iMyanmarHouse.com - Best Property Website for Myanmar
×

ေမေမသက္မြန္ျမင့္က အေမမ်ားေန႕မွာ သားသားေလးဆီက လက္ေဆာင္ရလို႕ ေပ်ာ္ေနပါတယ္။ ေမလ(၁၃) ရက္ေန႕မွာက်ေရာက္တဲ့ အေမမ်ားေန႕မွာ သားေလးအားခ်စ္ဆီကေန လက္ေဆာင္ရခဲ့ပါတယ္။ သူ႕ကို ေပးတဲ့ လက္ေဆာင္က သားေလးကိုယ္တိုင္ ဖန္တီးထားတဲ့ လက္ေဆာင္ေလးပါတဲ့။

“Happy Mother’s Day!

ဒီႏွစ္ေတာ့ သားေလး ကိုယ္တိုင္ ဖန္တီးေပးတဲ့ လက္ေဆာင္နဲ႔ သာယာေက်နပ္..

ဆရာမေလးေတြကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ သူရဲေကာင္းေမေမမ်ားကိုလည္း ေန႔ရက္တိုင္းပဲ ေပ်ာ္ရႊင္စိတ္ခ်မ္းသာႏိုင္ၾကပါေစလို႔..” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္ေလးမွာ တင္ထားတာ ေတြ႕ရပါတယ္။

သားေလးအားခ်စ္ကိုယ္တိုင္ လုပ္ေပးတဲ့ လက္ေဆာင္ေလးက လည္း ခ်စ္ဖို႕ေကာင္းပါတယ္။ သက္မြန္ျမင့္ဟာ သူမရဲ႕ မိသားစု သားသမီးေလးေတြကို အရမ္းခ်စ္တတ္တဲ့မိခင္တစ္ဦးျဖစ္ပါတယ္။ ေအာင္ျမင္တဲ့အႏုပညာရွင္တစ္ေယာက္ျဖစ္ေပမယ့္ ရင္ေသြးေလးေတြကို အနီးကပ္ ျပဳစုေစာင့္ေရွာက္ေပးေနသူလည္း ျဖစ္ပါတယ္။

အႏုပညာကို ခ်စ္ခင္တဲ့သူမက ကေလးေတြရလာတဲ့အခ်ိန္မွာ သူမခ်စ္တဲ့ အႏုပညာကို ခဏတာ စြန္႕လႊတ္လိုက္ရတဲ့ အခ်ိန္ေတြလည္း ရွိခဲ့ပါတယ္။ အခုဆိုလည္း ကေလးေတြကို ျပဳစုရင္း သူမခ်စ္တဲ့ အႏုပညာအလုပ္ေတြကို ျပန္လည္လုပ္ကိုင္ေနၿပီျဖစ္ေပမယ့္လည္း ကေလးေတြနဲ႕ အခ်ိန္လုၿပီး ျဖတ္သန္းေနရတဲ့သူမရဲ႕ မိခင္ဘဝေလးကိုလည္း Duwun Media ကို ေျပာျပခဲ့ဖူးပါတယ္။

“မိခင္ဘဝက တစ္ကယ္ေတာ့ မလြယ္ပါဘူး။ သူတို႕ေလးေတြ ကို္ယ္ဝန္စရွိတဲ့အခ်ိန္ လူျဖစ္ဖို႕စကတည္းက ကိုယ္ေတြမွာ အမ်ားႀကီး ေျပာင္းလဲရတာေတြ ရွိတယ္။ အေနအထိုင္ အစားအေသာက္၊အားလံုးေပါ့။လက္ထဲေရာက္လာေတာ့လည္း သူတို႕ေလးေတြ ရွင္သန္ႀကီးထြားဖို႕ အမ်ားႀကီး ျပဳစုပ်ိဳးေထာင္ရတယ္။ ကိုယ့္ဘဝတစ္ခုလံုးကိုေပးလိုက္ရတယ္ သက္မြန္ဆို အႏုပညာသမားတစ္ေယာက္ ကေလးေမြးေန႕တဲ့ အခ်ိန္မွာ ကိုယ္ခ်စ္တဲ့ အႏုပညာအလုပ္ကို စြန္႕လြႊတ္လိုက္ရတယ္။ကိုယ္လြမ္းတယ္။ ဒါေပမယ့္ မတတ္ႏုိင္ဘူး ကိုယ္က ကေလးလိုခ်င္တယ္။ ကေလးခ်စ္တယ္။အပ်ိဳဘဝမွာကတည္းက အႏုပညာအလုပ္လုပ္ရတာ ပင္ပန္းတာ ကေလးေတြနဲ႕ဆိုေတာ့ မလြယ္ဘူးပါဘူး။ အခ်ိန္ေတြကလည္း ရွားတယ္။ ေတာ္ေတာ္ေတာ့ ခက္ခဲတယ္ပင္ပန္းတယ္။ မိခင္ဆိုေတာ့လည္း ဒါေတြကဘာမွမဟုတ္သလိုပဲ ျဖစ္သြားတာပါပဲ။ သူတို႕ရဲ႕ ရယ္သံေလးေတြ ၾကားရရင္ ကိုယ္ပင္ပန္းသမွ်ေတြ အကုန္လံုးေမ့သြားတာပဲ။” လို႕ ဆိုပါတယ္။

သက္မြန္ျမင့္ဟာ လက္ရွိမွာ မိသားစုကို အခ်ိန္ေပးရင္း သူမခ်စ္တဲ့အ ႏုပညာအလုပ္ေတြကို လုပ္ကိုင္လ်က္ရွိပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းေလာက္ကတည္း ႏိုင္းႏိုင္း၊ မင္းဦး၊ဘုဏ္းသိုက္တို႕နဲ႕အတူ စားက်က္ ရုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္ထားပါေသးတယ္။

၂၀၁၄ခုႏွစ္ ေဖေဖာ္ဝါရီ(၁၄) ရက္ေန႕က ကိုစစ္ႏိုင္နဲ႕ လက္ထပ္ခဲ့တဲ့ သက္မြန္ျမင့္မွာယခုဆုိရင္ သားေလးအားခ်စ္နဲ႕ သမီးေလး လဝန္းေမတို႕နဲဲ႕အတူ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘဝကို ပိုင္ဆိုင္ထားသူသူလည္း ျဖစ္ပါတယ္။

သက္မြန္ျမင့္ကေတာ့ သရုပ္ေဆာင္ေလာကမွာ ပရိသတ္အားေပးမႈ ရရွိထားတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ၿပီး ၂၀၁၂ခုႏွစ္မွာ ဒါရိုက္တာဝိုင္း ရိုက္ကူးတဲ့ ” အာဒံရယ္၊ ဧဝရယ္၊ ဒႆရယ္” ရုပ္ရွင္ဇာတ္ကားျဖင့္ အေကာင္းဆံုး အမ်ိဳးသမီးဇာတ္ေဆာင္ ဆုကို ရရွိထားသူ တစ္ဦး ျဖစ္သလို ၂၀၁၆ခုႏွစ္က က်င္းပခဲ့တဲ့ ျမန္မာ့ရုပ္ရွင္ထူးခၽြန္ ဆုေပးပြဲမွာ “ခ်စ္လွစြာေသာအမုန္း” ရုပ္ရွင္ဇာတ္ကားႀကီးနဲ႕ အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိထားသူ တစ္ေယာက္ျဖစ္ပါတယ္။

Photo : သက္မြန္ျမင့္ ေဖ့စ္ဘြတ္

Credit : Duwun
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
မေမေသက်မွန်မြင့်က အမေများနေ့မှာ သားသားလေးဆီက လက်ဆောင်ရလို့ ပျော်နေပါတယ်။ မေလ(၁၃) ရက်နေ့မှာကျရောက်တဲ့ အမေများနေ့မှာ သားလေးအားချစ်ဆီကနေ လက်ဆောင်ရခဲ့ပါတယ်။ သူ့ကို ပေးတဲ့ လက်ဆောင်က သားလေးကိုယ်တိုင် ဖန်တီးထားတဲ့ လက်ဆောင်လေးပါတဲ့။

“Happy Mother’s Day!

ဒီနှစ်တော့ သားလေး ကိုယ်တိုင် ဖန်တီးပေးတဲ့ လက်ဆောင်နဲ့ သာယာကျေနပ်..

ဆရာမလေးတွေကို ကျေးဇူးအများကြီးတင်ပါတယ်။ သူရဲကောင်းမေမေများကိုလည်း နေ့ရက်တိုင်းပဲ ပျော်ရွှင်စိတ်ချမ်းသာနိုင်ကြပါစေလို့..” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်လေးမှာ တင်ထားတာ တွေ့ရပါတယ်။

သားလေးအားချစ်ကိုယ်တိုင် လုပ်ပေးတဲ့ လက်ဆောင်လေးက လည်း ချစ်ဖို့ကောင်းပါတယ်။ သက်မွန်မြင့်ဟာ သူမရဲ့ မိသားစု သားသမီးလေးတွေကို အရမ်းချစ်တတ်တဲ့မိခင်တစ်ဦးဖြစ်ပါတယ်။ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ရင်သွေးလေးတွေကို အနီးကပ် ပြုစုစောင့်ရှောက်ပေးနေသူလည်း ဖြစ်ပါတယ်။

အနုပညာကို ချစ်ခင်တဲ့သူမက ကလေးတွေရလာတဲ့အချိန်မှာ သူမချစ်တဲ့ အနုပညာကို ခဏတာ စွန့်လွှတ်လိုက်ရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ အခုဆိုလည်း ကလေးတွေကို ပြုစုရင်း သူမချစ်တဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီဖြစ်ပေမယ့်လည်း ကလေးတွေနဲ့ အချိန်လုပြီး ဖြတ်သန်းနေရတဲ့သူမရဲ့ မိခင်ဘဝလေးကိုလည်း Duwun Media ကို ပြောပြခဲ့ဖူးပါတယ်။

“မိခင်ဘဝက တစ်ကယ်တော့ မလွယ်ပါဘူး။ သူတို့လေးတွေ ကိုယ်ဝန်စရှိတဲ့အချိန် လူဖြစ်ဖို့စကတည်းက ကိုယ်တွေမှာ အများကြီး ပြောင်းလဲရတာတွေ ရှိတယ်။ အနေအထိုင် အစားအသောက်၊အားလုံးပေါ့။လက်ထဲရောက်လာတော့လည်း သူတို့လေးတွေ ရှင်သန်ကြီးထွားဖို့ အများကြီး ပြုစုပျိုးထောင်ရတယ်။ ကိုယ့်ဘဝတစ်ခုလုံးကိုပေးလိုက်ရတယ် သက်မွန်ဆို အနုပညာသမားတစ်ယောက် ကလေးမွေးနေ့တဲ့ အချိန်မှာ ကိုယ်ချစ်တဲ့ အနုပညာအလုပ်ကို စွန့်လွှတ်လိုက်ရတယ်။ကိုယ်လွမ်းတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး ကိုယ်က ကလေးလိုချင်တယ်။ ကလေးချစ်တယ်။အပျိုဘဝမှာကတည်းက အနုပညာအလုပ်လုပ်ရတာ ပင်ပန်းတာ ကလေးတွေနဲ့ဆိုတော့ မလွယ်ဘူးပါဘူး။ အချိန်တွေကလည်း ရှားတယ်။ တော်တော်တော့ ခက်ခဲတယ်ပင်ပန်းတယ်။ မိခင်ဆိုတော့လည်း ဒါတွေကဘာမှမဟုတ်သလိုပဲ ဖြစ်သွားတာပါပဲ။ သူတို့ရဲ့ ရယ်သံလေးတွေ ကြားရရင် ကိုယ်ပင်ပန်းသမျှတွေ အကုန်လုံးမေ့သွားတာပဲ။” လို့ ဆိုပါတယ်။

သက်မွန်မြင့်ဟာ လက်ရှိမှာ မိသားစုကို အချိန်ပေးရင်း သူမချစ်တဲ့အ နုပညာအလုပ်တွေကို လုပ်ကိုင်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတည်း နိုင်းနိုင်း၊ မင်းဦး၊ဘုဏ်းသိုက်တို့နဲ့အတူ စားကျက် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်ထားပါသေးတယ်။

၂၀၁၄ခုနှစ် ဖေဖော်ဝါရီ(၁၄) ရက်နေ့က ကိုစစ်နိုင်နဲ့ လက်ထပ်ခဲ့တဲ့ သက်မွန်မြင့်မှာယခုဆိုရင် သားလေးအားချစ်နဲ့ သမီးလေး လဝန်းမေတို့နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ပိုင်ဆိုင်ထားသူသူလည်း ဖြစ်ပါတယ်။

သက်မွန်မြင့်ကတော့ သရုပ်ဆောင်လောကမှာ ပရိသတ်အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်မှာ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ ” အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရှိထားသူ တစ်ဦး ဖြစ်သလို ၂၀၁၆ခုနှစ်က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲမှာ “ချစ်လှစွာသောအမုန်း” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။

Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top