iMyanmarHouse.com - Best Property Website for Myanmar
×







Credit : Mystyle

ငှက်ပျောသီးတစ်လုံဟာ ပျိုမေတို့ရဲ့အလှအပရေးရာအတွက် အရမ်းကိုအထောက်အကူပြုစေတဲ့ အသီးတစ်မျိုးပါ။ ဈေးပေါပေါနဲ့ လွယ်လွယ်တကူဝယ်လို့ရနေတဲ့ ငှက်ပျောသီးကို ပျိုမေတို့ရဲ့ အလှအပရေးရာတွေမှာ ဘယ်လိုပြန်လည်အသုံးချလို့ရမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ပျိုမေတိုရဲ့မျက်နှာကို တင်းရင်းပြီးနူးညံ့ချောမွတ်လာစေဖို့ ငှက်ပျောသီးတစ်လုံးကို အသုံးချလိုက်ပါ။ လုပ်ရမယ့်ပုံစံကတော့ ငှက်ပျောသီးတစ်လုံးကို ပန်းကန်ထဲထည့်ပြီး ကျေညက်နေအောင်ချေပါ။ ပြီးရင်တော့ Brush နဲ့ယူပြီး မျက်နှာမှာသုတ်လိမ်းကာ ပေါင်းတင်ပေးရပါမယ်။

ပိုက်ဆံအကုန်ခံပြီး Scrub လုပ်နေမယ့်အစား ငှက်ပျောသီးကိုပဲ အသုံးချလိုက်ပါ။ လုပ်ရမယ့်ပုံစံကတော့ ငှက်ပျောသီးတစ်လုံးကို ကျေညှက်နေအောင်အရင်ချေပြီး သကြား ခွက်ရဲ့လေးပုံပုံသုံးပုံစာထည့်ကာ ရောမွှေပေးပါ။ ပြီးရင်တော့ လက်၊ ခြေထောက်နဲ့ မျက်နှာတွေမှာပွတ်လိမ်းပြီး Scrub ပြုလုပ်နိုင်ပါတယ်။

ဆိုင်မှာသွားပြီးဆံပင်ပေါင်းတင်မယ့်အစား ငှက်ပျောသီးနဲ့ပဲပေါင်းတင်လိုက်ပါ။ ငှက်ပျောသီးတစ်လုံးကို ကျေညက်သွားအောင်ကျိတ်ချေပြီး သံလွင်ဆီ စားပွဲတင်ဇွန်းနှစ်ဇွန်းစာနဲ့ ရောနယ်ပေးပါ။ ပြီးရင်တော့ ဆံပင်မှာနှံ့နေအောင်သုတ်လိမ်းပြီး ဆံထုံးထုံးကာ မိနစ် (၃၀) လောက် ပေါင်းထားလိုက်ပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်လိုက်ရုံပါပဲ။

ငိုထားရင်ပဲဖြစ်ဖြစ်၊ အအိပ်လွန်သွားရင်ပဲဖြစ်ဖြစ် မျက်အိတ်ဖောင်းအစ်နေတာမျိုး၊ ရောင်ရမ်းနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ငှက်ပျောသီးအခွံကိုညှပ်ပြီး မျက်အိတ်ဖောင်းနေတဲ့နေရာမှာ ကပ်ထားပေးလိုက်ပါ။

ဝါနေတဲ့သွားတွေဖြူဖွေးလာစေဖို့အတွက်လည်း ငှက်ပျောသီးကိုပဲ အသုံးပြုပေးပါ။ ငှက်ပျောသီးအခွံကို သွားမှာကြာကြာလေးပွတ်တိုက်ပေးပါ။ နေ့တိုင်းလုပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။ တစ်လလောက်ကြာတာနဲ့ သွားတွေအရင်ကထက်ဖြူလာတာကို တွေ့ရမှာပါ။

Credit : Mystyle

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top