iMyanmarHouse.com - Best Property Website for Myanmar
×
“ယနေ့ကုသိုလ်
Credit : Duwun
အရေးပေါ်သွေးလိုအပ်နေတဲ့ ကလေးလေးအတွက် မော်ဒယ်စူးရှထက်က သွေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သူ့အနေနဲ့ အရမ်းကံနိမ့် နေလို့ ရှေ့လျှောက်မှာလည်း ကုသိုလ်အလုပ်တွေကို ဦးစားပေး လုပ်သွားမယ်လို့ ပြောထားပါသေးတယ်။
အခုလည်း အရေးပေါ်သွေးလိုနေတာကို လှူခဲ့တာပါ။
“ယနေ့ကုသိုလ်
ဖင်စအိုပိတ်ကလေးငယ်ခွဲစိတ်အပြီး လိုအပ်သောအရေးပေါ် အို-သွေး တောင်းခံလာမှုကြောင့် ပါရမီ ဆေးရုံကြီးတွင် သွားရောက်လှူဒါန်းခဲ့ပါတယ်။
မွစိ အရမ်းကံနိမ့်နေလို့ ကုသိုလ်အလုပ်တွေရှေ့လျောက် ဦးစားပေးလုပ်ဆောင်သွားပါမယ်။ မွစိကို ချစ်တဲ့ပရိတ်သတ်တွေအတွက်လည်း မွစိပြုသမျှကုသိုလ်အစုစုအတွက် ထပ်တူရပါစေလို့ ဆုတောင်းပေးပါတယ်” လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ရေးသားထားပါတယ်။
သူ့အနေနဲ့ ယခုနောက်ပိုင်းမှာ အလှူအတန်းတွေ တော်တော်ပြုလုပ်လာတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က လှိုင်သာယာ ထိန်ပင် အမှိုက်ပုံ မီးလောင်မှုတွင် မီးငြိမ်းသတ်နေတဲ့ မီးသတ်သမားတွေအတွက် တတ်နိုင်သလောက် ငွေကြေးအလှူလေး သွားရောက်လှူဒါန်းခဲ့တာလည်း တွေ့ရပါတယ်။
မော်ဒယ် စူးရှထက်ဟာ လက်ရှိမှာ အဆိုတော် အစ္စဏီနဲ့ ပတ်သက်ပြီး ပရိသတ်တွေ သတိထားမိလာတဲ့ အနုပညာရှင်တစ်ဦးဖြစ် ပါတယ်။
အစ္စဏီရဲ့ မတရားနှိပ်စက် သားမယားပြုခြင်းကို ခံရတာကြောင့် သက်ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားထားတယ်လိုကလည်း သိရပါတယ်။
Credit : Duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top