iMyanmarHouse.com - Best Property Website for Myanmar
×

ကြၽန္ေတာ္တို႔ေယာက္်ားေလးအမ်ားစုဟာ ကြၽန္ေတာ္တို႔ရဲ႕ လိင္အဂၤါနဲ႔ လုပ္ေဆာင္ခ်က္ အမ်ားစုကို သိၿပီးသားျဖစ္ေပမဲ့ ကြၽန္ေတာ္တို႔ လိင္အဂၤါနဲ႔ ပတ္သတ္ၿပီး လူသိနည္းတဲ့ အခ်က္အလက္ေတြရွိေနပါေသးတယ္။ ကြၽန္ေတာ္တို႔ ျမန္မာစကားမွာလည္း ေယာက္်ားေလး လိင္အဂၤါကို နာမည္အမ်ိဳးမ်ိဳးနဲ႔ ေခၚေနၾကသလို အဂၤလိပ္စကားမွာလည္း todger, wang, willy, dangler စသျဖင့္ အမ်ိဳးမ်ိဳးေခၚေဝၚၾကပါတယ္။ လိင္အဂၤါေတြဟာ  တစ္ျခား အဂၤါေတြလိုပုံမွန္မဟုတ္သလို ထင္ရေပမဲ့ ကြၽန္ေတာ္တို႔ လူသားမ်ိဳးႏြယ္စု ရွင္သန္ေရးအတြက္ အဓိကက်တဲ့ ခႏၶာကိုယ္အစိတ္ပိုင္းတစ္ခုလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ လိင္အဂၤါေတြဟာ ဆင့္ကဲ့ျဖစ္စဥ္ထဲမွာ ေကာင္းေကာင္းပါဝင္ခဲ့တဲ့ အဂၤါေတြ ျဖစ္ၿပီး လူသားမ်ိဳးႏြယ္အစကေန ယခုလက္ရွိအခ်ိန္ထိ အေရးပါတဲ့ အစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္ေနဆဲ ျဖစ္ပါတယ္။ လူသားမ်ိဳးႏြယ္အစ ဆိုတာနဲ႔ပတ္သတ္ၿပီး ကမာၻေပၚမွာ အေစာဆုံး အထီးလိင္အဂၤါဟာ လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း ၄၂၅ သန္းခန႔္ ေက်ာ႐ိုးမဲ့ အခြံမာ ေရေနသတၱဝါ တစ္ေကာင္ရဲ႕ ေက်ာက္ျဖစ္႐ုပ္ႂကြင္းမွာေတြ႕ခဲ့ရတာ ျဖစ္ၿပီး  ဂရိလို Colymbosathon ecplecticos လို႔ အမည္ရပါတယ္။ ျမန္မာလို႔ အဓိပၸါယ္အရေတာ့ ေဝွးေစ့ႀကီးနဲ႔ အံ့အားသင့္ဖြယ္ရာ ေရေနသတၱဝါလို႔ ဘာသာျပန္ရမွာပါ။ ဒါကေတာ့ အမ်ိဳးသား မ်ိဳးပြားအဂၤါနဲ႔ပတ္သတ္ၿပီး သိေကာင္းစရာအခ်က္တစ္ခ်က္ျဖစ္ၿပီး  ဒီေဆာင္းပါးမွာေတာ့ ဖိုလိင္အဂၤါေတြရဲ႕ လူသိနည္းတဲ့ စိတ္ဝင္စားစရာ အခ်က္အလက္ေတြကို Hellosayarwon စာဖတ္ပရိတ္သတ္ႀကီးအတြက္ ေဖာ္ျပလိုက္ပါတယ္။
၁။ အမ်ိဳးသားေတြရဲ႕ လိပ္အဂၤါဟာ မေမြးခင္ကတည္းက ေထာင္မတ္ေနတာပါ။

အမ်ိဳးသားလိင္အဂၤါေတြဟာ ေမြးကတည္းက အဆင္သင့္ ျဖစ္ေနၾကတာပါ။ ေယာက္်ားေလးေတြအေနနဲ႔ မိခင္ဝမ္းမွာကတည္းက ေထာင္မတ္ေနတဲ့ ျဖစ္စဥ္မ်ိဳးေတြဟာ ရွိတတ္ပါတယ္။ မေမြးခင္ကတည္းက တစ္ခ်ိဳ႕ေသာ ultrasound scan ေတြမွာဆိုရင္ သေႏၶသားရဲ႕ လိင္အဂၤါက ေထာင္မတ္ေနတာမ်ိဳးကို ေတြ႕ရွိခဲ့ၾကဖူးပါတယ္။ ၁၉၉၁ ခုႏွစ္က ေလ့လာခ်က္အရေတာ့ သေႏၶသားလိင္အဂၤါေထာင္မတ္ျခင္းကို REM Sleep (random eye movement) လို႔ေခၚတဲ့ အိပ္မက္ေတြမက္တဲ့ အိပ္စက္ခ်ိန္ေတြမွာ အေတြ႕မ်ားေၾကာင္း သိခဲ့ရပါတယ္။ ဒါ့အျပင္ ဒီလို ေထာင္မတ္ျခင္းဟာ တစ္နာရီအတြင္းမွာ အႀကိမ္ေပါင္းမ်ားစြာ ျဖစ္ေနႏိုင္ပါတယ္။ ဘာေၾကာင့္ သေႏၶသားဘဝမွာေတာင္ ေထာင္မတ္ေနရလဲဆိုတာ ေသခ်ာမသိရေသးေပမဲ့ ကြၽန္ေတာ္တို႔ရဲ႕ ခႏၶာကိုယ္က ကိုယ္လက္အဂၤါေတြ ေကာင္းေကာင္း အလုပ္လုပ္ရဲ႕လားဆိုတာ စမ္းသပ္ၾကည့္ျခင္း ျဖစ္ႏိုင္တယ္လို႔ ယူဆထားၾကပါတယ္။
၂။ သင့္ရဲ႕ လိင္အဂၤါဟာ သင္ထင္ထားတာထက္ ၂ ဆရွည္လ်ားပါတယ္။

ေယာက္်ားေလးေတြ အၿမဲတမ္းေခါင္းစားရတဲ့ ျပႆနာတစ္ခုျဖစ္တဲ့ လိင္အဂၤါရဲ႕ အရွည္နဲ႔ပတ္သတ္တဲ့ အခ်က္တစ္ခ်က္ပါ။ တကယ္တမ္း ကြၽန္ေတာ္တို႔ရဲ႕ လိင္အဂၤါဟာ ထင္ထားတာထက္ ၂ ဆ ပိုရွည္ပါတယ္။ လိင္အဂၤါအရွည္တစ္ဝက္ဟာ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ရဲ႕ အထဲမွာ ရွိေနပါတယ္။ သင္ကေတာ့ ဒီက်န္တဲ့ အရွည္တစ္ဝက္ကို ခႏၶာကိုယ္ထဲက ဆြဲထုတ္လိုက္ရင္ ပိုေကာင္းမွာပဲ လို႔ထင္မိႏိုင္ေပမဲ့ ဒီအလ်ားတစ္ဝက္ဟာ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ရဲ႕ က်န္အစိတ္အပိုင္းေတြနဲ႔ ဆက္သြယ္ႏိုင္ဖို႔အတြက္ ရွိေနတာ ျဖစ္ပါတယ္။ အထက္ပါ ပုံမွာေတြ႕ရတဲ့အတိုင္း ပန္းေရာင္နဲ႔ျပထားတဲ့ ေထာင္မတ္ေပးႏိုင္တဲ့ တစ္ရႈးေတြဟာ corpus cavernosum နဲ႔ corpus spongiosum လို႔ေခၚတဲ့ ေထာင္မတ္တစ္ရႈး ၂ မ်ိဳးနဲ႔ ဖြဲ႕စည္းထားတာ ျဖစ္ပါတယ္။
၃။ ေျခေထာက္ဆိုဒ္နဲ႔ လိင္အဂၤါအ႐ြယ္အစားရဲ႕ ဆက္ႏြယ္မႈ။

BJU International ဂ်ာနယ္မွာ ပုံႏွိပ္ခဲ့တဲ့ ေလ့လာခ်က္တစ္ခုအရ လိင္အဂၤါအ႐ြယ္အစားနဲ႔ ေျခေထာက္ဆိုဒ္တို႔ ၾကားဆက္ႏြယ္မႈ တစ္ခုမွ မရွိေၾကာင္းေလ့လာေတြ႕ရွိခဲ့ပါတယ္။ အရင္တုန္းက ေလ့လာခ်က္ အေဟာင္းတစ္ခုျဖစ္တဲ့ ၁၉၉၃ ခုႏွစ္က ေလ့လာခ်က္တစ္ခုမွာ ကြၽန္ေတာ္တို႔ရဲ႕ လိင္တံအ႐ြယ္အစားဟာ အရပ္နဲ႔ ေျခေထာက္အလ်ားဆိုဒ္တို႔နဲ႔ ဆယ္ႏြယ္ေနေၾကာင္းေတြ႕ရွိခဲ့တယ္ဆိုေပမဲ့ ဒီဆက္ႏြယ္မႈဟာ အတိအက်မဟုတ္တဲ့ ဆက္ႏြယ္မႈသာ ျဖစ္ၿပီး ေလ့လာသူေတြကလည္း ေျခေထာက္ဆိုဒ္ေတြ ကိုၾကည့္ၿပီး လိင္တံရဲ႕အ႐ြယ္အစားကို ခန႔္မွန္းဖို႔ မျဖစ္ႏိုင္ဘူးလို႔ နိဂုံးခ်ဳပ္ခဲ့ပါတယ္။ အီရန္ႏိုင္ငံမွာ ေလ့လာခဲ့တဲ့ International Journal of Impotence Research ရဲ႕ ေလ့လာခ်က္အရလည္း လိင္တံရဲ႕အလ်ားနဲ႔လုံးပတ္ဟာ အသက္အ႐ြယ္၊ အရပ္နဲ႔ လက္ညိဳးတို႔နဲ႔ ဆက္ႏြယ္ေနၿပီး ေျခေထာက္ဆိုဒ္နဲ႔ေတာ့ မဆက္ႏြယ္ေနေၾကာင္းေတြ႕ရွိခဲ့ပါတယ္။
၄။ ညဘက္အခ်ိန္ေထာင္မတ္ျခင္း။

ေယာက္်ားေလးအမ်ားစုဟာ တစ္ညမွာ အနည္းဆုံး ၃ ႀကိမ္ကေန အမ်ားဆုံး ၅ ႀကိမ္အထိ ေထာင္မတ္ႏိုင္ၿပီး REM Sleep (random eye movement) လို႔ေခၚတဲ့ အိပ္မက္ေတြ မက္တဲ့ အိပ္စက္ခ်ိန္ေတြမွာ အျဖစ္မ်ားပါတယ္။ ဒီလို ညဘက္အခ်ိန္ေထာင္မတ္ျခင္းကို Morning wood လို႔အမ်ားအားျဖင့္ေခၚၾကၿပီး ေဆးပညာအေခၚအရ ညဘက္အခ်ိန္ လိင္အဂၤါေထာင္မတ္ျခင္း (nocturnal penile tumescence (NPT)) လို႔ေခၚေဝၚၾကပါတယ္။  ဒီ NPT ျဖစ္ရျခင္းအေၾကာင္းရင္းကို အတိအက်မသိရေပမဲ့ ေထာင္မတ္ျခင္းဟာ ဆီးသြားျခင္းကို တားျမစ္ေပးႏိုင္တဲ့အတြက္ ညဘက္အခ်ိန္ အိပ္ယာထဲမွာ ဆီးမသြားေအာင္ ကာကြယ္ေပးဖို႔အတြက္ ေထာင္မတ္တာ ျဖစ္တယ္လို႔ ယူဆထားၾကပါတယ္။ ျပည့္ေနတဲ့ ဆီးအိတ္တစ္ခုဟာ ေထာင္မတ္ျခင္းကိုျဖစ္ေစႏိုင္တဲ့ အာ႐ုံေၾကာေတြနဲ႔ဆက္ႏြယ္ေနပါတယ္။ ဒါေပမဲ့ အမ်ိဳးသမီးေတြလည္း NCT လို႔ေခၚတဲ့  အမ်ိဳးသမီးလိင္အဂၤါ ထႂကြျခင္း (nocturnal clitoral tumescence) ျဖစ္တတ္တဲ့အတြက္ အိပ္ယာထဲမွာ ဆီးေပါက္ခ်ျခင္းကို ကာကြယ္ရန္တစ္ခုတည္းအတြက္ေတာ့ ေထာင္မတ္တာ မဟုတ္ပါဘူး။ ဒါအတြက္ ေနာက္ထပ္ရွင္းလင္းခ်က္တစ္ခုကေတာ့ REM Sleep ျဖစ္ေနခ်ိန္မွာ ေသြးဖိအားကို ျမႇင့္တတ္ေစတဲ့ noradrenaline ေဟာ္မုန္းေတြကို ထုတ္လုပ္ေပးတဲ့ ဦးေႏွာက္ေအာက္ဘက္ပိုင္းက ဆဲလ္ေတြကို ပိတ္လိုက္ပါတယ္။ ဒီဆဲလ္ေတြက လိင္တံေထာင္မတ္ျခင္းကို တားျမစ္ေပးတဲ့ ဆဲလ္ေတြပါ။ ဒါ့ေၾကာင့္ လိင္တံေထာင္မတ္ျခင္းကို တားျမစ္ထားတဲ့ ဆဲလ္ေတြကို ပိတ္လိုက္တဲ့အခါမွာ လိင္တံက ေထာင္မတ္လာတာ ျဖစ္ပါတယ္။ ညဘက္အခ်ိန္ လိင္တံေထာင္မတ္ျခင္းေနာက္ကြယ္က အေၾကာင္းရင္းေတြ ဘာေတြပဲျဖစ္ေနျဖစ္ေန ဒီလိုေထာင္မတ္ျခင္းေတြဟာ ေရာဂါအမည္ေဖာ္ထုတ္တဲ့ေနရာမွာလည္း အသုံးဝင္ပါတယ္။ ေယာက္်ားေလးတစ္ေယာက္ဟာ ပုံမွန္အခ်ိန္မွာ လိင္တံကေထာင္မတ္ဖို႔ခက္ခဲေနၿပီး အိပ္ေနတဲ့အခ်ိန္မွာေတာ့ ေထာင္မတ္တတ္တယ္ဆိုရင္ ဒါဟာ ခႏၶာကိုယ္ပိုင္းဆိုင္ရာ ျပႆနာထက္ စိတ္ပိုင္းဆိုင္ရာ ျပႆနာ ျဖစ္တာပါ။ သို႔ေပမဲ့ အိပ္ေနတဲ့အခ်ိန္မွာလည္း ေထာင္မတ္ျခင္းမရွိဘူးဆိုရင္ေတာ့ ဒါဟာ ခႏၶာကိုယ္ပိုင္းဆိုင္ရာ ျပႆနာ ျဖစ္ေနတာပါ။
၅။ လိင္တံဟာ ေသတဲ့အခ်ိန္မွာေတာင္ ေထာင္မတ္ေနႏိုင္ပါတယ္။

အထက္မွာ ေျပာထားခဲ့အခ်က္ေတြအရ ေယာက္်ားေလးေတြ အမ်ားစုဟာ မိခင္ဝမ္းထဲရွိေနစဥ္ကာလနဲ႔ အိပ္ေနခ်ိန္မွာေတာင္ ေထာင္မတ္ႏိုင္ေၾကာင္း သိရွိခဲ့ၾကပါၿပီ။ ဒါေပမဲ့ အံ့အားသင့္စရာေကာင္းတဲ့အခ်က္ကေတာ့ လိင္တံဟာ ေသဆုံးတဲ့ အခ်ိန္မွာေတာင္ ေထာင္မတ္ႏိုင္တယ္ဆိုတာပါပဲ။ ဒီလို ေထာင္မတ္ျခင္းဟာ ေသဆုံးၿပီး ခဏအၾကာမွာ ျဖစ္ပြားႏိုင္ၿပီး အမ်ားစုကေတာ့ ဆြဲႀကိဳးခ်သတ္ေသတဲ့ ေယာက္်ားေလးေတြမွာ အျဖစ္မ်ားေၾကာင္း ေတြ႕ရွိရပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ ဒါဟာ ဆြဲႀကိဳးခ်ရာမွာ အသုံးျပဳတဲ့ႀကိဳးက cerebellum လို႔ေခၚတဲ့ ဦးေႏွာက္ အေနာက္ေအာက္ဘက္က အစိတ္အပိုင္းကို ဖိအားသက္ေရာက္လိုက္တဲ့အတြက္ ျဖစ္ရတာ ျဖစ္တယ္လို႔ ယူဆထားၾကပါတယ္။ ဒါေပမဲ့ ဒီလို ေနာက္ဆုံးအႀကိမ္ေထာင္မတ္ျခင္းဟာ ဦးေခါင္းကို ေသနတ္နဲ႔ အပစ္ခံရတဲ့ လူနာေတြ၊ အဓိကေသြးေၾကာေတြ ပ်က္ဆီးသြားတဲ့ လူနာေတြ၊ အဆိပ္ခတ္ခံရတဲ့ လူနာေတြမွာလည္း ျဖစ္ႏိုင္ေၾကာင္း ေတြ႕ရွိခဲ့ၾကပါတယ္။
၆။ လိင္တံဟာလည္း က်ိဴးႏိုင္ပါတယ္။

ႏို႔တိုက္သတၱဝါေတြရဲ႕ လိင္တံေတြမွာ အ႐ိုးမရွိတာကို သင္လည္း သိၿပီးသား ျဖစ္မွာပါ။ အ႐ိုးမရွိေပမဲ့လည္း သင့္ရဲ႕ လိင္တံဟာ က်ိဳးႏိုင္ဖို႔ အခြင့္အလမ္းေတြ အမ်ားႀကီးရွိပါတယ္။ လိင္တံက်ိဳးတဲ့ ျဖစ္စဥ္ေတြဟာ ျပင္းထန္အားပါတဲ့ လိင္ဆက္ဆံခ်ိန္ေတြမွာ ျဖစ္ပြားႏိုင္ၿပီး လိင္တံက်ိဳးျခင္း (Penile fracture) ဆိုတဲ့ ျဖစ္စဥ္ေတြဟာ ေထာင္မတ္ေပးႏိုင္တဲ့ တစ္ရႈးေတြျဖစ္တဲ့ corpora cavernosa တစ္ရႈးေတြကို ဖုံးေပးထားတဲ့ ဖိုင္ဘာမွ်င္ေတြ အက္ကြဲျခင္းကို ေျပာတာ ျဖစ္ပါတယ္။ ဒီတစ္ရႈးေတြဟာ ေသြးေတြ ျပည့္လာတဲ့အခါမွာ ေထာင္မတ္မာေက်ာလာတဲ့ တစ္ရႈးေတြလည္း ျဖစ္ပါတယ္။ လိင္တံက်ိဳးတဲ့ အခ်ိန္မွာ က်ိဳးအက္တဲ့ အသံေတြ၊ အျပင္းအထန္နာက်င္ျခင္း၊ ေယာင္ကိုင္းျခင္းနဲ႔ ေပ်ာ့တြဲသြားျခင္းတို႔ ျဖစ္တတ္ပါတယ္။ ဒါေပမဲ့ ကံေကာင္းတာတစ္ခ်က္ကေတာ့ ဒီလို လိင္တံက်ိဳးတဲ့ျဖစ္စဥ္ေတြဟာ ျဖစ္႐ိုးျဖစ္ထ သိပ္မရွိဘဲ အလ်င္အျမန္ကုသႏိုင္မယ္ဆိုရင္ အရင္လို လုပ္ေဆာင္ခ်က္ အားလုံးကို ျပန္လည္လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။ ဒီေနရာမွာ မွတ္သားစရာတစ္ခုကေတာ သင္လည္း လိင္တံက်ိဳးခဲ့မယ္ဆိုရင္ ေဆးခန္းသြားရမွာ ရွက္ေၾကာက္ေနစရာမလိုပါဘူး။ အလ်င္အျမန္ေဆး႐ုံသြားမယ္ဆိုရင္ ေပ်ာက္ကင္းႏိုင္ေျခမ်ားပါတယ္။ လိင္တံက်ိဳးရျခင္းနဲ႔ ပတ္သတ္ၿပီး ေလ့လာခဲ့တဲ့ စစ္တမ္းတစ္ခုမွာ လိင္တံက်ိဳးျဖစ္စဥ္ ၄၂ ခုကို ေလ့လာခဲ့ရာမွာေတာ့ အႏၲရာယ္အမ်ားဆုံး လိင္ဆက္ဆံပုံဟာ အမ်ိဳးသမီးက အေပၚမွာ ရွိေနတဲ့ လိင္ဆက္ဆံပုံျဖစ္တယ္လို႔ ဆိုပါတယ္။
၇။ ဦးေႏွာက္က ထိန္းခ်ဳပ္လို႔မရပါဘူး။

ေယာက္က်ားေလးအမ်ားစုဟာ သုတ္လႊတ္တဲ့အခ်ိန္ကို မထိန္းခ်ဳပ္ႏိုင္ၾကပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သုတ္လႊတ္တာကို ထိန္းခ်ဳပ္တာ ဦးေႏွာက္ကမဟုတ္လို႔ပါ။ သုတ္လႊတ္အခ်က္ျပျခင္းကို လုပ္ေဆာင္တာဟာ SEG [spinal ejaculation generator] လို႔ေခၚတဲ့ ေက်ာ႐ိုးမွာရွိတဲ့ သုတ္လႊတ္ျခင္းကို ထိန္းခ်ဳပ္တဲ့ နာဗ္ေက်ာမ်ားျဖစ္ပါတယ္။ ေက်ာ႐ိုးမွာရွိတဲ့ SEG အပိုင္းဟာ သုတ္လႊတ္ရာမွာ လိုအပ္တဲ့ လုပ္ေဆာင္ခ်က္ အားလုံးကို လုပ္ေဆာင္ပါတယ္။ သို႔ေပမဲ့လည္း ကြၽန္ေတာ္တို႔ ဦးေႏွာက္ က သုတ္လႊတ္တဲ့ လုပ္ေဆာင္ခ်က္အေပၚ သက္ေရာက္မႈရွိႏိုင္ပါေသးတယ္။ ဥပမာေျပာရမယ္ဆိုရင္ သုတ္လႊတ္ခါနီး တစ္ျခားအေၾကာင္းအရာတစ္ခုကို ေတြးလိုက္ျခင္းက သုတ္လႊတ္ျခင္းကို ၾကာေစႏိုင္တယ္ဆိုတာ လူေတာ္ေတာ္မ်ားမ်ားလည္းသိၾကပါတယ္။ ဒါေပမဲ့ အေျခခံလုပ္ေဆာင္ခ်က္အားလုံးကိုေတာ့ ေက်ာ႐ိုးနဗ္ေၾကာကပဲ လုပ္ေဆာင္တာ ျဖစ္ပါတယ္။
၈။ ဘယ္လို ေထာင့္ဒီဂရီေထာင္မတ္ၾကသလဲ။

က်ားလိင္တံဟာ ပုံမွန္အရေျပာရမယ္ဆို ဒီဂရီေထာင့္ေပါင္းစုံေထာင္မတ္ႏိုင္ပါတယ္။ တည့္တည္ေထာင္မတ္တာမ်ိဳး၊ ဘယ္၊ ညာေစာင္းၿပီးေထာင္မတ္တာမ်ိဳး အေပၚေအာက္ေထာင္မတ္တာမ်ိဳး စသျဖင့္ အမ်ိဳးမ်ိဳးရွိႏိုင္ပါတယ္။ ဘယ္လိုေထာင္မတ္ျခင္းကမွ အမွန္လို႔ ယူဆလို႔မရပါဘူး။ ပုံေသေထာင္မတ္တဲ့ ပုံစံမ်ိဳးလည္း မရွိပါဘူး။ ေအာက္က အခ်က္အလက္ေတြဟာ  လိင္တံေထာင္မတ္တဲ့ အမ်ိဳးသာ ၁၅၆၅ ေယာက္ကို စစ္ေဆးခဲ့တဲ့ေလ့လာခ်က္တစ္ခုမွ ေကာက္ႏုတ္ထားတာ ျဖစ္ပါတယ္။

ပုံထဲကလိုဆိုရင္ လိင္တံက အေပၚကို ေထာင္မတ္ေနမယ္ဆိုရင္ ၀ ဒီဂရီလို႔ ေခၚဆိုၿပီး ေရျပင္ညီအတိုင္း ျဖစ္ေနမယ္ဆိုရင္ေတာ့ ၉၀ ဒီဂရီလို႔ေခၚဆိုရမွာပါ။ စစ္တမ္းအရေတာ့-

    0–30 ဒီဂရီ – 4.9 ရာခိုင္ႏႈန္း
    30–60 ဒီဂရီ  – 29.6  ရာခိုင္ႏႈန္း
    60–85 ဒီဂရီ  – 30.9  ရာခိုင္ႏႈန္း
    85–95 ဒီဂရီ  – 9.9  ရာခိုင္ႏႈန္း
    95–120 ဒီဂရီ – 19.8   ရာခိုင္ႏႈန္း
    120–180 ဒီဂရီ – 4.9  ရာခိုင္ႏႈန္း  ရွိေၾကာင္းေတြ႕ခဲ့ရပါတယ္။

လိင္တံဟာ ႐ြဲ႕ေစာင္းၿပီး ေထာင္မတ္ေနမယ္ဆိုရင္လည္း စိုးရိမ္စရာမလိုပါဘူး။ ဒါဟာ ပုံမွန္ပဲျဖစ္ပါတယ္။ အနည္းငယ္ေသာ လိင္တံမ်ားဟာသာေျဖာင့္တန္းၿပီး က်န္လိင္တံေတြကေတာ့ ဘယ္ဘက္ကိုမဆို ႐ြဲ႕ေနႏိုင္ပါတယ္။ ၃၀ ဒီဂရီေလာက္အထိ ႐ြဲ႕ေနမယ္ဆိုရင္ေတာင္ ပုံမွန္လို႔ သတ္မွတ္လို႔ရပါေသးတယ္။
၉။ ပိုၿပီး ႀကီးလာသလား။

အမ်ိဳးသားေပါင္း ၂၇၄ ေယာက္ကို ေလ့လာခဲ့တဲ့ စစ္တမ္းအရ ေပ်ာ့ေခြေနတဲ့ လိင္တံအလ်ားနဲ႔ ေထာင္မတ္ခ်ိန္အလ်ားနဲ႔ ဘယ္လိုမွ ဆက္စပ္မႈ မရွိေၾကာင္းေတြ႕ရွိခဲ့ရပါတယ္။ တစ္ခ်ိဳ႕ အမ်ိဳးသားလိင္တံေတြက ေပ်ာ့ေခြေနတဲ့ အခ်ိန္မွာ ေသးေနေပမဲ့ ေထာင္မတ္ခ်ိန္မွာေတာ့ ပိုႀကီးလာၾကပါတယ္။ တစ္ခ်ိဳ႕ေတြၾကေတာ့ ေပ်ာ့ေခြေနတဲ့အခ်ိန္မွာ ႀကီးမားေနၿပီး ေထာင္မတ္တဲ့အခ်ိန္မွာလည္း အနည္းငယ္သာႀကီးၾကပါတယ္။ တစ္ခ်ိဳ႕ေတြၾကေတာ့ ေပ်ာ့ေခြေနတဲ့ အခ်ိန္ပဲျဖစ္ျဖစ္ ေထာင္မတ္ေနတဲ့ အခ်ိန္ပဲ ျဖစ္ျဖစ္ ေသးေနၿပီး တစ္ခ်ိဳ႕ကေတာ့ ေထာင္မတ္တဲ့အခ်ိန္ေရာ ေပ်ာ့ေခြတဲ့ အခ်ိန္ေရာႀကီးမားၾကပါတယ္။ ဒါဟာ အမ်ိဳးမ်ိဳးရွိႏိုင္ပါတယ္။
၁၀။ ေျပာင္းဖူးနဲ႔ ျပဳလုပ္ထားတဲ့ အစားအစာေတြက အာသာေျဖခ်င္စိတ္ကို တားဆီးေပးႏိုင္ပါတယ္။

ေျပာင္းဖူးမ်ားက ကြၽန္ေတာ္တို႔ႏိုင္ငံမွာ သိပ္မစားၾကတဲ့အတြက္ ပါးစပ္ေျပာစကားေတြ အမ်ားအျပားထြက္မလာေပမဲ့ အေနာက္ႏိုင္ငံမွာေတာ့ ဒီလို ပါးစပ္ေျပာစကားေတြရွိ ခဲ့ပါတယ္။ ဒီလို ေျပာင္းဖူးနဲ႔ ျပဳလုပ္ထားတဲ့ အစားအစာေတြဟာ အာသာေျဖခ်င္စိတ္ကို ေဖ်ာက္ေပးႏိုင္တဲ့ဆိုတဲ့အယူအဆဟာ ၁၈၅၂ ခုႏွစ္မွာ ဖြားျမင္ခဲ့တဲ့ အေမရိကန္ ဆရာဝန္၊ အာဟာရေဗဒပညာရွင္ ဂြၽန္ ဟာေဗး ကဲေလာဂ္ (John Harvey Kellogg)  က စတင္ခဲ့တာ ျဖစ္ပါတယ္။ ဟာေဗးဟာ ေျပာင္းဖူးနဲ႔ ျပဳလုပ္ထားတဲ့အစားအစာေတြက လိင္စိတ္ကို တားဆီးေပးႏိုင္တယ္ဆိုၿပီး Corn Flakes ကုိ ၁၈၉၇ ခုႏွစ္မွာ စတင္ေရာင္းခ်ခဲ့တာပါ။ ဒီလို ေျပာင္းဖူး ကထုတ္ထားတဲ့ အစားအစာေတြဟာ အာသာေျဖခ်င္စိတ္ကို ေဖ်ာက္ေပးႏိုင္တယ္ဆိုၿပီး ေခတ္စားခဲ့ေပမဲ့ လက္ရွိအခ်ိန္မွာေတာ့ ဘာမွမဆိုင္ဘူးဆိုတာ သိလာၾကတဲ့အတြက္ ဒီလို အယူအဆေတြ မရွိၾကေတာ့ပါဘူး။

Credit: Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော်တို့ယောက်ျားလေးအများစုဟာ ကျွန်တော်တို့ရဲ့ လိင်အင်္ဂါနဲ့ လုပ်ဆောင်ချက် အများစုကို သိပြီးသားဖြစ်ပေမဲ့ ကျွန်တော်တို့ လိင်အင်္ဂါနဲ့ ပတ်သတ်ပြီး လူသိနည်းတဲ့ အချက်အလက်တွေရှိနေပါသေးတယ်။ ကျွန်တော်တို့ မြန်မာစကားမှာလည်း ယောက်ျားလေး လိင်အင်္ဂါကို နာမည်အမျိုးမျိုးနဲ့ ခေါ်နေကြသလို အင်္ဂလိပ်စကားမှာလည်း todger, wang, willy, dangler စသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။ လိင်အင်္ဂါတွေဟာ  တစ်ခြား အင်္ဂါတွေလိုပုံမှန်မဟုတ်သလို ထင်ရပေမဲ့ ကျွန်တော်တို့ လူသားမျိုးနွယ်စု ရှင်သန်ရေးအတွက် အဓိကကျတဲ့ ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လိင်အင်္ဂါတွေဟာ ဆင့်ကဲ့ဖြစ်စဉ်ထဲမှာ ကောင်းကောင်းပါဝင်ခဲ့တဲ့ အင်္ဂါတွေ ဖြစ်ပြီး လူသားမျိုးနွယ်အစကနေ ယခုလက်ရှိအချိန်ထိ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေဆဲ ဖြစ်ပါတယ်။ လူသားမျိုးနွယ်အစ ဆိုတာနဲ့ပတ်သတ်ပြီး ကမ္ဘာပေါ်မှာ အစောဆုံး အထီးလိင်အင်္ဂါဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၂၅ သန်းခန့် ကျောရိုးမဲ့ အခွံမာ ရေနေသတ္တဝါ တစ်ကောင်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမှာတွေ့ခဲ့ရတာ ဖြစ်ပြီး  ဂရိလို Colymbosathon ecplecticos လို့ အမည်ရပါတယ်။ မြန်မာလို့ အဓိပ္ပါယ်အရတော့ ဝှေးစေ့ကြီးနဲ့ အံ့အားသင့်ဖွယ်ရာ ရေနေသတ္တဝါလို့ ဘာသာပြန်ရမှာပါ။ ဒါကတော့ အမျိုးသား မျိုးပွားအင်္ဂါနဲ့ပတ်သတ်ပြီး သိကောင်းစရာအချက်တစ်ချက်ဖြစ်ပြီး  ဒီဆောင်းပါးမှာတော့ ဖိုလိင်အင်္ဂါတွေရဲ့ လူသိနည်းတဲ့ စိတ်ဝင်စားစရာ အချက်အလက်တွေကို Hellosayarwon စာဖတ်ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။
၁။ အမျိုးသားတွေရဲ့ လိပ်အင်္ဂါဟာ မမွေးခင်ကတည်းက ထောင်မတ်နေတာပါ။

အမျိုးသားလိင်အင်္ဂါတွေဟာ မွေးကတည်းက အဆင်သင့် ဖြစ်နေကြတာပါ။ ယောက်ျားလေးတွေအနေနဲ့ မိခင်ဝမ်းမှာကတည်းက ထောင်မတ်နေတဲ့ ဖြစ်စဉ်မျိုးတွေဟာ ရှိတတ်ပါတယ်။ မမွေးခင်ကတည်းက တစ်ချို့သော ultrasound scan တွေမှာဆိုရင် သန္ဓေသားရဲ့ လိင်အင်္ဂါက ထောင်မတ်နေတာမျိုးကို တွေ့ရှိခဲ့ကြဖူးပါတယ်။ ၁၉၉၁ ခုနှစ်က လေ့လာချက်အရတော့ သန္ဓေသားလိင်အင်္ဂါထောင်မတ်ခြင်းကို REM Sleep (random eye movement) လို့ခေါ်တဲ့ အိပ်မက်တွေမက်တဲ့ အိပ်စက်ချိန်တွေမှာ အတွေ့များကြောင်း သိခဲ့ရပါတယ်။ ဒါ့အပြင် ဒီလို ထောင်မတ်ခြင်းဟာ တစ်နာရီအတွင်းမှာ အကြိမ်ပေါင်းများစွာ ဖြစ်နေနိုင်ပါတယ်။ ဘာကြောင့် သန္ဓေသားဘဝမှာတောင် ထောင်မတ်နေရလဲဆိုတာ သေချာမသိရသေးပေမဲ့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ကိုယ်လက်အင်္ဂါတွေ ကောင်းကောင်း အလုပ်လုပ်ရဲ့လားဆိုတာ စမ်းသပ်ကြည့်ခြင်း ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။
၂။ သင့်ရဲ့ လိင်အင်္ဂါဟာ သင်ထင်ထားတာထက် ၂ ဆရှည်လျားပါတယ်။

ယောက်ျားလေးတွေ အမြဲတမ်းခေါင်းစားရတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ လိင်အင်္ဂါရဲ့ အရှည်နဲ့ပတ်သတ်တဲ့ အချက်တစ်ချက်ပါ။ တကယ်တမ်း ကျွန်တော်တို့ရဲ့ လိင်အင်္ဂါဟာ ထင်ထားတာထက် ၂ ဆ ပိုရှည်ပါတယ်။ လိင်အင်္ဂါအရှည်တစ်ဝက်ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အထဲမှာ ရှိနေပါတယ်။ သင်ကတော့ ဒီကျန်တဲ့ အရှည်တစ်ဝက်ကို ခန္ဓာကိုယ်ထဲက ဆွဲထုတ်လိုက်ရင် ပိုကောင်းမှာပဲ လို့ထင်မိနိုင်ပေမဲ့ ဒီအလျားတစ်ဝက်ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ကျန်အစိတ်အပိုင်းတွေနဲ့ ဆက်သွယ်နိုင်ဖို့အတွက် ရှိနေတာ ဖြစ်ပါတယ်။ အထက်ပါ ပုံမှာတွေ့ရတဲ့အတိုင်း ပန်းရောင်နဲ့ပြထားတဲ့ ထောင်မတ်ပေးနိုင်တဲ့ တစ်ရှုးတွေဟာ corpus cavernosum နဲ့ corpus spongiosum လို့ခေါ်တဲ့ ထောင်မတ်တစ်ရှုး ၂ မျိုးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
၃။ ခြေထောက်ဆိုဒ်နဲ့ လိင်အင်္ဂါအရွယ်အစားရဲ့ ဆက်နွယ်မှု။

BJU International ဂျာနယ်မှာ ပုံနှိပ်ခဲ့တဲ့ လေ့လာချက်တစ်ခုအရ လိင်အင်္ဂါအရွယ်အစားနဲ့ ခြေထောက်ဆိုဒ်တို့ ကြားဆက်နွယ်မှု တစ်ခုမှ မရှိကြောင်းလေ့လာတွေ့ရှိခဲ့ပါတယ်။ အရင်တုန်းက လေ့လာချက် အဟောင်းတစ်ခုဖြစ်တဲ့ ၁၉၉၃ ခုနှစ်က လေ့လာချက်တစ်ခုမှာ ကျွန်တော်တို့ရဲ့ လိင်တံအရွယ်အစားဟာ အရပ်နဲ့ ခြေထောက်အလျားဆိုဒ်တို့နဲ့ ဆယ်နွယ်နေကြောင်းတွေ့ရှိခဲ့တယ်ဆိုပေမဲ့ ဒီဆက်နွယ်မှုဟာ အတိအကျမဟုတ်တဲ့ ဆက်နွယ်မှုသာ ဖြစ်ပြီး လေ့လာသူတွေကလည်း ခြေထောက်ဆိုဒ်တွေ ကိုကြည့်ပြီး လိင်တံရဲ့အရွယ်အစားကို ခန့်မှန်းဖို့ မဖြစ်နိုင်ဘူးလို့ နိဂုံးချုပ်ခဲ့ပါတယ်။ အီရန်နိုင်ငံမှာ လေ့လာခဲ့တဲ့ International Journal of Impotence Research ရဲ့ လေ့လာချက်အရလည်း လိင်တံရဲ့အလျားနဲ့လုံးပတ်ဟာ အသက်အရွယ်၊ အရပ်နဲ့ လက်ညိုးတို့နဲ့ ဆက်နွယ်နေပြီး ခြေထောက်ဆိုဒ်နဲ့တော့ မဆက်နွယ်နေကြောင်းတွေ့ရှိခဲ့ပါတယ်။
၄။ ညဘက်အချိန်ထောင်မတ်ခြင်း။

ယောက်ျားလေးအများစုဟာ တစ်ညမှာ အနည်းဆုံး ၃ ကြိမ်ကနေ အများဆုံး ၅ ကြိမ်အထိ ထောင်မတ်နိုင်ပြီး REM Sleep (random eye movement) လို့ခေါ်တဲ့ အိပ်မက်တွေ မက်တဲ့ အိပ်စက်ချိန်တွေမှာ အဖြစ်များပါတယ်။ ဒီလို ညဘက်အချိန်ထောင်မတ်ခြင်းကို Morning wood လို့အများအားဖြင့်ခေါ်ကြပြီး ဆေးပညာအခေါ်အရ ညဘက်အချိန် လိင်အင်္ဂါထောင်မတ်ခြင်း (nocturnal penile tumescence (NPT)) လို့ခေါ်ဝေါ်ကြပါတယ်။  ဒီ NPT ဖြစ်ရခြင်းအကြောင်းရင်းကို အတိအကျမသိရပေမဲ့ ထောင်မတ်ခြင်းဟာ ဆီးသွားခြင်းကို တားမြစ်ပေးနိုင်တဲ့အတွက် ညဘက်အချိန် အိပ်ယာထဲမှာ ဆီးမသွားအောင် ကာကွယ်ပေးဖို့အတွက် ထောင်မတ်တာ ဖြစ်တယ်လို့ ယူဆထားကြပါတယ်။ ပြည့်နေတဲ့ ဆီးအိတ်တစ်ခုဟာ ထောင်မတ်ခြင်းကိုဖြစ်စေနိုင်တဲ့ အာရုံကြောတွေနဲ့ဆက်နွယ်နေပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေလည်း NCT လို့ခေါ်တဲ့  အမျိုးသမီးလိင်အင်္ဂါ ထကြွခြင်း (nocturnal clitoral tumescence) ဖြစ်တတ်တဲ့အတွက် အိပ်ယာထဲမှာ ဆီးပေါက်ချခြင်းကို ကာကွယ်ရန်တစ်ခုတည်းအတွက်တော့ ထောင်မတ်တာ မဟုတ်ပါဘူး။ ဒါအတွက် နောက်ထပ်ရှင်းလင်းချက်တစ်ခုကတော့ REM Sleep ဖြစ်နေချိန်မှာ သွေးဖိအားကို မြှင့်တတ်စေတဲ့ noradrenaline ဟော်မုန်းတွေကို ထုတ်လုပ်ပေးတဲ့ ဦးနှောက်အောက်ဘက်ပိုင်းက ဆဲလ်တွေကို ပိတ်လိုက်ပါတယ်။ ဒီဆဲလ်တွေက လိင်တံထောင်မတ်ခြင်းကို တားမြစ်ပေးတဲ့ ဆဲလ်တွေပါ။ ဒါ့ကြောင့် လိင်တံထောင်မတ်ခြင်းကို တားမြစ်ထားတဲ့ ဆဲလ်တွေကို ပိတ်လိုက်တဲ့အခါမှာ လိင်တံက ထောင်မတ်လာတာ ဖြစ်ပါတယ်။ ညဘက်အချိန် လိင်တံထောင်မတ်ခြင်းနောက်ကွယ်က အကြောင်းရင်းတွေ ဘာတွေပဲဖြစ်နေဖြစ်နေ ဒီလိုထောင်မတ်ခြင်းတွေဟာ ရောဂါအမည်ဖော်ထုတ်တဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ ယောက်ျားလေးတစ်ယောက်ဟာ ပုံမှန်အချိန်မှာ လိင်တံကထောင်မတ်ဖို့ခက်ခဲနေပြီး အိပ်နေတဲ့အချိန်မှာတော့ ထောင်မတ်တတ်တယ်ဆိုရင် ဒါဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြဿနာထက် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်တာပါ။ သို့ပေမဲ့ အိပ်နေတဲ့အချိန်မှာလည်း ထောင်မတ်ခြင်းမရှိဘူးဆိုရင်တော့ ဒါဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်နေတာပါ။
၅။ လိင်တံဟာ သေတဲ့အချိန်မှာတောင် ထောင်မတ်နေနိုင်ပါတယ်။

အထက်မှာ ပြောထားခဲ့အချက်တွေအရ ယောက်ျားလေးတွေ အများစုဟာ မိခင်ဝမ်းထဲရှိနေစဉ်ကာလနဲ့ အိပ်နေချိန်မှာတောင် ထောင်မတ်နိုင်ကြောင်း သိရှိခဲ့ကြပါပြီ။ ဒါပေမဲ့ အံ့အားသင့်စရာကောင်းတဲ့အချက်ကတော့ လိင်တံဟာ သေဆုံးတဲ့ အချိန်မှာတောင် ထောင်မတ်နိုင်တယ်ဆိုတာပါပဲ။ ဒီလို ထောင်မတ်ခြင်းဟာ သေဆုံးပြီး ခဏအကြာမှာ ဖြစ်ပွားနိုင်ပြီး အများစုကတော့ ဆွဲကြိုးချသတ်သေတဲ့ ယောက်ျားလေးတွေမှာ အဖြစ်များကြောင်း တွေ့ရှိရပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒါဟာ ဆွဲကြိုးချရာမှာ အသုံးပြုတဲ့ကြိုးက cerebellum လို့ခေါ်တဲ့ ဦးနှောက် အနောက်အောက်ဘက်က အစိတ်အပိုင်းကို ဖိအားသက်ရောက်လိုက်တဲ့အတွက် ဖြစ်ရတာ ဖြစ်တယ်လို့ ယူဆထားကြပါတယ်။ ဒါပေမဲ့ ဒီလို နောက်ဆုံးအကြိမ်ထောင်မတ်ခြင်းဟာ ဦးခေါင်းကို သေနတ်နဲ့ အပစ်ခံရတဲ့ လူနာတွေ၊ အဓိကသွေးကြောတွေ ပျက်ဆီးသွားတဲ့ လူနာတွေ၊ အဆိပ်ခတ်ခံရတဲ့ လူနာတွေမှာလည်း ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
၆။ လိင်တံဟာလည်း ကျိူးနိုင်ပါတယ်။

နို့တိုက်သတ္တဝါတွေရဲ့ လိင်တံတွေမှာ အရိုးမရှိတာကို သင်လည်း သိပြီးသား ဖြစ်မှာပါ။ အရိုးမရှိပေမဲ့လည်း သင့်ရဲ့ လိင်တံဟာ ကျိုးနိုင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ လိင်တံကျိုးတဲ့ ဖြစ်စဉ်တွေဟာ ပြင်းထန်အားပါတဲ့ လိင်ဆက်ဆံချိန်တွေမှာ ဖြစ်ပွားနိုင်ပြီး လိင်တံကျိုးခြင်း (Penile fracture) ဆိုတဲ့ ဖြစ်စဉ်တွေဟာ ထောင်မတ်ပေးနိုင်တဲ့ တစ်ရှုးတွေဖြစ်တဲ့ corpora cavernosa တစ်ရှုးတွေကို ဖုံးပေးထားတဲ့ ဖိုင်ဘာမျှင်တွေ အက်ကွဲခြင်းကို ပြောတာ ဖြစ်ပါတယ်။ ဒီတစ်ရှုးတွေဟာ သွေးတွေ ပြည့်လာတဲ့အခါမှာ ထောင်မတ်မာကျောလာတဲ့ တစ်ရှုးတွေလည်း ဖြစ်ပါတယ်။ လိင်တံကျိုးတဲ့ အချိန်မှာ ကျိုးအက်တဲ့ အသံတွေ၊ အပြင်းအထန်နာကျင်ခြင်း၊ ယောင်ကိုင်းခြင်းနဲ့ ပျော့တွဲသွားခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ချက်ကတော့ ဒီလို လိင်တံကျိုးတဲ့ဖြစ်စဉ်တွေဟာ ဖြစ်ရိုးဖြစ်ထ သိပ်မရှိဘဲ အလျင်အမြန်ကုသနိုင်မယ်ဆိုရင် အရင်လို လုပ်ဆောင်ချက် အားလုံးကို ပြန်လည်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မှတ်သားစရာတစ်ခုကတော သင်လည်း လိင်တံကျိုးခဲ့မယ်ဆိုရင် ဆေးခန်းသွားရမှာ ရှက်ကြောက်နေစရာမလိုပါဘူး။ အလျင်အမြန်ဆေးရုံသွားမယ်ဆိုရင် ပျောက်ကင်းနိုင်ခြေများပါတယ်။ လိင်တံကျိုးရခြင်းနဲ့ ပတ်သတ်ပြီး လေ့လာခဲ့တဲ့ စစ်တမ်းတစ်ခုမှာ လိင်တံကျိုးဖြစ်စဉ် ၄၂ ခုကို လေ့လာခဲ့ရာမှာတော့ အန္တရာယ်အများဆုံး လိင်ဆက်ဆံပုံဟာ အမျိုးသမီးက အပေါ်မှာ ရှိနေတဲ့ လိင်ဆက်ဆံပုံဖြစ်တယ်လို့ ဆိုပါတယ်။
၇။ ဦးနှောက်က ထိန်းချုပ်လို့မရပါဘူး။

ယောက်ကျားလေးအများစုဟာ သုတ်လွှတ်တဲ့အချိန်ကို မထိန်းချုပ်နိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သုတ်လွှတ်တာကို ထိန်းချုပ်တာ ဦးနှောက်ကမဟုတ်လို့ပါ။ သုတ်လွှတ်အချက်ပြခြင်းကို လုပ်ဆောင်တာဟာ SEG [spinal ejaculation generator] လို့ခေါ်တဲ့ ကျောရိုးမှာရှိတဲ့ သုတ်လွှတ်ခြင်းကို ထိန်းချုပ်တဲ့ နာဗ်ကျောများဖြစ်ပါတယ်။ ကျောရိုးမှာရှိတဲ့ SEG အပိုင်းဟာ သုတ်လွှတ်ရာမှာ လိုအပ်တဲ့ လုပ်ဆောင်ချက် အားလုံးကို လုပ်ဆောင်ပါတယ်။ သို့ပေမဲ့လည်း ကျွန်တော်တို့ ဦးနှောက် က သုတ်လွှတ်တဲ့ လုပ်ဆောင်ချက်အပေါ် သက်ရောက်မှုရှိနိုင်ပါသေးတယ်။ ဥပမာပြောရမယ်ဆိုရင် သုတ်လွှတ်ခါနီး တစ်ခြားအကြောင်းအရာတစ်ခုကို တွေးလိုက်ခြင်းက သုတ်လွှတ်ခြင်းကို ကြာစေနိုင်တယ်ဆိုတာ လူတော်တော်များများလည်းသိကြပါတယ်။ ဒါပေမဲ့ အခြေခံလုပ်ဆောင်ချက်အားလုံးကိုတော့ ကျောရိုးနဗ်ကြောကပဲ လုပ်ဆောင်တာ ဖြစ်ပါတယ်။
၈။ ဘယ်လို ထောင့်ဒီဂရီထောင်မတ်ကြသလဲ။

ကျားလိင်တံဟာ ပုံမှန်အရပြောရမယ်ဆို ဒီဂရီထောင့်ပေါင်းစုံထောင်မတ်နိုင်ပါတယ်။ တည့်တည်ထောင်မတ်တာမျိုး၊ ဘယ်၊ ညာစောင်းပြီးထောင်မတ်တာမျိုး အပေါ်အောက်ထောင်မတ်တာမျိုး စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။ ဘယ်လိုထောင်မတ်ခြင်းကမှ အမှန်လို့ ယူဆလို့မရပါဘူး။ ပုံသေထောင်မတ်တဲ့ ပုံစံမျိုးလည်း မရှိပါဘူး။ အောက်က အချက်အလက်တွေဟာ  လိင်တံထောင်မတ်တဲ့ အမျိုးသာ ၁၅၆၅ ယောက်ကို စစ်ဆေးခဲ့တဲ့လေ့လာချက်တစ်ခုမှ ကောက်နုတ်ထားတာ ဖြစ်ပါတယ်။

ပုံထဲကလိုဆိုရင် လိင်တံက အပေါ်ကို ထောင်မတ်နေမယ်ဆိုရင် ၀ ဒီဂရီလို့ ခေါ်ဆိုပြီး ရေပြင်ညီအတိုင်း ဖြစ်နေမယ်ဆိုရင်တော့ ၉၀ ဒီဂရီလို့ခေါ်ဆိုရမှာပါ။ စစ်တမ်းအရတော့-

    0–30 ဒီဂရီ – 4.9 ရာခိုင်နှုန်း
    30–60 ဒီဂရီ  – 29.6  ရာခိုင်နှုန်း
    60–85 ဒီဂရီ  – 30.9  ရာခိုင်နှုန်း
    85–95 ဒီဂရီ  – 9.9  ရာခိုင်နှုန်း
    95–120 ဒီဂရီ – 19.8   ရာခိုင်နှုန်း
    120–180 ဒီဂရီ – 4.9  ရာခိုင်နှုန်း  ရှိကြောင်းတွေ့ခဲ့ရပါတယ်။

လိင်တံဟာ ရွဲ့စောင်းပြီး ထောင်မတ်နေမယ်ဆိုရင်လည်း စိုးရိမ်စရာမလိုပါဘူး။ ဒါဟာ ပုံမှန်ပဲဖြစ်ပါတယ်။ အနည်းငယ်သော လိင်တံများဟာသာဖြောင့်တန်းပြီး ကျန်လိင်တံတွေကတော့ ဘယ်ဘက်ကိုမဆို ရွဲ့နေနိုင်ပါတယ်။ ၃၀ ဒီဂရီလောက်အထိ ရွဲ့နေမယ်ဆိုရင်တောင် ပုံမှန်လို့ သတ်မှတ်လို့ရပါသေးတယ်။
၉။ ပိုပြီး ကြီးလာသလား။

အမျိုးသားပေါင်း ၂၇၄ ယောက်ကို လေ့လာခဲ့တဲ့ စစ်တမ်းအရ ပျော့ခွေနေတဲ့ လိင်တံအလျားနဲ့ ထောင်မတ်ချိန်အလျားနဲ့ ဘယ်လိုမှ ဆက်စပ်မှု မရှိကြောင်းတွေ့ရှိခဲ့ရပါတယ်။ တစ်ချို့ အမျိုးသားလိင်တံတွေက ပျော့ခွေနေတဲ့ အချိန်မှာ သေးနေပေမဲ့ ထောင်မတ်ချိန်မှာတော့ ပိုကြီးလာကြပါတယ်။ တစ်ချို့တွေကြတော့ ပျော့ခွေနေတဲ့အချိန်မှာ ကြီးမားနေပြီး ထောင်မတ်တဲ့အချိန်မှာလည်း အနည်းငယ်သာကြီးကြပါတယ်။ တစ်ချို့တွေကြတော့ ပျော့ခွေနေတဲ့ အချိန်ပဲဖြစ်ဖြစ် ထောင်မတ်နေတဲ့ အချိန်ပဲ ဖြစ်ဖြစ် သေးနေပြီး တစ်ချို့ကတော့ ထောင်မတ်တဲ့အချိန်ရော ပျော့ခွေတဲ့ အချိန်ရောကြီးမားကြပါတယ်။ ဒါဟာ အမျိုးမျိုးရှိနိုင်ပါတယ်။
၁၀။ ပြောင်းဖူးနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေက အာသာဖြေချင်စိတ်ကို တားဆီးပေးနိုင်ပါတယ်။

ပြောင်းဖူးများက ကျွန်တော်တို့နိုင်ငံမှာ သိပ်မစားကြတဲ့အတွက် ပါးစပ်ပြောစကားတွေ အများအပြားထွက်မလာပေမဲ့ အနောက်နိုင်ငံမှာတော့ ဒီလို ပါးစပ်ပြောစကားတွေရှိ ခဲ့ပါတယ်။ ဒီလို ပြောင်းဖူးနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေဟာ အာသာဖြေချင်စိတ်ကို ဖျောက်ပေးနိုင်တဲ့ဆိုတဲ့အယူအဆဟာ ၁၈၅၂ ခုနှစ်မှာ ဖွားမြင်ခဲ့တဲ့ အမေရိကန် ဆရာဝန်၊ အာဟာရဗေဒပညာရှင် ဂျွန် ဟာဗေး ကဲလောဂ် (John Harvey Kellogg)  က စတင်ခဲ့တာ ဖြစ်ပါတယ်။ ဟာဗေးဟာ ပြောင်းဖူးနဲ့ ပြုလုပ်ထားတဲ့အစားအစာတွေက လိင်စိတ်ကို တားဆီးပေးနိုင်တယ်ဆိုပြီး Corn Flakes ကို ၁၈၉၇ ခုနှစ်မှာ စတင်ရောင်းချခဲ့တာပါ။ ဒီလို ပြောင်းဖူး ကထုတ်ထားတဲ့ အစားအစာတွေဟာ အာသာဖြေချင်စိတ်ကို ဖျောက်ပေးနိုင်တယ်ဆိုပြီး ခေတ်စားခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ဘာမှမဆိုင်ဘူးဆိုတာ သိလာကြတဲ့အတွက် ဒီလို အယူအဆတွေ မရှိကြတော့ပါဘူး။

Credit: Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top