iMyanmarHouse.com - Best Property Website for Myanmar
×

ညဘက္မွာ ေကာင္းမြန္လုံေလာက္တဲ့ အိပ္စက္မႈမ႐ွိျခင္းနဲ႕ စိတ္ပုိင္းနဲ႕ ႐ုပ္ပုိင္းဆုိင္ရာ က်န္းမာေရး အေျခအေနၾကား နက္႐ႈိင္းတဲ့ ဆက္ႏြယ္မႈ႐ွိေနေၾကာင္းကုိ ေဆးသိပၸံပညာ႐ွင္ေတြက သတိေပးေထာက္ျပထားပါတယ္။ အခုေဖာ္ျပထားတဲ့ အခ်က္ေတြ သင္ ျဖစ္ေနၿပီဆုိရင္ ညဘက္မွာ ေစာေစာအိပ္ၿပီး အိပ္ေရးဝဖုိ႕ ႀကဳိးစားသင့္ပါတယ္။

၁။ ေဒါသထြက္လြယ္တယ္

အိပ္စက္မႈနဲ႕ စိတ္ခံစားမႈဆုိင္ရာ က်န္းမာေရးမွာ နက္႐ႈိင္းစြာ ဆက္ႏြယ္မႈ႐ွိပါတယ္။ စုိးရိမ္ပူပန္မႈနဲ႕ စိတ္ဓာတ္က်မႈ ခံစားေနရသူေတြဟာ ညဘက္ အိပ္မေပ်ာ္ႏုိင္ ျဖစ္ေလ့႐ွိသူေတြ ျဖစ္ပါတယ္။ ေကာင္းမြန္စြာ အိပ္စက္ရမႈမ႐ွိဘဲ အိပ္ေရးမဝသူေတြဟာ စိတ္ခံစားမႈေကာင္း မရႏုိင္ဘဲ ေဒါသထြက္လြယ္တာမ်ဳိး ျဖစ္ေနတတ္ပါတယ္။

၂။ ဖန္တီးႏုိင္မႈနဲ႕ အလုပ္လုပ္ႏုိင္စြမ္း ေလ်ာ့က်ေနတယ္

ကာလ႐ွည္ၾကာ အိပ္ေရးမဝျဖစ္ေနသူေတြဟာ အာ႐ုုံစူးစုိက္မႈ ေလ်ာ့က်လာၿပီး စကားေျပာဆုိရာမွာပင္ စကားလုံး အသုံးအႏႈန္း ေပ်ာက္ဆံုးေနတတ္တာမ်ဳိး ႀကဳံရႏုိင္ပါတယ္။ အိပ္ေရးမဝသူေတြဟာ ဖန္တီးႏုိင္မႈနဲ႕ အလုပ္လုပ္ႏုိင္စြမ္း ေလ်ာ့က်လာတတ္ပါတယ္။

၃။ ကိုယ္အေလးခ်ိန္ တုိးလာတယ္

အိပ္ေရးမဝေလ ခႏၶာကုုိယ္ အေလးခ်ိန္တုိးလာေလ ျဖစ္တတ္ပါတယ္။ ညဘက္အိပ္ခ်ိန္ ၆ နာရီေအာက္ ေလ်ာ့နည္းသူေတြဟာ ခႏၶာကုိယ္ အေလးခ်ိန္တုိးၿပီး ဝၿဖဳိးလာတတ္ပါတယ္။

၄။ မ်က္ႏွာက ၾကည့္မေကာင္းဘူးျဖစ္ေနတယ္

မ်က္ႏွာအသြင္အျပင္က ၾကည့္မေကာင္း ျဖစ္ေနပါတယ္။ မ်က္လုံးေတြနီေနတာ၊ မ်က္ကြင္းညဳိေနတာေတြက အိပ္ေရးမဝသူေတြရဲ႕ လကၡဏာေတြပါ။

၅။ တစ္ခုခုဆုံးျဖတ္ဖုိ႕ တြန္႕ဆုတ္ေႏွာင့္ေႏွးေနတယ္

အိပ္ေရးမဝျခင္းက ဦးေႏွာက္ကုိ သက္ေရာက္မႈ႐ွိၿပီး စဥ္းစားဆုံးျဖတ္မႈေတြ ျပဳလုပ္ရာမွာ တြန္႕ဆုတ္ေႏွာင့္ေႏွးေနကာ မျပတ္မသား ျဖစ္ေနတတ္ပါတယ္။

၆။ လိင္စိတ္ေလ်ာ့နည္းလာတယ္

အိပ္ေရးမဝမႈက ပင္ပန္းႏြယ္လ်မႈ ျဖစ္ေစတဲ့အျပင္ အထူးသျဖင့္ အမ်ဳိးသမီးေတြမွာ လိင္စိတ္ေလ်ာ့နည္းတတ္ၿပီး အိမ္ေထာင္ေရးသုခကုိ ထိခုိက္ေစႏုိင္ပါတယ္။

၇။ ေန႕အခ်ိန္မွာ အိပ္ငုိက္တတ္တယ္

ညဘက္မွာ လုံေလာက္တဲ့ အိပ္စက္မႈမ႐ွိသူေတြဟာ ေန႕အခ်ိန္ေတြမွာ တက္ၾကြမႈနည္းၿပီး အိပ္ငုိက္ေနတတ္ပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ညဘက်မှာ ကောင်းမွန်လုံလောက်တဲ့ အိပ်စက်မှုမရှိခြင်းနဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြား နက်ရှိုင်းတဲ့ ဆက်နွယ်မှုရှိနေကြောင်းကို ဆေးသိပ္ပံပညာရှင်တွေက သတိပေးထောက်ပြထားပါတယ်။ အခုဖော်ပြထားတဲ့ အချက်တွေ သင် ဖြစ်နေပြီဆိုရင် ညဘက်မှာ စောစောအိပ်ပြီး အိပ်ရေးဝဖို့ ကြိုးစားသင့်ပါတယ်။

၁။ ဒေါသထွက်လွယ်တယ်

အိပ်စက်မှုနဲ့ စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးမှာ နက်ရှိုင်းစွာ ဆက်နွယ်မှုရှိပါတယ်။ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျမှု ခံစားနေရသူတွေဟာ ညဘက် အိပ်မပျော်နိုင် ဖြစ်လေ့ရှိသူတွေ ဖြစ်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်ရမှုမရှိဘဲ အိပ်ရေးမဝသူတွေဟာ စိတ်ခံစားမှုကောင်း မရနိုင်ဘဲ ဒေါသထွက်လွယ်တာမျိုး ဖြစ်နေတတ်ပါတယ်။

၂။ ဖန်တီးနိုင်မှုနဲ့ အလုပ်လုပ်နိုင်စွမ်း လျော့ကျနေတယ်

ကာလရှည်ကြာ အိပ်ရေးမဝဖြစ်နေသူတွေဟာ အာရုုံစူးစိုက်မှု လျော့ကျလာပြီး စကားပြောဆိုရာမှာပင် စကားလုံး အသုံးအနှုန်း ပျောက်ဆုံးနေတတ်တာမျိုး ကြုံရနိုင်ပါတယ်။ အိပ်ရေးမဝသူတွေဟာ ဖန်တီးနိုင်မှုနဲ့ အလုပ်လုပ်နိုင်စွမ်း လျော့ကျလာတတ်ပါတယ်။

၃။ ကိုယ်အလေးချိန် တိုးလာတယ်

အိပ်ရေးမဝလေ ခန္ဓာကိုုယ် အလေးချိန်တိုးလာလေ ဖြစ်တတ်ပါတယ်။ ညဘက်အိပ်ချိန် ၆ နာရီအောက် လျော့နည်းသူတွေဟာ ခန္ဓာကိုယ် အလေးချိန်တိုးပြီး ဝဖြိုးလာတတ်ပါတယ်။

၄။ မျက်နှာက ကြည့်မကောင်းဘူးဖြစ်နေတယ်

မျက်နှာအသွင်အပြင်က ကြည့်မကောင်း ဖြစ်နေပါတယ်။ မျက်လုံးတွေနီနေတာ၊ မျက်ကွင်းညိုနေတာတွေက အိပ်ရေးမဝသူတွေရဲ့ လက္ခဏာတွေပါ။

၅။ တစ်ခုခုဆုံးဖြတ်ဖို့ တွန့်ဆုတ်နှောင့်နှေးနေတယ်

အိပ်ရေးမဝခြင်းက ဦးနှောက်ကို သက်ရောက်မှုရှိပြီး စဉ်းစားဆုံးဖြတ်မှုတွေ ပြုလုပ်ရာမှာ တွန့်ဆုတ်နှောင့်နှေးနေကာ မပြတ်မသား ဖြစ်နေတတ်ပါတယ်။

၆။ လိင်စိတ်လျော့နည်းလာတယ်

အိပ်ရေးမဝမှုက ပင်ပန်းနွယ်လျမှု ဖြစ်စေတဲ့အပြင် အထူးသဖြင့် အမျိုးသမီးတွေမှာ လိင်စိတ်လျော့နည်းတတ်ပြီး အိမ်ထောင်ရေးသုခကို ထိခိုက်စေနိုင်ပါတယ်။

၇။ နေ့အချိန်မှာ အိပ်ငိုက်တတ်တယ်

ညဘက်မှာ လုံလောက်တဲ့ အိပ်စက်မှုမရှိသူတွေဟာ နေ့အချိန်တွေမှာ တက်ကြွမှုနည်းပြီး အိပ်ငိုက်နေတတ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top