ချောကလက်နဲ့ ကော်ဖီ
ချောကလက်နဲ့ ပျားရည်
Credit : Mystyle
တော်တော်များများက ချောကလက်ဆိုရင် စားဖို့လောက်ပဲတွေးနေကြတာပါ။ ချောကလက်ကို မျက်နှာပေါင်းတင်တဲ့နေရာမှာ အသုံးပြုလိုက်မယ်ဆိုရင်တော့ ကြည်လင်လှတဲ့မျက်နှာအသားအရေလေးကို ရရှိလာစေမှာပါ။ အခုခေတ်ကောင်မလေးတွေလိုချင်နေကြတဲ့ Glowing Skin လေးကိုလည်း ရရှိလာစေမှာပါ။ ဒီလိုပြီးပြည့်စုံတဲ့ မျက်နှာအသားအရေလေးပိုင်ဆိုင်ဖို့ ချောကလက်နဲ့ ဘယ်လိုပေါင်းတင်ပေးရမလဲဆိုတဲ့ နည်းလမ်းလေးကိုပါ မျှဝေပေးလိုက်ပါတယ်။
ချောကလက်နဲ့ ကော်ဖီ
ချောကလက်နဲ့ကော်ဖီကိုသုံးပြီး မျက်နှာကို ပေါင်းတင်ပေးရမယ့်နည်းလမ်းလေးပါ။ လုပ်ရမယ့်ပုံစံကတော့ ကော်ဖီကြမ်းမှုန့် – လက်ဖက်ရည်ဇွန်း ၄ ဇွန်းနဲ့ ကျေညက်နေတဲ့ ချောကလက် – လက်ဖက်ရည်ဇွန်း ၄ ဇွန်း၊ Milk Cream – လက်ဖက်ရည်ဇွန်း ၈ ဇွန်းနဲ့ ပျားရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေပါ။
ပြီးရင်တော့ Brush နဲ့ယူကာ မျက်နှာမှာလိမ်းပေးရပါမယ်။ ၁၅ မိနစ်ကြာရင်တော့ ရေအေးနဲ့မျက်နှာသစ်လိုက်ပါ။ ဒီလိုလုပ်ပေးခြင်းက အသားအရေကို နူးညံ့ပြီး တောက်ပလာစေပါတယ်။ မိန်းကလေးတိုင်းလိုချင်တဲ့ Glowing Skin ကိုလည်း ရရှိစေပါတယ်။
ချောကလက်နဲ့ ပျားရည်
အရည်ပျော်အောင်လုပ်ထားတဲ့ ချောကလက် – တစ်ခွက်စာ၊ ပျားရည် – ခွက်တစ်ဝက်စာ၊ ပဲမှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ဒိန်ချဉ် – စားပွဲတင်ဇွန်း ၃ ဇွန်းတို့ကို ရောမွှေပါ။ ပြီးရင်တော့ Brush နဲ့ယူပြီး မျက်နှာမှာလိမ်းကာ မိနစ် ၂၀ ထားပေးပါ။ အချိန်ပြည့်ရင်တော့ ရေနွေးနဲ့ မျက်နှာသစ်ပေးပါ။
တစ်ပတ်မှာ ၂ ကြိမ်ပြုလုပ်ပေးမယ်ဆိုရင်တော့ ဝက်ခြံတွေကိုသက်သာစေပြီး ကြည်လင်လှပတဲ့ Glowing Skin ကို ရရှိလာစေမှာပါ။
ဒီပေါင်းတင်နည်း ၂ မျိုးထဲက သင်နှစ်သက်ရာတစ်မျိုးကိုပဲ ရွေးချယ်ပြုလုပ်နိုင်ပါတယ်။
Credit : Mystyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...