iMyanmarHouse.com - Best Property Website for Myanmar
×

အဂၤါ သားသမီးမ်ားသည္ စိတ္ဓာတ္ ထက္ျမက္ၾကၿပီး စိတ္သေဘာထား အလြန္ ေကာင္းမြန္သူမ်ားျဖစ္ၾကသည္။

ကူညီလိုစိတ္၊ေပးကမ္းလိုစိတ္ အျပည့္အဝ ရွိၿပီး စိတ္ဓာတ္ မာေက်ာသည္။

အလုပ္တစ္ခုကို လုပ္ခ်င္စိတ္ေပၚၿပီ ဆိုလွ်င္ မွားသည္ျဖစ္ေစ မွန္သည္ျဖစ္ေစ လုပ္လိုက္ရမွ ေက်နပ္ၾကသူမ်ား ျဖစ္သည္။

စိတ္ျပတ္သားသည္၊ စိတ္ျမန္ လက္ျမန္လည္း ရွိၾကသည္။ စကားေျပာရာတြင္ ပြင့္လင္းသည္။

အားမနာတမ္း ေျပာတတ္ ဆိုတတ္သည္။ ေျပာမယ္ဆို ေျပာရမွ လုပ္မယ္ဆို လုပ္ရမွ ေက်နပ္တတ္ၾကသူမ်ား ျဖစ္သည္။

စိတ္တိုတတ္၊ေဒါသထြက္ လြယ္တတ္ေသာ္လည္း စိတ္ေျပ လြယ္တတ္ၾကပါသည္။

ေပ်ာ္ရႊင္စရာ ျဖစ္ေစ၊ ေနာင္တရစရာ ျဖစ္ေစ ၾကာရွည္ မခံစားတတ္ၾကပါ။

ခံစားခ်က္ ျပင္းျပင္းထန္ထန္ မထားဘဲ ခပ္ေပါ့ေပါ့ လုပ္တတ္ျခင္းေၾကာင့္ ဘဝတြင္ အမွားမ်ားစြာကို ေတြ႕ႀကံဳ ခံစားရမည္။

မည္သည့္ အလုပ္ကို မဆို အေသးစိတ္ ေအာက္ေျခသိမ္း လုပ္ကိုင္ႏိုင္စြမ္း ရွိသည္။

မေအာင္ျမင္မျခင္း ဇြဲႏွင့္ လုပ္ကိုင္တတ္သည္။

သို႔ေသာ္ အစမျပဳမိေသးခင္ အထိ ပ်င္းရိေနတတ္သည္။

စိတ္ခ်မ္းသာစရာ၊ စိတ္ေပ်ာ္ရႊင္စရာကို ဦးသားေပး လုပ္ကိုင္တတ္ၿပီး ဘဝအနာဂတ္ အေရးကိုအၿမဲတမ္း စဥ္းစားေနတတ္သူမ်ား ျဖစ္ၾကသည္။

သင့္ကို အျပင္ပန္းက ၾကည့္လွ်င္ ပ်င္းသည္၊ ခပ္ေပါ့ေပါ့ ေနတတ္သည္ဟု ထင္ျမင္ၾကသည္။

အျပင္ပန္းက ေအးသည္ ထင္ရေသာ္လည္း စိတ္ထဲက အၿမဲ အလုပ္လုပ္ေနတတ္ ၾကသည္။

မည္သည့္ အေၾကာင္းအရာကိုမဆို စူးစမ္း ေလ့လာလိုစိတ္ အၿမဲရွိသည္။

သူမ်ား မလုပ္ရဲေသာ အလုပ္၊ စြန္႔ပစ္သြားေသာ အလုပ္ကို လုပ္ကိုင္ၿပီး ေအာင္ျမင္တတ္သည္။

Credit:Original

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version#
အင်္ဂါ သားသမီးများသည် စိတ်ဓာတ် ထက်မြက်ကြပြီး စိတ်သဘောထား အလွန် ကောင်းမွန်သူများဖြစ်ကြသည်။

ကူညီလိုစိတ်၊ပေးကမ်းလိုစိတ် အပြည့်အဝ ရှိပြီး စိတ်ဓာတ် မာကျောသည်။

အလုပ်တစ်ခုကို လုပ်ချင်စိတ်ပေါ်ပြီ ဆိုလျှင် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ လုပ်လိုက်ရမှ ကျေနပ်ကြသူများ ဖြစ်သည်။

စိတ်ပြတ်သားသည်၊ စိတ်မြန် လက်မြန်လည်း ရှိကြသည်။ စကားပြောရာတွင် ပွင့်လင်းသည်။

အားမနာတမ်း ပြောတတ် ဆိုတတ်သည်။ ပြောမယ်ဆို ပြောရမှ လုပ်မယ်ဆို လုပ်ရမှ ကျေနပ်တတ်ကြသူများ ဖြစ်သည်။

စိတ်တိုတတ်၊ဒေါသထွက် လွယ်တတ်သော်လည်း စိတ်ပြေ လွယ်တတ်ကြပါသည်။

ပျော်ရွှင်စရာ ဖြစ်စေ၊ နောင်တရစရာ ဖြစ်စေ ကြာရှည် မခံစားတတ်ကြပါ။

ခံစားချက် ပြင်းပြင်းထန်ထန် မထားဘဲ ခပ်ပေါ့ပေါ့ လုပ်တတ်ခြင်းကြောင့် ဘဝတွင် အမှားများစွာကို တွေ့ကြုံ ခံစားရမည်။

မည်သည့် အလုပ်ကို မဆို အသေးစိတ် အောက်ခြေသိမ်း လုပ်ကိုင်နိုင်စွမ်း ရှိသည်။

မအောင်မြင်မခြင်း ဇွဲနှင့် လုပ်ကိုင်တတ်သည်။

သို့သော် အစမပြုမိသေးခင် အထိ ပျင်းရိနေတတ်သည်။

စိတ်ချမ်းသာစရာ၊ စိတ်ပျော်ရွှင်စရာကို ဦးသားပေး လုပ်ကိုင်တတ်ပြီး ဘဝအနာဂတ် အရေးကိုအမြဲတမ်း စဉ်းစားနေတတ်သူများ ဖြစ်ကြသည်။

သင့်ကို အပြင်ပန်းက ကြည့်လျှင် ပျင်းသည်၊ ခပ်ပေါ့ပေါ့ နေတတ်သည်ဟု ထင်မြင်ကြသည်။

အပြင်ပန်းက အေးသည် ထင်ရသော်လည်း စိတ်ထဲက အမြဲ အလုပ်လုပ်နေတတ် ကြသည်။

မည်သည့် အကြောင်းအရာကိုမဆို စူးစမ်း လေ့လာလိုစိတ် အမြဲရှိသည်။

သူများ မလုပ်ရဲသော အလုပ်၊ စွန့်ပစ်သွားသော အလုပ်ကို လုပ်ကိုင်ပြီး အောင်မြင်တတ်သည်။


Credit:Original


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top