iMyanmarHouse.com - Best Property Website for Myanmar
×

ဒီေန႕(ဧၿပီ၂၄ရက္)ေလးဟာ ျပည္သူခ်စ္ အႏုပညာရွင္ မခိုင္ေလးတို႕ဇနီးေမာင္ႏွံရဲ႕ (၁၆)ႏွစ္ျပည့္ မဂၤလာႏွစ္ပတ္လည္ေန႕ ျဖစ္ပါတယ္။ အိမ္ေထာင္သက္တမ္း(၁၆)ႏွစ္ျပည့္တဲ့ေန႕မွာခင္ပြန္းဆီကေန  စိန္လက္စြပ္လက္ေဆာင္ရတယ္လို႕ သိရပါတယ္။

ခိုင္သင္းၾကည္နဲ႕ ကိုခန္႕ႏိုင္တုိ႕ ဟာ ခ်စ္သူသက္တမ္း(၈)ႏွစ္ျပည့္မွာ လက္တြဲခဲ့ၾကတာျဖစ္ပါတယ္။ ခိုင္သင္းၾကည္ရဲ႕ ေဖ့စ္ဘြတ္ေလးမွာ ၁၆ႏွစ္ျပည့္ မဂၤလာႏွစ္ပတ္လည္ေလးနဲ႕ ပတ္သက္ၿပီး ယခုလို ေရးသားထားတာ ေတြ႕ရပါတယ္။

"Today is our 16th anniversary, my love!    ၁၆နွစ္ျပည့္ျပီးခ်စ္သူသက္တမ္း၈နွစ္ေပါင္းလို ့၂၄နွစ္ျပည့္ခဲ့တာေတာင္ အရင္တုန္းက လိုခ်စ္ေနဆဲ ဘဲဆိုတာယံုပါတယ္လို႕"ေျပာထားပါတယ္။

ခိုင္သင္းၾကည္လိုပဲ ကိုခန္႕ႏိုင္ကလည္း သူ႕ရဲ႕ ေဖ့စ္ဘြတ္ေလးမွာ ယခုလုိ ေျပာထားပါေသးတယ္။

"24-4-2018 (16th anniversary)  အိမ္ေထာင္သက္ ၁၆ နွစ္ ဒီေန႔ျပည့္ခဲ့ပါၿပီ

အိမ္ေထာင္သက္တမ္းတေလ်ွာက္ ကၽြန္ေတာ္အေတြ႔အျကံုမ်ားထဲက အေကာင္းဆံုးကေတာ့ အလုပ္ဘယ္ေလာက္မ်ားမ်ား ကိုယ့္မိသားစုအတြက္အခ်ိန္တခု ေပးၿပီးသာယာေပ်ာ္ရြွင္မွူ႔ေပးတာသည္ကိုယ့္ဘဝအတြက္ခြန္အားတခုရရိွတယ္လို႔ခံစားရပါတယ္ ကၽြန္ေတာ္ ခံစားမွူ႔ ေတြကို anniversary လက္ေဆာင္အေနနဲ႔မ်ွေဝေပးတာပါခင္ဗ်ား။ မိသားစုတိုင္းသာယာ ေပ်ာ္ရြွင္ေသာ မိသားစုဘဝကို ပိုင္ဆိုင္နိုင္ျကပါေစ" ဆိုၿပီး ေရးသားထားတာေတြ႕ရပါတယ္။

ခိုင္သင္းၾကည္နဲ႕ ကိုခန္႕ႏိုင္တုိ႕ဟာ ၂၀၀၂မွာ လက္ထပ္ခဲ့ၾကတာျဖစ္ၿပီး ယခုဆိုရင္ စံထိပ္ထားဦးဆိုတဲ့ သမီးေလးတစ္ ေယာက္ ကိုလည္း ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ အခုဆိုရင္ သမီးေလးက ပညာသင္ယူေနရင္းနဲ႕ အႏုပညာအလုပ္ေတြကို လက္္လွမ္းမီသေလာက္ လုပ္ကိုင္လ်က္ရွိပါတယ္။

ခိုင္သင္းၾကည္ဟာ က်ရာဇာတ္ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္ႏုိင္သူ တစ္ဦးျဖစ္ၿပီး ့ပရိသတ္မ်ားရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိထားသူလည္း ျဖစ္ပါတယ္။

၂၀၁၃ခုႏွစ္က စုန္းျပဴး ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ပို႕ဆုကို ရရွိထားသူ တစ္ဦးျဖစ္ၿပီး ၂၀၁၄ခုႏွစ္မွာ ေကာင္းက်ိဳးကိုယ္၌တည္ေစမင္း ရုပ္ရွင္ဇာတ္ကား နဲ႕ ေကာင္းဆံုးအမ်ိဳး သမီးဇာတ္ေဆာင္ ဆုကို  ရရွိခဲ့သူလည္း ျဖစ္ပါတယ္။

Photo : ခိုင္သင္းၾကည္ FB

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဒီနေ့(ဧပြီ၂၄ရက်)လေးဟာ ပြည်သူချစ် အနုပညာရှင် မခိုင်လေးတို့ဇနီးမောင်နှံရဲ့ (၁၆)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ အိမ်ထောင်သက်တမ်း(၁၆)နှစ်ပြည့်တဲ့နေ့မှာခင်ပွန်းဆီကနေ  စိန်လက်စွပ်လက်ဆောင်ရတယ်လို့ သိရပါတယ်။

ခိုင်သင်းကြည်နဲ့ ကိုခန့်နိုင်တို့ ဟာ ချစ်သူသက်တမ်း(၈)နှစ်ပြည့်မှာ လက်တွဲခဲ့ကြတာဖြစ်ပါတယ်။ ခိုင်သင်းကြည်ရဲ့ ဖေ့စ်ဘွတ်လေးမှာ ၁၆နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်လေးနဲ့ ပတ်သက်ပြီး ယခုလို ရေးသားထားတာ တွေ့ရပါတယ်။

"Today is our 16th anniversary, my love!    ၁၆နှစ်ပြည့်ပြီးချစ်သူသက်တမ်း၈နှစ်ပေါင်းလို့၂၄နှစ်ပြည့်ခဲ့တာတောင် အရင်တုန်းက လိုချစ်နေဆဲ ဘဲဆိုတာယုံပါတယ်လို့"ပြောထားပါတယ်။

ခိုင်သင်းကြည်လိုပဲ ကိုခန့်နိုင်ကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်လေးမှာ ယခုလို ပြောထားပါသေးတယ်။

"24-4-2018 (16th anniversary)  အိမ်ထောင်သက် ၁၆ နှစ် ဒီနေ့ပြည့်ခဲ့ပါပြီ

အိမ်ထောင်သက်တမ်းတလျှောက် ကျွန်တော်အတွေ့အကြုံများထဲက အကောင်းဆုံးကတော့ အလုပ်ဘယ်လောက်များများ ကိုယ့်မိသားစုအတွက်အချိန်တခု ပေးပြီးသာယာပျော်ရွှင်မှူ့ပေးတာသည်ကိုယ့်ဘဝအတွက်ခွန်အားတခုရရှိတယ်လို့ခံစားရပါတယ် ကျွန်တော် ခံစားမှူ့ တွေကို anniversary လက်ဆောင်အနေနဲ့မျှဝေပေးတာပါခင်ဗျား။ မိသားစုတိုင်းသာယာ ပျော်ရွှင်သော မိသားစုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ" ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

ခိုင်သင်းကြည်နဲ့ ကိုခန့်နိုင်တို့ဟာ ၂၀၀၂မှာ လက်ထပ်ခဲ့ကြတာဖြစ်ပြီး ယခုဆိုရင် စံထိပ်ထားဦးဆိုတဲ့ သမီးလေးတစ် ယောက် ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အခုဆိုရင် သမီးလေးက ပညာသင်ယူနေရင်းနဲ့ အနုပညာအလုပ်တွေကို လက်လှမ်းမီသလောက် လုပ်ကိုင်လျက်ရှိပါတယ်။

ခိုင်သင်းကြည်ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီး့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင် ဆုကို  ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Photo : ခိုင်သင်းကြည် FB

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top