iMyanmarHouse.com - Best Property Website for Myanmar
×
တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ အကယ်ဒမီထက်ထက်မိုးဦးကိုတော့ အားလုံးသိကြမှာပါ။ ကြေညာမင်းသမီးရယ်လို့ ရွန်းရွန်းတောက်အောင်မြင်ခဲ့တဲ့ မင်သမီးတစ်ယောက်ပါ။ တယ်လီဗေးရှင်းတွေခေတ်စားကာစ ကြော်ညာခေတ်ဦးကို အကောင်းဆုံးဦးဆောင်ခဲ့တဲ့မင်းသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ အကယ်ဒမီရွေစင်ရုပ်ထုကို နှစ်ကြိမ်တိုင်တိုင်ပိုင်ဆိုင်ထားတဲ့မင်းသမီးချောလေးလည်းဖြစ်ပါတယ်။
ယခုအချိန်မှာတော့ အကယ်ဒမီထက်ထက်မိုးဦးဟာ မယ်သီလရှင်ဝတ်ဖြင့် တရားရပ်ဝန်းမှာ ခိုလှုံနေတာဖြစ်ပါတယ်။ ဆရာလေးရဲ့ ဘွဲ့နာမည်မှာ နန္ဒမာလာဖြစ်ပါတယ်။ Myanmar Celebrity ရဲ့ အင်တာဗျူးတစ်ခုမှာတော့ ဆရာလေးအနေနဲ့ တရားအားထုတ်ရာတွင် ပျော်ရွင်မိကြောင်းပြောကြားခဲ့ပါတယ်။ သို့သော်လည်းမကြာခင်တွင်သူမလူထွက်တော့မှာ ဖြစ်ကြောင်းလည်းဖြေကြားခဲ့ပါတယ်။ သူမတွင် ချစ်စရာသမီးလေးတစ်ယောက်ရှိတာကိုလည်း ပြောချင်လွန်းလို့ပရိသတ်ကြီးတွေသိနေမှာပါ။
ဆရာလေး နန္ဒမာလာက သမီးလေးရဲ့ ကျောင်းစရိတ်က အတွက် ပိုက်ဆံရှာရန် လူဘောင်လောကကို ပြန်လာဦးမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ မိခင်ကောင်းတစ်ယောက်ပီသတဲ့ အမျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်။ သမီးလေးကိုတော့ အနုပညာအလုပ်များကို အားမပေးဘူးလို့လည်းဖြေကြားခဲ့ပါတယ်။ သို့ပေမဲ့သမီးလေးက ဆန္ဒရှိရင်တော့ အစွမ်းကုန်မြေတောင်မြှောက်ပေးသွားမှာဖြစ်ကြောင်းလည်းဖွင့်ဟခဲ့ပါတယ်။
ထို့ကြောင့် ကျနော်တို့တစ်ချိန်က လေးစားကြိုက်နှစ်သက်ခဲ့ရတဲ့ အကယ်ဒမီထက်ထက်မိုးဦးကို အနုပညာနယ်ပယ်မှာ တစ်ဖန်ပြန်လည်မြင်ရဦးမှာပါ။ ဆရာလေး အနေနဲ့တော့ တရားရိပ်ရဲ့အေးချမ်းမှုကိုထိတွေ့လိုက်ရတဲ့အတွက် လူထွက်ဖို့အတန်တန်စဉ်းစားခဲ့ရတယ်လို့ ဆိုပါတယ်။
မိခင်တစ်ယောက်ရဲ့မေတ္တာဟာကြီးမားလွန်းလှပါတယ်။ သမီးလေးပညာရေးအတွက်၊ ကိုယ်ဖိရင်ဖိစောင့်ရှောက်ဖိုု့ လူပြန်ထွက်မယ်လို့စဉ်စားထားတဲ့ ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦးရဲ့ ဆုံးဖြတ်ချက်ကလည်း လေးစားဖို့ကောင်းလှပါတယ်။
Credit : Myanmar Celebrity
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top