iMyanmarHouse.com - Best Property Website for Myanmar
×
Credit : Duwun
အဆိုတော်ရန်ရန်ချမ်းမှာ ပျော်စရာကောင်းတဲ့ မိသားစုလေးရယ် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သူ့လိုပဲ ဂီတကို ဝါသနာပါတဲ့ သားလေးအကြောင်း ပြောပြခဲ့ပါတယ်။သူက လိုင်းတစ်မျိုး ။
” အခုဆို Music က သူ့ဆီ အော်တိုဝါသနာက ဝင်လာတယ်။ သူ့လိုင်းက တစ်မျိုး ရော့ခ်လိုင်း၊ ဟစ်(ပ်)ဟော့လည်း နားထောင်ခိုင်းတယ်၊ EDM ပေးနားထောင်တယ် အဲ့ဒီလောက်အထိမဟုတ်ဘူး၊ သူက ရော့ခ်ပဲဖေဖေတဲ့”လို့ ဆိုပါတယ်။
အရင်ကဆို တီဗီကြော်ငြာ၊ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ ပါဝင်ခဲ့တဲ့ သားလေးက နည်းနည်းလေး အရွယ်ရောက်လာတဲ့အချိန်မှာတော့ ဓာတ်ပုံရိုက်ဖို့တောင် ဝါသနာမပါတော့ဘူးလို့ ဆိုပါတယ်။
” နည်းနည်းလေးအရွယ်ရောက်လာတဲ့အချိန်မှာ သူ့ကို နည်းနည်းလေးပေးနားရတယ်။ သူ့ကိုရိုက်မယ်ဆိုရင်လည်း သူ့ဘာသာ သူလုပ်နေတာတွေကို လိုက်ရိုက်နေရတဲ့ အဖြစ်ရောက်လာတယ်ပေါ့နော်။နောက်ပိုင်းကျတော့ သူက သူ့လွတ်လပ်မှုကို ထိခိုက်တယ် ဆိုပြီးတော့ ပြောလာတယ်။ သူမရိုက်ချင်ဘူး။ သူ့ကို မရိုက်ပါနဲ့တဲ့ ဆိုပြီးတော့ ဖြစ်လာတော့ အခုရောဂါကလည်း သူ့ကို ဓာတ်ပုံမရိုက်တဲ့ရောဂါဖြစ်နေတယ်” လို့ ဆိုပါတယ်။
အရွယ်ရောက်လာချိန်မှာ အနုပညာအလုပ်တွေ မလုပ်ချင်တော့တဲ့ သားလေးအကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါသေးတယ်။
” သူ့ကို ညှိနှိုင်းရတာပေါ့ သားအလုပ်လုပ်နေရပြီ၊ အဲ့ဒါဆိုရင် မင်းလိုချင်တာတွေ ဝယ်လို့ရမယ်ပေါ့။ အဲ့ဒီအခါကျရင် သူက အပြိုင်တစ်ယောက်ရှိရင် လုပ်တယ်။ ဒီအတိုင်းဆို သူ့ကို တော်တော်လေးတောင်းပန်ရတယ်။ အစ်ကိုတို့က သူ့ကို ဖုန်းနဲ့ချိန်ရင်တောင် လက်ကိုကာထားပြီး သူ အေးအေးဆေးဆေးနေချင်တယ်ဆိုတဲ့ သဘောပေါ့” လို့ ရန်ရန်ချမ်း က ပြောပါတယ်။
အနုပညာရှင်စုံတွဲတစ်တွဲဖြစ်တဲ့ အဆိုတော်ရန်ရန်ချမ်းနဲ့ မော်ဒယ်လ် ချီလီတို့ရဲ့ အိမ်ထောင်ရေးမှာ ချစ်စရာကောင်းတဲ့ သားလေး တစ်ယောက် ရှိနေပါပြီ။ သားလေးကတော့ အသက် ၆ နှစ်ရှိပြီလို့ သိရပါတယ်။ သူတို့ နှစ်ဦးရဲ့ သားလေးဆီမှာလည်း ပရိသတ်တွေ အခိုင်အမာရရှိနေပါပြီ။ အမြဲတမ်းစတိုင်လ်ကျကျနေတတ်တဲ့ သားလေးကိုလည်း ပရိသတ်တွေက အရမ်းချစ်ကြပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top