iMyanmarHouse.com - Best Property Website for Myanmar
×

ဗီယက္နမ္မင္းသမီးေလး ငုရင္ထရန္ဟုရန္ေမဟာ ျမန္မာနိုင္ငံမွာ ရုပ္ရွင္ေတြလာမရိုက္ခင္ကတည္းက ေရသူမေလးလို နတ္မိမယ္ေလးလုိ တဖ်တ္ဖ်တ္လက္ပေနခဲ့တဲ့ ပန္းနုေရာင္ Dress ေလးနဲ႔ ဓာတ္ပံုေလးေတြ အင္တာနက္ေပၚမွာ ပ်ံ႕နွံ႕ေနခဲ့ကတည္းက ျမန္မာပရိသတ္ေတြရဲ႕ ရင္ထဲမွာေနရာယူထားခဲ့တာျဖစ္ပါတယ္။ ငုရင္ထရန္ဟုရန္ေမဟာ သူမရဲ႕ ထူးျခားတဲ့ ကံၾကမၼာလို႔ေျပာရမလား ထူးထူးျခားျခားခ်စ္ဖို႔ေကာင္းေနတဲ့ အသြင္သ႑ာန္ေၾကာင့္လို႔ို ဆိုရမလား အျခားမင္းသမီးေတြ ေမာ္ဒယ္ေတြနဲ႔ေတာင္မတူပဲ ျမန္မာနိုင္ငံတစ္ဝွမ္းမွာ ေယာက္်ားေလးေတြအျပင္ မိန္းကေလးေတြပါ ဝုိင္းခ်စ္တာခံရတဲ့ မင္းသမီးတစ္လက္ျဖစ္ပါတယ္။

ငုရင္ထရန္ဟုရန္ေမက မၾကာေသးခင္ကပဲ တိမ္တိုက္တံတားဆိုတဲ့ ရုပ္ရွင္ဇာတ္ကားၾကီးကုိ အကယ္ဒမီေနတိုး၊ ခင္ဝင့္ဝါတို႔နဲ႔အတူ တြဲဖက္သရုပ္ေဆာင္ထားပါတယ္။ တိမ္တိုက္တံတားရုပ္ရွင္ကားၾကီးနဲ႔ ပတ္သက္တဲ့အေတြ႕အၾကံဳေလးေတြကုိလည္း Media ေတြကုိ ခ်စ္စဖြယ္အမူအရာေလးေတြနဲ႔ ေျဖၾကားထားေပးတာလည္း ေတြ႕ရပါတယ္။ တိမ္တိုက္တံတားရုပ္ရွင္ကားၾကီး ရုိက္ျဖစ္ခဲ့ပံုကေတာ့ “ကြ်န္မရဲ႕ Jersey ယူနီေဖာင္းနဲ႔ ဓာတ္ပံုကုိျမင္ျပီး Media 7 က ဒီဇာတ္ကားရိုက္ကူးဖို႔ ကြ်န္မရဲ႕နုိင္ငံကုိ လာေရာက္ကမ္းလွမ္းခဲ့တဲ့အတြက္ ဒီဇာတ္ကားကုိ ကုိေနတိုးနဲ႔အတူရိုက္ျဖစ္ခဲ့တာပါ”လို႔ ေျဖၾကားခဲ့ပါတယ္။

သူမရဲ႕ ပထမဆံုးျမန္မာရုပ္ရွင္ျဖစ္တဲ့ တိမ္တိုက္တံတားရုပ္ရွင္ဇာတ္ကားၾကီးကို Trailer အတိုေလးထြက္ကတည္းက ပရိသတ္ေတြက ေသာင္းေသာင္းဖ်ဖ် စိတ္ဝင္တစားနဲ႔အားေပးဖို႔ အဆင္သင့္ျဖစ္ေနၾကတဲ့အေပၚလည္း ဗီယက္နမ္မင္းသမီးေလးက “Trailer အတိုေလးကုိအားေပးၾကလို႔ ဝမ္းသာမိပါတယ္။ ကြ်န္မကုိအျမဲတမ္းအားေပးေနတဲ့ ျမန္မာပရိသတ္ၾကီးကုိ ေက်းဇူးအမ်ားၾကီးတင္ပါတယ္။

ၾကည့္ရတာ ျမန္မာလူမ်ိဳးေတြရဲ႕ ေႏြးေထြးေဖာ္ေရြတဲ့စိတ္ထားကုိ ဗီယက္နမ္မင္းသမီးေလးက နက္နက္ရႈိင္းရိႈင္းခံစားမိခဲ့ပံုေပၚပါတယ္။ဘာေၾကာင့္ဆို “ကြ်န္မမင္းသမီးမျဖစ္ခင္ လြန္ခဲ့တဲ့ေျခာက္နွစ္ေလာက္တုန္းက ျမန္မာကုိ တစ္ခါလာဖူးတယ္။ ျမန္မာလူမ်ိဳးေတြက ကြ်န္မမင္းသမီးမျဖစ္ေသးပဲနဲ႔ေတာင္ ကြ်န္မကုိ ကြ်န္မအတိုင္းတုိင္းပဲခ်စ္ေပးၾကသလို အကူအညီေတြေႏြးေထြးမႈေတြေပးၾကတယ္။”လို႔ ေျပာျပထားခဲ့ေသးလို႔ပါပဲ။

ေရကူးကန္ထဲမွာ ရုိက္တဲ့ဇာတ္ဝင္ခန္းမွာ ကုိေနတိုးကုိ တကယ္နမ္းခဲ့တာလားဆိုတဲ့ေမးခြန္းကိုေတာ့ ငုရင္ထရန္ဟုရန္ေမက ပါးစပ္ကုိလက္ေလးနဲ႔ကာျပီးရွက္သြားဟန္တူပါတယ္။ျပီးေတာ့မွ ရယ္ေမာျပီးဒီလိုေျဖခဲ့ပါတယ္။ “အဲဒီအခန္းမွာေတာ့ တကယ္နမ္းခဲ့တာမဟုတ္ပါဘူး။ ဒါေပမယ့္ အျခားအခန္းတစ္ခုမွာေတာ့ တကယ္ပဲနမ္းျဖစ္သြားခဲ့ပါတယ္။ ရႈးတိုးတိုး အဲ့ဒါ လ်ိဳ႕ဝွက္ခ်က္ေနာ္”တဲ့။ ေျဖပံုေလးက တကယ္ကုိခ်စ္စရာေကာင္းတာပါ။

ေျပာခ်င္လြန္းလို႔ရဲ႕ပရိသတ္ၾကီးေရာ ကုိေနတိုးကုိ တကယ္နမ္းျဖစ္သြားတယ္ဆိုတဲ့ ဗီယက္နမ္မင္းသမီးေခ်ာေလး ငုရင္ထရန္ဟုရန္ေမကုိ ခ်စ္ၾကရဲ႕လား…။ တိမ္တုိက္တံတားရုပ္ရွင္ကားၾကီးကိုေရာ သြားေရာက္အားေပးမွာလား ။ေျဖခဲ့ၾကဦးေနာ္။

Credit: Can’t Wait To Say
# Unicode Version ျဖင့္ ဖတ္ပါ #
ဗီယက်နမ်မင်းသမီးလေး ငုရင်ထရန်ဟုရန်မေဟာ မြန်မာနိုင်ငံမှာ ရုပ်ရှင်တွေလာမရိုက်ခင်ကတည်းက ရေသူမလေးလို နတ်မိမယ်လေးလို တဖျတ်ဖျတ်လက်ပနေခဲ့တဲ့ ပန်းနုရောင် Dress လေးနဲ့ ဓာတ်ပုံလေးတွေ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေခဲ့ကတည်းက မြန်မာပရိသတ်တွေရဲ့ ရင်ထဲမှာနေရာယူထားခဲ့တာဖြစ်ပါတယ်။ ငုရင်ထရန်ဟုရန်မေဟာ သူမရဲ့ ထူးခြားတဲ့ ကံကြမ္မာလို့ပြောရမလား ထူးထူးခြားခြားချစ်ဖို့ကောင်းနေတဲ့ အသွင်သဏ္ဍာန်ကြောင့်လို့ို ဆိုရမလား အခြားမင်းသမီးတွေ မော်ဒယ်တွေနဲ့တောင်မတူပဲ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ယောက်ျားလေးတွေအပြင် မိန်းကလေးတွေပါ ဝိုင်းချစ်တာခံရတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

ငုရင်ထရန်ဟုရန်မေက မကြာသေးခင်ကပဲ တိမ်တိုက်တံတားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အကယ်ဒမီနေတိုး၊ ခင်ဝင့်ဝါတို့နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ တိမ်တိုက်တံတားရုပ်ရှင်ကားကြီးနဲ့ ပတ်သက်တဲ့အတွေ့အကြုံလေးတွေကိုလည်း Media တွေကို ချစ်စဖွယ်အမူအရာလေးတွေနဲ့ ဖြေကြားထားပေးတာလည်း တွေ့ရပါတယ်။ တိမ်တိုက်တံတားရုပ်ရှင်ကားကြီး ရိုက်ဖြစ်ခဲ့ပုံကတော့ “ကျွန်မရဲ့ Jersey ယူနီဖောင်းနဲ့ ဓာတ်ပုံကိုမြင်ပြီး Media 7 က ဒီဇာတ်ကားရိုက်ကူးဖို့ ကျွန်မရဲ့နိုင်ငံကို လာရောက်ကမ်းလှမ်းခဲ့တဲ့အတွက် ဒီဇာတ်ကားကို ကိုနေတိုးနဲ့အတူရိုက်ဖြစ်ခဲ့တာပါ”လို့ ဖြေကြားခဲ့ပါတယ်။

သူမရဲ့ ပထမဆုံးမြန်မာရုပ်ရှင်ဖြစ်တဲ့ တိမ်တိုက်တံတားရုပ်ရှင်ဇာတ်ကားကြီးကို Trailer အတိုလေးထွက်ကတည်းက ပရိသတ်တွေက သောင်းသောင်းဖျဖျ စိတ်ဝင်တစားနဲ့အားပေးဖို့ အဆင်သင့်ဖြစ်နေကြတဲ့အပေါ်လည်း ဗီယက်နမ်မင်းသမီးလေးက “Trailer အတိုလေးကိုအားပေးကြလို့ ဝမ်းသာမိပါတယ်။ ကျွန်မကိုအမြဲတမ်းအားပေးနေတဲ့ မြန်မာပရိသတ်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်။

ကြည့်ရတာ မြန်မာလူမျိုးတွေရဲ့ နွေးထွေးဖော်ရွေတဲ့စိတ်ထားကို ဗီယက်နမ်မင်းသမီးလေးက နက်နက်ရှိုင်းရှိုင်းခံစားမိခဲ့ပုံပေါ်ပါတယ်။ဘာကြောင့်ဆို “ကျွန်မမင်းသမီးမဖြစ်ခင် လွန်ခဲ့တဲ့ခြောက်နှစ်လောက်တုန်းက မြန်မာကို တစ်ခါလာဖူးတယ်။ မြန်မာလူမျိုးတွေက ကျွန်မမင်းသမီးမဖြစ်သေးပဲနဲ့တောင် ကျွန်မကို ကျွန်မအတိုင်းတိုင်းပဲချစ်ပေးကြသလို အကူအညီတွေနွေးထွေးမှုတွေပေးကြတယ်။”လို့ ပြောပြထားခဲ့သေးလို့ပါပဲ။

ရေကူးကန်ထဲမှာ ရိုက်တဲ့ဇာတ်ဝင်ခန်းမှာ ကိုနေတိုးကို တကယ်နမ်းခဲ့တာလားဆိုတဲ့မေးခွန်းကိုတော့ ငုရင်ထရန်ဟုရန်မေက ပါးစပ်ကိုလက်လေးနဲ့ကာပြီးရှက်သွားဟန်တူပါတယ်။ပြီးတော့မှ ရယ်မောပြီးဒီလိုဖြေခဲ့ပါတယ်။ “အဲဒီအခန်းမှာတော့ တကယ်နမ်းခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် အခြားအခန်းတစ်ခုမှာတော့ တကယ်ပဲနမ်းဖြစ်သွားခဲ့ပါတယ်။ ရှုးတိုးတိုး အဲ့ဒါ လျို့ဝှက်ချက်နော်”တဲ့။ ဖြေပုံလေးက တကယ်ကိုချစ်စရာကောင်းတာပါ။

ပြောချင်လွန်းလို့ရဲ့ပရိသတ်ကြီးရော ကိုနေတိုးကို တကယ်နမ်းဖြစ်သွားတယ်ဆိုတဲ့ ဗီယက်နမ်မင်းသမီးချောလေး ငုရင်ထရန်ဟုရန်မေကို ချစ်ကြရဲ့လား…။ တိမ်တိုက်တံတားရုပ်ရှင်ကားကြီးကိုရော သွားရောက်အားပေးမှာလား ။ဖြေခဲ့ကြဦးနော်။

Credit: Can’t Wait To Say
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top