iMyanmarHouse.com - Best Property Website for Myanmar
×
 Ref;May Pyae Sone Aung
Credit:  We Love Cele
# Unicode Version ဖြင့် ဖတ်ပါ #
မေပြည့်စုံအောင် ဟာ အမျိုးသမီးပိုင်းလော့တစ်ဦးဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းကမှ လူတစ်စုရဲ့ စည်းမစောင့်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။
အမျိုးသမီးပိုင်းလော့တစ်ဦးဖြစ်တဲ့ သူမရဲ့ ဗီဒီယိုဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တာကြောင့် ဝေဖန်မှုတွေကို ပြင်းထန်စွာ ခံနေရသော်လည်း သူမဟာ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်ခဲ့ပါတယ်။
သူမရဲ့ ဖေ့ဘုတ်အကောင့်ဟာ April လလောက်မှာ အဟက်ခံခဲ့ရတာဖြစ်ပြီး သူမအကောင့်ကို ပြန်လည်ရယူဖို့အတွက် ငွေညစ်ခံခဲ့ရပါတယ်။
မသမာသူလူတစ်စုကတောင်းတဲ့ ငွေ ၃၀၀၀၀၀ ကို သူမ ပို့ပေးခဲ့တာ ဖြစ်ပြီး ဟက်တဲ့သူကိုယ်တိုင် စည်းမစောင့်မှုကြောင့် ယခုပြသနာရပ်တွေကို သူမအနေနဲ့ဖြေရှင်းနေခဲ့ရတာဖြစ်ပါတယ်။
သူမကတော့ ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီး သူမရဲ့ Instagram ကနေပြီး ပရိသတ်တွေကို အသိပေးရှင်းပြခဲ့ပါတယ်။
“ဟုတ်ကဲ့ ဒီကိစ္စကိုဖြန့်တာ ကျွန်မချစ်သူလုံးဝမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ April လတုန်းက ကျွန်မ Facebook အဟက်ခံလိုက်ရပါတယ်။ မှတ်မှတ်ရရ သြင်္ကန်အတက်နေ့မှာပေါ့ ပြီးတော့ သုံးသိန်းတောင်းပါတယ်။ ညီမ အဲ့တုန်းက ကိုရီးယားရောက်နေတာပါ။”
“ညီမအကောင့်ကနေ ညီမအကိုကို ဆက်သွယ်ပြီးငွေလွှဲပေးဖို့ပြောပါတယ် ညီမတို့လည်း Wave Money ကနေ ချက်ချင်းလွှဲပေးပါတယ်။ သူတို့ဘက်ကလည်း ပိုက်ဆံရပြီးတာနဲ့ ဘယ်တစ်ခုမှ အပြင်ကိုမဖြန့်ပါဘူးလို့ ကတိပေးပါတယ်။”
“ဒါပေမဲ့ ညီမအဲ့ချိန်တည်းက Facebook မသုံးရဲတော့ပါဘူး အဲ့ကတည်းက အကောင့် D ထားတာပါ။ အဲ့တည်းက ကိုယ့်စိတ်ကိုလဲပြင်ဆင်ထားပြီးသားပါ ဒါတွေတစ်နေ့ဖြစ်လာမယ်ဆိုတာ ကတိဆိုတာပြောရင်လွယ်သလောက် တည်ဖို့ခက်တယ်ဆိုတာ ညီမနားလည်ပါတယ်။”
“ဒါပေမဲ့ သေချာတာကတော့ ညီမကိုဒီလိုအရှက်ကွဲအောင်လုပ်တဲ့သူတွေအပေါ် ညီမဘက်က ထိခိုက်အောင် တစ်ခါမှမလုပ်ဖူဘူးဆိုတာပါပဲ။ တော်ရုံညီမနဲ့ပါတ်သတ်တဲ့ကောလဟာလမှန်သမျှ ညီမတစ်ခါမှမဖြေရှင်းဖူးပါဘူး။ ဖြေရှင်းစရာလဲမလိုဘူးထင်ပါတယ်။”
“ဒီကိစ္စကလဲ ညီမချစ်သူကိုအယုတ်တမာကောင်လို့ထင်နေမှာစိုးလို့သူမဖြန့်တဲ့အကြောင်း ဟက်ကာ ကိုယ်တိုင် သူတို့ပြမိလိုက်တဲ့သူဖြန့်တဲ့အကြောင်းပြောတာပါ။”
“အဲ့တော့တွေးကြည့်ပေါ့နော် နှစ်နဲချီတွဲလာပြီး ဒီလိုကိစ္စတွေ CB ကပြောမိတဲ့ ကျွန်မတို့အတွဲပဲမှာလား ကျွန်မပါစင်နယ်အကောင့်ကိုဟက် ပိုက်ဆံယူသွားတဲ့အပြင် ကျွန်မတို့ CB ထဲက Privacy တွေကိုပါ အရည်မရအဖတ်မရ ကျွန်မတို့အရှက်ရအောင် တင်တဲ့သူကပိုမှားလားဆိုတာပေါ့။”
 Ref;May Pyae Sone Aung
Credit:  We Love Cele
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top