာင္သိပ္မကြာျခားတာကို ေရြးခ်ယ္ပါ

အေပၚနဲ႔ေအာက္တြဲဖက္ၿပီး ဝတ္ဆင္ရတဲ့ဖက္ရွင္မ်ိဳးေတြဆိုရင္လည္း အေရာင္သိပ္မကြာျခားတာကို ေရြးခ်ယ္တာက အေကာင္းဆံုးပါ။ ဒီလိုဖက္ရွင္မ်ိဳးက ၾကည့္ရတဲ့သူကိုဆြဲေဆာင္မႈရွိေနေစၿပီး ရွည္လ်ားတဲ့ေျခတံေတြကိုလည္း သိသာထင္ရွားေစႏိုင္ပါတယ္။

ေဒါင္လိုက္အစင္းဒီဇိုင္း

အစင္းေၾကာင္းဒီဇိုင္းဖက္ရွင္ေတြကလည္း ေခတ္စားလာတာဆိုေတာ့ သင္အေနနဲ႔ႀကိဳက္ႏွစ္သက္လို႔ ဝတ္ဆင္မယ္ဆိုရင္ ေဒါင္လိုက္အစင္းမ်ိဳးကို ေရြးခ်ယ္ေစခ်င္ပါတယ္။ အလ်ားလိုက္အစင္းေတြက သင့္ကိုအရပ္ပုသြားတယ္လို႔ ထင္ရေစၿပီး ေဒါင္လိုက္အဆင္းေတြကေတာ့ အရပ္ရွည္တယ္လို႔ထင္ရေစႏိုင္ပါတယ္။

ဖိနပ္ေရြးခ်ယ္မႈ

ဖိနပ္ေရြးခ်ယ္မႈကလည္း အေရးႀကီးတဲ့အခ်က္ပါပဲ။ ဖိနပ္အပါးေတြကိုပဲ စီးေနတာထက္စာရင္ ေဒါက္ေလးေတြကိုစီးတာက သင့္ကိုပိုၿပီး အထာက်က်နဲ႔လွပေနေစေတာ့မွာေပါ႔။ ျမင့္တဲ့ေဒါက္ဖိနပ္ေတြက သင့္ရဲ႕ေအာက္ပိုင္းအလွကို ပိုၿပီးေပၚလြင္ေစမွာပါ။

အခုေဖာ္ျပေပးထားတဲ့အခ်က္ေတြကေတာ့ ဆြဲေဆာင္မႈရွိတဲ့ဖက္ရွင္ေတြနဲ႔အတူ လူၾကားထဲမွာ ထင္ရွားေနေစဖို႔ အမ်ားႀကီး အေထာက္အကူျပဳေစမွာပဲျဖစ္ပါတယ္။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မိန်းကလေးတစ်ယောက်အတွက် ဆွဲဆောင်မှုရှိပြီး လှပစေမယ့်အရာတွေထဲမှာ သွယ်လျတဲ့ခြေတံလေးတွေကလည်း မပါမဖြစ်ပါပဲ။ လူတစ်ယောက်က ဖက်ရှင်ကျကျဝတ်ဆင်တတ်မှလည်း လူအများကြားမှာ ဆွဲဆောင်မှုရှိနေမှာပေါ့။ အရပ်ရှည်တဲ့သူတွေအတွက်ရော၊ အရပ်ပုတဲ့သူတွေအတွက်ရော ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်မှုရှိအောင်ဝတ်တတ်ဖို့က အရေးကြီးဆုံးပဲဆိုတော့ ပျိုမေတို့ရဲ့ခြေတံလေးတွေ ရှည်လျားတယ်လို့ထင်ရစေအောင် ဒါတွေကိုလိုက်နာကြည့်ပါနော်။

ခါးလေးတွေပေါ်လွင်နေအောင်

ရှည်လျားတဲ့ခြေတံလေးတွေကို ပိုင်ဆိုင်ထားတယ်လို့ထင်ရစေဖို့အတွက်ဆိုရင် Crop Top နဲ့ ခါးမြင့်ဘောင်းဘီမျိုးတွေကို ရွေးချယ်ပြီးဝတ်ဆင်တာက သင့်ခြေတံတွေကို ရှည်လျားတဲ့ပုံပေါ်လွင်စေပါတယ်။ အရပ်မြင့်မြင့်လေးနဲ့ စတိုင်ကျတဲ့ပုံစံလေးလည်း ပေါ်လွင်စေတာပေါ့။

စကပ်တိုလေးတွေဝတ်ဆင်ကြည့်ရအောင်

စကပ်တိုလေးတွေကို ဝတ်ဆင်တာကလည်း သင့်ခြေတံလေးတွေကို ရှည်လျားတဲ့ပုံပေါ်စေတာ အမှန်ပါပဲ။ စကပ်တိုကိုရွေးချယ်တဲ့အခါမှာ ခါးမြင့်တဲ့စကပ်မျိုးဆိုရင် ပိုပြီးတော့ အဆင်ပြေစေပါတယ်။ ခါးမြင့်တဲ့ဝတ်စားဆင်ယင်ပုံတွေက သင့်အောက်ပိုင်းကိုရှည်တယ်လို့ထင်ရစေပြီး အတိုကြောင့် ပိုပြီးတော့ကြည့်ကောင်းစေမှာပါ။

အရောင်သိပ်မကွာခြားတာကို ရွေးချယ်ပါ

အပေါ်နဲ့အောက်တွဲဖက်ပြီး ဝတ်ဆင်ရတဲ့ဖက်ရှင်မျိုးတွေဆိုရင်လည်း အရောင်သိပ်မကွာခြားတာကို ရွေးချယ်တာက အကောင်းဆုံးပါ။ ဒီလိုဖက်ရှင်မျိုးက ကြည့်ရတဲ့သူကိုဆွဲဆောင်မှုရှိနေစေပြီး ရှည်လျားတဲ့ခြေတံတွေကိုလည်း သိသာထင်ရှားစေနိုင်ပါတယ်။

ဒေါင်လိုက်အစင်းဒီဇိုင်း

အစင်းကြောင်းဒီဇိုင်းဖက်ရှင်တွေကလည်း ခေတ်စားလာတာဆိုတော့ သင်အနေနဲ့ကြိုက်နှစ်သက်လို့ ဝတ်ဆင်မယ်ဆိုရင် ဒေါင်လိုက်အစင်းမျိုးကို ရွေးချယ်စေချင်ပါတယ်။ အလျားလိုက်အစင်းတွေက သင့်ကိုအရပ်ပုသွားတယ်လို့ ထင်ရစေပြီး ဒေါင်လိုက်အဆင်းတွေကတော့ အရပ်ရှည်တယ်လို့ထင်ရစေနိုင်ပါတယ်။

ဖိနပ်ရွေးချယ်မှု

ဖိနပ်ရွေးချယ်မှုကလည်း အရေးကြီးတဲ့အချက်ပါပဲ။ ဖိနပ်အပါးတွေကိုပဲ စီးနေတာထက်စာရင် ဒေါက်လေးတွေကိုစီးတာက သင့်ကိုပိုပြီး အထာကျကျနဲ့လှပနေစေတော့မှာပေါ့။ မြင့်တဲ့ဒေါက်ဖိနပ်တွေက သင့်ရဲ့အောက်ပိုင်းအလှကို ပိုပြီးပေါ်လွင်စေမှာပါ။

အခုဖော်ပြပေးထားတဲ့အချက်တွေကတော့ ဆွဲဆောင်မှုရှိတဲ့ဖက်ရှင်တွေနဲ့အတူ လူကြားထဲမှာ ထင်ရှားနေစေဖို့ အများကြီး အထောက်အကူပြုစေမှာပဲဖြစ်ပါတယ်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top