iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ႀကီးလာတာနဲ႔အမွ် အိုမင္းလာမႈဆိုတာက လြန္ဆန္လို႔မရတဲ့ ျဖစ္စဥ္တစ္ခု ဆုိေပမဲ့လို႔ အ႐ြယ္မတုိင္မီ အိုမင္းရင့္ေရာ္မသြားေအာင္ေတာ့ ေ႐ွာင္ၾကဥ္လို႔ရပါတယ္။ ကိုယ့္ရဲ႕ ပင္ကိုယ္႐ွိရင္းစြဲအသက္ထက္ ပိုႀကီးတယ္လို႔ ထင္ေနရေစတဲ့အထဲမွာ အသားအေရက ထိပ္ဆံုးက ပါတာေပါ့။ ႏူးညံ့တဲ့အသားအေရဟာ တစ္ညအတြင္းမွာတင္ သိသိသာသာ ပ်က္စီးလာႏိုင္ ေကာင္းလာႏိုင္ပါတယ္။ ကိုယ့္ရဲ႕ထိန္းသိမ္းျပဳျပင္မႈသာ ေကာင္းမယ္ဆုိရင္ေပါ့ေလ။ တကယ္လို႔မ်ား ဒီအမွားေတြကို လုပ္ေနရင္ေတာ့ တစ္ညတည္းနဲ႔ သိသိသာသာ ပ်က္စီးသြားမွာတဲ့ေနာ္။

၁။ ေမွာက္အိပ္ျခင္း

ေခါင္းအံုးကိုမ်က္ႏွာအပ္ၿပီးအိပ္တဲ့အခါ ကမၻာ့ဆြဲအားကို အႏိုင္ေပးလိုက္ရေတာ့တာပဲ။ မ်က္အိတ္တြဲတာ၊ မ်က္ႏွာေဖာင္းအစ္တာေတြ ျဖစ္ေစတာေပါ့။ မ်က္ႏွာမွာရွိတဲ့ အရည္ေတြကို ကမၻာ့ဆြဲအားက ဆြဲလိုက္တဲ့အခါ မ်က္ႏွာေဖာင္းအစ္လာေတာ့တယ္ေလ။ ဒါက အိုမင္းရင့္ေရာ္မႈျဖစ္စဥ္ကို ျမန္သြားေစပါတယ္။ ပက္လက္အိပ္တာက အေကာင္းဆံုးပါ။

၂။ မ်က္ႏွာမသစ္ဘူး

မ်က္ႏွာမသစ္ဘဲ ညအိပ္ရာဝင္တာကေတာ့ အမ်ိဳးသမီးေတြအတြက္ အဆိုး႐ြားဆံုး အက်င့္ႀကီးပါ။ တစ္ေနကုန္ မိတ္ကပ္ေတြနဲ႔ ေနထားၿပီး ေခၽြးေတြဖုန္ေတြက မ်က္ႏွာကိုကပ္၊ အဲ့တာေတြကို မဖ်က္ဘဲ ညအိပ္တာမ်ိဳး တစ္ရက္တစ္ေလေတာင္ မလုပ္မိပါေစနဲ႔။ ေလ့က်င့္ခန္းလုပ္မယ္ဆုိရင္လည္း မိတ္ကပ္ကိုဖ်က္၊ မ်က္ႏွာသစ္ၿပီးေတာ့မွ လုပ္သင့္တယ္။ မ်က္ႏွာသစ္ဖုိ႔လိုတဲ့အခ်ိန္တုိင္းမွာ မ်က္ႏွာသစ္ေပးရပါမယ္ေနာ္။

၃။ Skincare ပစၥည္းေတြ အလြန္အကၽြံသံုးျခင္း

အသားအေရကို ထိန္းသိမ္းပါလို႔လည္း ေျပာေသးတယ္၊ သံုးေတာ့လည္း သံုးျပန္ၿပီဆုိၿပီး ဆူတယ္လို႔ မထင္လိုက္နဲ႔ဦးေနာ္။ မဒီက လွေစခ်င္လို႔ပါ။ အသားအေရထိန္းသိမ္းဖုိ႔ ပစၥည္းေတြကို သံုးတာကေတာ့ သံုးသင့္တာေပါ့။ ဒါေပမဲ့ အဲ့တာေတြမွာလည္း ဆုိးက်ိဳးေတြရွိေသးတယ္။ ဥပမာေျပာရရင္ retinol ပါတဲ့ ပစၥည္းေတြက အေရးအေၾကာင္းေတြ မျဖစ္ေအာင္ တားဆီးေပးတယ္။ ဒါေပမဲ့ ဝက္ျခံေပ်ာက္ေစတဲ့ပစၥည္းေတြနဲ႔ တြဲသံုးရင္ေတာ့ အသားအေရက ေျခာက္ေသြ႕ယားယံလာေရာ။ ကိုယ့္အသားအေရအမ်ိဳးအစားအလိုက္ ထုတ္ထားတာမ်ိဳးကိုပဲ ေရြးသံုးျခင္းက အမွန္ကန္ဆံုးပါ။

၄။ ေရမေသာက္ဘူး

ေရကို လံုလံုေလာက္ေလာက္ ေသာက္တယ္ဆုိတဲ့ေနရာမွာ ကိုယ့္ရဲ႕အေျခအေနေပၚလည္း မူတည္ပါတယ္။ တစ္ေန႔ ၂ လီတာ ဆိုတာက ခုလို ပူျပင္းတဲ့ ရာသီဥတုမ်ိဳးမွာဆို မေလာက္ဘူးေလ။ ေရမ်ားမ်ားေသာက္ပါေနာ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသက်ကြီးလာတာနဲ့အမျှ အိုမင်းလာမှုဆိုတာက လွန်ဆန်လို့မရတဲ့ ဖြစ်စဉ်တစ်ခု ဆိုပေမဲ့လို့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မသွားအောင်တော့ ရှောင်ကြဉ်လို့ရပါတယ်။ ကိုယ့်ရဲ့ ပင်ကိုယ်ရှိရင်းစွဲအသက်ထက် ပိုကြီးတယ်လို့ ထင်နေရစေတဲ့အထဲမှာ အသားအရေက ထိပ်ဆုံးက ပါတာပေါ့။ နူးညံ့တဲ့အသားအရေဟာ တစ်ညအတွင်းမှာတင် သိသိသာသာ ပျက်စီးလာနိုင် ကောင်းလာနိုင်ပါတယ်။ ကိုယ့်ရဲ့ထိန်းသိမ်းပြုပြင်မှုသာ ကောင်းမယ်ဆိုရင်ပေါ့လေ။ တကယ်လို့များ ဒီအမှားတွေကို လုပ်နေရင်တော့ တစ်ညတည်းနဲ့ သိသိသာသာ ပျက်စီးသွားမှာတဲ့နော်။

၁။ မှောက်အိပ်ခြင်း

ခေါင်းအုံးကိုမျက်နှာအပ်ပြီးအိပ်တဲ့အခါ ကမ္ဘာ့ဆွဲအားကို အနိုင်ပေးလိုက်ရတော့တာပဲ။ မျက်အိတ်တွဲတာ၊ မျက်နှာဖောင်းအစ်တာတွေ ဖြစ်စေတာပေါ့။ မျက်နှာမှာရှိတဲ့ အရည်တွေကို ကမ္ဘာ့ဆွဲအားက ဆွဲလိုက်တဲ့အခါ မျက်နှာဖောင်းအစ်လာတော့တယ်လေ။ ဒါက အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို မြန်သွားစေပါတယ်။ ပက်လက်အိပ်တာက အကောင်းဆုံးပါ။

၂။ မျက်နှာမသစ်ဘူး

မျက်နှာမသစ်ဘဲ ညအိပ်ရာဝင်တာကတော့ အမျိုးသမီးတွေအတွက် အဆိုးရွားဆုံး အကျင့်ကြီးပါ။ တစ်နေကုန် မိတ်ကပ်တွေနဲ့ နေထားပြီး ချွေးတွေဖုန်တွေက မျက်နှာကိုကပ်၊ အဲ့တာတွေကို မဖျက်ဘဲ ညအိပ်တာမျိုး တစ်ရက်တစ်လေတောင် မလုပ်မိပါစေနဲ့။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်လည်း မိတ်ကပ်ကိုဖျက်၊ မျက်နှာသစ်ပြီးတော့မှ လုပ်သင့်တယ်။ မျက်နှာသစ်ဖို့လိုတဲ့အချိန်တိုင်းမှာ မျက်နှာသစ်ပေးရပါမယ်နော်။

၃။ Skincare ပစ္စည်းတွေ အလွန်အကျွံသုံးခြင်း

အသားအရေကို ထိန်းသိမ်းပါလို့လည်း ပြောသေးတယ်၊ သုံးတော့လည်း သုံးပြန်ပြီဆိုပြီး ဆူတယ်လို့ မထင်လိုက်နဲ့ဦးနော်။ မဒီက လှစေချင်လို့ပါ။ အသားအရေထိန်းသိမ်းဖို့ ပစ္စည်းတွေကို သုံးတာကတော့ သုံးသင့်တာပေါ့။ ဒါပေမဲ့ အဲ့တာတွေမှာလည်း ဆိုးကျိုးတွေရှိသေးတယ်။ ဥပမာပြောရရင် retinol ပါတဲ့ ပစ္စည်းတွေက အရေးအကြောင်းတွေ မဖြစ်အောင် တားဆီးပေးတယ်။ ဒါပေမဲ့ ဝက်ခြံပျောက်စေတဲ့ပစ္စည်းတွေနဲ့ တွဲသုံးရင်တော့ အသားအရေက ခြောက်သွေ့ယားယံလာရော။ ကိုယ့်အသားအရေအမျိုးအစားအလိုက် ထုတ်ထားတာမျိုးကိုပဲ ရွေးသုံးခြင်းက အမှန်ကန်ဆုံးပါ။

၄။ ရေမသောက်ဘူး

ရေကို လုံလုံလောက်လောက် သောက်တယ်ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့အခြေအနေပေါ်လည်း မူတည်ပါတယ်။ တစ်နေ့ ၂ လီတာ ဆိုတာက ခုလို ပူပြင်းတဲ့ ရာသီဥတုမျိုးမှာဆို မလောက်ဘူးလေ။ ရေများများသောက်ပါနော်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top