iMyanmarHouse.com - Best Property Website for Myanmar
×

ခုတေလာမွာ Facebook ေပၚမွာ မမ ကုိစြဲလန္းတဲ့သူေတြ ပုိမ်ားလာသလို ေတြ႔ရပါတယ္။ ကေလးလည္း မမ၊ လူႀကီးလည္း မမ ျဖစ္ကုန္ၾကပါေလေရာ။

ဘာေၾကာင့္ မမ ကုိ ႀကိဳက္ၾကသလဲ ဆုိတာ မသိေပမယ့္ မမကုိ မႀကိဳက္သင့္တဲ့ အေၾကာင္းရင္း ေတြကုိေတာ့ ေျပာျပစရာ ရွိပါတယ္။ ဘာေၾကာင့္ မမ ကုိ မႀကိဳက္သင့္ မခ်စ္သင့္ သလဲ ဆိုတာ ဖတ္ၾကည့္ လုိက္ပါဦး။

1) မမေတြက ေခတ္မမွီတာ မ်ားတယ္

မမ ဆုိမွေတာ့ ကုိယ့္ထက္ အသက္ႀကီးတဲ့ သူေတြဆုိတာ ေသခ်ာေနၿပီေလ။ ဒီေတာ့ ကုိယ္က EDM လုိ ဒုန္းဒုန္း ဒုိင္းဒုိင္းေတြ အေသႀကိဳက္ေနတဲ့ အခ်ိန္မွာ သူက ခင္ေမာင္တုိးတုိ႔ ထူးအိမ္သင္ တုိ႔လုိမ်ိဳး သီခ်င္းေလးေတြ ႀကိဳက္ခ်င္ ႀကိဳက္ေနမွာ။ အဲဒီမွာ စ,တာပဲ။

ကုိယ္က EDM ပြဲ သြားခ်င္တယ္ဆုိ သူက စိတ္မပါ။ Bar သြားၿပီး ထိုင္ၾကရေအာင္ ေျပာရင္လည္း ျငင္း။ (ကံဆုိးရင္ အဆူေတာင္ ခံရဦးမယ္)။ ေခတ္မွီတဲ့ မမ ေတြ ရွိေကာင္းရွိမွာ ျဖစ္ေပမယ့္ ေတာ္ေတာ္နည္းတဲ့ အေရအတြက္ပဲ ျဖစ္မွာပါ။

2) Romantic မျဖစ္

ေခတ္စကားနဲ႔ ေျပာရရင္ေတာ့ သိပ္- မ- ရုိ- ဘူးေပါ့။ ကုိယ္ေတြက ပန္းစည္းေတြ အရုပ္ေတြ ဘာေတြနဲ႔ Romantic ဆန္ဆန္ေလး သြားလုပ္ရင္လည္း ပုိက္ဆံျဖဳန္းတယ္ ဘာညာနဲ႔ အဆူခံရမွာပါ။ တကယ္ေတာ့ သူတုိ႔ မႀကိဳက္တာလည္း မဟုတ္ပဲနဲ႔ေလ။

ကုိယ္က အဲလုိလုပ္ေပးတာ မႀကိဳက္လုိ႔ သူတုိ႔ဖက္က လုပ္ေပးလိမ့္မယ္လည္း မထင္နဲ႔။ အဲလုိ Romantic ျဖစ္မယ့္ လက္ေဆာင္မ်ိဳး ဘယ္ေတာ့မွ ရလိမ့္မယ္ မဟုတ္တာ တစ္သန္းေၾကး ေလာင္းရဲတယ္။

3) သူတို႔ကို ဆရာသြားလုပ္လုိ႔ မရဘူး

မမေတြကုိ ဆရာလုပ္ဖုိ႔ ဆုိတာ သိပ္ခက္ခဲ ပါတယ္။ မမ ေတြကုိ ဆရာလုပ္မလား က်ားၿမီး ေျပးဆြဲမလားဆုိရင္ က်ားၿမီးသာ ေျပးဆြဲလုိက္ပါ။ က်ားကုိက္ရင္ တစ္ခါပဲေသမွာပါ။ မမကုိ ဆရာလုပ္မိရင္ နားညီးၿပီး ခဏခဏ ေသခ်င္စိတ္ ေပါက္လာပါလိမ့္မယ္။

မ်ားေသာအားျဖင့္ေတာ့ မမ ေတြက တစ္ဖက္ကလည္း အလုိလုိက္သလုိ တစ္ဖက္ကလည္း ဆရာသိပ္လုပ္တတ္ၾကပါတယ္။ ဟုိဟာလုပ္ရမယ္၊ ဟုိဟာမစားရဘူး၊ ဒါက ဘာျဖစ္တယ္ စသျဖင့္ အမ်ိဳးစုံ ႀကိဳးခုန္ၾကပါလိမ့္မယ္။ ဒီၾကားထဲ ကုိယ္က သြားၿပီး ဆရာလုပ္မိရင္ေတာ့ နာၿပီလုိ႔သာ ေတြးထားလုိက္ပါ။

4) စိတ္ေကာက္ တတ္တယ္

ဒါသိပ္ပီး အျငင္းပြားစရာ ေကာင္းတဲ့ အခ်က္ပါပဲ။ ညီမေလးေတြနဲ႔ ယွဥ္လုိက္ရင္ မမ ေတြက စိတ္မေကာက္ပဲ ေနၾကတာ မဟုတ္ဘူးလား ဘာညာနဲ႔ ျငင္းၾကတာေပါ့။ တကယ္ေတာ့ မမ ေတြကလည္း စိတ္ေကာက္တတ္ၾကပါတယ္။

သူတုိ႔ရဲ႕ ကေလးဆန္ေၾကာင္းကုိ ျပခ်င္တာရယ္၊ စိတ္မေကာက္ပဲေနရင္ မိန္းမ မပီသဘူးလုိ႔ ထင္ၾကတာရယ္ေၾကာင့္ သူတုိ႔လည္း စိတ္ေကာက္ၾကပါတယ္။ ခ်စ္စရာ မေကာင္းတဲ့ စိတ္ေကာက္မႈႀကီး ေတြေပါ့။ စိတ္ညစ္ဖုိ႔သာ ျပင္ထားေတာ့ေလ။

Credit : Loveshop
ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ခုတလောမှာ Facebook ပေါ်မှာ မမ ကိုစွဲလန်းတဲ့သူတွေ ပိုများလာသလို တွေ့ရပါတယ်။ ကလေးလည်း မမ၊ လူကြီးလည်း မမ ဖြစ်ကုန်ကြပါလေရော။

ဘာကြောင့် မမ ကို ကြိုက်ကြသလဲ ဆိုတာ မသိပေမယ့် မမကို မကြိုက်သင့်တဲ့ အကြောင်းရင်း တွေကိုတော့ ပြောပြစရာ ရှိပါတယ်။ ဘာကြောင့် မမ ကို မကြိုက်သင့် မချစ်သင့် သလဲ ဆိုတာ ဖတ်ကြည့် လိုက်ပါဦး။

1) မမတွေက ခေတ်မမှီတာ များတယ်

မမ ဆိုမှတော့ ကိုယ့်ထက် အသက်ကြီးတဲ့ သူတွေဆိုတာ သေချာနေပြီလေ။ ဒီတော့ ကိုယ်က EDM လို ဒုန်းဒုန်း ဒိုင်းဒိုင်းတွေ အသေကြိုက်နေတဲ့ အချိန်မှာ သူက ခင်မောင်တိုးတို့ ထူးအိမ်သင် တို့လိုမျိုး သီချင်းလေးတွေ ကြိုက်ချင် ကြိုက်နေမှာ။ အဲဒီမှာ စ,တာပဲ။

ကိုယ်က EDM ပွဲ သွားချင်တယ်ဆို သူက စိတ်မပါ။ Bar သွားပြီး ထိုင်ကြရအောင် ပြောရင်လည်း ငြင်း။ (ကံဆိုးရင် အဆူတောင် ခံရဦးမယ်)။ ခေတ်မှီတဲ့ မမ တွေ ရှိကောင်းရှိမှာ ဖြစ်ပေမယ့် တော်တော်နည်းတဲ့ အရေအတွက်ပဲ ဖြစ်မှာပါ။

2) Romantic မဖြစ်

ခေတ်စကားနဲ့ ပြောရရင်တော့ သိပ်- မ- ရို- ဘူးပေါ့။ ကိုယ်တွေက ပန်းစည်းတွေ အရုပ်တွေ ဘာတွေနဲ့ Romantic ဆန်ဆန်လေး သွားလုပ်ရင်လည်း ပိုက်ဆံဖြုန်းတယ် ဘာညာနဲ့ အဆူခံရမှာပါ။ တကယ်တော့ သူတို့ မကြိုက်တာလည်း မဟုတ်ပဲနဲ့လေ။

ကိုယ်က အဲလိုလုပ်ပေးတာ မကြိုက်လို့ သူတို့ဖက်က လုပ်ပေးလိမ့်မယ်လည်း မထင်နဲ့။ အဲလို Romantic ဖြစ်မယ့် လက်ဆောင်မျိုး ဘယ်တော့မှ ရလိမ့်မယ် မဟုတ်တာ တစ်သန်းကြေး လောင်းရဲတယ်။

3) သူတို့ကို ဆရာသွားလုပ်လို့ မရဘူး

မမတွေကို ဆရာလုပ်ဖို့ ဆိုတာ သိပ်ခက်ခဲ ပါတယ်။ မမ တွေကို ဆရာလုပ်မလား ကျားမြီး ပြေးဆွဲမလားဆိုရင် ကျားမြီးသာ ပြေးဆွဲလိုက်ပါ။ ကျားကိုက်ရင် တစ်ခါပဲသေမှာပါ။ မမကို ဆရာလုပ်မိရင် နားညီးပြီး ခဏခဏ သေချင်စိတ် ပေါက်လာပါလိမ့်မယ်။

များသောအားဖြင့်တော့ မမ တွေက တစ်ဖက်ကလည်း အလိုလိုက်သလို တစ်ဖက်ကလည်း ဆရာသိပ်လုပ်တတ်ကြပါတယ်။ ဟိုဟာလုပ်ရမယ်၊ ဟိုဟာမစားရဘူး၊ ဒါက ဘာဖြစ်တယ် စသဖြင့် အမျိုးစုံ ကြိုးခုန်ကြပါလိမ့်မယ်။ ဒီကြားထဲ ကိုယ်က သွားပြီး ဆရာလုပ်မိရင်တော့ နာပြီလို့သာ တွေးထားလိုက်ပါ။

4) စိတ်ကောက် တတ်တယ်

ဒါသိပ်ပီး အငြင်းပွားစရာ ကောင်းတဲ့ အချက်ပါပဲ။ ညီမလေးတွေနဲ့ ယှဉ်လိုက်ရင် မမ တွေက စိတ်မကောက်ပဲ နေကြတာ မဟုတ်ဘူးလား ဘာညာနဲ့ ငြင်းကြတာပေါ့။ တကယ်တော့ မမ တွေကလည်း စိတ်ကောက်တတ်ကြပါတယ်။

သူတို့ရဲ့ ကလေးဆန်ကြောင်းကို ပြချင်တာရယ်၊ စိတ်မကောက်ပဲနေရင် မိန်းမ မပီသဘူးလို့ ထင်ကြတာရယ်ကြောင့် သူတို့လည်း စိတ်ကောက်ကြပါတယ်။ ချစ်စရာ မကောင်းတဲ့ စိတ်ကောက်မှုကြီး တွေပေါ့။ စိတ်ညစ်ဖို့သာ ပြင်ထားတော့လေ။

Credit : Loveshop

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top