iMyanmarHouse.com - Best Property Website for Myanmar
×

ဝိတ္ေလ်ာ့မယ္ ဝိတ္ေလ်ာ့မယ္နဲ႔ အေကာင္အထည္မေဖာ္ျဖစ္ေသးတဲ့သူေတြရွိတယ္ဟုတ္? ဝိတ္ေလ်ာ့ဖို႔ဆိုတာတကယ္ေတာ့ သိပ္ၿပီးမလြယ္ကူလြန္းလွတဲ့အရာပဲပါ။ အစားအေသာက္ေလးေလ်ာ့႐ံု၊ ေလ့က်င့္ခန္းေလးလုပ္ရံုနဲ႔လည္းအလြယ္တကူအေလးခ်ိန္မေလ်ာ့သြားပါဘူး။ တကယ္ဝိတ္က်ခ်င္တဲ့ ပ်ိဳေမတို႔အတြက္ကေတာ့ လိုက္လုပ္ကိုလုပ္သင့္တဲ့အရာေတြရွိၿပီးဒါေတြကိုလိုက္နာမွလည္းက်န္းမာၿပီးလွပတဲ့ ခႏၶာကိုယ္မ်ိဳးကိုပိုင္ဆိုင္ရမွာပဲျဖစ္ပါတယ္။

စားေသာက္မႈစနစ္

ဝိတ္ေလ်ာ့ခ်င္တိုင္းလည္းအစားစာေတြကိုနည္းနည္းေလးပဲစားေပးရမယ္လို႔ မဆိုလိုထားပါဘူး။ အာဟာရျပည့္ဝေအာင္စားေပးမယ္ဆိုရင္ အဆင္ေျပပါၿပီ။ မၾကာခဏဆိုသလိုမ်ိဳးဗိုက္ဆာေနတာမ်ိဳးေတြမျဖစ္ရေအာင္ တစ္ခါထဲနဲ႔ျပည့္ေအာင္စားထားမယ္ဆိုရင္ အေကာင္းဆံုးပဲေပါ႔။ မနက္စာကိုေကာင္းေကာင္းဝေအာင္စားထားမယ္ဆိုရင္ ေန႔ခင္းေန႔လည္ေတြမွာအမ်ားႀကီးမစားႏိုင္ေတာ့ဘူးေပါ႔။

အဆာေျပကိုအဆာေျပနဲ႔တူေအာင္စားပါ

ေနခင္းဘက္ေတြမွာဗိုက္ဆာလာတာမ်ိဳးႀကံဳေတြ႔လာၿပီဆိုရင္ အဆာေျပစားဖို႔ကိုေရြးခ်ယ္သင့္ပါၿပီ။ အဆာေျပစားဖို႔ကိုေရြးခ်ယ္တဲ့အခါမွာေပါ႔ေပါ႔ပါးပါးျဖစ္ေလာက္မယ့္ အရာမ်ိဳးကိုေရြးခ်ယ္ၿပီးစားဖို႔ အေရးႀကီးတယ္ေနာ္။

အိပ္ယာဝင္ခါနီးအခ်ိန္

အိပ္ယာဝင္ခါနီးအခ်ိန္မ်ိဳးမွာ အစားစာတာကသင့္ကိုယ္အေလးခ်ိန္ကို မေလ်ာ့သြားေစပဲပိုၿပီးေတာ့ပဲတိုးလာေစမွာပါ။ ဒါေၾကာင္ အိပ္ယာဝင္ခါနီးအခ်ိန္မ်ိဳးမွာ အစားစားတာမ်ိဳးကိုတတ္ႏိုင္သေလာက္ဆင္ျခင္ဖို႔ လိုအပ္ပါတယ္။

အသီးအႏွံမ်ားမ်ားစားေပးပါ

အသီးအႏွံေတြမွာကယ္လိုရီပါဝင္မႈနည္းတာေၾကာင့္ ဝိတ္ေလ်ာ့ေနတဲ့သူေတြအတြက္ အရမ္းကိုသင့္ေတာ္ပါတယ္။ အသီးအႏွံေတြကိုစားေပးရင္လည္းဗိုက္ျပည့္ေစတယ္ဆိုေတာ့ တကယ္လို႔ဗိုက္ဆာလာတယ္ဆိုတဲ့ အခ်ိန္မ်ိဳးေတြမွာဆိုရင္ စားေပးဖို႔အသင့္ေတာ္ဆံုးပါပဲ။

ေရမ်ားမ်ားေသာက္ေပးပါ

ေရမ်ားမ်ားေသာက္ေပးတာက ခႏၶာကိုယ္မွာေရဓာတ္ျပည့္ဝေစတယ္ အသားအေရကလည္း ၾကည္လင္ၿပီးလွပေစတဲ့အျပင္ ေရမ်ားမ်ားေသာက္ထားတဲ့အတြက္ေၾကာင့္ ေတာ္႐ံုနဲ႔လည္းဗိုက္မဆာေတာ့ဘူးေပါ႔။

ဒါေတြကိုလိုက္နာၿပီးသင့္ရဲ႕ဝိတ္ေလ်ာ့တဲ့ ခရီးလမ္းေၾကာင္းကိုစတင္လိုက္မယ္ဆိုရင္ေတာ့ အခ်ိန္တုိအတြင္းမွာလုိခ်င္တဲ့ရလဒ္မ်ိဳးကိုက်န္းမာစြာနဲ႔ပဲပိုင္ဆုိင္ရေစမွာျဖစ္ပါတယ္။

Credit : Mystyle
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
ဝိတ်လျော့မယ် ဝိတ်လျော့မယ်နဲ့ အကောင်အထည်မဖော်ဖြစ်သေးတဲ့သူတွေရှိတယ်ဟုတ်? ဝိတ်လျော့ဖို့ဆိုတာတကယ်တော့ သိပ်ပြီးမလွယ်ကူလွန်းလှတဲ့အရာပဲပါ။ အစားအသောက်လေးလျော့ရုံ၊ လေ့ကျင့်ခန်းလေးလုပ်ရုံနဲ့လည်းအလွယ်တကူအလေးချိန်မလျော့သွားပါဘူး။ တကယ်ဝိတ်ကျချင်တဲ့ ပျိုမေတို့အတွက်ကတော့ လိုက်လုပ်ကိုလုပ်သင့်တဲ့အရာတွေရှိပြီးဒါတွေကိုလိုက်နာမှလည်းကျန်းမာပြီးလှပတဲ့ ခန္ဓာကိုယ်မျိုးကိုပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

စားသောက်မှုစနစ်

ဝိတ်လျော့ချင်တိုင်းလည်းအစားစာတွေကိုနည်းနည်းလေးပဲစားပေးရမယ်လို့ မဆိုလိုထားပါဘူး။ အာဟာရပြည့်ဝအောင်စားပေးမယ်ဆိုရင် အဆင်ပြေပါပြီ။ မကြာခဏဆိုသလိုမျိုးဗိုက်ဆာနေတာမျိုးတွေမဖြစ်ရအောင် တစ်ခါထဲနဲ့ပြည့်အောင်စားထားမယ်ဆိုရင် အကောင်းဆုံးပဲပေါ့။ မနက်စာကိုကောင်းကောင်းဝအောင်စားထားမယ်ဆိုရင် နေ့ခင်းနေ့လည်တွေမှာအများကြီးမစားနိုင်တော့ဘူးပေါ့။

အဆာပြေကိုအဆာပြေနဲ့တူအောင်စားပါ

နေခင်းဘက်တွေမှာဗိုက်ဆာလာတာမျိုးကြုံတွေ့လာပြီဆိုရင် အဆာပြေစားဖို့ကိုရွေးချယ်သင့်ပါပြီ။ အဆာပြေစားဖို့ကိုရွေးချယ်တဲ့အခါမှာပေါ့ပေါ့ပါးပါးဖြစ်လောက်မယ့် အရာမျိုးကိုရွေးချယ်ပြီးစားဖို့ အရေးကြီးတယ်နော်။

အိပ်ယာဝင်ခါနီးအချိန်

အိပ်ယာဝင်ခါနီးအချိန်မျိုးမှာ အစားစာတာကသင့်ကိုယ်အလေးချိန်ကို မလျော့သွားစေပဲပိုပြီးတော့ပဲတိုးလာစေမှာပါ။ ဒါကြောင် အိပ်ယာဝင်ခါနီးအချိန်မျိုးမှာ အစားစားတာမျိုးကိုတတ်နိုင်သလောက်ဆင်ခြင်ဖို့ လိုအပ်ပါတယ်။

အသီးအနှံများများစားပေးပါ

အသီးအနှံတွေမှာကယ်လိုရီပါဝင်မှုနည်းတာကြောင့် ဝိတ်လျော့နေတဲ့သူတွေအတွက် အရမ်းကိုသင့်တော်ပါတယ်။ အသီးအနှံတွေကိုစားပေးရင်လည်းဗိုက်ပြည့်စေတယ်ဆိုတော့ တကယ်လို့ဗိုက်ဆာလာတယ်ဆိုတဲ့ အချိန်မျိုးတွေမှာဆိုရင် စားပေးဖို့အသင့်တော်ဆုံးပါပဲ။

ရေများများသောက်ပေးပါ

ရေများများသောက်ပေးတာက ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝစေတယ် အသားအရေကလည်း ကြည်လင်ပြီးလှပစေတဲ့အပြင် ရေများများသောက်ထားတဲ့အတွက်ကြောင့် တော်ရုံနဲ့လည်းဗိုက်မဆာတော့ဘူးပေါ့။

ဒါတွေကိုလိုက်နာပြီးသင့်ရဲ့ဝိတ်လျော့တဲ့ ခရီးလမ်းကြောင်းကိုစတင်လိုက်မယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာလိုချင်တဲ့ရလဒ်မျိုးကိုကျန်းမာစွာနဲ့ပဲပိုင်ဆိုင်ရစေမှာဖြစ်ပါတယ်။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top