iMyanmarHouse.com - Best Property Website for Myanmar
×

Relationship တစ္ခုမွာျဖစ္ျဖစ္ အိမ္ေထာင္ေရးတခုမွာျဖစ္ျဖစ္ အရမ္းခ်စ္တက္တဲ့ ေကာင္မေလးေတြက ခင္ပြန္း၊ ခ်စ္သူေကာင္ေလးေတြ ကိုယ့္အေပၚလိမ္လည္လွည့္ဖ်ားမွာ အရမ္းစိုးရိမ္တတ္ၾကပါတယ္။

ကိုုယ့္ခ်စ္သူေကာင္ေလးမွာ ေအာက္ပါအက်င့္စ႐ိုက္ေလး ေတြရွိေနမယ္ဆိုရင္ေတာ့ သူဟာ သင့္အေပၚ ဘယ္ေတာ့မွ ေဖာက္ျပားမယ့္သူမ်ိဳးမဟုတ္ပါဘူး။

သူက အမွားအမွန္ခြဲျခားႏိုင္ၿပီး ကိုယ္က်င့္တရားေကာင္းမြန္တဲ့သူမ်ိဳးျဖစ္တယ္ဆို သင့္အေပၚမွာ ဘယ္ေတာ့မွ လွည့္ဖ်ားမွာမဟုတ္ပါဘူး။ ဘာလို႔လဲဆိုုေတာ့ သူကိုယ္တိုင္က လိမ္လည္မႈ လွည့္ဖ်ားမႈဆိုတာကို လုံးဝလက္မခံႏိုင္တဲ့သူျဖစ္ေနလို႔ပါ။

ေနာက္တခ်က္ကေတာ့ သူတို႔က အနာဂတ္ကိုစိုးရိမ္ပူပန္တတ္ၿပီး စိတ္ထိခိုက္ လြယ္တဲ့လူမ်ိဳးေတြပါ။ သူ႔ရဲ႕ မေကာင္းတဲ့လုပ္ရပ္ေတြက သူရဲ႕လူမႈပတ္ဝန္းက်င္ ၊သားသမီးအေပၚမွာ အက်ိဳးသက္ေရာက္မွာကို စိုးရိမ္တတ္တဲ့သူေတြေပါ့ ။  သားသမီးေတြရဲ႕အျမင္မွာ  သူဟာ သူတို႔ရဲ႕အေမအတြက္ လူမႈေရးေဖာက္ျပန္တဲ့သူမ်ိဳးျဖစ္မွာကိုအလိုမရွိတဲ့သူေတြပါ။ တနည္းအားျဖစ္ ဖခင္ေကာင္းေတြေပါ့ေနာ္။

သင္ထားခဲ့မယ့္ အေျခအေနမ်ိဳးျဖစ္ေအာင္ သူစြန႔္စားမွာမဟုတ္ပါဘူး။ သူက အေဖာ္မင္တတ္တဲ့လူမ်ိဳးဆိုရင္ သင့္ကိုသူထားခဲ့မွာမဟုတ္ပါဘူး။ သူေဖာက္ျပန္တာကို သင္သိသြားတဲ့အခါမ်ိဳးက်ရင္ သင္ကသူ႔ကို မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ ထားခဲ့ရဲတဲ့သူဆိုတာကို သူသိပါတယ္။

တစ္ခါတရံမွာ တပ္မက္မႈႀကီးတဲ့ ခ်စ္သူ၊ ခင္ပြန္းေတြအတြက္ အေၾကာက္တရားကလည္း အေကာင္းဆုံး အဟန႔္အတားျဖစ္ေနတတ္ပါတယ္။ သူက သင္မရွိရင္ အရမ္းစိတ္ထိခိုက္ရၿပီး ခိုကိုးရာမဲ့ျဖစ္ေနမွာစိုးရိမ္တဲ့အတြက္ သင့္ကို ဆုံးရႈံးရႏိုင္တဲ့ အေျခအေနမ်ိဳးျဖစ္ရမယ္ဆိုရင္ သူေဖာက္ျပန္ဖို႔ စြန႔္စားမွာမဟုတ္ပါဘူး။

သူက နဂိုကအဆင္မေျပတဲ့ အေျခအေနမွာ ေနာက္တစ္ေယာက္ကို ဆြဲသြင္းမွာမဟုတ္ပါဘူး။ သင္တို႔ ခ်စ္သူဘဝက သင္ထင္ထားသလို အဆင္သိပ္မေခ်ာဘူးဆိုရင္ေတာင္ သင့္ခ်စ္သူက ေဖာက္ျပန္မွာမဟုတ္ဘူးလို႔ ယုံထားႏိုင္တဲ့အခ်က္တစ္ခ်က္ရွိေနပါေသးတယ္။

သူက တစ္ကယ္စိတ္ရင္းေကာင္းတဲ့လူ ျဖစ္ခဲ့မယ္ဆိုရင္ နဂိုက အဆင္မေခ်ာတဲ့သင္တို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးၾကားမွာ ေဘးလူတစ္ေယာက္ထပ္ဆြဲသြင္းခ်င္မွာမဟုတ္ပါဘူး။ သင္တို႔ႏွစ္ေယာက္ ျပႆနာတက္ၾကရင္ တစ္ျခားလူေတြထိခိုက္ရမွာကို လိုလားမွာမဟုတ္ပါဘူး။ အေၾကာင္းကေတာ့ သူက အဲဒီလိုလုပ္ရေလာက္ေအာင္ မရက္စက္တတ္လို႔ပါ။

ေနာက္ဆုံးတစ္ခ်က္ကေတာ့ သူကသင့္ကိုအရမ္းခ်စ္လို႔ပါ။ ဒီကမာၻေပၚမွာရွိတဲ့အရာအားလုံးထက္ သင္ကအေရးပါဆုံးလူသားတစ္ေယာက္ ျဖစ္ေနလို႔ပါ။ သူကိုယ္တိုင္ကလည္း ခ်စ္သူကသူ႔အေပၚ အရမ္းခ်စ္တာကိုသိေနေတာ့ သူ႔ေၾကာင့္ သူ႔ခ်စ္သူနာက်င္ခံစားရမွာကို အေၾကာက္ဆုံးျဖစ္လို႔ပါ။

ကဲ ဒီလိုေကာင္ေလးမ်ိဳးကို ခ်စ္သူေတာ္ထားရရင္ေတာ့ သင္အရမ္း ကံေကာင္းသြားပါၿပီေနာ္... ။

Credit : B.Trix ( Love Shop )
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Relationship တစ်ခုမှာဖြစ်ဖြစ် အိမ်ထောင်ရေးတခုမှာဖြစ်ဖြစ် အရမ်းချစ်တက်တဲ့ ကောင်မလေးတွေက ခင်ပွန်း၊ ချစ်သူကောင်လေးတွေ ကိုယ့်အပေါ်လိမ်လည်လှည့်ဖျားမှာ အရမ်းစိုးရိမ်တတ်ကြပါတယ်။

ကိုုယ့်ချစ်သူကောင်လေးမှာ အောက်ပါအကျင့်စရိုက်လေး တွေရှိနေမယ်ဆိုရင်တော့ သူဟာ သင့်အပေါ် ဘယ်တော့မှ ဖောက်ပြားမယ့်သူမျိုးမဟုတ်ပါဘူး။

သူက အမှားအမှန်ခွဲခြားနိုင်ပြီး ကိုယ်ကျင့်တရားကောင်းမွန်တဲ့သူမျိုးဖြစ်တယ်ဆို သင့်အပေါ်မှာ ဘယ်တော့မှ လှည့်ဖျားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုုတော့ သူကိုယ်တိုင်က လိမ်လည်မှု လှည့်ဖျားမှုဆိုတာကို လုံးဝလက်မခံနိုင်တဲ့သူဖြစ်နေလို့ပါ။

နောက်တချက်ကတော့ သူတို့က အနာဂတ်ကိုစိုးရိမ်ပူပန်တတ်ပြီး စိတ်ထိခိုက် လွယ်တဲ့လူမျိုးတွေပါ။ သူ့ရဲ့ မကောင်းတဲ့လုပ်ရပ်တွေက သူရဲ့လူမှုပတ်ဝန်းကျင် ၊သားသမီးအပေါ်မှာ အကျိုးသက်ရောက်မှာကို စိုးရိမ်တတ်တဲ့သူတွေပေါ့ ။  သားသမီးတွေရဲ့အမြင်မှာ  သူဟာ သူတို့ရဲ့အမေအတွက် လူမှုရေးဖောက်ပြန်တဲ့သူမျိုးဖြစ်မှာကိုအလိုမရှိတဲ့သူတွေပါ။ တနည်းအားဖြစ် ဖခင်ကောင်းတွေပေါ့နော်။

သင်ထားခဲ့မယ့် အခြေအနေမျိုးဖြစ်အောင် သူစွန့်စားမှာမဟုတ်ပါဘူး။ သူက အဖော်မင်တတ်တဲ့လူမျိုးဆိုရင် သင့်ကိုသူထားခဲ့မှာမဟုတ်ပါဘူး။ သူဖောက်ပြန်တာကို သင်သိသွားတဲ့အခါမျိုးကျရင် သင်ကသူ့ကို မျက်တောင်တစ်ချက်မခတ်ဘဲ ထားခဲ့ရဲတဲ့သူဆိုတာကို သူသိပါတယ်။

တစ်ခါတရံမှာ တပ်မက်မှုကြီးတဲ့ ချစ်သူ၊ ခင်ပွန်းတွေအတွက် အကြောက်တရားကလည်း အကောင်းဆုံး အဟန့်အတားဖြစ်နေတတ်ပါတယ်။ သူက သင်မရှိရင် အရမ်းစိတ်ထိခိုက်ရပြီး ခိုကိုးရာမဲ့ဖြစ်နေမှာစိုးရိမ်တဲ့အတွက် သင့်ကို ဆုံးရှုံးရနိုင်တဲ့ အခြေအနေမျိုးဖြစ်ရမယ်ဆိုရင် သူဖောက်ပြန်ဖို့ စွန့်စားမှာမဟုတ်ပါဘူး။

သူက နဂိုကအဆင်မပြေတဲ့ အခြေအနေမှာ နောက်တစ်ယောက်ကို ဆွဲသွင်းမှာမဟုတ်ပါဘူး။ သင်တို့ ချစ်သူဘဝက သင်ထင်ထားသလို အဆင်သိပ်မချောဘူးဆိုရင်တောင် သင့်ချစ်သူက ဖောက်ပြန်မှာမဟုတ်ဘူးလို့ ယုံထားနိုင်တဲ့အချက်တစ်ချက်ရှိနေပါသေးတယ်။

သူက တစ်ကယ်စိတ်ရင်းကောင်းတဲ့လူ ဖြစ်ခဲ့မယ်ဆိုရင် နဂိုက အဆင်မချောတဲ့သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကြားမှာ ဘေးလူတစ်ယောက်ထပ်ဆွဲသွင်းချင်မှာမဟုတ်ပါဘူး။ သင်တို့နှစ်ယောက် ပြဿနာတက်ကြရင် တစ်ခြားလူတွေထိခိုက်ရမှာကို လိုလားမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သူက အဲဒီလိုလုပ်ရလောက်အောင် မရက်စက်တတ်လို့ပါ။

နောက်ဆုံးတစ်ချက်ကတော့ သူကသင့်ကိုအရမ်းချစ်လို့ပါ။ ဒီကမ္ဘာပေါ်မှာရှိတဲ့အရာအားလုံးထက် သင်ကအရေးပါဆုံးလူသားတစ်ယောက် ဖြစ်နေလို့ပါ။ သူကိုယ်တိုင်ကလည်း ချစ်သူကသူ့အပေါ် အရမ်းချစ်တာကိုသိနေတော့ သူ့ကြောင့် သူ့ချစ်သူနာကျင်ခံစားရမှာကို အကြောက်ဆုံးဖြစ်လို့ပါ။

ကဲ ဒီလိုကောင်လေးမျိုးကို ချစ်သူတော်ထားရရင်တော့ သင်အရမ်း ကံကောင်းသွားပါပြီနော်... ။

Credit : B.Trix ( Love Shop )

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top