iMyanmarHouse.com - Best Property Website for Myanmar
×
Credit : cantwait2say
မြန်မာနိုင်ငံကလူအများစုရဲ့အတွေးတွေမှာ နိုင်ငံခြားမှာနေခဲ့တယ်၊ နိုင်ငံခြားမှာ ကျောင်းတတ်ခဲ့ကြတယ်ဆိုရင် အရမ်းအထင်ကြီးကြပြီး ရုပ်ရှင်တွေထဲကလို ခန့်ခန့်ကြီးနေကြတယ်ဆိုတဲ့ အတွေးတွေရှိကြပါတယ်။ အမှန်တကယ်တော့ ကျွန်တေ်ာ်တို့မြန်မာလူမျိုးအမျာျးစုထင်သလို မဟုတ်ပါဘူးဗျာ။ သူတို့နိုင်ငံတွေမှာလည်း သူတို့နိုင်ငံတွေကပေးတဲ့ အခက်အခဲမျိုးစုံကို ရင်ဆိုင်ရစမြဲပါ…..
ယခုလတ်တလော နာမည်ကြီးနေတဲ့ မင်းသားဇဏ်ခီဆိုသည်မှာလည်း နိုင်ငံခြားမှာ ကျောင်းတက်အလုပ်လုပ်ပြီး မြန်မာနိုင်ငံကိုပြန်လာခဲ့တဲ့ လူတွေထဲတစ်ဦးပါပဲ။ သူကလည်း အများထင်သလို နိုင်ငံခြားမှာ သူ့ဘဝကို လွယ်ကူစွာ ဖြတ်သန်းခဲ့တာမဟုတ်ကြောင်းကို ဒီလို
“ကျွန်တော် နိုင်ငံခြားရောက်နေတဲ့ အတောအတွင်း သူများတွေက အမေရိကရောက်ပြီး အရမ်းကို အဆင်ပြေ၊ အရမ်းကို သာယာနေတယ်လို့ ထင်ကြတယ်။ ဒါပေမယ့် တကယ်တမ်းရောက်သွားတော့ အခက်အခဲတွေ၊ ပြိုင်ဆိုင်မှုတွေက အများကြီးပဲ။ ဘာသာစကားအခက်အခဲ နည်းနည်းရှိတယ်။ ယဉ်ကျေးမှုကလည်း လုံးဝကွဲပြားတဲ့အပြင် ကိုယ်နဲ့ပါလာတဲ့ မိသားစု၊ လူကြီးတွေကို ပြောင်းလဲမှုလက်ခံနိုင်အောင် ကြိုးစားရတယ်။ ကိုယ့်မုန့်ဖိုးကို ရှာ၊ အလုပ်လုပ်ပြီး ကျောင်းတက်ရတာမို့ အမှီအခိုကင်းအောင် ရင့်ရင့်ကျက်ကျက်နဲ့ သင်ယူရပါတယ်။ ကျောင်းပြီးသွားတော့ အလုပ်ခွင်ထဲ ဝင်တဲ့အခါမှာ အရင်လို အရမ်းမခက်ခဲတော့ဘူး။ ကျောင်းကနေ သေချာ train ပေးလိုက်တဲ့ သဘောဖြစ်သွားတော့ အကျိုးအများကြီးရှိပါတယ်။ ကြုံရတဲ့ အခက်အခဲတွေက ဘဝသင်ခန်းစာတွေပါပဲ” လို့ Myanmar Celebrity Media အင်တာဗျူးတစ်ခုမှာ ယခုလိုပြောကြားသွားခဲ့ပါတယ်။
ယခုတင်ဆက်ပေးသွားတာကတော့ ဇာဏ်ခီပြောပြတဲ့ နိုင်ငံခြားမှာသူဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်းပဲဖြစ်ပါတယ်ဗျာ… ပြောချင်လွန်းလို့ပရိတ်သတ်တွေအနေဲ့ သုတရသအစုံအလင်ဖတ်ရှုနိုင်ဖို့ ပြောချင်လွန်းလို့ Page ကို See First လုပ်ထားကျဖို့မမေ့နဲ့ဦးနော်…
Credit : cantwait2say
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top