iMyanmarHouse.com - Best Property Website for Myanmar
×

“ေမတၱာစစ္ဆုိတာ”



သမီးလေးအရွယ်ရောက်လာပီး အိမ်ထောင်ကျတော့လင် ယောက်ျားနောက် လိုက်သွားရတဲ့ သမီးလေးကိုကြည့်ပီးမျက်ရည်ကျနေတဲ့ ဇနီးသည်ရဲ့ ပခုံးလေးကိုဖက်ကာ”ချစ်… ကိုကျန်သေးတယ်”လို့ပြောပီး ဇနီးသည်ရဲ့လွမ်းဆွေးမှူကို ဖြေဖျောက်ပေးခဲ့တယ်။

အသက်​အရွယ်​တွေကြီးရင့်လာပီး ရောဂါဝေဒနာ ဖီစီးမှူကြောင့်အိပ်ရာထဲလဲနေရှာတဲ့ ဇနီးသည်ရဲ့ လက်ကလေးကိုင်ကာ”ချစ်….အားမငယ်နဲ့ “ဆိုပီး အားအင်သစ်တွေ ဖြည့်တင်းပေးခဲ့တယ်။

မီးစာကုန်​ ဆီခန်းပီး ဘဝကူးတော့မည့် ဇနီးသည်ကိုလင်ယောက်ျားဖြစ်သူက အငိုမျက်နှာဖြင့် နာဖူးလေးနမ်းကာ”ကို့ကို စောင့်နေနော်”လို့ပြောပီး နောက်ဆုံးထွက်သက်အထိသူ၏ မေတ္တာစစ်ကို ချစ်ဇနီးသည်အပေါ် သက်သေပြခဲ့တယ်။



လူတစ်ယောက်ကို နက်နက်ရိုင်းရိုင်းချစ်ခဲ့မိရင် ကိုယ်ချစ်ရသူရဲ့အားသာချက်တွေကို လေးစားလာသလို အားနည်းချက်တွေကိုလည်းချစ်တတ်လာပါလိမ့်မယ်။

မေတ္တာစစ်တို့မည်သည် အသက်ကြီးလာလေ ပိုလေးနက်လာပီးနောက်ဆုံးသေကွဲ ကွဲခဲ့ရတဲ့အခါမှာလည်း ရင်ထဲမှာ တမ်းတနေတာမျိုးပါကိုယ့်အပေါ် မေတ္တာစစ်နဲ့ ချစ်တဲ့သူတစ်ယောက်ကို နားလည်မှူ အလွဲတစ်ခုကြောင့် အဝေးသို့ မောင်းထုတ်လိုက်သလို မဖြစ်ပါစေနဲ့နော်။

ပို့သပေးပါတယ်။

“မေတ္တာစစ်ဆိုတာ”

ကောင်လေးက ကောင်မလေးကို လက်ထပ်ခွင့်တောင်းတုန်းက စကားလုံး ၅ လုံးပဲ ပြောခဲ့တယ် ” ကို့ ကိုယုံကြည်ပါ”

အိမ်ထောင်ကျပီး ကောင်မလေးက ကိုယ်ဝန်ရလာကာ သမီးလေးမွေးပေးတဲ့အခါကျတော့ ကောင်လေးက “ချစ် ပင်ပန်းသွားပီ”လို့ပြောပီး နှစ်သိမ့်ကျေးဇူးတင်စကားပြောခဲ့တယ်။

သမီးလေးအရွယ်ရောက်လာပီး အိမ်ထောင်ကျတော့လင် ယောကျ်ားနောက် လိုက်သွားရတဲ့ သမီးလေးကိုကြည့်ပီးမျက်ရည်ကျနေတဲ့ ဇနီးသည်ရဲ့ ပခုံးလေးကိုဖက်ကာ”ချစ်… ကိုကျန်သေးတယ်”လို့ပြောပီး ဇနီးသည်ရဲ့လွမ်းဆွေးမူှကို ဖြေဖျောက်ပေးခဲ့တယ်။

အသက်အရွယ်တွေကြီးရင့်လာပီး ရောဂါဝေဒနာ ဖီစီးမူှကြောင့်အိပ်ရာထဲလဲနေရှာတဲ့ ဇနီးသည်ရဲ့ လက်ကလေးကိုင်ကာ”ချစ်….အားမငယ်နဲ့ “ဆိုပီး အားအင်သစ်တွေ ဖြည့်တင်းပေးခဲ့တယ်။

မီးစာကုန် ဆီခန်းပီး ဘဝကူးတော့မည့် ဇနီးသည်ကိုလင်ယောကျ်ားဖြစ်သူက အငိုမျက်နှာဖြင့် နာဖူးလေးနမ်းကာ”ကို့ကို စောင့်နေနော်”လို့ပြောပီး နောက်ဆုံးထွက်သက်အထိသူ၏ မေတ္တာစစ်ကို ချစ်ဇနီးသည်အပေါ် သက်သေပြခဲ့တယ်။

ချစ်ခြင်းမေတ္တာဆိုတာ” ချစ်တယ်”လို့ ပါးစပ်ကပြောနေရုံနဲ့ မရဘဲရင်ထဲအသွေးအသားထဲက ကိုယ့်ဘဝရဲ့ လက်တွဲဖော်ကိုနောက်ဆုံးထွက်သက်အထိ နွေးထွေးကြင်နာခြင်းပါ။

ချစ်တယ်လို့ပါးစပ်ကပြောကာ လေထဲမှာ အချစ်ရဲ့စွမ်းအင်တွေပျောက်ကွယ်သွားပီး အရွယ်ကျလာလေလေ မေတ္တာခန်းလာခဲ့ရင်မေတ္တာစစ်မဟုတ်ပါ။

လူတစ်ယောက်ကို နက်နက်ရိူင်းရိူင်းချစ်ခဲ့မိရင် ကိုယ်ချစ်ရသူရဲ့အားသာချက်တွေကို လေးစားလာသလို အားနည်းချက်တွေကိုလည်းချစ်တတ်လာပါလိမ့်မယ်။

မေတ္တာစစ်တို့မည်သည် အသက်ကြီးလာလေ ပိုလေးနက်လာပီးနောက်ဆုံးသေကွဲ ကွဲခဲ့ရတဲ့အခါမှာလည်း ရင်ထဲမှာ တမ်းတနေတာမျိုးပါကိုယ့်အပေါ် မေတ္တာစစ်နဲ့ ချစ်တဲ့သူတစ်ယောက်ကို နားလည်မူှ အလွဲတစ်ခုကြောင့် အဝေးသို့ မောင်းထုတ်လိုက်သလို မဖြစ်ပါစေနဲ့နော်။

Credit : နိုင်းနိုင်းစနေ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top