iMyanmarHouse.com - Best Property Website for Myanmar
×

ညစာမစားရင္ ဝိတ္မက်ႏိုင္ပါဘူး

တစ္ခါတစ္ေလ ႀကိဳးစားပန္းစား အေလးခ်ိန္က်ေအာင္ မ်ိဳးစံုလုပ္ေနေပမယ့္ မထင္ထားတဲ့ သင့္အက်င့္ေလးေတြေၾကာင့္ သင့္အားထုတ္မႈေတြကို အလကားသဲထဲေရသြန္သလို ျဖစ္သြားေစပါတယ္။ သင္ ညစာစားတဲ့ပံုစံနဲ႔ အိပ္စက္အနားယူတဲ့ပံုစံေတြက သင့္ကိုယ္အေလးခ်ိန္အတက္အက်အေပၚ အက်ိဳးသက္ေရာက္မႈေတြ အမ်ားႀကီး ရွိေနပါတယ္။

(၁) အိပ္ေရးမဝရင္

သင့္ခႏၶာကိုယ္က တစ္ေန႔တာ အနားယူအိပ္စက္ခ်ိန္ လံုလံုေလာက္ေလာက္ မရဘူးဆိုရင္ ပံုမွန္မလည္ပတ္ေတာ့ပါဘူး။ အစာေျခႏႈန္းေတြကို ေႏွးေကြးသြားေစတဲ့အတြက္ ဗိုက္က ခဏခဏဆာတတ္လာတယ္။ ႏြမ္းနယ္ေနတာေၾကာင့္ ကိုယ္လက္လႈပ္ရွားမႈ မလုပ္ျဖစ္ေတာ့တာလည္း ပါပါတယ္။

(၂) ညစာအမ်ားႀကီးစားၿပီး ခ်က္ခ်င္းအိပ္ယာဝင္ရင္

အိပ္ေနခ်ိန္မွာ ဦးေႏွာက္ကလဲြလို႔ က်န္တဲ့ ကိုယ္အဂၤါအစိတ္အပိုင္းေတြ အကုန္လံုးက အနားယူေနၾကတာပါ။ ဒါေၾကာင့္ တစ္ကိုယ္လံုး ေပ်ာ့ေျပာင္းေနၿပီး အစာအိမ္နဲ႔ ကလီစာေတြရဲ့ အစာေျခဖ်က္ႏႈန္းကလည္း ျဖည္းျဖည္းေလးပဲ အလုပ္လုပ္ေနတာပါ။ ညစာေတြ အမ်ားႀကီး စားလိုက္တဲ့အခါ အစာထဲက အဆီေတြက ေတာ္ေတာ္နဲ႔ ေျခလို႔ မပ်က္ဘဲ ဝမ္းဗိုက္နဲ႔ အသည္းမွာ သြားစုေနတတ္ပါတယ္။ တစ္ညလံုးမလႈပ္မယွက္အိပ္ေနမွာဆိုေတာ့ အဆီေတြကို ပိုၿပီးစုေနမိေစတာေပါ့။

(၃) ညစာကို ပူစပ္တဲ့အစားအစာ၊ အေစ့အဆံေတြ၊ ကာဗိုဟိုက္ဒရိတ္ (Carbohydrate) မ်ားတာေတြ စားတဲ့အခါ

ဒီအစာေတြက သင့္ကို အားအင္ေတြ ျပည့္ဝေနေစတဲ့ အစာေတြပါ။ အိပ္ပါမယ္ဆိုမွ လန္းဆန္းေနတဲ့အခါ ဇီဝျဖစ္စဥ္ေတြ အကုန္ကေမာက္ကမေတြ ျဖစ္ကုန္ပါတယ္။

(၄) ညစာမစားတာ

ကိုယ္အေလးခ်ိန္ေလ်ာ့မယ္ဆိုၿပီး ညစာမစားတာက သိပ္ေတာ့ အက်ိဳးမထူးပါဘူး။ ေနာက္တစ္နပ္စားတဲ့အခါမွာ ဆာေလာင္မႈေၾကာင့္ ပိုေတာင္ စားျဖစ္ သြားပါေသးတယ္။

(၅) ဖုန္းသံုးတာနဲ႔ လက္ပေတာ့ဖြင့္ ရုပ္ရွင္ၾကည့္အိပ္တာ

အျပာေရာင္ စက္ခရင္မ္ေတြက သင့္အာရုံေၾကာေတြကို အားအင္ေတာ္ေတာ္မ်ားမ်ား ကုန္ဆံုးေစပါတယ္။ အိပ္စက္အနားယူမယ့္အခ်ိန္မွာ လူက ပင္ပန္းေနၿပီးသား ျဖစ္ေနတာပါ။ ဒီအခ်ိန္မွာ ထပ္ၿပီး အာရုံစိုက္ခိုင္းတဲ့အခါ သင့္ဦးေႏွာက္စြမ္းအင္ေတြကို ထိခိုက္ေစပါတယ္။ စာအုပ္ဖတ္တာ၊ အသက္ရႈရင္း အိပ္တာ၊ ေယာဂက်င့္တာမ်ိဳးေတြ လုပ္တာက ပိုေကာင္းပါတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ညစာမစားရင် ဝိတ်မကျနိုင်ပါဘူး

တစ်ခါတစ်လေ ကြိုးစားပန်းစား အလေးချိန်ကျအောင် မျိုးစုံလုပ်နေပေမယ့် မထင်ထားတဲ့ သင့်အကျင့်လေးတွေကြောင့် သင့်အားထုတ်မှုတွေကို အလကားသဲထဲရေသွန်သလို ဖြစ်သွားစေပါတယ်။ သင် ညစာစားတဲ့ပုံစံနဲ့ အိပ်စက်အနားယူတဲ့ပုံစံတွေက သင့်ကိုယ်အလေးချိန်အတက်အကျအပေါ် အကျိုးသက်ရောက်မှုတွေ အများကြီး ရှိနေပါတယ်။

(၁) အိပ်ရေးမဝရင်

သင့်ခန္ဓာကိုယ်က တစ်နေ့တာ အနားယူအိပ်စက်ချိန် လုံလုံလောက်လောက် မရဘူးဆိုရင် ပုံမှန်မလည်ပတ်တော့ပါဘူး။ အစာခြေနှုန်းတွေကို နှေးကွေးသွားစေတဲ့အတွက် ဗိုက်က ခဏခဏဆာတတ်လာတယ်။ နွမ်းနယ်နေတာကြောင့် ကိုယ်လက်လှုပ်ရှားမှု မလုပ်ဖြစ်တော့တာလည်း ပါပါတယ်။

(၂) ညစာအများကြီးစားပြီး ချက်ချင်းအိပ်ယာဝင်ရင်

အိပ်နေချိန်မှာ ဦးနှောက်ကလွဲလို့ ကျန်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အကုန်လုံးက အနားယူနေကြတာပါ။ ဒါကြောင့် တစ်ကိုယ်လုံး ပျော့ပြောင်းနေပြီး အစာအိမ်နဲ့ ကလီစာတွေရဲ့ အစာခြေဖျက်နှုန်းကလည်း ဖြည်းဖြည်းလေးပဲ အလုပ်လုပ်နေတာပါ။ ညစာတွေ အများကြီး စားလိုက်တဲ့အခါ အစာထဲက အဆီတွေက တော်တော်နဲ့ ခြေလို့ မပျက်ဘဲ ဝမ်းဗိုက်နဲ့ အသည်းမှာ သွားစုနေတတ်ပါတယ်။ တစ်ညလုံးမလှုပ်မယှက်အိပ်နေမှာဆိုတော့ အဆီတွေကို ပိုပြီးစုနေမိစေတာပေါ့။

(၃) ညစာကို ပူစပ်တဲ့အစားအစာ၊ အစေ့အဆံတွေ၊ ကာဗိုဟိုက်ဒရိတ် (Carbohydrate) များတာတွေ စားတဲ့အခါ

ဒီအစာတွေက သင့်ကို အားအင်တွေ ပြည့်ဝနေစေတဲ့ အစာတွေပါ။ အိပ်ပါမယ်ဆိုမှ လန်းဆန်းနေတဲ့အခါ ဇီဝဖြစ်စဉ်တွေ အကုန်ကမောက်ကမတွေ ဖြစ်ကုန်ပါတယ်။

(၄) ညစာမစားတာ

ကိုယ်အလေးချိန်လျော့မယ်ဆိုပြီး ညစာမစားတာက သိပ်တော့ အကျိုးမထူးပါဘူး။ နောက်တစ်နပ်စားတဲ့အခါမှာ ဆာလောင်မှုကြောင့် ပိုတောင် စားဖြစ် သွားပါသေးတယ်။

(၅) ဖုန်းသုံးတာနဲ့ လက်ပတော့ဖွင့် ရုပ်ရှင်ကြည့်အိပ်တာ

အပြာရောင် စက်ခရင်မ်တွေက သင့်အာရုံကြောတွေကို အားအင်တော်တော်များများ ကုန်ဆုံးစေပါတယ်။ အိပ်စက်အနားယူမယ့်အချိန်မှာ လူက ပင်ပန်းနေပြီးသား ဖြစ်နေတာပါ။ ဒီအချိန်မှာ ထပ်ပြီး အာရုံစိုက်ခိုင်းတဲ့အခါ သင့်ဦးနှောက်စွမ်းအင်တွေကို ထိခိုက်စေပါတယ်။ စာအုပ်ဖတ်တာ၊ အသက်ရှုရင်း အိပ်တာ၊ ယောဂကျင့်တာမျိုးတွေ လုပ်တာက ပိုကောင်းပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top