iMyanmarHouse.com - Best Property Website for Myanmar
×

အႏုပညာအလုပ္မ်ားကို ႀကိဳးစားလုပ္ကိုင္ေနတဲ့ ေအးျမတ္သူက ေကာင္းမြန္တဲ့ Relationship တခု ရွိတယ္လို႔ ဆိုၿပီး အပ်ိဳႀကီးဘဝကို မစြန႔္လႊတ္ေသးဘဲ ေပ်ာ္ေနတယ္လို႔လည္း သူက ဆိုပါတယ္။

“အပ်ိဳႀကီးဘဝကို မစြန႔္လႊတ္ေသးဘူး။ ေပ်ာ္ေနေသးတယ္။ ေပ်ာ္ေနေသးတယ္ဆိုတာ ေအးျမတ္သူက ေပ်ာ္ေပ်ာ္ေနတယ္။ ၿပီးေတာ့ အပ်ိဳႀကီးလို႔သာေျပာတာ ကိုယ့္မွာလည္း အရမ္းကို ေကာင္းမြန္တဲ့ Relationship တခု ရွိပါတယ္။ ဘာပဲေျပာေျပာ ေအးျမတ္သူတို႔ Long Distance Relationship ဆိုေတာ့ ေအးျမတ္သူအတြက္က အပ်ိဳႀကီးလို႔လည္း ေျပာလို႔ရသလို တဖက္မွာလည္း ရည္မွန္းထားတဲ့သူ ရွိတဲ့အတြက္ ေအးျမတ္သူ ေပ်ာ္႐ႊင္ပါတယ္”လို႔ ေအးျမတ္သူက ေျပာပါတယ္။

“တခ်ိဳ႕လည္း ေျပာၾကတယ္။ ခ်စ္သူကို အရမ္း အမႊန္းတင္တယ္။ သတင္း လုပ္တယ္ေပ့ါ။ မဟုတ္ပါဘူး။ တခါတေလ လူေတြက တဖက္သားကို ခ်ီးမြမ္းဖို႔ ေမ့ေနၾကတယ္။ ခ်ီးမြမ္းသင့္တဲ့သူကို ခ်ီးမြမ္းတာလည္း မဂၤလာတပါးပဲ။ ၿပီးေတာ့ ကိုယ့္ခ်စ္သူကို ကိုယ္ခ်ီးမြမ္းတယ္ ဆိုတာကလည္း သူ႔ကိုလည္း ကိုယ္က ကိုယ္ဘယ္ေလာက္ထိ ေလးစားမႈ ရွိတယ္ဆိုတာကို ျပတဲ့ သေဘာပါ” လို႔ ေအးျမတ္သူက ဆိုပါတယ္။

ဆက္လက္ၿပီး “ေအးျမတ္သူအတြက္ အဆင္အေျပဆုံးနဲ႔ နားလည္မႈ ရွိတဲ့သူ ျဖစ္လို႔ေလ။ သူ႔ကို ခ်စ္လို႔ပါ။ တခါတေလ ခ်ီးမြမ္းမိတဲ့ စာေတြ ေရးမိတာေပါ့ေနာ္။ အခ်စ္ဆိုတာက ကိုယ့္ရဲ႕ ခ်စ္သူဆီက ရတဲ့ အခ်စ္ေရာ ကိုယ့္ကို ခ်စ္တဲ့ ပရိသတ္ေတြဆီက ရတဲ့ အခ်စ္ေရာ ၿပီးေတာ့ ကိုယ့္ပတ္ဝန္းက်င္မွာ ကိုယ့္ကို ခ်စ္တဲ့သူေတြ အရမ္းမ်ား ေနတဲ့အတြက္ ကိုယ့္ကို အရမ္းကို ခ်စ္ၾကတဲ့အတြက္ အရမ္းကို ေပ်္ာစရာ ေကာင္းၿပီးေတာ့ အရမ္းကို လတ္ဆတ္ေနတာပါ” လို႔ ေအးျမတ္သူက ေျပာပါတယ္။

ခႏၶာကိုယ္ လွလွေလးနဲ႔ အဝတ္အစား ခပ္မိုက္မိုက္ေတြ ဝတ္တတ္တဲ့ သူမအတြက္ ခ်စ္သူကလည္း အဝတ္အစားပိုင္းနဲ႔ ပတ္သက္ၿပီး ဝင္စြက္ဖက္တာမ်ိဳး မရွိဘူးလို႔ ဆိုပါတယ္။

“အဝတ္အစားပိုင္းနဲ႔ ပတ္သက္ၿပီးေတာ့ သူက ဘာပဲ ဝတ္ဝတ္ ေအးျမတ္သူကို မစြက္ဖက္ဘူး။ ဘယ္လိုပဲ့ဖစ္ျဖစ္ သေဘာက်တယ္။ ျမန္မာဝတ္စုံ ဝတ္ရင္ သူသေဘာက်တယ္။ ေဟာ့ေရွာ့ ဝတ္လည္း ခ်စ္သူက လွတာကို ဝတ္ပါဖို႔။ ေအးျမတ္သူရဲ႕ အေတြးေတြ ေအးျမတ္သူရဲ႕ စိတ္အာ႐ုံကို သူဘယ္ေတာ့မွ မေႏွာင့္ယွက္ဘူး။ အၿမဲတမ္း သူအေနာက္ကေန ထိန္းကြပ္ေပးတယ္။ Support လုပ္ေပးတယ္” လို႔ ဆိုပါတယ္။

“ခ်စ္သူကေကာင္းေတာ့ ပစၥည္းေကာင္းေကာင္း ရတာ ဥထားရတယ္။ Review ေကာင္းေကာင္း မေရးရဲဘူး။ ပါသြားမွာ စိုးလို႔။ ခ်စ္သူကို တရားဝင္ မျပရဲေသးဘူး။ သူမ်ားေနာက္ ပါသြားမွာ စိုးလို႔ ။ ဒီဝါကြၽတ္ရင္ မစားရေသးဘူး။ ေနာက္ ၃ ႏွစ္ေလာက္ လိုေသးတယ္”လို႔ ေအးျမတ္သူက ေျပာပါတယ္။

သ႐ုပ္ေဆာင္ ေအးျမတ္သူကေတာ့ အခုလက္ရွိမွာ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ လက္ခံ႐ိုက္ကူး ေနရသလို အႏုပညာရွင္ အသစ္ေတြနဲ႔ တြဲၿပီး ႐ုပ္သံဇာတ္လမ္းတြဲေတြလည္း ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။

မၾကာခင္ ႐ုံတင္ျပသေတာ့မယ့္ “ခ်ဴဆီ” ႐ုပ္ရွင္ဇာတ္ကားႀကီးမွာ ပါဝင္သ႐ုပ္ေဆာင္ထားသလို MRTV-4 က ျပသခဲ့တဲ့ “မိုးေကာင္းကင္ အိပ္မက္” ဇာတ္လမ္းတြဲမွာလည္း “ေနျခည္ဝင့္ထည္” ကာ႐ိုက္တာကို ပရိသတ္ေတြ အႀကိဳက္ေတြ႕ခဲ့ၾကပါတယ္။

Credit: ဧရာဝတီ
# Unicode Version ျဖင့္ ဖတ္ပါ #
အနုပညာအလုပ်များကို ကြိုးစားလုပ်ကိုင်နေတဲ့ အေးမြတ်သူက ကောင်းမွန်တဲ့ Relationship တခု ရှိတယ်လို့ ဆိုပြီး အပျိုကြီးဘဝကို မစွန့်လွှတ်သေးဘဲ ပျော်နေတယ်လို့လည်း သူက ဆိုပါတယ်။

“အပျိုကြီးဘဝကို မစွန့်လွှတ်သေးဘူး။ ပျော်နေသေးတယ်။ ပျော်နေသေးတယ်ဆိုတာ အေးမြတ်သူက ပျော်ပျော်နေတယ်။ ပြီးတော့ အပျိုကြီးလို့သာပြောတာ ကိုယ့်မှာလည်း အရမ်းကို ကောင်းမွန်တဲ့ Relationship တခု ရှိပါတယ်။ ဘာပဲပြောပြော အေးမြတ်သူတို့ Long Distance Relationship ဆိုတော့ အေးမြတ်သူအတွက်က အပျိုကြီးလို့လည်း ပြောလို့ရသလို တဖက်မှာလည်း ရည်မှန်းထားတဲ့သူ ရှိတဲ့အတွက် အေးမြတ်သူ ပျော်ရွှင်ပါတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

“တချို့လည်း ပြောကြတယ်။ ချစ်သူကို အရမ်း အမွှန်းတင်တယ်။ သတင်း လုပ်တယ်ပေ့ါ။ မဟုတ်ပါဘူး။ တခါတလေ လူတွေက တဖက်သားကို ချီးမွမ်းဖို့ မေ့နေကြတယ်။ ချီးမွမ်းသင့်တဲ့သူကို ချီးမွမ်းတာလည်း မင်္ဂလာတပါးပဲ။ ပြီးတော့ ကိုယ့်ချစ်သူကို ကိုယ်ချီးမွမ်းတယ် ဆိုတာကလည်း သူ့ကိုလည်း ကိုယ်က ကိုယ်ဘယ်လောက်ထိ လေးစားမှု ရှိတယ်ဆိုတာကို ပြတဲ့ သဘောပါ” လို့ အေးမြတ်သူက ဆိုပါတယ်။

ဆက်လက်ပြီး “အေးမြတ်သူအတွက် အဆင်အပြေဆုံးနဲ့ နားလည်မှု ရှိတဲ့သူ ဖြစ်လို့လေ။ သူ့ကို ချစ်လို့ပါ။ တခါတလေ ချီးမွမ်းမိတဲ့ စာတွေ ရေးမိတာပေါ့နော်။ အချစ်ဆိုတာက ကိုယ့်ရဲ့ ချစ်သူဆီက ရတဲ့ အချစ်ရော ကိုယ့်ကို ချစ်တဲ့ ပရိသတ်တွေဆီက ရတဲ့ အချစ်ရော ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကို ချစ်တဲ့သူတွေ အရမ်းများ နေတဲ့အတွက် ကိုယ့်ကို အရမ်းကို ချစ်ကြတဲ့အတွက် အရမ်းကို ပျေ်ာစရာ ကောင်းပြီးတော့ အရမ်းကို လတ်ဆတ်နေတာပါ” လို့ အေးမြတ်သူက ပြောပါတယ်။

ခန္ဓာကိုယ် လှလှလေးနဲ့ အဝတ်အစား ခပ်မိုက်မိုက်တွေ ဝတ်တတ်တဲ့ သူမအတွက် ချစ်သူကလည်း အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီး ဝင်စွက်ဖက်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

“အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီးတော့ သူက ဘာပဲ ဝတ်ဝတ် အေးမြတ်သူကို မစွက်ဖက်ဘူး။ ဘယ်လိုပဲ့ဖစ်ဖြစ် သဘောကျတယ်။ မြန်မာဝတ်စုံ ဝတ်ရင် သူသဘောကျတယ်။ ဟော့ရှော့ ဝတ်လည်း ချစ်သူက လှတာကို ဝတ်ပါဖို့။ အေးမြတ်သူရဲ့ အတွေးတွေ အေးမြတ်သူရဲ့ စိတ်အာရုံကို သူဘယ်တော့မှ မနှောင့်ယှက်ဘူး။ အမြဲတမ်း သူအနောက်ကနေ ထိန်းကွပ်ပေးတယ်။ Support လုပ်ပေးတယ်” လို့ ဆိုပါတယ်။

“ချစ်သူကကောင်းတော့ ပစ္စည်းကောင်းကောင်း ရတာ ဥထားရတယ်။ Review ကောင်းကောင်း မရေးရဲဘူး။ ပါသွားမှာ စိုးလို့။ ချစ်သူကို တရားဝင် မပြရဲသေးဘူး။ သူများနောက် ပါသွားမှာ စိုးလို့ ။ ဒီဝါကျွတ်ရင် မစားရသေးဘူး။ နောက် ၃ နှစ်လောက် လိုသေးတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

သရုပ်ဆောင် အေးမြတ်သူကတော့ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူး နေရသလို အနုပညာရှင် အသစ်တွေနဲ့ တွဲပြီး ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

မကြာခင် ရုံတင်ပြသတော့မယ့် “ချူဆီ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားသလို MRTV-4 က ပြသခဲ့တဲ့ “မိုးကောင်းကင် အိပ်မက်” ဇာတ်လမ်းတွဲမှာလည်း “နေခြည်ဝင့်ထည်” ကာရိုက်တာကို ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။

Credit: ဧရာဝတီ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top