iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသမီးေတြဟာ အသက္ ၂၀ အရြယ္ေလာက္ကေန အသက္ ၄၀ ေက်ာ္ အရြယ္ထိေအာင္ အလွအပကို အနည္းနဲ႔အမ်ား ဦးစားေပးၾကတုန္းပါပဲ။ ကိုယ္ခႏၶာကိုလည္္း လွလွပပေလး ျဖစ္ခ်င္ၾကပါတယ္။ အနည္းဆံုးေတာ့ ဝတ္ခ်င္တာေလး ဝတ္ရေအာင္ အရမ္းမဝဖုိ႔အေရး ကိုယ္အေလးခ်ိန္ကို ထိန္းထားၾကပါတယ္။ ဒါေပမဲ့ ထင္သေလာက္ ဝိတ္မက်တာေတြလည္း အမ်ားႀကီးပါ။ ဝိတ္က်ေႏွးရျခင္းရဲ႕ အေၾကာင္းရင္းေတြကို ေဖြ႐ွာၾကည့္ရာမွာ အသက္အ႐ြယ္အလိုက္ ကြာျခားတာကို ေတြ႔ရပါတယ္။

၁။ အသက္ ၂၀ ဝန္းက်င္

အသက္ ၂၀ ဝန္းက်င္မွာ အစားအေသာက္ကို ကိုယ္တုိင္ခ်က္ျပဳတ္ဖုိ႔ ဝန္ေလးၾကပါတယ္။ ဘဝတက္လမ္းအတြက္ ဦးစားေပးေနခ်ိန္ဆုိေတာ့ မီးဖုိေခ်ာင္ကို သိပ္လွည့္မၾကည့္ခ်င္ၾကပါဘူး။ စားခ်င္တာဆုိ ဝယ္စားလိုက္တာပဲ။ ဒီေတာ့ စားခ်င္တိုင္းစားေနမိတယ္ေလ။ ကိုယ္တုိင္ ခ်က္ျပဳတ္ရတာမဟုတ္ေတာ့ ဘယ္အစားအစာမွာ ဆီ၊ အခ်ိဳမႈန္႔ ဘယ္ေလာက္ပါေနလဲလို႔ မသိေတာ့ဘူး။ သိေနရင္ ကိုယ္က ဆင္ျခင္မိသြားမွာျဖစ္ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ ကိုယ္အေလးခ်ိန္ထိန္းဖုိ႔ကို စိတ္မဝင္စားတာပါပဲ။ ဝိတ္တက္လာတာျဖစ္ျဖစ္ က်လာတာပဲျဖစ္ျဖစ္ သိပ္ၿပီးေခါင္းထဲမထည့္ဘူး။ တကယ္ေတာ့ ကိုယ္အေလးခ်ိန္ထိန္းတယ္ဆုိတာ လွပဖုိ႔ထက္ က်န္းမာေနဖုိ႔ကသာ ဦးစားေပးျဖစ္ပါတယ္။

၂။ အသက္ ၃၀ ဝန္းက်င္

အလုပ္မွာလည္း ေနရာေလးတစ္ခုေလာက္ရလာၿပီ။ အိမ္ေထာင္နဲ႔ ကေလးေတြနဲ႔ ျဖစ္လာၿပီ။ လူက အၿမဲတမ္း ပင္ပန္းေနတာ။ အစားအေသာက္ဆုိလည္း ဗိုက္ျပည့္ဖုိ႔ အဓိကပဲ။ ဘာေတြ ညာေတြ ေရြးမေနႏိုင္ဘူး။ မနက္စာ၊ ေန႔လယ္စာ၊ ညစာရယ္လို႔ အခ်ိန္အတိအက်ေတြ မရွိေတာ့ဘူး။ အားတဲ့အခ်ိန္ေလး စားေနတာ။ တစ္ခါတစ္ေလက်ေတာ့လည္း စားခ်င္တာေတြ စားခ်င္သလိုစားလိုက္တာပဲ။ ဝိတ္ခ်ဖုိ႔လား? နည္းလမ္းေကာင္းေပးရင္ေတာင္မွ ဖတ္ၾကည့္ဖုိ႔ အခ်ိန္မရွိတာ။ ေလ့က်င့္ခန္းေတြလည္း လံုးဝ မလုပ္ျဖစ္ေတာ့ပါဘူး။ ဒီလိုနဲ႔ ဝၿပီးရင္း ဝလာတယ္။

၃။ အသက္ ၄၀ ဝန္းက်င္

အသက္ ၄၀ ေရာက္ၿပီဆုိ ၾကြက္သားေတြက ေလ်ာ့တိေလ်ာ့ရဲ ျဖစ္လာၿပီေလ။ ၾကြက္သားေတြက ကိုယ္စားလုိက္တဲ့ ကယ္လိုရီေတြကို ေလာင္ကၽြမ္းေပးဖုိ႔ လုပ္ေဆာင္ပါတယ္။ ၾကြက္သားေတြ ေလ်ာ့ရဲလာၿပီဆိုေတာ့ ေတာ္ေတာ္နဲ႔ ဝိတ္မက်ဘူးဆုိတဲ့သေဘာေပါ့။ စားရင္စားသေလာက္ ဝလာပါလိမ့္မယ္။ Gym ကိုေတာ့ သြားပါရဲ႕။ နည္းနည္းေလာက္ ပင္ပန္းတာနဲ႔ မလုပ္ခ်င္ေတာ့ဘူး။ ခႏၶာကိုယ္ကလည္း ေျပာင္းလာၿပီဆုိေတာ့ အဆီက တက္လြယ္ပါတယ္။ အထူးသျဖင့္ တစ္သက္လံုးျပားကပ္ေနတဲ့ဗိုက္ကေလးမွာ အဆီနဲ႔အေခါက္ေတြ စုလာပါၿပီ။ ငယ္တုန္းကထက္ ပိုၿပီး ေလ့က်င့္ခန္းလုပ္မွ ဝိတ္က်မွာကို အပင္ပန္းမခံႏိုင္ေတာ့ဘူးဆုိေတာ့ ကိုယ္အေလးခ်ိန္က်ဖုိ႔ဆုိတာ ထီေပါက္တာထက္ေတာင္ ျဖစ္ႏိုင္ေျခနည္းသြားပါတယ္။

Source : Women Health

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အမျိုးသမီးတွေဟာ အသက် ၂၀ အရွယ်လောက်ကနေ အသက် ၄၀ ကျော် အရွယ်ထိအောင် အလှအပကို အနည်းနဲ့အများ ဦးစားပေးကြတုန်းပါပဲ။ ကိုယ်ခန္ဓာကိုလည်း လှလှပပလေး ဖြစ်ချင်ကြပါတယ်။ အနည်းဆုံးတော့ ဝတ်ချင်တာလေး ဝတ်ရအောင် အရမ်းမဝဖို့အရေး ကိုယ်အလေးချိန်ကို ထိန်းထားကြပါတယ်။ ဒါပေမဲ့ ထင်သလောက် ဝိတ်မကျတာတွေလည်း အများကြီးပါ။ ဝိတ်ကျနှေးရခြင်းရဲ့ အကြောင်းရင်းတွေကို ဖွေရှာကြည့်ရာမှာ အသက်အရွယ်အလိုက် ကွာခြားတာကို တွေ့ရပါတယ်။

၁။ အသက် ၂၀ ဝန်းကျင်

အသက် ၂၀ ဝန်းကျင်မှာ အစားအသောက်ကို ကိုယ်တိုင်ချက်ပြုတ်ဖို့ ဝန်လေးကြပါတယ်။ ဘဝတက်လမ်းအတွက် ဦးစားပေးနေချိန်ဆိုတော့ မီးဖိုချောင်ကို သိပ်လှည့်မကြည့်ချင်ကြပါဘူး။ စားချင်တာဆို ဝယ်စားလိုက်တာပဲ။ ဒီတော့ စားချင်တိုင်းစားနေမိတယ်လေ။ ကိုယ်တိုင် ချက်ပြုတ်ရတာမဟုတ်တော့ ဘယ်အစားအစာမှာ ဆီ၊ အချိုမှုန့် ဘယ်လောက်ပါနေလဲလို့ မသိတော့ဘူး။ သိနေရင် ကိုယ်က ဆင်ခြင်မိသွားမှာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ကိုယ်အလေးချိန်ထိန်းဖို့ကို စိတ်မဝင်စားတာပါပဲ။ ဝိတ်တက်လာတာဖြစ်ဖြစ် ကျလာတာပဲဖြစ်ဖြစ် သိပ်ပြီးခေါင်းထဲမထည့်ဘူး။ တကယ်တော့ ကိုယ်အလေးချိန်ထိန်းတယ်ဆိုတာ လှပဖို့ထက် ကျန်းမာနေဖို့ကသာ ဦးစားပေးဖြစ်ပါတယ်။

၂။ အသက် ၃၀ ဝန်းကျင်

အလုပ်မှာလည်း နေရာလေးတစ်ခုလောက်ရလာပြီ။ အိမ်ထောင်နဲ့ ကလေးတွေနဲ့ ဖြစ်လာပြီ။ လူက အမြဲတမ်း ပင်ပန်းနေတာ။ အစားအသောက်ဆိုလည်း ဗိုက်ပြည့်ဖို့ အဓိကပဲ။ ဘာတွေ ညာတွေ ရွေးမနေနိုင်ဘူး။ မနက်စာ၊ နေ့လယ်စာ၊ ညစာရယ်လို့ အချိန်အတိအကျတွေ မရှိတော့ဘူး။ အားတဲ့အချိန်လေး စားနေတာ။ တစ်ခါတစ်လေကျတော့လည်း စားချင်တာတွေ စားချင်သလိုစားလိုက်တာပဲ။ ဝိတ်ချဖို့လား? နည်းလမ်းကောင်းပေးရင်တောင်မှ ဖတ်ကြည့်ဖို့ အချိန်မရှိတာ။ လေ့ကျင့်ခန်းတွေလည်း လုံးဝ မလုပ်ဖြစ်တော့ပါဘူး။ ဒီလိုနဲ့ ဝပြီးရင်း ဝလာတယ်။

၃။ အသက် ၄၀ ဝန်းကျင်

အသက် ၄၀ ရောက်ပြီဆို ကြွက်သားတွေက လျော့တိလျော့ရဲ ဖြစ်လာပြီလေ။ ကြွက်သားတွေက ကိုယ်စားလိုက်တဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းပေးဖို့ လုပ်ဆောင်ပါတယ်။ ကြွက်သားတွေ လျော့ရဲလာပြီဆိုတော့ တော်တော်နဲ့ ဝိတ်မကျဘူးဆိုတဲ့သဘောပေါ့။ စားရင်စားသလောက် ဝလာပါလိမ့်မယ်။ Gym ကိုတော့ သွားပါရဲ့။ နည်းနည်းလောက် ပင်ပန်းတာနဲ့ မလုပ်ချင်တော့ဘူး။ ခန္ဓာကိုယ်ကလည်း ပြောင်းလာပြီဆိုတော့ အဆီက တက်လွယ်ပါတယ်။ အထူးသဖြင့် တစ်သက်လုံးပြားကပ်နေတဲ့ဗိုက်ကလေးမှာ အဆီနဲ့အခေါက်တွေ စုလာပါပြီ။ ငယ်တုန်းကထက် ပိုပြီး လေ့ကျင့်ခန်းလုပ်မှ ဝိတ်ကျမှာကို အပင်ပန်းမခံနိုင်တော့ဘူးဆိုတော့ ကိုယ်အလေးချိန်ကျဖို့ဆိုတာ ထီပေါက်တာထက်တောင် ဖြစ်နိုင်ခြေနည်းသွားပါတယ်။

Source : Women Health

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top