iMyanmarHouse.com - Best Property Website for Myanmar
×
နှုတ်ခမ်းနီ
ဘီး
Spray ဘူး
Mist
Sunscreen
ရေမွှေး
Hand Gel
Credit : Mystyle
မိန်းကလေးတွေမှာ လိုအပ်တဲ့ပစ္စည်းလေးတွေနဲ့ အရေးပေါ်သုံးရမယ့်ပစ္စည်းလေးတွေက ရှိကိုရှိပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ပိုက်ဆံအိတ်ထဲမှာ ထည့်ထားသင့်တဲ့ပစ္စည်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။
နှုတ်ခမ်းနီ
ဒါကတော့ ပြောနေစရာတောင်မလိုတော့ပါဘူး။ အခုခေတ်မိန်းကလေးတိုင်းရဲ့ အိတ်ထဲကိုကြည့်လိုက်တာနဲ့ နှုတ်ခမ်းနီကတော့ ပါနေပြီးသားပါ။ ကိုယ်ဆိုးနေကျနှုတ်ခမ်းနီလေးကတော့ ပိုက်ဆံအိတ်ထဲမှာ ထည့်ထားသင့်ပါတယ်နော်။ ဒါမှလည်း အချိန်တိုင်းမှာ လှနေမှာပါ။
ဘီး
ဘီးကလည်း ထည့်ထားသင့်ပါတယ်။ အပြင်သွားတဲ့အခါမှာ ဆံပင်က အမြဲပွနေတာဆိုတော့ ဘီးတစ်ချောင်းကို မဖြစ်မနေထည့်ထားပေးရပါမယ်။ ဒါမှလည်း ကြည့်လိုက်တာနဲ့ ဆံပင်လေးကသပ်သပ်ရပ်ရပ်နဲ့ လှနေမှာပါ။
အမျိုးသမီးလစဉ်သုံးပစ္စည်း
မိန်းကလေးတစ်ယောက်ရဲ့ ပိုက်ဆံအိတ်ထဲမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းလေးတစ်ခုတော့ ထည့်ထားသင့်ပါတယ်။ ကိုယ်အရေးပေါ်လိုအပ်လာတဲ့အခါမျိုးှမှာဆို အရမ်းအသုံးဝင်ပါတယ်။ တချို့မိန်းကလေးတွေက ဒါကိုထည့်ထားရမှာ မေ့နေတတ်ကြတယ်။
Spray ဘူး
ငရုပ်သီးနဲ့လုပ်ထားတဲ့ Spray ဘူးဖြစ်ဖြစ်၊ မိန်းကလေးတွေ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့လုပ်ထားတဲ့ Spray ဘူးတွေရှိပါတယ်။ ကိုယ့်အန္တရာယ်ကိုကာကွယ်ဖို့ တစ်ဘူးလောက်တော့ အိတ်ထဲမှာထည့်ထားသင့်ပါတယ်။
Mist
Mist ဟာ မိန်းကလေးတိုင်းဆောင်ထားသင့်တဲ့ ပစ္စည်းလေးတစ်ခုပါ။ မျက်နှာကို ခဏခဏဖြန်းပေးလေ ရေဓာတ်ရလေပါပဲ။ အပြင်သွားတဲ့အခါမှာလည်း မျက်နှာက ရေဓာတ်မရတော့တဲ့အခါမှာ အဆီဖုနဲ့ ဝက်ခြံတွေထွက်လာတတ်ပါတယ်။ ဒါကြောင့် ရေဓာတ်ဖြည့်ပေးတဲ့ Mist ကို ဆောင်ထားသင့်ပါတယ်။
Sunscreen
Sunscreen ကတော့ မရှိမဖြစ်ပါပဲ။ အသားအရေမပျက်စီးအောင် အပြင်သွားတဲ့အခါမှာ ၄ နာရီကြားတစ်ခါလောက် Sunscreen ကို ပြန်လိမ်းပေးဖို့လိုပါတယ်။ တကူးတကမလိမ်းချင်တဲ့သူတွေဆိုရင် Sunwscreen ကို Spray ဘူးလေးတွေရှိပါတယ်။ အဲ့တာလေးတွေ ဆောင်ထားပေါ့နော်။
ရေမွှေး
ချွေးထွက်လာတဲ့အခါနဲ့ အရေးကြီးတဲ့သူတစ်ယောက်နဲ့ တွေ့ရတော့မယ်ဆိုရင် အလွယ်တကူထုတ်သုံးလို့ရအောင် အိတ်ဆောင်ရေမွှေးလေးလည်း ထည့်ထားသင့်ပါတယ်။ မဖြစ်မနေထည့်ပြီးဆောင်ထားရမှာ မဟုတ်ပေမယ့်လည်း ဆောင်ထားရင်တော့ ပိုကောင်းတာပေါ့။
Hand Gel
တစ်ခုခုကို ကိုင်ပြီးတဲ့အခါမှာ လက်ကိုသန့်စင်လို့ရအောင် Hand Gel လေးလည်း ဆောင်ထားသင့်ပါတယ်။ မသန့်တဲ့လက်နဲ့ မျက်နှာကိုကိုင်မိရင် ဝက်ခြံထွက်တတ်တော့ ဆင်ခြင်နိုင်မှ တော်ကာကျမယ်နော်။
Credit : Mystyle
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top