iMyanmarHouse.com - Best Property Website for Myanmar
×

ဗိုက္ကေလး နည္းနည္းပူလာတာနဲ႔ ေနလို႔ထိုင္လို႔မရတဲ့ ခံစားခ်က္မ်ိဳး ခံစားဖူးမွာပါ။ တခါတေလ ဗိုက္ပူတာက အစားေသာင္းက်န္းလို႔၊ အရက္ေသာက္တာတို႔ေၾကာင့္ ျဖစ္ႏုိင္ေပမယ့္ စိတ္ဖိစီးမႈနဲ႔ တျခားအေၾကာင္းအရင္းေတြေၾကာင့္လည္းျဖစ္တတ္ပါတယ္။

ဒါ့ေၾကာင့္ ဗိုက္ပူရတဲ့အေၾကာင္းအရင္းကို သိမွသာ ဗိုက္ပူတာကိုေလ်ာ့ခ်ႏိုင္တဲ့ နည္းလမ္းကို ရွာေဖြႏိုင္မွာပါ။

အရက္ေၾကာင့္ျဖစ္တဲ့ ဗိုက္ပူျခင္း

သင္အရက္ေသာက္တာမ်ားရင္ တျဖည္းျဖည္းနဲ႔ သင့္ဗိုက္က ဒီပံုထဲက ပံုမ်ိဳးပူလာတတ္ပါတယ္။ဒီလို ပူလာတယ္ဆိုရင္ အေကာင္းဆံုးကေတာ့ အရက္ျဖတ္လိုက္ပါ။

အရက္က ဘာေၾကာင့္ ဗိုက္ကုိပူေစသလဲဆိုေတာ့ အရက္က အစာေျခတဲ့ေနရာမွာအေႏွာင့္အယွက္ျဖစ္ကာ အစာကိုေကာင္းေကာင္းမြန္မြန္မေခ်ႏိုင္ေတာ့ပါဘူး။ ဒါက က်န္းမာေရးကို ထိခိုက္ေစတဲ့အခ်က္တစ္ခ်က္ပါ။ ေနာက္တစ္ခ်က္က အရက္မွာ ကယ္လိုရီေတြပါဝင္မႈမ်ားတာေၾကာင့္ ဗိုက္ပူလာရတာပါ။

ဘီယာတစ္ခြက္ေသာက္မယ္ႀကံတိုင္း ဘီယာထဲမွာပါတဲ့ ကယ္လိုရီပါသတိရပါ။

စိတ္ဖိစီးမႈေၾကာင့္ ဗိုုက္ပူလာျခင္း

စိတ္ဖိစီးမႈမ်ားလာရင္ ကိုယ္အေလးခ်ိန္ေတြတက္ၿပီး အထူးသျဖင့္ ခါးပတ္လည္မွာ အဆီေတြျဖစ္လာတာပါဘဲ။

က်န္းမာေရးနဲ႔မညီညြတ္တဲ့ အစားအစာေတြအမ်ားႀကီးစားတာ၊ ခႏၶာကိုယ္ကို အနားယူဖို႔အခ်ိန္လံုေလာက္စြာမေပးတာ၊ ဖ်ားေနတုန္း အနားမယူဘဲ အလုပ္လုပ္တာတို႔နဲ႔ သက္ဆိုင္ပါတယ္။

ဒီလိုအေျခအေနမ်ိဳးမွာ အေကာင္းဆံုးကေတာ့ ေလ့က်င့္ခန္းလုပ္တာနဲ႔ က်န္းမာေရးအတြက္ သင့္ေတာ္တဲ့အစားအစာေတြစားတာပါဘဲ။

အဆီမ်ားတဲ့အစားအစာေတြ၊ အသင့္စားအစားစာေတြကို မစားပါနဲ႔။ ေန႔စဥ္ေလ့က်င့္ခန္းလုပ္ရင္ စိတ္ဖိစီးမႈကို ေလ်ာ့ေစၿပီး ဗိုက္ပူတာလည္းက်လာပါလိမ့္မယ္။

ေဟာ္မႈန္းေၾကာင့္ ဗိုက္ပူတာ

ေဟာ္မႈန္း ေျပာင္းလဲမႈေတြေၾကာင့္ ဗိုက္ပူလာတာလည္း ျဖစ္တတ္ပါတယ္။ ကိုယ္ေသာက္ေနတဲ့ ေဆးဝါးေတြနဲ႔ပတ္သက္ၿပီး ျဖစ္တတ္တာေၾကာင့္ ဆရာဝန္နဲ႔ ျပန္ညွိႏိႈင္းပါ။

ဂက္စ္ေၾကာင့္ ဗိုက္ပူတာ

ဗိုက္ထဲမွာ ဂက္စ္ေတြအမ်ားႀကီးရွိတာေၾကာင့္ ဗိုက္ေတြပြလာတာမ်ိဳးျဖစ္တတ္ပါတယ္။ ေနရထိုင္ရလည္း အဆင္မေျပဘဲ ဗိုက္ေအာင့္တာမ်ိဳး ခံစားရပါလိမ့္မယ္။ ဒီလိုအေျခအေနမ်ိဳးဆိုရင္ေတာ့ ဆရာဝန္နဲ႔ ခ်က္ျခင္းျပသသင့္ပါတယ္။

ဒီလိုဂက္စ္မ်ားတဲ့အေျခအေနမွာ ဂက္စ္ပိုျဖစ္ႏိုင္တဲ့ အဆီမ်ားတဲ့ အစားအစာေတြ က်န္းမာေရးနဲ႔မညီညြတ္တဲ့ ဂက္စ္အခ်ိဳရည္ေတြကို မေသာက္ပါနဲ႔။

Credit : Myfood
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဗိုက်ကလေး နည်းနည်းပူလာတာနဲ့ နေလို့ထိုင်လို့မရတဲ့ ခံစားချက်မျိုး ခံစားဖူးမှာပါ။ တခါတလေ ဗိုက်ပူတာက အစားသောင်းကျန်းလို့၊ အရက်သောက်တာတို့ကြောင့် ဖြစ်နိုင်ပေမယ့် စိတ်ဖိစီးမှုနဲ့ တခြားအကြောင်းအရင်းတွေကြောင့်လည်းဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် ဗိုက်ပူရတဲ့အကြောင်းအရင်းကို သိမှသာ ဗိုက်ပူတာကိုလျော့ချနိုင်တဲ့ နည်းလမ်းကို ရှာဖွေနိုင်မှာပါ။

အရက်ကြောင့်ဖြစ်တဲ့ ဗိုက်ပူခြင်း

သင်အရက်သောက်တာများရင် တဖြည်းဖြည်းနဲ့ သင့်ဗိုက်က ဒီပုံထဲက ပုံမျိုးပူလာတတ်ပါတယ်။ဒီလို ပူလာတယ်ဆိုရင် အကောင်းဆုံးကတော့ အရက်ဖြတ်လိုက်ပါ။

အရက်က ဘာကြောင့် ဗိုက်ကိုပူစေသလဲဆိုတော့ အရက်က အစာခြေတဲ့နေရာမှာအနှောင့်အယှက်ဖြစ်ကာ အစာကိုကောင်းကောင်းမွန်မွန်မချေနိုင်တော့ပါဘူး။ ဒါက ကျန်းမာရေးကို ထိခိုက်စေတဲ့အချက်တစ်ချက်ပါ။ နောက်တစ်ချက်က အရက်မှာ ကယ်လိုရီတွေပါဝင်မှုများတာကြောင့် ဗိုက်ပူလာရတာပါ။

ဘီယာတစ်ခွက်သောက်မယ်ကြံတိုင်း ဘီယာထဲမှာပါတဲ့ ကယ်လိုရီပါသတိရပါ။

စိတ်ဖိစီးမှုကြောင့် ဗိုုက်ပူလာခြင်း

စိတ်ဖိစီးမှုများလာရင် ကိုယ်အလေးချိန်တွေတက်ပြီး အထူးသဖြင့် ခါးပတ်လည်မှာ အဆီတွေဖြစ်လာတာပါဘဲ။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေအများကြီးစားတာ၊ ခန္ဓာကိုယ်ကို အနားယူဖို့အချိန်လုံလောက်စွာမပေးတာ၊ ဖျားနေတုန်း အနားမယူဘဲ အလုပ်လုပ်တာတို့နဲ့ သက်ဆိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အကောင်းဆုံးကတော့ လေ့ကျင့်ခန်းလုပ်တာနဲ့ ကျန်းမာရေးအတွက် သင့်တော်တဲ့အစားအစာတွေစားတာပါဘဲ။

အဆီများတဲ့အစားအစာတွေ၊ အသင့်စားအစားစာတွေကို မစားပါနဲ့။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ရင် စိတ်ဖိစီးမှုကို လျော့စေပြီး ဗိုက်ပူတာလည်းကျလာပါလိမ့်မယ်။

ဟော်မှုန်းကြောင့် ဗိုက်ပူတာ

ဟော်မှုန်း ပြောင်းလဲမှုတွေကြောင့် ဗိုက်ပူလာတာလည်း ဖြစ်တတ်ပါတယ်။ ကိုယ်သောက်နေတဲ့ ဆေးဝါးတွေနဲ့ပတ်သက်ပြီး ဖြစ်တတ်တာကြောင့် ဆရာဝန်နဲ့ ပြန်ညှိနှိုင်းပါ။

ဂက်စ်ကြောင့် ဗိုက်ပူတာ

ဗိုက်ထဲမှာ ဂက်စ်တွေအများကြီးရှိတာကြောင့် ဗိုက်တွေပွလာတာမျိုးဖြစ်တတ်ပါတယ်။ နေရထိုင်ရလည်း အဆင်မပြေဘဲ ဗိုက်အောင့်တာမျိုး ခံစားရပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ ဆရာဝန်နဲ့ ချက်ခြင်းပြသသင့်ပါတယ်။

ဒီလိုဂက်စ်များတဲ့အခြေအနေမှာ ဂက်စ်ပိုဖြစ်နိုင်တဲ့ အဆီများတဲ့ အစားအစာတွေ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဂက်စ်အချိုရည်တွေကို မသောက်ပါနဲ့။

Credit : Myfood

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top