iMyanmarHouse.com - Best Property Website for Myanmar
×

 ေလာေလာလတ္လတ္ ထိခိုက္မိလို႔ ဒူးနာတာပဲျဖစ္ျဖစ္၊ အဆစ္အျမစ္ေရာင္လို႔ နာတာရွည္ ဒူးနာေနရင္ပဲျဖစ္ျဖစ္ ဒူးနာ သက္သာေစဖို႔ ဒါေတြ လုပ္ၾကည့္ပါ။

1.       ေလ့က်င့္ခန္းလုပ္ပါ။ ႏွလံုးက်န္းမာေစတဲ့ ေလ့က်င့္ခန္း၊ ကုိယ္အေလးခ်ိန္ထိန္း ေလ့က်င့္ခန္းနဲ႔ အေၾကာေလွ်ာ့ ေလ့က်င့္ခန္းေတြက ဒူးေခါင္းၾကြက္သားေတြကို သန္မာေစၿပီး ေကြးဆန္႔ႏိုင္စြမ္းကိုလည္း ေကာင္းမြန္ေစပါတယ္။ လမ္းေလွ်ာက္ျခင္း၊ ေရကူးျခင္း၊ စက္ဘီးစီးျခင္း စတဲ့ ေလ့က်င့္ခန္းေတြ လုပ္ေပးပါ။ တိုက္ခ်ိကစားျခင္းက ေတာင့္တင္းမႈေတြကို သက္သာေစၿပီး ဟန္ခ်က္ညီေစပါတယ္။

2.       အနားယူျခင္း၊ ေရခဲဝတ္ ကပ္ေပးျခင္း၊ ေျခေထာက္ ျမႇင့္ထားျခင္းေတြက ဒူးနာ သက္သာေစပါတယ္။ ဒါေၾကာင့္ ဒူးေခါင္းကို ၿငိမ္ၿငိမ္ထားၿပီး အေရာင္သက္သာေစဖို႔အတြက္ ေရခဲဝတ္ ကပ္ေပးျခင္း၊ ၾကံဳ႕ဆန္႔ႏိုင္စြမ္းရွိတဲ့ ပတ္တီးစည္းေပးထားျခင္းနဲ႔ ဒူးေခါင္းကို ေျမႇာက္ထားျခင္းေတြ လုပ္ေပးပါ။

3.       အပ္စိုက္ကုသႏိုင္ပါတယ္။ တ႐ုတ္႐ိုးရာ အပ္စိုက္ကုသျခင္းက နာက်င္မႈ ေတာ္ေတာ္မ်ားမ်ားကို သက္သာေစၿပီး ဒူးနာတာကိုလည္း သက္သာေစႏုိင္ပါတယ္။

4.       အပူအေအး လိုသလို အသံုးခ်ပါ။ ဒူးေခါင္း ထိခိုက္ဒဏ္ရာရၿပီး ပထမ 48-72  နာရီအတြင္းမွာဆိုရင္ ေရာင္ရမ္းျခင္းနဲ႔ နာက်င္ျခင္း သက္သာေစဖို႔ ေရခဲဝတ္ ကပ္ေပးပါ။ တစ္ခါကပ္ရင္ 15-20 မိနစ္ခန္႔ တစ္ေန႔ကို 3-4 ႀကိမ္ ကပ္ေပးပါ။ အေရျပားကို မထိခိုက္ေစဖို႔ ေရခဲဘူးကို ပဝါနဲ႔ ပတ္ၿပီးမွ ကပ္ေပးပါ။ ေနာက္ပိုင္းမွာေတာ့ ေရေႏြးအိတ္ ကပ္ေပးပါ။ တစ္ေန႔ကို 3-4 ႀကိမ္ တစ္ခါကပ္ရင္ 15-20 မိနစ္ခန္႔ ကပ္ေပးပါ။

5.       ဆရာဝန္ရဲ႕ အၾကံဉာဏ္ ရယူပါ။ အခုမွ ဒူးနာတာဆိုရင္ ဘာေၾကာင့္နာတယ္ဆိုတာ သိဖို႔ ဆရာဝန္ ျပသၿပီး ကုသမႈ ခံယူပါ။

Credit : Dr myanmar
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
          လောလောလတ်လတ် ထိခိုက်မိလို့ ဒူးနာတာပဲဖြစ်ဖြစ်၊ အဆစ်အမြစ်ရောင်လို့ နာတာရှည် ဒူးနာနေရင်ပဲဖြစ်ဖြစ် ဒူးနာ သက်သာစေဖို့ ဒါတွေ လုပ်ကြည့်ပါ။

1.       လေ့ကျင့်ခန်းလုပ်ပါ။ နှလုံးကျန်းမာစေတဲ့ လေ့ကျင့်ခန်း၊ ကိုယ်အလေးချိန်ထိန်း လေ့ကျင့်ခန်းနဲ့ အကြောလျှော့ လေ့ကျင့်ခန်းတွေက ဒူးခေါင်းကြွက်သားတွေကို သန်မာစေပြီး ကွေးဆန့်နိုင်စွမ်းကိုလည်း ကောင်းမွန်စေပါတယ်။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ တိုက်ချိကစားခြင်းက တောင့်တင်းမှုတွေကို သက်သာစေပြီး ဟန်ချက်ညီစေပါတယ်။

2.       အနားယူခြင်း၊ ရေခဲဝတ် ကပ်ပေးခြင်း၊ ခြေထောက် မြှင့်ထားခြင်းတွေက ဒူးနာ သက်သာစေပါတယ်။ ဒါကြောင့် ဒူးခေါင်းကို ငြိမ်ငြိမ်ထားပြီး အရောင်သက်သာစေဖို့အတွက် ရေခဲဝတ် ကပ်ပေးခြင်း၊ ကြုံ့ဆန့်နိုင်စွမ်းရှိတဲ့ ပတ်တီးစည်းပေးထားခြင်းနဲ့ ဒူးခေါင်းကို မြှောက်ထားခြင်းတွေ လုပ်ပေးပါ။

3.       အပ်စိုက်ကုသနိုင်ပါတယ်။ တရုတ်ရိုးရာ အပ်စိုက်ကုသခြင်းက နာကျင်မှု တော်တော်များများကို သက်သာစေပြီး ဒူးနာတာကိုလည်း သက်သာစေနိုင်ပါတယ်။

4.       အပူအအေး လိုသလို အသုံးချပါ။ ဒူးခေါင်း ထိခိုက်ဒဏ်ရာရပြီး ပထမ 48-72  နာရီအတွင်းမှာဆိုရင် ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်း သက်သာစေဖို့ ရေခဲဝတ် ကပ်ပေးပါ။ တစ်ခါကပ်ရင် 15-20 မိနစ်ခန့် တစ်နေ့ကို 3-4 ကြိမ် ကပ်ပေးပါ။ အရေပြားကို မထိခိုက်စေဖို့ ရေခဲဘူးကို ပဝါနဲ့ ပတ်ပြီးမှ ကပ်ပေးပါ။ နောက်ပိုင်းမှာတော့ ရေနွေးအိတ် ကပ်ပေးပါ။ တစ်နေ့ကို 3-4 ကြိမ် တစ်ခါကပ်ရင် 15-20 မိနစ်ခန့် ကပ်ပေးပါ။

5.       ဆရာဝန်ရဲ့ အကြံဉာဏ် ရယူပါ။ အခုမှ ဒူးနာတာဆိုရင် ဘာကြောင့်နာတယ်ဆိုတာ သိဖို့ ဆရာဝန် ပြသပြီး ကုသမှု ခံယူပါ။

Credit : Dr myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top