iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ကို က်န္းမာေရးေကာင္းေၾကာင္း ခ်ီးမြမ္းလိုတဲ့အခါမွာ သံုးႏႈန္းတဲ့ အဂၤလိပ္ဆို႐ိုး စကားတစ္ခြန္း ႐ွိပါတယ္။ အဲဒါကေတာ့ "မင္းရဲ႕ပါးေလးက ခရမ္းခ်ဥ္သီးေလးလိုပဲ နီရဲေနတာပဲ" တဲ့။ တကယ္ေတာ့ က်န္းမာေရးေကာင္းျခင္းနဲ႔ နီရဲရႊမ္းမွည့္ေနတဲ့ ခရမ္းခ်ဥ္သီးေတြဟာ ဆက္စပ္ေနပါတယ္။

အာဟာရေဗဒ ပညာ႐ွင္ေတြကလည္း ခရမ္းခ်ဥ္သီးကို အာဟာရဂိုေထာင္တစ္ခုလို သတ္မွတ္ၿပီး ေန႔စဥ္အစားအေသာက္ထဲမွာ ထည့္သြင္းဖို႔ အၾကံျပဳၾကတာပါ။ ခရမ္းခ်ဥ္သီးရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့...
၁။ ေရဓာတ္ျပည့္ဝေစတယ္

ခရမ္းခ်ဥ္သီးထဲမွာ ေရဓာတ္ျမင့္မားစြာ ပါဝင္တာမို႔ ခရမ္းခ်ဥ္သီး စားေပးျခင္းျဖင့္ အေရျပားနဲ႔ ခႏၶာကိုယ္ အတြင္းပိုင္းမွာ ေရဓာတ္ျပည့္ဝေစႏိုင္ပါတယ္။ မိန္းကေလးေတြဆိုရင္ ခရမ္းခ်ဥ္သီးကို ပါးပါးလွီးၿပီး မ်က္ႏွာမွာ ကပ္ေပးျခင္းျဖင့္ အေရျပားအစိုဓာတ္ကို ျပန္လည္ထိန္းသိမ္းေပးၿပီးသား ျဖစ္ေစႏိုင္ပါတယ္။
၂။ ဗိုက္တာမင္ၾကြယ္ဝတယ္

ခရမ္းခ်ဥ္သီးထဲမွာ တစ္ေန႔တာလိုအပ္တဲ့ ဗိုက္တာမင္ (၂၀) ရာခိုင္ႏႈန္းပါဝင္တဲ့အတြက္ က်န္းမာေရးအတြက္ အထူးသင့္ေလ်ာ္ပါတယ္။ ဒါ့အျပင္ ခရမ္းခ်ဥ္သီးထဲမွာ လူ႔ခႏၶာကိုယ္ အစိတ္အပိုင္းေတြ ပံုမွန္လည္ပတ္ဖို႔အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ေတြ အားလံုးပါဝင္ေနပါတယ္တဲ့။
၃။ ႏွလံုးခုန္ႏႈန္းကို ထိန္းခ်ဳပ္ေပးတယ္

ပိုတက္စီယမ္ ၾကြယ္ဝစြာပါဝင္တဲ့အတြက္္ ခရမ္းခ်ဥ္သီးဟာ ႏွလံုးေရာဂါနဲ႔ ႏွလံုးက်န္းမာေရးကို ေကာင္းမြန္စြာ အေထာက္အကူျပဳႏိုင္ပါတယ္။ ခရမ္းခ်ဥ္သီးတစ္လံုးထဲမွာ ပိုတက္စီယမ္ (၂၃၇) မီလီဂရမ္ ပါဝင္ၿပီး ႏွလံုးခုန္ႏႈန္းကို ပံုမွန္အတိုင္းျဖစ္ေအာင္ ထိန္းညွိေပးႏုိင္ပါတယ္။ ဒါ့အျပင္ ခရမ္းခ်ဥ္သီး စားေပးျခင္းဟာ ႏွလံုးေရာဂါနဲ႔ ေလျဖတ္ေလငန္းေရာဂါကိုလည္း ကာကြယ္တားဆီးေပးႏုိင္ပါတယ္။
၄။ မ်က္စိေရာဂါေတြကို ကာကြယ္ႏုိင္တယ္

ဗိုက္တာမင္ေအ၊ ဖလာဗိုႏြိဳက္ ဘီကြန္းပလက္စ္၊ သိုင္ယာမိုင္း၊ ဖိုလိတ္၊ ႏိုင္ယာစင္ စတဲ့ ဗိုက္တာမင္ေတြ ခရမ္းခ်ဥ္သီးထဲမွာ ၾကြယ္ဝစြာပါဝင္တဲ့အတြက္ မ်က္စိကို အားေကာင္းေစႏိုင္ပါတယ္။ မနက္တိုင္း ခရမ္းခ်ဥ္သီး ေဖ်ာ္ရည္တစ္ခြက္ကို ေသာက္ေပးမယ္ဆိုရင္ မ်က္စိအားနည္းလို႔ ပါဝါမ်က္မွန္တပ္ရတဲ့ ဒုကၡကင္းေဝးေစမွာပါ။ ဒါ့အျပင္ မ်က္စိတိမ္စြဲတာတို႔၊ မ်က္စိနာတာတို႔လို ေရာဂါေတြလည္း မျဖစ္ေတာ့ဘူးေပါ့။
၅။ ေသြးတိုးက်ေစတယ္

ဆရာဝန္ေတြက လူႀကီးသူမေတြကို ခရမ္းခ်ဥ္သီးေဖ်ာ္ရည္တစ္ခြက္ ေသာက္ဖို႔တိုက္တြန္းတာ အလကားေတာ့ မဟုတ္ပါဘူး။ သက္ႀကီးပိုင္းအ႐ြယ္မွာ ေသြးတိုးႏိုင္ေျခ ပိုမ်ားတဲ့အတြက္ အာဟာရဓာတ္နဲ႔ သတၳဳဓာတ္မ်ိဳးစံု ၾကြယ္ဝတဲ့ ခရမ္းခ်ဥ္သီးကို စားေပးျခင္းျဖင့္ ေသြးတိုးနဲ႔ ကိုလက္စ္ထေရာကို က်ေစႏိုင္ပါတယ္။
၆။ အ႐ိုးနဲ႔သြားက်န္းမာေရးအတြက္ ေကာင္းမြန္တယ္

ကယ္လ္ဆီယမ္ဟာ အ႐ိုးနဲ႔သြား က်န္းမာေရးအတြက္ မ႐ွိမျဖစ္ အေရးပါပါတယ္။ ခရမ္းခ်ဥ္သီးထဲမွာ ကယ္လ္ဆီယမ္ ၾကြယ္ဝစြာပါဝင္ၿပီး လူ႔ခႏၶာကိုယ္ရဲ႕ အ႐ိုးနဲ႔သြား ၾကံ႕ခိုင္က်န္းမာေရးအတြက္ေတာ့ လံုေလာက္တဲ့ ပမာဏလို႔ ဆိုႏိုင္ပါတယ္။ သြားေတြျဖဴဝင္းၿပီး ခိုင္မာေနေစခ်င္တယ္ဆိုရင္ ခရမ္းခ်ဥ္သီး မ်ားမ်ားစားေပးဖို႔ လိုအပ္ပါလိမ့္မယ္။

Source: Stylecraze

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
လူတစ်ယောက်ကို ကျန်းမာရေးကောင်းကြောင်း ချီးမွမ်းလိုတဲ့အခါမှာ သုံးနှုန်းတဲ့ အင်္ဂလိပ်ဆိုရိုး စကားတစ်ခွန်း ရှိပါတယ်။ အဲဒါကတော့ "မင်းရဲ့ပါးလေးက ခရမ်းချဉ်သီးလေးလိုပဲ နီရဲနေတာပဲ" တဲ့။ တကယ်တော့ ကျန်းမာရေးကောင်းခြင်းနဲ့ နီရဲရွှမ်းမှည့်နေတဲ့ ခရမ်းချဉ်သီးတွေဟာ ဆက်စပ်နေပါတယ်။

အာဟာရဗေဒ ပညာရှင်တွေကလည်း ခရမ်းချဉ်သီးကို အာဟာရဂိုထောင်တစ်ခုလို သတ်မှတ်ပြီး နေ့စဉ်အစားအသောက်ထဲမှာ ထည့်သွင်းဖို့ အကြံပြုကြတာပါ။ ခရမ်းချဉ်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့...
၁။ ရေဓာတ်ပြည့်ဝစေတယ်

ခရမ်းချဉ်သီးထဲမှာ ရေဓာတ်မြင့်မားစွာ ပါဝင်တာမို့ ခရမ်းချဉ်သီး စားပေးခြင်းဖြင့် အရေပြားနဲ့ ခန္ဓာကိုယ် အတွင်းပိုင်းမှာ ရေဓာတ်ပြည့်ဝစေနိုင်ပါတယ်။ မိန်းကလေးတွေဆိုရင် ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး မျက်နှာမှာ ကပ်ပေးခြင်းဖြင့် အရေပြားအစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းပေးပြီးသား ဖြစ်စေနိုင်ပါတယ်။
၂။ ဗိုက်တာမင်ကြွယ်ဝတယ်

ခရမ်းချဉ်သီးထဲမှာ တစ်နေ့တာလိုအပ်တဲ့ ဗိုက်တာမင် (၂၀) ရာခိုင်နှုန်းပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးထဲမှာ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပုံမှန်လည်ပတ်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အားလုံးပါဝင်နေပါတယ်တဲ့။
၃။ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးတယ်

ပိုတက်စီယမ် ကြွယ်ဝစွာပါဝင်တဲ့အတွက် ခရမ်းချဉ်သီးဟာ နှလုံးရောဂါနဲ့ နှလုံးကျန်းမာရေးကို ကောင်းမွန်စွာ အထောက်အကူပြုနိုင်ပါတယ်။ ခရမ်းချဉ်သီးတစ်လုံးထဲမှာ ပိုတက်စီယမ် (၂၃၇) မီလီဂရမ် ပါဝင်ပြီး နှလုံးခုန်နှုန်းကို ပုံမှန်အတိုင်းဖြစ်အောင် ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီး စားပေးခြင်းဟာ နှလုံးရောဂါနဲ့ လေဖြတ်လေငန်းရောဂါကိုလည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။
၄။ မျက်စိရောဂါတွေကို ကာကွယ်နိုင်တယ်

ဗိုက်တာမင်အေ၊ ဖလာဗိုနွိုက် ဘီကွန်းပလက်စ်၊ သိုင်ယာမိုင်း၊ ဖိုလိတ်၊ နိုင်ယာစင် စတဲ့ ဗိုက်တာမင်တွေ ခရမ်းချဉ်သီးထဲမှာ ကြွယ်ဝစွာပါဝင်တဲ့အတွက် မျက်စိကို အားကောင်းစေနိုင်ပါတယ်။ မနက်တိုင်း ခရမ်းချဉ်သီး ဖျော်ရည်တစ်ခွက်ကို သောက်ပေးမယ်ဆိုရင် မျက်စိအားနည်းလို့ ပါဝါမျက်မှန်တပ်ရတဲ့ ဒုက္ခကင်းဝေးစေမှာပါ။ ဒါ့အပြင် မျက်စိတိမ်စွဲတာတို့၊ မျက်စိနာတာတို့လို ရောဂါတွေလည်း မဖြစ်တော့ဘူးပေါ့။
၅။ သွေးတိုးကျစေတယ်

ဆရာဝန်တွေက လူကြီးသူမတွေကို ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက် သောက်ဖို့တိုက်တွန်းတာ အလကားတော့ မဟုတ်ပါဘူး။ သက်ကြီးပိုင်းအရွယ်မှာ သွေးတိုးနိုင်ခြေ ပိုများတဲ့အတွက် အာဟာရဓာတ်နဲ့ သတ္ထုဓာတ်မျိုးစုံ ကြွယ်ဝတဲ့ ခရမ်းချဉ်သီးကို စားပေးခြင်းဖြင့် သွေးတိုးနဲ့ ကိုလက်စ်ထရောကို ကျစေနိုင်ပါတယ်။
၆။ အရိုးနဲ့သွားကျန်းမာရေးအတွက် ကောင်းမွန်တယ်

ကယ်လ်ဆီယမ်ဟာ အရိုးနဲ့သွား ကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါပါတယ်။ ခရမ်းချဉ်သီးထဲမှာ ကယ်လ်ဆီယမ် ကြွယ်ဝစွာပါဝင်ပြီး လူ့ခန္ဓာကိုယ်ရဲ့ အရိုးနဲ့သွား ကြံ့ခိုင်ကျန်းမာရေးအတွက်တော့ လုံလောက်တဲ့ ပမာဏလို့ ဆိုနိုင်ပါတယ်။ သွားတွေဖြူဝင်းပြီး ခိုင်မာနေစေချင်တယ်ဆိုရင် ခရမ်းချဉ်သီး များများစားပေးဖို့ လိုအပ်ပါလိမ့်မယ်။

Source: Stylecraze

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top