iMyanmarHouse.com - Best Property Website for Myanmar
×

သရုပ္ေဆာင္ေက်ာ္ဇင္ထြဋ္ ဟာ မိသားစုစားဝတ္ေနေရးအတြက္ မနက္စာကုိ ထမင္းရည္နဲ႔ ႏြားႏုိ႔ေသာက္ရင္း ေျခြတာစုေဆာင္းခဲ့ တယ္လုိ႔ ဆုိပါတယ္။ မိသားစု တစ္စုလုံး အဆင္ေျပေျပေနရဖုိ႔ တက္ညီလက္ညီ ေျခြတာသုံးစြဲခဲ့ရတဲ့ အေၾကာင္းကုိလည္း ေျပာျပခဲ့ပါတယ္။

''ကၽြန္ေတာ္ကေတာ့ ထမင္းရည္ထဲကုိ ႏြားႏုိ႔တုိ႔ သၾကားတုိ႔ ထည့္ၿပီးေတာ့ ေသာက္ရတာႀကိဳက္တယ္။ တစ္ခုခုလုပ္တုိင္း အဲ့ဒါေလးက အက်င့္လုိျဖစ္ေနတယ္။ေနာက္တစ္ခုက မနက္စာ စားၿပီဆုိရင္ အနည္းဆုံး ဟုိလုိလုိ ဒီလုိလုိစားၾကရင္ ၃၀၀၀ ေလာက္ေတာ့ ကုန္ၾက တာပဲ ကၽြန္ေတာ္တစ္ေယာက္ကေတာ့ ကုိယ့္ဘာသာ ကုိယ္ႀကိဳက္တာကုိယ္စားတာပဲေလ ဒါကုိ ေပၚတင္ႀကီးေျခြတာတာေတာ့ မဟုတ္ဘူး သို႔ေသာ္လည္း ေျခြတာ တာေပါ့။ ကၽြန္ေတာ္တစ္ေယာက္ စာ ၆၀၀ ေလ်ွာ့သြားၿပီ။ ၆၀၀ ကေန မ်ားသြားရင္ ၆ ေထာင္၊ ၆ ေသာင္း၊ ၆ သိန္းအထိ ျဖစ္သြားႏုိင္တာပဲေလ'' လုိ႔ သူကဆုိပါတယ္။

ရရွိလာတဲ့ဝင္ေငြထဲကမွ လွဴသင့္တာလွဴ၊ စုသင့္တာစုၿပီး က်န္တဲ့အသုံးစာရိတ္ကုိ ေလာက္ေအာင္စားတယ္လုိ႔ ဆုုိပါတယ္။

'' ဝင္တဲ့ ဝင္ေငြေပၚမွာ သုံးတတ္ဖုိ႔ အေရးႀကီးတယ္၊ ကၽြန္ေတာ္ဆုိ ရရင္ ဘုရားလွဴဖုိ႔က နံပတ္ ၁ ဖယ္တယ္။ ၿပီးရင္ ရုပ္ရွင္အႏုပညာ ရွင္သက္ႀကီးရြယ္ႀကီးေတြကုိ လွဴဖုိ႔အတြက္ တစ္ခုဖယ္တယ္၊ ဘယ္ေလာက္က က်ေတာ့ စုဖုိ႔ဆုိၿပီးေတာ့ ဖယ္လုိက္ၿပီ။ သုံးဖုိ႔ ဆို ၿပီးေတာ့ ထား တဲ့ ေငြက ၅ေသာင္းပဲထား၊ ဘာမွလုပ္စရာမရွိရင္ အဲ့ဒီ ၅ေသာင္းနဲ႔ အိမ္မွာ ၁၅ရက္ ထမင္းေလာက္ေအာင္စားတယ္'' လုိ႔ ဆိုပါတယ္။

အရမ္းေကာင္းတာစားခ်င္ရင္ ၂ ေသာင္းဖုိးေလာက္စားၿပီး က်န္တဲ့ ၃ ေသာင္းကုိ ေျခြတာစားျဖစ္ခဲ့တဲ့အေၾကာင္းေျပာျပ ခဲ့ပါေသး တယ္။

'' အရမ္းေကာင္းတာစားခ်င္ရင္ အေရွ႕ရက္မွာ ၂ေသာင္းဖုိးေလာက္ စားရင္ စားလုိက္မယ္။ ၿပီးရင္ ၃ ေသာင္းက်န္တာကုိ ေျခြတာစားလုိက္တယ္။ စားခ်င္တဲ့အခ်ိန္မွာလည္း စားရတာ ျမိန္ရည္ယွက္ရည္ စားရင္လည္း စားတာေပါ့။ ၿပီးေတာ့ ကၽြန္ေတာ္က အသားလည္း သိပ္မႀကိဳက္ဘူး။အရြက္စားတာမ်ားတယ္'' လုိ႔ သူကဆုိပါတယ္။

ေက်ာ္ဇင္ထြဋ္ ကုိ ပရိသတ္ေတြက လူၾကမ္းသရုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ရင္းႏွီးျပီးသားျဖစ္မွာပါ။ လူၾကမ္းသရုပ္ေဆာင္ တစ္ေယာက္ရဲ႕  ရရွိလာတဲ့ အႏုပညာေၾကးအေပၚ မိသားစုစားဝတ္ေနေရး ေျပလည္ေအာင္ေျဖရွင္းရတဲ့အေၾကာင္းေတြကုိ အခုလုိေျပာျပခဲ့တာျဖစ္ပါတယ္။ ေက်ာ္ဇင္ထြဋ္ဟာ အိမ္ေထာင္မႈထိန္းသိမ္းတတ္တဲ့ ဇနီးေခ်ာေလးရယ္၊ ပညာေရးမွာအရမ္းထူးခၽြန္တဲ့ သမီးေလး ႏွစ္ေယာက္ရယ္ ပုိင္ဆုိင္ထားပါတယ္။

Photo: ေက်ာ္ဇင္ထြဋ္ေဖ့စ္ဘြတ္

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
သရုပ်ဆောင်ကျော်ဇင်ထွဋ် ဟာ မိသားစုစားဝတ်နေရေးအတွက် မနက်စာကို ထမင်းရည်နဲ့ နွားနို့သောက်ရင်း ခြွေတာစုဆောင်းခဲ့ တယ်လို့ ဆိုပါတယ်။ မိသားစု တစ်စုလုံး အဆင်ပြေပြေနေရဖို့ တက်ညီလက်ညီ ခြွေတာသုံးစွဲခဲ့ရတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

''ကျွန်တော်ကတော့ ထမင်းရည်ထဲကို နွားနို့တို့ သကြားတို့ ထည့်ပြီးတော့ သောက်ရတာကြိုက်တယ်။ တစ်ခုခုလုပ်တိုင်း အဲ့ဒါလေးက အကျင့်လိုဖြစ်နေတယ်။နောက်တစ်ခုက မနက်စာ စားပြီဆိုရင် အနည်းဆုံး ဟိုလိုလို ဒီလိုလိုစားကြရင် ၃၀၀၀ လောက်တော့ ကုန်ကြ တာပဲ ကျွန်တော်တစ်ယောက်ကတော့ ကိုယ့်ဘာသာ ကိုယ်ကြိုက်တာကိုယ်စားတာပဲလေ ဒါကို ပေါ်တင်ကြီးခြွေတာတာတော့ မဟုတ်ဘူး သို့သော်လည်း ခြွေတာ တာပေါ့။ ကျွန်တော်တစ်ယောက် စာ ၆၀၀ လျှော့သွားပြီ။ ၆၀၀ ကနေ များသွားရင် ၆ ထောင်၊ ၆ သောင်း၊ ၆ သိန်းအထိ ဖြစ်သွားနိုင်တာပဲလေ'' လို့ သူကဆိုပါတယ်။

ရရှိလာတဲ့ဝင်ငွေထဲကမှ လှူသင့်တာလှူ၊ စုသင့်တာစုပြီး ကျန်တဲ့အသုံးစာရိတ်ကို လောက်အောင်စားတယ်လို့ ဆိုုပါတယ်။

'' ဝင်တဲ့ ဝင်ငွေပေါ်မှာ သုံးတတ်ဖို့ အရေးကြီးတယ်၊ ကျွန်တော်ဆို ရရင် ဘုရားလှူဖို့က နံပတ် ၁ ဖယ်တယ်။ ပြီးရင် ရုပ်ရှင်အနုပညာ ရှင်သက်ကြီးရွယ်ကြီးတွေကို လှူဖို့အတွက် တစ်ခုဖယ်တယ်၊ ဘယ်လောက်က ကျတော့ စုဖို့ဆိုပြီးတော့ ဖယ်လိုက်ပြီ။ သုံးဖို့ ဆို ပြီးတော့ ထား တဲ့ ငွေက ၅သောင်းပဲထား၊ ဘာမှလုပ်စရာမရှိရင် အဲ့ဒီ ၅သောင်းနဲ့ အိမ်မှာ ၁၅ရက် ထမင်းလောက်အောင်စားတယ်'' လို့ ဆိုပါတယ်။

အရမ်းကောင်းတာစားချင်ရင် ၂ သောင်းဖိုးလောက်စားပြီး ကျန်တဲ့ ၃ သောင်းကို ခြွေတာစားဖြစ်ခဲ့တဲ့အကြောင်းပြောပြ ခဲ့ပါသေး တယ်။

'' အရမ်းကောင်းတာစားချင်ရင် အရှေ့ရက်မှာ ၂သောင်းဖိုးလောက် စားရင် စားလိုက်မယ်။ ပြီးရင် ၃ သောင်းကျန်တာကို ခြွေတာစားလိုက်တယ်။ စားချင်တဲ့အချိန်မှာလည်း စားရတာ မြိန်ရည်ယှက်ရည် စားရင်လည်း စားတာပေါ့။ ပြီးတော့ ကျွန်တော်က အသားလည်း သိပ်မကြိုက်ဘူး။အရွက်စားတာများတယ်'' လို့ သူကဆိုပါတယ်။

ကျော်ဇင်ထွဋ် ကို ပရိသတ်တွေက လူကြမ်းသရုပ်ဆောင်တစ်ယောက်အနေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ လူကြမ်းသရုပ်ဆောင် တစ်ယောက်ရဲ့  ရရှိလာတဲ့ အနုပညာကြေးအပေါ် မိသားစုစားဝတ်နေရေး ပြေလည်အောင်ဖြေရှင်းရတဲ့အကြောင်းတွေကို အခုလိုပြောပြခဲ့တာဖြစ်ပါတယ်။ ကျော်ဇင်ထွဋ်ဟာ အိမ်ထောင်မှုထိန်းသိမ်းတတ်တဲ့ ဇနီးချောလေးရယ်၊ ပညာရေးမှာအရမ်းထူးချွန်တဲ့ သမီးလေး နှစ်ယောက်ရယ် ပိုင်ဆိုင်ထားပါတယ်။

Photo: ကျော်ဇင်ထွဋ်ဖေ့စ်ဘွတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top