iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူေတြ ျပတ္စဲၾကၿပီးတဲ့ေနာက္ အဆက္ေဟာင္းျဖစ္သြားၿပီျဖစ္တဲ့ သူ႔ကို ကိုယ့္ရဲ႕လူမႈကြန္ရက္အေကာင့္ထဲမွာ ဆက္လက္ရွိေနေစျခင္းဟာ မွားယြင္းတဲ့ အယူအဆတစ္ခုျဖစ္ပါတယ္။ အဆက္ေဟာင္းေတြကို ဘာေၾကာင့္ ကိုယ့္ရဲ႕ ေဖ့စ္ဘြတ္၊ အင္စတာဂရမ္၊ တြစ္တာ စတဲ့လူမႈကြန္ရက္ အေကာင့္ေတြထဲမွာ မထားသင့္ဘူးလဲဆုိတဲ့ အေၾကာင္းျပခ်က္ (၇) ခုရွိပါတယ္။

၁။ စိတ္ထဲက ထုတ္ပစ္ဖို႔

တစ္ေယာက္အေၾကာင္းတစ္ေယာက္ ဘာမွဆက္ၿပီး မစံုစမ္းဘဲနဲ႔ေတာင္မွ ခြဲခြာျခင္းဟာ ႏွစ္ဖက္လံုးအတြက္ခက္ခဲလွပါတယ္။ ခံစားေနရတဲ့အခ်ိန္မွာ သူဘာလုပ္ေနလဲ ျမင္ေတြ႔ရင္ပိုဆိုးလာမွာပါ။ ဒါေၾကာင့္ လမ္းခြဲၿပီးရင္ သင့္အေကာင့္ထဲမွာ သူ႔ကိုဆက္မထားတာ အေကာင္းဆံုးပါပဲ။

၂။ သင္တင္ခ်င္တာ တင္ႏိုင္

ေဖ့စ္ဘြတ္မွာ သင္ တင္ခ်င္တာေတြ တင္ႏုိင္မွာျဖစ္ပါတယ္။ တင္တဲ့ status ေတြကို သူျမင္မွာလည္း ပူေနစရာမလိုေတာ့ပါဘူး။ လမ္းခြဲၿပီးၿပီ ဆုိမွေတာ့ သင္ဘာတင္လဲဆိုတာ သူသိစရာ မလိုပါဘူး။

၃။ အမွားလုပ္မိမွာ ပူစရာမလို

အေပါင္းအသင္းေတြနဲ႔ ေသာက္ၿပီး အိမ္ျပန္ေရာက္တဲ့အခါ မူးေနလို႔ သူ႔ကို ေဖ့စ္ဘြတ္ကေန စကားသြားေျပာမိမွာ ပူစရာမလိုေတာ့ပါဘူး။ အမူးေျပေတာ့မွ ေနာင္တရမိမယ့္ အရာေတြ သင္မလုပ္မိေစဖို႔ အေကာင့္ထဲမွာ သူမရွိဖို႔ လိုပါတယ္။

၄။ အတိတ္က အရာေတြ ျပန္သတိရေနစရာ မလို

သူဘာေတြေရးေနလဲ၊ ဘာပံုေတြ တင္ေနလဲဆိုတာၾကည့္ၿပီး အတိတ္က သင္တို႔အျဖစ္အပ်က္ေတြကို သတိရမိလာႏုိင္ပါတယ္။ ဒီအခါ သင္ဝမ္းနည္းမိလာပါလိမ့္မယ္။ သူ႔အေၾကာင္းေတြ မျမင္ရရင္ အရင္က အေၾကာင္းေတြလည္း သတိရခ်ိန္ နည္းသြားပါလိမ့္မယ္။
၅။ အနာဂတ္မွာ စိတ္႐ႈပ္ရႏိုင္

အနာဂတ္မွာ သင့္ရဲ႕ခ်စ္သူအသစ္ဆိုတာလည္း ရွိလာဦးမွာပါ။ အဆက္ေဟာင္းက သင့္ရဲ႕အေကာင့္ထဲမွာ ရွိေနတဲ့အခါ သင္နဲ႔ ပါတနာအသစ္ရဲ႕ ဆက္ဆံေရးဟာ မေျပမလည္ ျဖစ္သြားႏိုင္ပါတယ္။

၆။ တစ္ခါတေလ ဘာမွမသိတာ ပိုေကာင္း

တစ္ခါတစ္ရံမွာ အခ်ိဳ႕အရာေတြကို မသိဘဲေနလုိက္တာ ပိုေကာင္းပါတယ္။ သူဘာလုပ္ေနလဲ၊ ဘယ္ေရာက္ေနလဲဆိုတာ မေတြးဘဲ ေနလုိက္တာက သင့္အတြက္ ပိုၿပီး လြတ္လပ္မႈကို ရေစပါလိမ့္မယ္။

၇။ Like လုပ္မိမွာ ပူစရာမလို

မေတာ္တဆ ေဖ့စ္ဘြတ္သံုးရင္းနဲ႔ သူ႔ရဲ႕ဆယ္ဖီဓာတ္ပံုနဲ႔ status ကို Like လုပ္မိတာမ်ိဳး ျဖစ္သြားႏုိင္ပါတယ္။ ဒီလိုမျဖစ္ရေအာင္ သင့္အေကာင့္ထဲမွာ သူရွိမေနသင့္ပါဘူး။ သူ႔ပံုေတြ Like သြားလုပ္မိရင္ ဇာတ္လမ္းေတြ ျပန္႐ႈပ္လာႏုိင္ပါေသးတယ္။

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ချစ်သူတွေ ပြတ်စဲကြပြီးတဲ့နောက် အဆက်ဟောင်းဖြစ်သွားပြီဖြစ်တဲ့ သူ့ကို ကိုယ့်ရဲ့လူမှုကွန်ရက်အကောင့်ထဲမှာ ဆက်လက်ရှိနေစေခြင်းဟာ မှားယွင်းတဲ့ အယူအဆတစ်ခုဖြစ်ပါတယ်။ အဆက်ဟောင်းတွေကို ဘာကြောင့် ကိုယ့်ရဲ့ ဖေ့စ်ဘွတ်၊ အင်စတာဂရမ်၊ တွစ်တာ စတဲ့လူမှုကွန်ရက် အကောင့်တွေထဲမှာ မထားသင့်ဘူးလဲဆိုတဲ့ အကြောင်းပြချက် (၇) ခုရှိပါတယ်။

၁။ စိတ်ထဲက ထုတ်ပစ်ဖို့

တစ်ယောက်အကြောင်းတစ်ယောက် ဘာမှဆက်ပြီး မစုံစမ်းဘဲနဲ့တောင်မှ ခွဲခွာခြင်းဟာ နှစ်ဖက်လုံးအတွက်ခက်ခဲလှပါတယ်။ ခံစားနေရတဲ့အချိန်မှာ သူဘာလုပ်နေလဲ မြင်တွေ့ရင်ပိုဆိုးလာမှာပါ။ ဒါကြောင့် လမ်းခွဲပြီးရင် သင့်အကောင့်ထဲမှာ သူ့ကိုဆက်မထားတာ အကောင်းဆုံးပါပဲ။

၂။ သင်တင်ချင်တာ တင်နိုင်

ဖေ့စ်ဘွတ်မှာ သင် တင်ချင်တာတွေ တင်နိုင်မှာဖြစ်ပါတယ်။ တင်တဲ့ status တွေကို သူမြင်မှာလည်း ပူနေစရာမလိုတော့ပါဘူး။ လမ်းခွဲပြီးပြီ ဆိုမှတော့ သင်ဘာတင်လဲဆိုတာ သူသိစရာ မလိုပါဘူး။

၃။ အမှားလုပ်မိမှာ ပူစရာမလို

အပေါင်းအသင်းတွေနဲ့ သောက်ပြီး အိမ်ပြန်ရောက်တဲ့အခါ မူးနေလို့ သူ့ကို ဖေ့စ်ဘွတ်ကနေ စကားသွားပြောမိမှာ ပူစရာမလိုတော့ပါဘူး။ အမူးပြေတော့မှ နောင်တရမိမယ့် အရာတွေ သင်မလုပ်မိစေဖို့ အကောင့်ထဲမှာ သူမရှိဖို့ လိုပါတယ်။

၄။ အတိတ်က အရာတွေ ပြန်သတိရနေစရာ မလို

သူဘာတွေရေးနေလဲ၊ ဘာပုံတွေ တင်နေလဲဆိုတာကြည့်ပြီး အတိတ်က သင်တို့အဖြစ်အပျက်တွေကို သတိရမိလာနိုင်ပါတယ်။ ဒီအခါ သင်ဝမ်းနည်းမိလာပါလိမ့်မယ်။ သူ့အကြောင်းတွေ မမြင်ရရင် အရင်က အကြောင်းတွေလည်း သတိရချိန် နည်းသွားပါလိမ့်မယ်။
၅။ အနာဂတ်မှာ စိတ်ရှုပ်ရနိုင်

အနာဂတ်မှာ သင့်ရဲ့ချစ်သူအသစ်ဆိုတာလည်း ရှိလာဦးမှာပါ။ အဆက်ဟောင်းက သင့်ရဲ့အကောင့်ထဲမှာ ရှိနေတဲ့အခါ သင်နဲ့ ပါတနာအသစ်ရဲ့ ဆက်ဆံရေးဟာ မပြေမလည် ဖြစ်သွားနိုင်ပါတယ်။

၆။ တစ်ခါတလေ ဘာမှမသိတာ ပိုကောင်း

တစ်ခါတစ်ရံမှာ အချို့အရာတွေကို မသိဘဲနေလိုက်တာ ပိုကောင်းပါတယ်။ သူဘာလုပ်နေလဲ၊ ဘယ်ရောက်နေလဲဆိုတာ မတွေးဘဲ နေလိုက်တာက သင့်အတွက် ပိုပြီး လွတ်လပ်မှုကို ရစေပါလိမ့်မယ်။

၇။ Like လုပ်မိမှာ ပူစရာမလို

မတော်တဆ ဖေ့စ်ဘွတ်သုံးရင်းနဲ့ သူ့ရဲ့ဆယ်ဖီဓာတ်ပုံနဲ့ status ကို Like လုပ်မိတာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် သင့်အကောင့်ထဲမှာ သူရှိမနေသင့်ပါဘူး။ သူ့ပုံတွေ Like သွားလုပ်မိရင် ဇာတ်လမ်းတွေ ပြန်ရှုပ်လာနိုင်ပါသေးတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top