iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုေတာ္ ေဆာင္းဦးလႈိင္က ခံစားခ်က္ေတြကို သူ႔ရဲ႕ ေဖ့စ္ဘြတ္အေကာင့္မွာ ရင္ဖြင့္ထားတာ ေတြ႕ရပါတယ္။ သူေရးသားထားတဲ့ စာသားေတြကိုလည္း ပရိသတ္ေတြရွဲေပးဖို႔လည္း ေျပာထားပါေသးတယ္။

ေဆာင္းဦးလႈိင္ဟာ သူ႔ရဲ႕ သီခ်င္းေတြကို အဆိုၿပိဳင္ပြဲေတြမွာ အသုံးျပဳခြင့္မေပးထားတာ ၾကာခဲ့ပါၿပီ။

ဒါေပမယ့္ ၿပီးခဲ့တဲ့ ႏွစ္ရက္ေလာက္က က်ားေပါက္က ေဆာင္းဦးလႈိင္ ေရးထားၿပီး Zaw W Htut ဆိုတဲ့ သီခ်င္းကို Channel တစ္ခုမွာ အသုံးျပဳထားခဲ့တယ္တဲ့။ အဲ့ဒါနဲ႔ ပတ္သက္ၿပီး သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ယခုလို ေရးသားခဲ့တာ ျဖစ္ပါတယ္။

“ခံယူခ်က္မ်ားရယ္ေၾကာင့္…”

အဆိုၿပိဳင္ပြဲေတြမွာ ကြၽန္ေတာ့္သီခ်င္းေတြအသုံးျပဳခြင့္မေပးတာၾကာပါၿပီ။ ဒိုင္တခ်ိဳ႕ Coach တခ်ိဳ႕ဟာအေျခခံဂီတပညာေၾကညက္ျခင္းမရွိဘဲ ၿပိဳင္ပြဲဝင္ေတြကိုဆရာလုပ္တာ က်င့္ဝတ္နဲ႔မညီဖူးထင္လို႔။ ၿပီးခဲ့တဲ့ ၂ ရက္ေလာက္က channel တစ္ခုရဲ႕ဝန္ထမ္းကဆက္သြယ္ၿပီး အဆိုၿပိဳင္ပြဲသီခ်င္းသုံးခြင့္ေတာင္းလာတယ္။ သူနဲ႔မရေတာ့ က်ားေပါက္က ဆက္သြယ္လာတယ္။ က်ားေပါက္က ကြၽန္ေတာ့္အေျခအေနကို မသိဘဲ က်ေနာ္ေရး Zaw W Htut ဆိုတဲ့သီခ်င္းကို သုံးထားတယ္။ က်ားေပါက္တို႔က အရည္အခ်င္းရွိတဲ့ ဒိုင္ျဖစ္သင့္တဲ့လူေတြပါ။ က်ားေပါက္က ဒီႏွစ္မွဒိုင္လုပ္တာ၊ကြၽန္ေတာ့္သီခ်င္းေတြ ေပးမသုံးတာမသိရွာ။

က်ားေပါက္ထက္ သူ႔အေဖကိုရင္ဂိုဟာ ကြၽန္ေတာ္ခ်စ္ခင္တဲ့မိတ္ေဆြႀကီးတစ္ဦး။ဒီေတာ့ကြၽန္ေတာ္ခြင့္ျပဳလိုက္ရတယ္။ အခမဲ့ခြင့္ျပဳ လိုက္တယ္။Channel ဝန္ထမ္းကေျပာျပတယ္။သီခ်င္းေရးဆရာအေတာ္မ်ားမ်ားဟာ တစ္ပုဒ္ကို ေငြက်ပ္သုံးေသာင္းခြဲ (၃၅၀၀၀)နဲ႔ သီခ်င္းေတြ ေပးသုံးၾကတာတဲ့။

ကြၽန္ေတာ္ေျပာလိုက္တယ္။အဲဒါ ေရးသူ၊တီးသူ၊ဆိုသူ၊ဖန္တီးသူ အားလုံးကိုေစာ္ကားတာ၊ တျခားေတးေရးေတြလည္းဒါကိုအရမ္းေက်နပ္ ေနမယ္ကြၽန္ေတာ္မထင္ဖူး၊အေျခအေနတစ္ခုေၾကာင့္ျဖစ္လိမ့္မယ္လို႔။ဒါ့ေၾကာင့္ သုံးေသာင္းခြဲမေပးနဲ႔ အလကားသာယူ ဆိုေတာ့ လာယူသြားၾကတယ္။ ခံယူခ်က္ေၾကာင့္ေပးမသုံးတာ ေငြသုံးေသာင္းခြဲေပးဖို႔လာႀကိဳးစားေနတယ္။” ဆိုၿပီး ေျပာထားပါတယ္။

ဒါေၾကာင့္မို႔ ေဆာင္းဦးလႈိင္က ေနာက္ေနာင္ မည္သည့္ သီခ်င္းဆိုၿပိဳင္ပြဲမွာမွ သူ႔ရဲ႕ သီခ်င္းေတြကို မသုံးၾကဖို႔ ေျပာထားေသးတယ္။ အႏုပညာသမားေတြဟာ အႏွိမ္ခံ ေငြေနာက္လိုက္ ခံယူခ်က္မရွိတဲ့ လူစားေတြမဟုတ္ဘူးဆိုတာ ေျပာေပးၾကပါလိုု႔ ေရးသားထားၿပီး ပရိသတ္ေတြကို ရွဲခိုင္းထားပါေသးတယ္။

ေဆာင္းဦးလႈိင္က လက္ရွိမွာ ေဘာ္နီယိုကြၽန္းတြင္ ေနထိုင္လ်က္ ရွိတယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံကေန ထြက္သြားတာ ေလးႏွစ္ေလာက္ ရွိၿပီ ျဖစ္တဲ့ ေဆာင္းဦးလႈိင္က ဇြန္လ(၂၂)ရက္ေန႔က ကမာၻ႔စံခ်ိန္ဆိုတဲ့ ေတးစီးရီးေခြကို ထြက္ရွိထား ပါေသးတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အဆိုတော် ဆောင်းဦးလှိုင်က ခံစားချက်တွေကို သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရင်ဖွင့်ထားတာ တွေ့ရပါတယ်။ သူရေးသားထားတဲ့ စာသားတွေကိုလည်း ပရိသတ်တွေရှဲပေးဖို့လည်း ပြောထားပါသေးတယ်။

ဆောင်းဦးလှိုင်ဟာ သူ့ရဲ့ သီချင်းတွေကို အဆိုပြိုင်ပွဲတွေမှာ အသုံးပြုခွင့်မပေးထားတာ ကြာခဲ့ပါပြီ။

ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်ရက်လောက်က ကျားပေါက်က ဆောင်းဦးလှိုင် ရေးထားပြီး Zaw W Htut ဆိုတဲ့ သီချင်းကို Channel တစ်ခုမှာ အသုံးပြုထားခဲ့တယ်တဲ့။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားခဲ့တာ ဖြစ်ပါတယ်။

“ခံယူချက်များရယ်ကြောင့်…”

အဆိုပြိုင်ပွဲတွေမှာ ကျွန်တော့်သီချင်းတွေအသုံးပြုခွင့်မပေးတာကြာပါပြီ။ ဒိုင်တချို့ Coach တချို့ဟာအခြေခံဂီတပညာကြေညက်ခြင်းမရှိဘဲ ပြိုင်ပွဲဝင်တွေကိုဆရာလုပ်တာ ကျင့်ဝတ်နဲ့မညီဖူးထင်လို့။ ပြီးခဲ့တဲ့ ၂ ရက်လောက်က channel တစ်ခုရဲ့ဝန်ထမ်းကဆက်သွယ်ပြီး အဆိုပြိုင်ပွဲသီချင်းသုံးခွင့်တောင်းလာတယ်။ သူနဲ့မရတော့ ကျားပေါက်က ဆက်သွယ်လာတယ်။ ကျားပေါက်က ကျွန်တော့်အခြေအနေကို မသိဘဲ ကျနော်ရေး Zaw W Htut ဆိုတဲ့သီချင်းကို သုံးထားတယ်။ ကျားပေါက်တို့က အရည်အချင်းရှိတဲ့ ဒိုင်ဖြစ်သင့်တဲ့လူတွေပါ။ ကျားပေါက်က ဒီနှစ်မှဒိုင်လုပ်တာ၊ကျွန်တော့်သီချင်းတွေ ပေးမသုံးတာမသိရှာ။

ကျားပေါက်ထက် သူ့အဖေကိုရင်ဂိုဟာ ကျွန်တော်ချစ်ခင်တဲ့မိတ်ဆွေကြီးတစ်ဦး။ဒီတော့ကျွန်တော်ခွင့်ပြုလိုက်ရတယ်။ အခမဲ့ခွင့်ပြု လိုက်တယ်။Channel ဝန်ထမ်းကပြောပြတယ်။သီချင်းရေးဆရာအတော်များများဟာ တစ်ပုဒ်ကို ငွေကျပ်သုံးသောင်းခွဲ (၃၅၀၀၀)နဲ့ သီချင်းတွေ ပေးသုံးကြတာတဲ့။

ကျွန်တော်ပြောလိုက်တယ်။အဲဒါ ရေးသူ၊တီးသူ၊ဆိုသူ၊ဖန်တီးသူ အားလုံးကိုစော်ကားတာ၊ တခြားတေးရေးတွေလည်းဒါကိုအရမ်းကျေနပ် နေမယ်ကျွန်တော်မထင်ဖူး၊အခြေအနေတစ်ခုကြောင့်ဖြစ်လိမ့်မယ်လို့။ဒါ့ကြောင့် သုံးသောင်းခွဲမပေးနဲ့ အလကားသာယူ ဆိုတော့ လာယူသွားကြတယ်။ ခံယူချက်ကြောင့်ပေးမသုံးတာ ငွေသုံးသောင်းခွဲပေးဖို့လာကြိုးစားနေတယ်။” ဆိုပြီး ပြောထားပါတယ်။

ဒါကြောင့်မို့ ဆောင်းဦးလှိုင်က နောက်နောင် မည်သည့် သီချင်းဆိုပြိုင်ပွဲမှာမှ သူ့ရဲ့ သီချင်းတွေကို မသုံးကြဖို့ ပြောထားသေးတယ်။ အနုပညာသမားတွေဟာ အနှိမ်ခံ ငွေနောက်လိုက် ခံယူချက်မရှိတဲ့ လူစားတွေမဟုတ်ဘူးဆိုတာ ပြောပေးကြပါလိုု့ ရေးသားထားပြီး ပရိသတ်တွေကို ရှဲခိုင်းထားပါသေးတယ်။

ဆောင်းဦးလှိုင်က လက်ရှိမှာ ဘော်နီယိုကျွန်းတွင် နေထိုင်လျက် ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကနေ ထွက်သွားတာ လေးနှစ်လောက် ရှိပြီ ဖြစ်တဲ့ ဆောင်းဦးလှိုင်က ဇွန်လ(၂၂)ရက်နေ့က ကမ္ဘာ့စံချိန်ဆိုတဲ့ တေးစီးရီးခွေကို ထွက်ရှိထား ပါသေးတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top