iMyanmarHouse.com - Best Property Website for Myanmar
×

အစာမေၾကလြယ္ဘဲ ေလပြၿပီး ဗိုက္တင္းေနတတ္သူေတြအတြက္ပါ။ အစာအိမ္လုပ္ငန္းေနွးေကြးတယ္လို႔ ဆိုရမွာေပါ့။ အဘိုးအဘြားေတြ အာ႐ံုေၾကာေရာဂါသည္ေတြ ဆီးခ်ိဳေရာဂါသည္ေတြမွာလည္း ေတြ႔ရတတ္ပါတယ္။

• ေလပြမယ္

• ရင္ပူမယ္

• ဗိုက္ကယ္မယ္

• တခါစားၿပီးထပ္မစားခ်င္ဘူး

• အေတာ္ၾကာတဲ့အထိမဆာဘူး

ဒီလိုလူေတြအတြက္ ဘယ္လိုနည္းေတြက ထိေရာက္သလဲ

          ၾကည့္ၾကည့္ရေအာင္ေဆာင္ရန္ေရွာင္ရန္ေလးေတြေပါ့..ေရရွည္သာဆို အာဟာရမျပည့္၀တာနဲ့ က်န္းမာေရးထိခိုက္တတ္လို့ျဖစ္ပါတယ္။ အစာေၾကေဆးေတြစားတာအျပင္ အျခားနည္းလမ္းေကာင္းေလးေတြကိုလည္း ညႊန္ပါရေစ။

• အစာကိုနည္းနည္းနဲ႔ ခဏခဏစားမယ္

• အစားစားခ်ိန္ ဟင္းခ်ိဳ သို႔မဟုတ္ ေရ၊ ေဖ်ာ္ရည္ေတြ မေသာက္သင့္ဘူး။

• ဘာစားစားေျဖးေျဖးနဲ႔ အာရံုစိုက္စားမယ္

• အစာကိုေၾကညက္ေအာင္၀ါးမယ္

• စားေနခ်ိန္ အထိုင္အထ၊ အိပ္တာ၊ လွဲခ်တာ မလုပ္သင့္ဘူး

• ၿငိမ္ၿငိမ္သက္သက္ ေအးေအးေဆးေဆးစားပါ။

အဆီမ်ားတဲ့ အစားအစာေတြ၊ နို႔နဲ႔နို႔ထြက္စားစရာေတြ၊ ဒိန္ခ်ဥ္၊ ႏြားနို႔၊ ပူတင္းေထာပတ္ ဒါေတြေလွ်ာ့စားပါ။

• ၀က္သား၊ အဆီအေခါက္၊ ဆီျပန္ဟင္းေတြ ေရွာင္ၾကဥ္ပါ။

• လိေမၼာ္သီး၊ ဖရဲသီး၊ ဒူးရင္းစတဲ့ အမွ်င္မ်ားတဲ့ အသီးအနွံေတြကို ေရွာင္ပါ။

• သစ္သီးစားတဲ့အခါ အလံုးလိုက္စားစိတ္စားတာထက္ ေဖ်ာ္ရည္လုပ္ေသာက္လိုက္တာ အစာျမန္ျမန္ေၾကလြယ္ေစပါတယ္။

• အသီးအနွံေတြကို ခ်က္စားပါ။ ႏူးေအာင္ ေရေႏြးေလာင္းပါ။ ျပဳတ္ပါ။ ေၾကာ္ပါ။ နူးနူးညံ့ညံံ့အစာေၾကလြယ္ေလ ေကာင္းေလပါပဲ။

• ေပါင္မုန္႔နုနု၊ ကိတ္မုန္႔၊ ဆန္ၾကာဇံ၊ မုန္႔တီ ေခါက္ဆြဲျပဳတ္ခ်ိဳ ေတြစားနိုင္ပါတယ္။ ဂ်ံဳနုေလ အစာေၾကလြယ္ေလပါပဲ။

          ေဖာ္ျပပါနည္းလမ္းေလးေတြဟာ အစာမေၾကေလပြတာ၊ အစာအိမ္လုပ္ငန္းေနွးေကြးတာကို အထိုက္အေလ်ာက္သက္သာေစတာမို႔ လုိက္နာက်င့္သံုးၾကည့္ၾကည့္ၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

Credit: ဂ်ီပီငွက္ (ေဆး/မန္း) (drmyanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
အစာမကြေလွယ်ဘဲ လေပွပြီး ဗိုက်တင်းနေတတ်သူတွေအတွက်ပါ။ အစာအိမ်လုပ်ငန်းနှေးကွေးတယ်လို့ ဆိုရမှာပေါ့။ အဘိုးအဘွားတွေ အာရုံကြောရောဂါသည်တွေ ဆီးချိုရောဂါသည်တွေမှာလည်း တွေ့ရတတ်ပါတယ်။

• လေပွမယ်

• ရင်ပူမယ်

• ဗိုက်ကယ်မယ်

• တခါစားပြီးထပ်မစားချင်ဘူး

• အတော်ကြာတဲ့အထိမဆာဘူး

ဒီလိုလူတွေအတွက် ဘယ်လိုနည်းတွေက ထိရောက်သလဲ

          ကြည့်ကြည့်ရအောင်ဆောင်ရန်ရှောင်ရန်လေးတွေပေါ့..ရေရှည်သာဆို အာဟာရမပြည့်ဝတာနဲ့ ကျန်းမာရေးထိခိုက်တတ်လို့ဖြစ်ပါတယ်။ အစာကြေဆေးတွေစားတာအပြင် အခြားနည်းလမ်းကောင်းလေးတွေကိုလည်း ညွှန်ပါရစေ။

• အစာကိုနည်းနည်းနဲ့ ခဏခဏစားမယ်

• အစားစားချိန် ဟင်းချို သို့မဟုတ် ရေ၊ ဖျော်ရည်တွေ မသောက်သင့်ဘူး။

• ဘာစားစားဖြေးဖြေးနဲ့ အာရုံစိုက်စားမယ်

• အစာကိုကြေညက်အောင်ဝါးမယ်

• စားနေချိန် အထိုင်အထ၊ အိပ်တာ၊ လှဲချတာ မလုပ်သင့်ဘူး

• ငြိမ်ငြိမ်သက်သက် အေးအေးဆေးဆေးစားပါ။

အဆီများတဲ့ အစားအစာတွေ၊ နို့နဲ့နို့ထွက်စားစရာတွေ၊ ဒိန်ချဉ်၊ နွားနို့၊ ပူတင်းထောပတ် ဒါတွေလျှော့စားပါ။

• ဝက်သား၊ အဆီအခေါက်၊ ဆီပြန်ဟင်းတွေ ရှောင်ကြဉ်ပါ။

• လိမ္မော်သီး၊ ဖရဲသီး၊ ဒူးရင်းစတဲ့ အမျှင်များတဲ့ အသီးအနှံတွေကို ရှောင်ပါ။

• သစ်သီးစားတဲ့အခါ အလုံးလိုက်စားစိတ်စားတာထက် ဖျော်ရည်လုပ်သောက်လိုက်တာ အစာမြန်မြန်ကြေလွယ်စေပါတယ်။

• အသီးအနှံတွေကို ချက်စားပါ။ နူးအောင် ရေနွေးလောင်းပါ။ ပြုတ်ပါ။ ကြော်ပါ။ နူးနူးညံ့ညံံ့အစာကြေလွယ်လေ ကောင်းလေပါပဲ။

• ပေါင်မုန့်နုနု၊ ကိတ်မုန့်၊ ဆန်ကြာဇံ၊ မုန့်တီ ခေါက်ဆွဲပြုတ်ချို တွေစားနိုင်ပါတယ်။ ဂျုံနုလေ အစာကြေလွယ်လေပါပဲ။

          ဖော်ပြပါနည်းလမ်းလေးတွေဟာ အစာမကြေလေပွတာ၊ အစာအိမ်လုပ်ငန်းနှေးကွေးတာကို အထိုက်အလျောက်သက်သာစေတာမို့ လိုက်နာကျင့်သုံးကြည့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Credit: ဂျီပီငှက် (ဆေး/မန်း) (drmyanmar)
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top