iMyanmarHouse.com - Best Property Website for Myanmar
×

ကေလးေမြးဖြားျခင္းသည္ အမ်ိဳးသမီးတစ္ေယာက္အတြက္ တစ္ဘ၀လံုး အျမဲအမွတ္ရေနမည့္ အေၾကာင္းအရာတစ္ခုပင္ ျဖစ္သည္။ ကေလးေမြးဖြားျခင္းတိုင္းသည္ မိခင္တစ္ေယာက္စီတိုင္း ႏွင့္ ရင္ေသြးအတြက္ ထူးျခားေသာအေတြ႔အၾကံဳပင္ျဖစ္သည္။

ထို႔ေၾကာင့္ မိခင္တစ္ေယာက္အေနနဲ႔ ေကာင္းမြန္ေသာ ေမွ်ာ္လင့္ခ်က္မ်ား ႏွင့္ အေတြ႔အၾကံဳေကာင္းမ်ားကို ရရွိနိုင္ပါသည္။

ဒီေဆာင္းပါးသည္ မိန္းမကိုယ္၊ ေမြးလမ္းေၾကာင္းမွ ေမြးဖြားျခင္း၏ လွိ်ဳ႕၀ွက္ခ်က္ ၅ ခုကို ေဖၚျပထားပါသည္။


၁။ တစ္ကိုယ္ရည္ အညစ္အေၾကးမ်ားစြာ ပါ၀င္ျခင္း။

ေမြးဖြားရန္အတြက္ျပင္ဆင္ခ်ိန္တြင္ ရင္ေသြးငယ္ ႏွင့္ အတူ မည္သည့္အရာမ်ားက တူတူပါလာမည္ကို အနည္းဆံုး တစ္ၾကိမ္ေတာ့ ေတြးမိတတ္ၾကသည္။ ထင္ရွားေသာ အခ်က္အလက္အေနႏွင့္ စာအုပ္မ်ား၊ ေဆာင္းပါးမ်ား (သို႔) ကိုယ္၀န္ေဆာင္မိခင္၏ အေမပင္လွ်င္ မေျပာျပသည့္ အေၾကာင္းအရာမွာ ရင္ေသြးကို ညွစ္၍ေမြးထုတ္လိုက္စဥ္ အတူတကြ ျဖစ္ေပၚေသာ အူလမ္းေၾကာင္း၏ လႈပ္ရွားမႈျဖစ္သည္။

မစင္မ်ား၊ ဆီး ႏွင့္ ေသြးမ်ားသည္ ရင္ေသြး ႏွင့္အတူ ထြက္လာမည့္ အရာမ်ားျဖစ္သည္။

သို႔ေသာ္လည္း ရွက္ေနျခင္းအတြက္ ကေလးေမြးရန္ စြမ္းအင္ကို အဆံုးရံႈးခံရန္မျဖစ္ေပ။

ဒီအျခင္းအရာသည္ ေမြးလမ္းေၾကာင္းမွ ပံုမွန္အတိုင္းေမြးဖြားေသာ ျဖစ္စဥ္အတြက္ ျဖစ္ရိုးျဖစ္စဥ္သာ ျဖစ္သည္။

ထို႔အျပင္ ေကလးေမြးဖြားရန္အတြက္ ညွစ္ရေသာ ၾကြက္သား ႏွင့္ အူလမ္းေၾကာင္းကို ညွစ္ေသာ ၾကြက္သားတူတူပင္ ျဖစ္ေသာေၾကာင့္ ၾကိဳတင္ကာကြယ္၍လည္း မရႏိုင္ပါ။

ကံေကာင္းသည္မွာ ဆရာ၀န္ ႏွင့္ သူနာျပဳတို႔သည္ ဒီအျခင္းအရာ ႏွင့္ ထိေတြ႕ေနက်ျဖစ္ျပီး သူတို႔သည္ ရင္ေသြး ႏွင့္ မိခင္ကို ေကာင္းစြာ ၾကည့္ရႈေစာင့္ေရွာက္မည္ ျဖစ္သည္။
၂။ အာရံုခံစားမႈ ႏွစ္မ်ိဳး

ေမြးလမ္းေၾကာင္းမွ ေမြးဖြားျခင္း (သို႔) သဘာ၀အတိုင္းေမြးဖြားျခင္းသည္ မိခင္ကို နာက်င္ျခင္း၏ ခံစားခ်က္ အားလံုးကို ေပးမည္ ျဖစ္သည္။ မိခင္သည္ အဓိက အာရံုခံစားမႈ ၂ မ်ိဳးျဖစ္သည့္ နာက်င္ျခင္း ႏွင့္ ဖိအား ကို ခံစားရမည္ ျဖစ္သည္။

မိခင္သည္ ကေလးအျပင္သို႔ ထြက္လာေစရန္ စညွစ္သည္ ႏွင့္ သားအိမ္ေခါင္းကို ဖိအားဒါဏ္ စတင္ခံစားရမည္ျဖစ္သည္။ ကေလးသည္ ေမြးလမ္းေၾကာင္းတေလွ်ာက္ ဆင္းလာသည္ ႏွင့္အမွ် ဖိအားဒါဏ္ကို ညွစ္သည့္ အခ်ိန္တြင္း ခံစားရသည္မွ အျမဲတမ္းပို၍ ခံစားရသည္ထိ ျဖစ္လာမည္။

ေမြးလမ္းေၾကာင္းတေလွ်ာက္ဆင္းလာေသာ ကေလးသည္ အာရံုေၾကာမ်ားကို ဖိေသာေၾကာင့္ အူလမ္းေၾကာင္းကိုပါ လႈပ္ရွားေစသည္။

ေမြးလမ္းလမ္းေၾကာင္းမွ မီးဖြားစဥ္တြင္ မိန္မးကိုယ္ အနီးတ၀ိုက္ရွိ အေရျပား ႏွင့္ တစ္သွ်ဴးမ်ားသည္ ကေလးေမြးလမ္းေၾကာင္းအတိုင္း ဆင္းလာသည္ႏွင့္ ျပန္႔ကားျပီး စုတ္ျပဲသြားႏိုင္သည္။

ထိုအခ်ိန္တြင္ အလြန္ျပင္းထန္ေသာ နာက်င္မႈကို ခံစားရႏိုင္ျပီး ေမြးဖြားျပီးခ်ိန္တြင္ မိန္းမကိုယ္မွ စအို၀ထိ စုတ္ျပဲသြားသည့္ နာက်င္မႈမ်ိဳးထိ ခံစားရႏိုင္သည္။
၃။ အဆက္မျပတ္ ေလရူွသြင္းျခင္းသည္ အကူအညီေပးသည္။

သိပ္အသံုးမ၀င္ေလာက္ဘူးဟု ထင္ႏိုင္ေသာ္လည္း အသက္၀၀ရွူျခင္းသည္ ကေလးေမြးျခင္းအဆင္ေျပေစမည့္ နည္းလမ္းေကာင္းတစ္ခု ျဖစ္သည္။

မီးမဖြားခင္တြင္ အသက္၀၀ရွူတတ္ေစရန္ ေလ့က်င့္ထားျခင္းသည္ ေကာင္းေကာင္းညွစ္ႏိုင္ေစျပီး နာက်င္ျခင္းမ်ားတြင္ တည္ျငိမ္ေနေစသည္။

တည္ျငိမ္ေအးေဆးေနေစရန္ ေန႔စဥ္ အသက္ရွူေလ့က်င့္ခန္းမ်ားကို အာရံုစိုက္ကာ လုပ္ေဆာင္ရမည္။

ေယာဂေလ့က်င့္ျခင္းသည္ အျခားေကာင္းမြန္ေသာ ေရြးခ်ယ္မႈ တစ္ခုျခစ္သည္။

ကိုယ္၀န္ေဆာင္မိခင္သည္ မိမိ၏ လက္တြဲေဖာ္ ႏွင့္လည္း တူတူေလ့က်င့္ႏိုင္သည္။

အကယ္၍ ကေလးမိခင္သည္ စိတ္မတည္ျငိမ္ ထိန္းခ်ဳပ္၍ မရလွ်င္ လက္တြဲေဖာ္က ကူညီေပးႏိုင္သည္။

ပါးစပ္ ႏွင့္ လည္ေခ်ာင္းကို က်ယ္က်ယ္ဖြင့္ျပီး အသက္ရွူတတ္ေစရန္ ေလ့က်င့္ရမည္။ မီးဖြားေနစဥ္တြင္ မိခင္၏ ခႏၶာကိုယ္သည္ ရုပ္ပိုင္းဆိုင္ရာ ႏွင့္ စိတ္ပိုင္းဆိုင္ရာပါ အေကာင္းမြန္ဆံုးျဖစ္ေနေစရန္ ျဖစ္သည္။
၄။ ေမြးဖြားရ လြယ္ကူေစရန္ ေရြ႕လ်ားေနျခင္း။

ပံုမွန္အရဆိုလွ်င္ မိခင္မ်ားသည္ ကေလးေမြးရာတြင္ လွဲေလ်ာင္းေနေသာ အေနအထားျဖင့္သာ ေမြးဖြားသည္ကို ေတြ႕ရသည္။ သို႔ေသာ္ ထိုအေနအထားသည္ မိခင္ေရာ ကေလးအတြက္ပါ အေကာင္းဆံုးေသာ အေနအထားမဟုတ္ေပ။

မီးဖြားခ်ိန္တြင္ ေရြ႔လ်ားေနျခင္း (သို႔) ေျဖာင့္ေျဖာင့္ရပ္ေနျခင္းသည္ ကေလး ႏွင့္မိခင္ အတြက္ေကာင္းေသာ အက်ိဳးေက်းဇူးမ်ားရွိသည္။ မီးဖြားခ်ိန္တြင္ ေရြ႕လ်ားျခင္း ႏွင့္ ပံုစံအေနအထားသည္ အံ့ၾသဖို႔ေကာင္းသည္။ ေရြ႕ထားေနျခင္းသည္ ဦးေႏွာက္ရွိ နာက်င္ျခင္းကို သိရွိေသာ လက္ခံေနရာမ်ား၏ အာရံုခံစားမႈကို ေလ်ာ့က်ေစသည္။ မိခင္ျဖစ္လာမည့္ ကိုယ္၀န္ေဆာင္သည္ သက္ေတာင့္သက္သာ ရွိေနေစရန္ႏွင့္ ညွစ္ျခင္း၏ နာက်င္ျခင္းမ်ားကို သက္သာေစမည့္ ေျဖာင့္ေျဖာင့္အေနအထားကို က်င့္သားရေအာင္ ျပဳလုပ္ထားသင့္သည္။

အခ်ိဳ႕ေသာ ေျဖာင့္ေျဖာင့္အေနအထားမ်ားမွာ မတ္မတ္ရပ္ျခင္း ၊ ေရွ့သို႔ကိုင္းေနျခင္း ၊ ထိုင္ထျပဳလုပ္သည့္ ပံုစံ၊ ထိုင္ေနျခင္း ႏွင့္ ေဘးတေစာင္းလွဲေနျခင္း တို႔ပါ၀င္သည္။ အေနအထားတစ္ခုျခင္းစီကို ေမြးဖြားျခင္း၏ ပထမအဆင့္ ႏွင့္ ဒုတိယအဆင့္ တို႔တြင္ အသံုးျပဳႏိုင္သည္။ မိခင္၏ အေျခအေန ႏွင့္ ဆရာ၀န္၏ ညႊန္ၾကားခ်က္အေပၚ မူတည္၍ မိခင္ ႏွင့္ အေကာင္းဆံုးျဖစ္မည့္ ပုံစံအေနအထားကို က်င့္သားရေအာင္ ျပဳလုပ္ႏိုင္သည္။
၅။ အခ်ိန္ခနအတြင္း ျပန္လည္သက္သာလာျခင္း။

ေမြးလမ္းေၾကာင္းမွ ကေလးေမြးျပီး မိခင္ျဖစ္လာမည့္ ကိုယ္၀န္ေဆာင္တိုင္းသည္ ရုပ္ပိုင္းဆိုင္ရာအားျဖင့္ ၾကမ္းတမ္းခက္ခဲသည့္  ၾကာရွည္ေသာ ေမြးဖြားျခင္း ျဖစ္စဥ္ကို ေက်ာ္ျဖတ္ရမည္။ သို႔ေသာ္လည္း ေမြးလမ္းေၾကာင္းမွ ေမြးဖြားျခင္း၏ ေကာင္းက်ိဳးမ်ားမွ တစ္ခ်က္မွာ ေမြးလမ္းေၾကာင္းမွ ေမြးဖြားျခင္းသည္ အခ်ိန္ခနအတြင္း ျပန္လည္သက္သာလာျခင္း ျဖစ္သည္။

ေမြးလမ္းေၾကာင္းမွ ေမြးဖြားျခင္းသည္ သဘာ၀ျဖစ္စဥ္ ျဖစ္ေသာေၾကာင့္ ခႏၶာကိုယ္သည္ အခ်ိန္ ႏွင့္အမွ် သဘာ၀အေလ်ာက္ သက္သာလာမည္ျဖစ္သည္။ ပံုမွန္အားျဖင့္ ေမြးလမ္းေၾကာင္းမွ မီးဖြားျခင္းကို ေရြးခ်ယ္ေသာ ကိုယ္၀န္ေဆာင္မိခင္သည္ ၂၄ နာရီ မွ ၄၈ နာရီ အတြင္း ျပန္လည္ သက္သာလာမည္ျဖစ္သည္။ ေနေကာင္းလာလွ်င္ မီးဖြားျပီး အမ်ိဳးသမီးသည္ ေမွ်ာ္မွန္းထားသည့္ အခ်ိန္ထက္ ေစာ၍ ေဆးရံုမွ ဆင္းႏိုင္သည္။ မီးဖြားျပီး လူနာအေတာ္မ်ားမ်ားသည္ အိမ္တြင္ ရင္ေသြး ႏွင့္ မိသားစုႏွင့္ အတူေနထိုင္ႏိုင္ရန္ အိမ္ျပန္ဖို႔သာ ေရြးခ်ယ္တတ္ၾကသည္။

ဘ၀၏ အထူးျခားဆံုးျဖစ္ေသာ မီးဖြားျခင္းအေၾကာင္းေျပာရန္ အမ်ားၾကီးက်န္ပါေသးသည္။ ဒီဖံုးကြယ္ထားေသာ အေၾကာင္းအရာမ်ားသည္ ရင္ေသြးငယ္ကို ၾကိဳဆိုရန္ အေကာင္းမြန္ဆံုး အေထာက္ပံ့ေပးႏိုင္မည္ဟု ေမွ်ာ္လင့္ပါသည္။

အျခားသိလိုသည့္ေမးခြန္းမ်ားရွိလ်ွင္ ဆရာ၀န္ ႏွင့္ တိုင္ပင္ေဆြးေႏြးျခင္းသည္ သင့္အတြက္ အေကာင္းဆံုးျဖစ္ပါသည္။

Credit : Hello Health Group
# Unicode Version ျဖင့္ ဖတ္ပါ #
ကလေးမွေးဖွားခြင်းသည် အမျိုးသမီးတစ်ယောက်အတွက် တစ်ဘဝလုံး အမြဲအမှတ်ရနေမည့် အကြောင်းအရာတစ်ခုပင် ဖြစ်သည်။ ကလေးမွေးဖွားခြင်းတိုင်းသည် မိခင်တစ်ယောက်စီတိုင်း နှင့် ရင်သွေးအတွက် ထူးခြားသောအတွေ့အကြုံပင်ဖြစ်သည်။

ထို့ကြောင့် မိခင်တစ်ယောက်အနေနဲ့ ကောင်းမွန်သော မျှော်လင့်ချက်များ နှင့် အတွေ့အကြုံကောင်းများကို ရရှိနိုင်ပါသည်။

ဒီဆောင်းပါးသည် မိန်းမကိုယ်၊ မွေးလမ်းကြောင်းမှ မွေးဖွားခြင်း၏ လျှို့ဝှက်ချက် ၅ ခုကို ဖေါ်ပြထားပါသည်။


၁။ တစ်ကိုယ်ရည် အညစ်အကြေးများစွာ ပါဝင်ခြင်း။

မွေးဖွားရန်အတွက်ပြင်ဆင်ချိန်တွင် ရင်သွေးငယ် နှင့် အတူ မည်သည့်အရာများက တူတူပါလာမည်ကို အနည်းဆုံး တစ်ကြိမ်တော့ တွေးမိတတ်ကြသည်။ ထင်ရှားသော အချက်အလက်အနေနှင့် စာအုပ်များ၊ ဆောင်းပါးများ (သို့) ကိုယ်ဝန်ဆောင်မိခင်၏ အမေပင်လျှင် မပြောပြသည့် အကြောင်းအရာမှာ ရင်သွေးကို ညှစ်၍မွေးထုတ်လိုက်စဉ် အတူတကွ ဖြစ်ပေါ်သော အူလမ်းကြောင်း၏ လှုပ်ရှားမှုဖြစ်သည်။

မစင်များ၊ ဆီး နှင့် သွေးများသည် ရင်သွေး နှင့်အတူ ထွက်လာမည့် အရာများဖြစ်သည်။

သို့သော်လည်း ရှက်နေခြင်းအတွက် ကလေးမွေးရန် စွမ်းအင်ကို အဆုံးရှုံးခံရန်မဖြစ်ပေ။

ဒီအခြင်းအရာသည် မွေးလမ်းကြောင်းမှ ပုံမှန်အတိုင်းမွေးဖွားသော ဖြစ်စဉ်အတွက် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။

ထို့အပြင် ကေလးမွေးဖွားရန်အတွက် ညှစ်ရသော ကြွက်သား နှင့် အူလမ်းကြောင်းကို ညှစ်သော ကြွက်သားတူတူပင် ဖြစ်သောကြောင့် ကြိုတင်ကာကွယ်၍လည်း မရနိုင်ပါ။

ကံကောင်းသည်မှာ ဆရာဝန် နှင့် သူနာပြုတို့သည် ဒီအခြင်းအရာ နှင့် ထိတွေ့နေကျဖြစ်ပြီး သူတို့သည် ရင်သွေး နှင့် မိခင်ကို ကောင်းစွာ ကြည့်ရှုစောင့်ရှောက်မည် ဖြစ်သည်။
၂။ အာရုံခံစားမှု နှစ်မျိုး

မွေးလမ်းကြောင်းမှ မွေးဖွားခြင်း (သို့) သဘာဝအတိုင်းမွေးဖွားခြင်းသည် မိခင်ကို နာကျင်ခြင်း၏ ခံစားချက် အားလုံးကို ပေးမည် ဖြစ်သည်။ မိခင်သည် အဓိက အာရုံခံစားမှု ၂ မျိုးဖြစ်သည့် နာကျင်ခြင်း နှင့် ဖိအား ကို ခံစားရမည် ဖြစ်သည်။

မိခင်သည် ကလေးအပြင်သို့ ထွက်လာစေရန် စညှစ်သည် နှင့် သားအိမ်ခေါင်းကို ဖိအားဒါဏ် စတင်ခံစားရမည်ဖြစ်သည်။ ကလေးသည် မွေးလမ်းကြောင်းတလျှောက် ဆင်းလာသည် နှင့်အမျှ ဖိအားဒါဏ်ကို ညှစ်သည့် အချိန်တွင်း ခံစားရသည်မှ အမြဲတမ်းပို၍ ခံစားရသည်ထိ ဖြစ်လာမည်။

မွေးလမ်းကြောင်းတလျှောက်ဆင်းလာသော ကလေးသည် အာရုံကြောများကို ဖိသောကြောင့် အူလမ်းကြောင်းကိုပါ လှုပ်ရှားစေသည်။

မွေးလမ်းလမ်းကြောင်းမှ မီးဖွားစဉ်တွင် မိန်မးကိုယ် အနီးတဝိုက်ရှိ အရေပြား နှင့် တစ်သျှူးများသည် ကလေးမွေးလမ်းကြောင်းအတိုင်း ဆင်းလာသည်နှင့် ပြန့်ကားပြီး စုတ်ပြဲသွားနိုင်သည်။

ထိုအချိန်တွင် အလွန်ပြင်းထန်သော နာကျင်မှုကို ခံစားရနိုင်ပြီး မွေးဖွားပြီးချိန်တွင် မိန်းမကိုယ်မှ စအိုဝထိ စုတ်ပြဲသွားသည့် နာကျင်မှုမျိုးထိ ခံစားရနိုင်သည်။
၃။ အဆက်မပြတ် လေရူှသွင်းခြင်းသည် အကူအညီပေးသည်။

သိပ်အသုံးမဝင်လောက်ဘူးဟု ထင်နိုင်သော်လည်း အသက်၀၀ရှူခြင်းသည် ကလေးမွေးခြင်းအဆင်ပြေစေမည့် နည်းလမ်းကောင်းတစ်ခု ဖြစ်သည်။

မီးမဖွားခင်တွင် အသက်၀၀ရှူတတ်စေရန် လေ့ကျင့်ထားခြင်းသည် ကောင်းကောင်းညှစ်နိုင်စေပြီး နာကျင်ခြင်းများတွင် တည်ငြိမ်နေစေသည်။

တည်ငြိမ်အေးဆေးနေစေရန် နေ့စဉ် အသက်ရှူလေ့ကျင့်ခန်းများကို အာရုံစိုက်ကာ လုပ်ဆောင်ရမည်။

ယောဂလေ့ကျင့်ခြင်းသည် အခြားကောင်းမွန်သော ရွေးချယ်မှု တစ်ခုခြစ်သည်။

ကိုယ်ဝန်ဆောင်မိခင်သည် မိမိ၏ လက်တွဲဖော် နှင့်လည်း တူတူလေ့ကျင့်နိုင်သည်။

အကယ်၍ ကလေးမိခင်သည် စိတ်မတည်ငြိမ် ထိန်းချုပ်၍ မရလျှင် လက်တွဲဖော်က ကူညီပေးနိုင်သည်။

ပါးစပ် နှင့် လည်ချောင်းကို ကျယ်ကျယ်ဖွင့်ပြီး အသက်ရှူတတ်စေရန် လေ့ကျင့်ရမည်။ မီးဖွားနေစဉ်တွင် မိခင်၏ ခန္ဓာကိုယ်သည် ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာပါ အကောင်းမွန်ဆုံးဖြစ်နေစေရန် ဖြစ်သည်။
၄။ မွေးဖွားရ လွယ်ကူစေရန် ရွေ့လျားနေခြင်း။

ပုံမှန်အရဆိုလျှင် မိခင်များသည် ကလေးမွေးရာတွင် လှဲလျောင်းနေသော အနေအထားဖြင့်သာ မွေးဖွားသည်ကို တွေ့ရသည်။ သို့သော် ထိုအနေအထားသည် မိခင်ရော ကလေးအတွက်ပါ အကောင်းဆုံးသော အနေအထားမဟုတ်ပေ။

မီးဖွားချိန်တွင် ရွေ့လျားနေခြင်း (သို့) ဖြောင့်ဖြောင့်ရပ်နေခြင်းသည် ကလေး နှင့်မိခင် အတွက်ကောင်းသော အကျိုးကျေးဇူးများရှိသည်။ မီးဖွားချိန်တွင် ရွေ့လျားခြင်း နှင့် ပုံစံအနေအထားသည် အံ့သြဖို့ကောင်းသည်။ ရွေ့ထားနေခြင်းသည် ဦးနှောက်ရှိ နာကျင်ခြင်းကို သိရှိသော လက်ခံနေရာများ၏ အာရုံခံစားမှုကို လျော့ကျစေသည်။ မိခင်ဖြစ်လာမည့် ကိုယ်ဝန်ဆောင်သည် သက်တောင့်သက်သာ ရှိနေစေရန်နှင့် ညှစ်ခြင်း၏ နာကျင်ခြင်းများကို သက်သာစေမည့် ဖြောင့်ဖြောင့်အနေအထားကို ကျင့်သားရအောင် ပြုလုပ်ထားသင့်သည်။

အချို့သော ဖြောင့်ဖြောင့်အနေအထားများမှာ မတ်မတ်ရပ်ခြင်း ၊ ရှေ့သို့ကိုင်းနေခြင်း ၊ ထိုင်ထပြုလုပ်သည့် ပုံစံ၊ ထိုင်နေခြင်း နှင့် ဘေးတစောင်းလှဲနေခြင်း တို့ပါဝင်သည်။ အနေအထားတစ်ခုခြင်းစီကို မွေးဖွားခြင်း၏ ပထမအဆင့် နှင့် ဒုတိယအဆင့် တို့တွင် အသုံးပြုနိုင်သည်။ မိခင်၏ အခြေအနေ နှင့် ဆရာဝန်၏ ညွှန်ကြားချက်အပေါ် မူတည်၍ မိခင် နှင့် အကောင်းဆုံးဖြစ်မည့် ပုံစံအနေအထားကို ကျင့်သားရအောင် ပြုလုပ်နိုင်သည်။
၅။ အချိန်ခနအတွင်း ပြန်လည်သက်သာလာခြင်း။

မွေးလမ်းကြောင်းမှ ကလေးမွေးပြီး မိခင်ဖြစ်လာမည့် ကိုယ်ဝန်ဆောင်တိုင်းသည် ရုပ်ပိုင်းဆိုင်ရာအားဖြင့် ကြမ်းတမ်းခက်ခဲသည့်  ကြာရှည်သော မွေးဖွားခြင်း ဖြစ်စဉ်ကို ကျော်ဖြတ်ရမည်။ သို့သော်လည်း မွေးလမ်းကြောင်းမှ မွေးဖွားခြင်း၏ ကောင်းကျိုးများမှ တစ်ချက်မှာ မွေးလမ်းကြောင်းမှ မွေးဖွားခြင်းသည် အချိန်ခနအတွင်း ပြန်လည်သက်သာလာခြင်း ဖြစ်သည်။

မွေးလမ်းကြောင်းမှ မွေးဖွားခြင်းသည် သဘာဝဖြစ်စဉ် ဖြစ်သောကြောင့် ခန္ဓာကိုယ်သည် အချိန် နှင့်အမျှ သဘာဝအလျောက် သက်သာလာမည်ဖြစ်သည်။ ပုံမှန်အားဖြင့် မွေးလမ်းကြောင်းမှ မီးဖွားခြင်းကို ရွေးချယ်သော ကိုယ်ဝန်ဆောင်မိခင်သည် ၂၄ နာရီ မှ ၄၈ နာရီ အတွင်း ပြန်လည် သက်သာလာမည်ဖြစ်သည်။ နေကောင်းလာလျှင် မီးဖွားပြီး အမျိုးသမီးသည် မျှော်မှန်းထားသည့် အချိန်ထက် စော၍ ဆေးရုံမှ ဆင်းနိုင်သည်။ မီးဖွားပြီး လူနာအတော်များများသည် အိမ်တွင် ရင်သွေး နှင့် မိသားစုနှင့် အတူနေထိုင်နိုင်ရန် အိမ်ပြန်ဖို့သာ ရွေးချယ်တတ်ကြသည်။

ဘဝ၏ အထူးခြားဆုံးဖြစ်သော မီးဖွားခြင်းအကြောင်းပြောရန် အများကြီးကျန်ပါသေးသည်။ ဒီဖုံးကွယ်ထားသော အကြောင်းအရာများသည် ရင်သွေးငယ်ကို ကြိုဆိုရန် အကောင်းမွန်ဆုံး အထောက်ပံ့ပေးနိုင်မည်ဟု မျှော်လင့်ပါသည်။

အခြားသိလိုသည့်မေးခွန်းများရှိလျှင် ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပါသည်။

Credit : Hello Health Group
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top