iMyanmarHouse.com - Best Property Website for Myanmar
×

အခါးဓါတ္ရွိတာေၾကာင့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ ၾကက္ဟင္းခါးသီးကို မႀကိဳက္ၾကပါဘူး။ ဒါေပမယ့္ ၾကက္ဟင္းခါးသီးမွာ က်န္းမာေရး ေကာင္းမြန္ေစဖို႔ အက်ိဳးအာနိသင္ေတြ အမ်ားႀကီး ရွိပါတယ္။ ၾကက္ဟင္းခါးသီးကို ေၾကာ္စားၾကသလို ျပဳတ္ၿပီး တို႔စရာအျဖစ္ စားတာလည္း ရွိပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ၾကက္ဟင္းခါးသီးရဲ႕  အက်ိဳးအာနိသင္ကေတာ့ ေျပာင္းမသြားပါဘူး။ အခါးဓါတ္ရွိတဲ့ ၾကက္ဟင္းခါးသီးက ဘာေတြ ေကာင္းသလဲဆိုတာ မွ်ေဝေပးလိုက္ပါတယ္။
ေသြးတြင္းသၾကားဓါတ္ကို ထိန္းေပးျခင္း

ကမာၻတဝွမ္းမွာရွိတဲ့ လူဦးေရေတာ္ေတာ္မ်ားမ်ားဟာ ဆီးခ်ိဳေရာဂါ ခံစားေနရပါတယ္။ ၾကက္ဟင္းခါးသီးမွာ ပါဝင္တဲ့ အင္ဆူလင္လိုမ်ိဳး Polypeptide ဟာ ဆီးခ်ိဳေရာဂါကို ထိိန္းခ်ဳပ္ေပးပါတယ္။ အဓိကအားျဖင့္ ေသြးတြင္းသၾကားဓါတ္ကို ထိန္းေပးျခင္းပါ။ ဆီးခ်ိဳေရာဂါခံစားေနရသူေတြအေနနဲ႔ ေသြးတြင္းသၾကားဓါတ္ ပမာဏကို ထိန္းညွိေပးတဲ့အေနနဲ႔ ၾကက္ဟင္းခါးသီး စားတာမ်ိဳး လုပ္ေပးသင့္ပါတယ္။
ကိုလက္စထေရာ

ၾကက္ဟင္းခါးသီး စားသံုးျခင္းဟာ ခႏၶာကိုယ္ထဲက မေကာင္းတဲ့ ကိုလက္စထေရာေတြကို ေလွ်ာ့ခ်ေပးတဲ့အျပင္ ေယာင္ရမ္းတာေတြလည္း သက္သာေစပါတယ္။ ႏွလံုးေရာဂါနဲ႔ ေလျဖတ္ျခင္းကိုလည္း သက္သာေစပါတယ္။
ေသြးဖိအား

ၾကက္ဟင္းခါးသီးမွာ ပိုတက္စီယမ္ မ်ားမ်ားပါဝင္တာဟာ ခႏၶာကိုယ္ထဲမွာ ဆိုဒီယမ္ စုပ္ယူမႈကို ပိုၿပီး အားေကာင္းေစပါတယ္။ ဒါဟာ ေသြးဖိအားကိုပါ ထိန္းညွိေပးပါတယ္။ ဒါ့အျပင္ သံဓါတ္နဲ႔ ေဖာလစ္အက္ဆစ္လည္း ပါဝင္တာေၾကာင့္ ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစၿပီး ေလျဖတ္ျခင္းကိုပါ သက္သာေစပါတယ္။
အသည္း

အရက္ေသာက္တာက အသည္းကို ထိခိုက္ေစတယ္ဆိုတာ ေတာ္ေတာ္မ်ားမ်ား သိထားၿပီးသား ျဖစ္မွာပါ။ အသည္းမွာ အဆိပ္အေတာက္ေတြ မျဖစ္ေစဖို႔အတြက္ ၾကက္ဟင္းခါးသီးေလး စားေပးဖို႔ လိုပါတယ္။ ၾကက္ဟင္းခါးသီးမွာ အသည္းနဲ႔ဆိုင္တဲ့ ျပႆနာေတြ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တဲ့ ဓါတ္တိုးဆန္႔က်င္မႈေတြနဲ႔ အင္ဆူလင္ဓါတ္ေတြ ပါဝင္ပါတယ္။ ဒါ့အျပင္ သည္းေျခအိတ္ကိုပါ ေကာင္းမြန္ေစပါတယ္။
ကယ္လုိရီ

ပိန္ခ်င္တဲ့သူေတြနဲ႔ ကယ္လိုရီေလွ်ာ့ခ်ဖို႔ ႀကိဳးစားေနတယ္ဆိုရင္ေတာ့ ၾကက္ဟင္းခါးသီးေလး စားသံုးေပးပါ။ ၾကက္ဟင္းခါးသီးမွာ ကယ္လိုရီ၊ အဆီနဲ႔ ကာဗိုလ္ဟိုက္ျဒိဳက္ေတြ အမ်ားႀကီး မပါဝင္ပါဘူး။ Journal BMC Complementary and Alternative Medicine ရဲ႕ တင္ျပခ်က္မွာေတာ့ ၾကက္ဟင္းခါးသီးကို အဝလြန္ျခင္း ကုသရာမွာ အသံုးျပဳႏုိင္ေၾကာင္း ေျပာထားပါတယ္။
 ကိုယ္ခံအား ေကာင္းေစျခင္း

လူတစ္ဦးမွာ ကိုယ္ခံအား ေကာင္းေနၿပီဆိုရင္ ဘက္တီးရီးယားနဲ႔ ဗိုင္းရပ္စ္ေတြကို ဆန္႔က်င္တိုက္ခုိက္ႏိုင္ပါတယ္။ ဒါဆိုရင္ ဖ်ားနာျခင္းေတြ မျဖစ္ေစေတာ့ပါဘူး။ ကိုယ္ခံအားေကာင္းေစဖို႔အတြက္ လိုအပ္တဲ့ ဓါတ္တိုးဆန္႔က်င္မႈေတြ ရွိမယ္ဆုိရင္ ဖ်ားနာတာေတြ အလြယ္တကူ မဝင္ေရာက္ေစႏိုင္ေတာ့ပါဘူး။ ဟင္းခ်က္မစားဘူးဆိုရင္ေတာင္ ေဖ်ာ္ရည္ေသာက္ႏိုင္ပါတယ္။
မ်က္စိအားေကာင္းျခင္း

မ်က္စိအားေကာင္းခ်င္တယ္ဆိုရင္ေတာ့ ၾကက္ဟင္းခါးသီးစားပါ။ ၾကက္ဟင္းခါးသီးမွာ ဗီတာမင္ ေအ ပါဝင္တာက မ်က္စိရဲ႕ က်န္းမာေရးနဲ႔ အျမင္အာရံုၾကည္လင္ဖုိ႔အတြက္ အေထာက္အကူ ျပဳပါတယ္။ေနာက္တစ္ခုကေတာ့ မ်က္ကြင္းညိဳတာေတြကို သက္သာေစႏိုင္တာပါ။

ခုဆိုရင္ ၾကက္ဟင္းခါးသီးရဲ႕ ေကာင္းက်ိဳးေတြကို သိထားၿပီးျဖစ္လုိ႔ စားေပးဖို႔ မေမ့နဲ႔ေနာ္။

Credit : Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အခါးဓါတ်ရှိတာကြောင့် တော်တော်များများကတော့ ကြက်ဟင်းခါးသီးကို မကြိုက်ကြပါဘူး။ ဒါပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး ကောင်းမွန်စေဖို့ အကျိုးအာနိသင်တွေ အများကြီး ရှိပါတယ်။ ကြက်ဟင်းခါးသီးကို ကြော်စားကြသလို ပြုတ်ပြီး တို့စရာအဖြစ် စားတာလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြက်ဟင်းခါးသီးရဲ့  အကျိုးအာနိသင်ကတော့ ပြောင်းမသွားပါဘူး။ အခါးဓါတ်ရှိတဲ့ ကြက်ဟင်းခါးသီးက ဘာတွေ ကောင်းသလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။
သွေးတွင်းသကြားဓါတ်ကို ထိန်းပေးခြင်း

ကမ္ဘာတဝှမ်းမှာရှိတဲ့ လူဦးရေတော်တော်များများဟာ ဆီးချိုရောဂါ ခံစားနေရပါတယ်။ ကြက်ဟင်းခါးသီးမှာ ပါဝင်တဲ့ အင်ဆူလင်လိုမျိုး Polypeptide ဟာ ဆီးချိုရောဂါကို ထိန်းချုပ်ပေးပါတယ်။ အဓိကအားဖြင့် သွေးတွင်းသကြားဓါတ်ကို ထိန်းပေးခြင်းပါ။ ဆီးချိုရောဂါခံစားနေရသူတွေအနေနဲ့ သွေးတွင်းသကြားဓါတ် ပမာဏကို ထိန်းညှိပေးတဲ့အနေနဲ့ ကြက်ဟင်းခါးသီး စားတာမျိုး လုပ်ပေးသင့်ပါတယ်။
ကိုလက်စထရော

ကြက်ဟင်းခါးသီး စားသုံးခြင်းဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးတဲ့အပြင် ယောင်ရမ်းတာတွေလည်း သက်သာစေပါတယ်။ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကိုလည်း သက်သာစေပါတယ်။
သွေးဖိအား

ကြက်ဟင်းခါးသီးမှာ ပိုတက်စီယမ် များများပါဝင်တာဟာ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ် စုပ်ယူမှုကို ပိုပြီး အားကောင်းစေပါတယ်။ ဒါဟာ သွေးဖိအားကိုပါ ထိန်းညှိပေးပါတယ်။ ဒါ့အပြင် သံဓါတ်နဲ့ ဖောလစ်အက်ဆစ်လည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး လေဖြတ်ခြင်းကိုပါ သက်သာစေပါတယ်။
အသည်း

အရက်သောက်တာက အသည်းကို ထိခိုက်စေတယ်ဆိုတာ တော်တော်များများ သိထားပြီးသား ဖြစ်မှာပါ။ အသည်းမှာ အဆိပ်အတောက်တွေ မဖြစ်စေဖို့အတွက် ကြက်ဟင်းခါးသီးလေး စားပေးဖို့ လိုပါတယ်။ ကြက်ဟင်းခါးသီးမှာ အသည်းနဲ့ဆိုင်တဲ့ ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေနဲ့ အင်ဆူလင်ဓါတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် သည်းခြေအိတ်ကိုပါ ကောင်းမွန်စေပါတယ်။
ကယ်လိုရီ

ပိန်ချင်တဲ့သူတွေနဲ့ ကယ်လိုရီလျှော့ချဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ကြက်ဟင်းခါးသီးလေး စားသုံးပေးပါ။ ကြက်ဟင်းခါးသီးမှာ ကယ်လိုရီ၊ အဆီနဲ့ ကာဗိုလ်ဟိုက်ဒြိုက်တွေ အများကြီး မပါဝင်ပါဘူး။ Journal BMC Complementary and Alternative Medicine ရဲ့ တင်ပြချက်မှာတော့ ကြက်ဟင်းခါးသီးကို အဝလွန်ခြင်း ကုသရာမှာ အသုံးပြုနိုင်ကြောင်း ပြောထားပါတယ်။
 ကိုယ်ခံအား ကောင်းစေခြင်း

လူတစ်ဦးမှာ ကိုယ်ခံအား ကောင်းနေပြီဆိုရင် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ဆန့်ကျင်တိုက်ခိုက်နိုင်ပါတယ်။ ဒါဆိုရင် ဖျားနာခြင်းတွေ မဖြစ်စေတော့ပါဘူး။ ကိုယ်ခံအားကောင်းစေဖို့အတွက် လိုအပ်တဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေ ရှိမယ်ဆိုရင် ဖျားနာတာတွေ အလွယ်တကူ မဝင်ရောက်စေနိုင်တော့ပါဘူး။ ဟင်းချက်မစားဘူးဆိုရင်တောင် ဖျော်ရည်သောက်နိုင်ပါတယ်။
မျက်စိအားကောင်းခြင်း

မျက်စိအားကောင်းချင်တယ်ဆိုရင်တော့ ကြက်ဟင်းခါးသီးစားပါ။ ကြက်ဟင်းခါးသီးမှာ ဗီတာမင် အေ ပါဝင်တာက မျက်စိရဲ့ ကျန်းမာရေးနဲ့ အမြင်အာရုံကြည်လင်ဖို့အတွက် အထောက်အကူ ပြုပါတယ်။နောက်တစ်ခုကတော့ မျက်ကွင်းညိုတာတွေကို သက်သာစေနိုင်တာပါ။

ခုဆိုရင် ကြက်ဟင်းခါးသီးရဲ့ ကောင်းကျိုးတွေကို သိထားပြီးဖြစ်လို့ စားပေးဖို့ မမေ့နဲ့နော်။

Credit : Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top