iMyanmarHouse.com - Best Property Website for Myanmar
×

အသီးအေရာင္က အနီေရာင္ရွိၿပီး အခြံမွာ အေမႊးအမွ်င္ေလးနဲ႔ အတြင္းသား ျဖဴျဖဴေလးကို စားရတဲ့ ၾကက္ေမာက္သီးမွာ က်န္းမာေရးအတြက္ ေကာင္းမြန္ေစတဲ့ အက်ိဳးအာနိသင္ေတြ အမ်ားႀကီးပါဝင္ပါတယါ။ ၾကက္ေမာက္သီးကလည္း ရာသီစာ ျဖစ္တာမို႔ စားေပးသင့္ပါတယ္ေနာ္။ အလံုးအရြယ္အစား ေသးတဲ့ ၾကက္ေမာက္သီးက က်န္းမာေရးကို ဘယ္လိုအက်ိဳးျပဳသလဲဆိုတာ မွ်ေဝေပးလိုက္ပါတယ္။

တရုတ္သုေတသီေတြကေတာ့ ၾကက္ေမာက္သီးမွာ ဆီးခ်ိဳေရာဂါကို သက္သာေစတဲ့ ဂုဏ္သတၱိေတြ ပါဝင္တယ္လို႔ ဆိုထားပါတယ္။ ၾကက္ေမာက္သီးက ေသြးတြင္းဂလူးကို႔စ္ ပမာဏကို ေလ်ာ့က်ေစတာေၾကာင့္ ဆီးခ်ိဳေရာဂါကို သက္သာေစႏိုင္တာပါ။ အမွ်င္ဓါတ္ ပါဝင္တဲ့ အသီးအႏွံေတြဟာ ခႏၶာကိုယ္ အေလးခ်ိန္မတက္ေစပါဘူး။ အမွ်င္ဓါတ္ေတြဟာ အစာအိမ္ရဲ႕ အစာေျခစနစ္ကို ေကာင္းမြန္ေစတာေၾကာင့္ က်န္းမာေရးေကာင္းမြန္ၿပီး ခႏၶာကိုယ္အေလးခ်ိန္ ေလွ်ာ့က်ဖို႔ ကူညီေပးပါတယ္။

ၾကက္ေမာက္သီးဟာ ကိုယ္ဝန္ေဆာင္ေမေမေတြနဲ႔လည္း တည့္တဲ့အသီးတစ္မ်ိဳးပါ။ ခ်ိဳတဲ့ အသီးေလး စားရတာမို႔ ေမေမေလာင္းတို႔ ခံတြင္းရွင္းေစမွာ ျဖစ္ၿပီး ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း မူးေဝျခင္း၊ ပ်ိဳ႕အန္ျခင္းေတြကိုပါ သက္သာေစႏိုင္ပါတယ္။ ေနာက္တစ္ခုက ၾကက္ေမာက္သီးမွာ သံဓါတ္ေတြ ေကာင္းမြန္စြာ ပါဝင္တာမို႔ hemoglobin ပမာဏကို တိုးတက္ေစၿပီး သေႏၶသားေလးကိုပါ က်န္းမာေစႏိုင္ပါတယ္။ ဒါ့အျပင္ ဗီတာမင္အီးလည္း ပါဝင္တာမုိ႔ ကိုယ္ဝန္ေဆာင္ခ်ိန္အတြင္း ယားယံျခင္းေတြကို သက္သာေစႏိုင္ပါေသးတယ္။ ၾကက္ေမာက္သီးဟာ ႏွလံုးေရာဂါကို သက္သာေစႏိုင္တဲ့ အသီးတစ္မ်ိဳးလည္း ျဖစ္ပါတယ္။ ၾကက္ေမာက္သီးဟာ ေသြးတိုးေရာဂါကို ထိန္းညွိေပးၿပီး ကိုလက္စထေရာ မ်ားျခင္းကိုပါ ေလ်ာ့နည္းေစပါတယ္။ဒါေၾကာင့္ ေသြးတိုးေရာ ႏွလံုးေရာဂါကိုပါ သက္သာေစႏိုင္ပါတယ္။

အရိုးေတြရဲ႕ က်န္းမာေရးနဲ႔ ၾကြပ္ဆတ္မႈကိုပါ ထိန္းထားေပးႏိုင္ဖို႔ ေဖာ့စေဖာ့ရပ္ေတြ လိုပါတယ္။ ေဖာ့စေဖာ့ရပ္ လိုခ်င္တယ္ဆိုရင္ေတာ့ ၾကက္ေမာက္သီး စားဖို႔ လိုပါတယ္။ အသက္ႀကီးတဲ့အခါမွာ အရိုးပြေရာဂါေတြ မျဖစ္ေအာင္ ကာကြယ္ေပးႏိုင္ၿပီး အရိုးအဆစ္သန္မာေစပါတယ္။

ၾကက္ေမာက္သီးမွာ ကင္ဆာေရာဂါျဖစ္ပြားျခင္းကို ကာကြယ္ေပးႏိုင္တဲ့ ဓါတ္တိုးဆန္႔က်င္မႈေတြ မ်ားစြာ ပါဝင္ပါတယ္။ ဒီ ဓါတ္တိုးဆန္႔က်င္မႈေတြဟာ ေရာင္ရမ္းျခင္းနဲ႔ ခႏၶာကိုယ္အတြင္းမွာ ကင္ဆာဆဲလ္ေတြ မျဖစ္ေစဖို႔ ကာကြယ္ေပးႏိုင္ပါတယ္။ ေလ့လာမႈေတြအရေတာ့ ၾကက္ေမာက္သီး စားျခင္းဟာ အသည္းကင္ဆာျဖစ္ေစတဲ့ ဆဲလ္ေတြ မႀကီးထြားလာေအာင္ ကူညီေပးႏိုင္ၿပီး တျခားကင္ဆာေတြကိုပါ ေလ်ာ့က်ေစပါတယ္။

ၾကက္ေမာက္သီးဟာ စြမ္းအင္ျပည့္ေစတဲ့အသီးဆိုရင္လည္း မမွားပါဘူးေနာ္။ ၾကက္ေမာက္သီးမွာ ကာဗိုလ္ဟိုက္ဒရိတ္နဲ႔ ပရိုတင္းေတြ ပါဝင္တာေၾကာင့္ ခႏၶာကိုယ္ အားျပည့္ေစဖို႔ အေထာက္အကူျပဳပါတယ္။ ၾကက္ေမာက္သီးရဲ႕ ေနာက္ထပ္ေကာင္းက်ိဳးတစ္ခုကေတာ့ ပါဝင္တဲ့ အမွ်င္ဓါတ္ေတြဟာ အစာေျခစနစ္ကုိ မ်ားစြာ ေကာင္းမြန္ေစတာမို႔ ဝမ္းခ်ဳပ္ျခင္းေတြ မရွိေစႏိုင္ပါဘူး။ ဒါ့အျပင္ အူအတြင္း ကပ္ပါးေကာင္ေတြကို ေသေစႏိုင္တဲ့ ဘက္တီးရီးယားဆန္႔က်င္ ဂုဏ္သတၱိေတြလည္း ပါဝင္ပါေသးတယ္။ အူကင္ဆာ မျဖစ္ေစႏိုင္ဘဲ ေရဓါတ္လည္း ျပည့္ေစပါတယ္။

အသားအေရ ၾကည္ၾကည္လင္လင္ေလး ျဖစ္ခ်င္တယ္ဆိုရင္ေတာ့ ၾကက္ေမာက္သီးေလးကို ေမ့ထားလို႔ မရပါဘူးေနာ္။ ၾကက္ေမာက္သီးမွာ ပါဝင္တဲ့ ဗီတာမင္စီနဲ႔ မဂၢနီဆီယမ္ ပါဝင္တာဟာ free radical ကို တိုက္ထုတ္ေပးၿပီး အသားေရ စိုေျပေစဖို႔နဲ႔ က်န္းမာတဲ့ အသားအေရ ျဖစ္ဖို႔ အေထာက္အကူျပဳပါတယ္။

အခုဆိုရင္ အလံုးအရြယ္ေသးေပမယ့္ အက်ိဳးအာနိသင္မ်ားတဲ့ ၾကက္ေမာက္သီးေလးရဲ႕ က်န္းမာေရးဆိုင္ရာ အေထာက္အကူျပဳပံုကို သိၿပီးၿပီဆိုေတာ့ ရာသီစာေလးအျဖစ္ စားေပးဖို႔ မေမ့နဲ႔ေနာ္။

Credit : Hellosayarwom
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
အသီးအရောင်က အနီရောင်ရှိပြီး အခွံမှာ အမွှေးအမျှင်လေးနဲ့ အတွင်းသား ဖြူဖြူလေးကို စားရတဲ့ ကြက်မောက်သီးမှာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အကျိုးအာနိသင်တွေ အများကြီးပါဝင်ပါတယါ။ ကြက်မောက်သီးကလည်း ရာသီစာ ဖြစ်တာမို့ စားပေးသင့်ပါတယ်နော်။ အလုံးအရွယ်အစား သေးတဲ့ ကြက်မောက်သီးက ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

တရုတ်သုတေသီတွေကတော့ ကြက်မောက်သီးမှာ ဆီးချိုရောဂါကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်တယ်လို့ ဆိုထားပါတယ်။ ကြက်မောက်သီးက သွေးတွင်းဂလူးကို့စ် ပမာဏကို လျော့ကျစေတာကြောင့် ဆီးချိုရောဂါကို သက်သာစေနိုင်တာပါ။ အမျှင်ဓါတ် ပါဝင်တဲ့ အသီးအနှံတွေဟာ ခန္ဓာကိုယ် အလေးချိန်မတက်စေပါဘူး။ အမျှင်ဓါတ်တွေဟာ အစာအိမ်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့် ကျန်းမာရေးကောင်းမွန်ပြီး ခန္ဓာကိုယ်အလေးချိန် လျှော့ကျဖို့ ကူညီပေးပါတယ်။

ကြက်မောက်သီးဟာ ကိုယ်ဝန်ဆောင်မေမေတွေနဲ့လည်း တည့်တဲ့အသီးတစ်မျိုးပါ။ ချိုတဲ့ အသီးလေး စားရတာမို့ မေမေလောင်းတို့ ခံတွင်းရှင်းစေမှာ ဖြစ်ပြီး ကိုယ်ဝန်ဆောင်ချိန်အတွင်း မူးဝေခြင်း၊ ပျို့အန်ခြင်းတွေကိုပါ သက်သာစေနိုင်ပါတယ်။ နောက်တစ်ခုက ကြက်မောက်သီးမှာ သံဓါတ်တွေ ကောင်းမွန်စွာ ပါဝင်တာမို့ hemoglobin ပမာဏကို တိုးတက်စေပြီး သန္ဓေသားလေးကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင်အီးလည်း ပါဝင်တာမို့ ကိုယ်ဝန်ဆောင်ချိန်အတွင်း ယားယံခြင်းတွေကို သက်သာစေနိုင်ပါသေးတယ်။ ကြက်မောက်သီးဟာ နှလုံးရောဂါကို သက်သာစေနိုင်တဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ ကြက်မောက်သီးဟာ သွေးတိုးရောဂါကို ထိန်းညှိပေးပြီး ကိုလက်စထရော များခြင်းကိုပါ လျော့နည်းစေပါတယ်။ဒါကြောင့် သွေးတိုးရော နှလုံးရောဂါကိုပါ သက်သာစေနိုင်ပါတယ်။

အရိုးတွေရဲ့ ကျန်းမာရေးနဲ့ ကြွပ်ဆတ်မှုကိုပါ ထိန်းထားပေးနိုင်ဖို့ ဖော့စဖော့ရပ်တွေ လိုပါတယ်။ ဖော့စဖော့ရပ် လိုချင်တယ်ဆိုရင်တော့ ကြက်မောက်သီး စားဖို့ လိုပါတယ်။ အသက်ကြီးတဲ့အခါမှာ အရိုးပွရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး အရိုးအဆစ်သန်မာစေပါတယ်။

ကြက်မောက်သီးမှာ ကင်ဆာရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေ များစွာ ပါဝင်ပါတယ်။ ဒီ ဓါတ်တိုးဆန့်ကျင်မှုတွေဟာ ရောင်ရမ်းခြင်းနဲ့ ခန္ဓာကိုယ်အတွင်းမှာ ကင်ဆာဆဲလ်တွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရတော့ ကြက်မောက်သီး စားခြင်းဟာ အသည်းကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေ မကြီးထွားလာအောင် ကူညီပေးနိုင်ပြီး တခြားကင်ဆာတွေကိုပါ လျော့ကျစေပါတယ်။

ကြက်မောက်သီးဟာ စွမ်းအင်ပြည့်စေတဲ့အသီးဆိုရင်လည်း မမှားပါဘူးနော်။ ကြက်မောက်သီးမှာ ကာဗိုလ်ဟိုက်ဒရိတ်နဲ့ ပရိုတင်းတွေ ပါဝင်တာကြောင့် ခန္ဓာကိုယ် အားပြည့်စေဖို့ အထောက်အကူပြုပါတယ်။ ကြက်မောက်သီးရဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ ပါဝင်တဲ့ အမျှင်ဓါတ်တွေဟာ အစာခြေစနစ်ကို များစွာ ကောင်းမွန်စေတာမို့ ဝမ်းချုပ်ခြင်းတွေ မရှိစေနိုင်ပါဘူး။ ဒါ့အပြင် အူအတွင်း ကပ်ပါးကောင်တွေကို သေစေနိုင်တဲ့ ဘက်တီးရီးယားဆန့်ကျင် ဂုဏ်သတ္တိတွေလည်း ပါဝင်ပါသေးတယ်။ အူကင်ဆာ မဖြစ်စေနိုင်ဘဲ ရေဓါတ်လည်း ပြည့်စေပါတယ်။

အသားအရေ ကြည်ကြည်လင်လင်လေး ဖြစ်ချင်တယ်ဆိုရင်တော့ ကြက်မောက်သီးလေးကို မေ့ထားလို့ မရပါဘူးနော်။ ကြက်မောက်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ မဂ္ဂနီဆီယမ် ပါဝင်တာဟာ free radical ကို တိုက်ထုတ်ပေးပြီး အသားရေ စိုပြေစေဖို့နဲ့ ကျန်းမာတဲ့ အသားအရေ ဖြစ်ဖို့ အထောက်အကူပြုပါတယ်။

အခုဆိုရင် အလုံးအရွယ်သေးပေမယ့် အကျိုးအာနိသင်များတဲ့ ကြက်မောက်သီးလေးရဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပုံကို သိပြီးပြီဆိုတော့ ရာသီစာလေးအဖြစ် စားပေးဖို့ မမေ့နဲ့နော်။

Credit : Hellosayarwom

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top