iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္လံုး ေအာက္ဖက္နားမွာ ေပါက္ေလ့ရွိတဲ့ ဒီ အဆီဖု ၊ အျဖဴစိေလး ေတြကို Milia လို႔ေခၚျပီး သူက အေရျပား ပါးလႊာတဲ့ေနရာမ်ိဳးမွာ ေပါက္တတ္ပါတယ္ ။ အဲ့ဒါေလးေတြကို သြားျပီး ထိုးဆြညွစ္တဲ့အခါ ပုိျပီးပြားလာနိုင္လို႔ သတိျပဳဖို႔ေတာ့ လိုပါတယ္ ။ ဒီလုိ အျဖဴစိ ေလးေတြကို ေပ်ာက္ကင္းေစမယ့္ အႏၱရာယ္ကင္း နည္းလမ္း ေတြကို ရွာေဖြေပးလိုက္ပါတယ္ ။

၁။ ေရေႏြးေငြ႔

ေရေႏြးေငြ႕ျဖင့္ ကုသျခင္း ေၾကာင့္ ပိတ္ဆို႔ေနတဲ့ ေခြ်းေပါက္ ေတြကို ပြင့္ေစျပီး ဆဲလ္ေသနွင့္ အေရျပားေပၚရွိ အညစ္္အေၾကး မ်ားကို သန္႔စင္ေစပါတယ္ ။ Milia ေတြကို ကုသ ဖို႔အတြက္လည္း ထိေရာက္တဲ့ နည္းလမ္း တစ္ခုျဖစ္ပါတယ္ ။ ဇလံုတစ္ခုထဲသို႔ ေရေႏြး ထဲျပီး မိမိ အပူခံ နိုင္ေလာက္တဲ့ အေနအထားမ်ိဳးမွာ ထြက္လာတဲ့ ေရေႏြးေငြ႕ကို ၁၅မိနစ္ခန္ ႔ မ်က္နွာခ်င္းဆိုင္ပါ ။

ျပီးသြားလွ်င္ေတာ့ မ်က္ႏွာ ကို ခပ္ဖြဖြသုတ္ျပီး အစိုဓါတ္ထိမ္း ခရင္မ္ တစ္မ်ိဳးမ်ိဳး လိမ္းေပးပါ ။
လူသံုးမ်ားတဲ့ နည္းလမ္း ေလးကေတာ့ ေရေႏြး ထဲသို႔ အဝတ္သန္႔တစ္ခုကိုစိမ္ပါ ။ ျပီးေနာက္ ေရစင္ေအာင္ညွစ္ျပီး အျဖဴဖုေလးမ်ားရွိရာေပၚသို႔ မိနစ္ အနည္ငယ္ၾကာ အုပ္ေပးထားပါ ။ ထိုအတိုင္း ၂ၾကိမ္ ၃ၾကိမ္ခန္႔ လုပ္ေပးပါ ။ ေန႔စဥ္ နွစ္ေၾကာ့လုပ္ေဆာင္ေပးျခင္းျဖင့္ သက္သာလာတာကို ျမင္ေတြ႕ရမွာပါ ။

၂။သၾကား

ဒီနည္းလမ္းေလးမွာေတာ့ သၾကား အျပင္ သံပုယိုရည္ နွင့္ သံလြင္ဆီ အနည္းငယ္ကိုလည္း လိုအပ္ပါတယ္ ။ သၾကား ၊ သံပုယိုရည္ နွင္ ့သံလြင္ဆီ ကို လက္ဖက္ရည္ဇြန္း ၁ဇြန္းခန္႔စီ ထည့္ကာ ေရာေမႊပါ ။ နွံ႔စပ္သြားလွ်င္ေတာ့ အျဖဴဖုေလးေတြ ရွိရာေနရာသို႔ ညွင္သာစြာ ပြတ္ျပီးလိမ္းေပးရမွာပါ ။ ။ မိနစ္ ၂၀ခန္႔ၾကာသြားလွ်င္ ေရေဆးပစ္လိုက္ပါ ။ တစ္ေန႔တစ္ၾကိမ္ ပံုမွန္လုပ္ေဆာင္ေပးသြားပါ။

၃။ပ်ားရည္

ပ်ားရည္ သန္႔သန္႔ကို ဘာနဲ႔မွမေရာဘဲ မ်က္နွာေပၚ ၁၅ မိနစ္ခန္႔ၾကာေအာင္ လိမ္းေပးထားပါ ။ ျပီးသြားလွ်င္ေတာ့ ေရေႏြးေႏြးျဖင့္ ေဆးေၾကာေပးလိုက္ရံုပါပဲ ။
မ်က္လံုးေအာက္နားက အဲ့အဖုေလးေတြက ေပ်ာက္ဖို႔ခက္လို႔ စိတ္ရွည္ရွည္နဲ႕ေတာ့ ျပဳလုပ္ေပးမွ ရပါမယ္ေန္ာ ။

Credit : ေရႊအင္းေလး
# Unicode Version ျဖင့္ ဖတ္ပါ #
မျက်လုံး အောက်ဖက်နားမှာ ပေါက်လေ့ရှိတဲ့ ဒီ အဆီဖု ၊ အဖြူစိလေး တွေကို Milia လို့ခေါ်ပြီး သူက အရေပြား ပါးလွှာတဲ့နေရာမျိုးမှာ ပေါက်တတ်ပါတယ် ။ အဲ့ဒါလေးတွေကို သွားပြီး ထိုးဆွညှစ်တဲ့အခါ ပိုပြီးပွားလာနိုင်လို့ သတိပြုဖို့တော့ လိုပါတယ် ။ ဒီလို အဖြူစိ လေးတွေကို ပျောက်ကင်းစေမယ့် အန္တရာယ်ကင်း နည်းလမ်း တွေကို ရှာဖွေပေးလိုက်ပါတယ် ။

၁။ ရေနွေးငွေ့

ရေနွေးငွေ့ဖြင့် ကုသခြင်း ကြောင့် ပိတ်ဆို့နေတဲ့ ချွေးပေါက် တွေကို ပွင့်စေပြီး ဆဲလ်သေနှင့် အရေပြားပေါ်ရှိ အညစ်အကြေး များကို သန့်စင်စေပါတယ် ။ Milia တွေကို ကုသ ဖို့အတွက်လည်း ထိရောက်တဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ် ။ ဇလုံတစ်ခုထဲသို့ ရေနွေး ထဲပြီး မိမိ အပူခံ နိုင်လောက်တဲ့ အနေအထားမျိုးမှာ ထွက်လာတဲ့ ရေနွေးငွေ့ကို ၁၅မိနစ်ခန့် မျက်နှာချင်းဆိုင်ပါ ။

ပြီးသွားလျှင်တော့ မျက်နှာ ကို ခပ်ဖွဖွသုတ်ပြီး အစိုဓါတ်ထိမ်း ခရင်မ် တစ်မျိုးမျိုး လိမ်းပေးပါ ။
လူသုံးများတဲ့ နည်းလမ်း လေးကတော့ ရေနွေး ထဲသို့ အဝတ်သန့်တစ်ခုကိုစိမ်ပါ ။ ပြီးနောက် ရေစင်အောင်ညှစ်ပြီး အဖြူဖုလေးများရှိရာပေါ်သို့ မိနစ် အနည်ငယ်ကြာ အုပ်ပေးထားပါ ။ ထိုအတိုင်း ၂ကြိမ် ၃ကြိမ်ခန့် လုပ်ပေးပါ ။ နေ့စဉ် နှစ်ကြော့လုပ်ဆောင်ပေးခြင်းဖြင့် သက်သာလာတာကို မြင်တွေ့ရမှာပါ ။

၂။သကြား

ဒီနည်းလမ်းလေးမှာတော့ သကြား အပြင် သံပုယိုရည် နှင့် သံလွင်ဆီ အနည်းငယ်ကိုလည်း လိုအပ်ပါတယ် ။ သကြား ၊ သံပုယိုရည် နှင့်သံလွင်ဆီ ကို လက်ဖက်ရည်ဇွန်း ၁ဇွန်းခန့်စီ ထည့်ကာ ရောမွှေပါ ။ နှံ့စပ်သွားလျှင်တော့ အဖြူဖုလေးတွေ ရှိရာနေရာသို့ ညှင်သာစွာ ပွတ်ပြီးလိမ်းပေးရမှာပါ ။ ။ မိနစ် ၂၀ခန့်ကြာသွားလျှင် ရေဆေးပစ်လိုက်ပါ ။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ဆောင်ပေးသွားပါ။

၃။ပျားရည်

ပျားရည် သန့်သန့်ကို ဘာနဲ့မှမရောဘဲ မျက်နှာပေါ် ၁၅ မိနစ်ခန့်ကြာအောင် လိမ်းပေးထားပါ ။ ပြီးသွားလျှင်တော့ ရေနွေးနွေးဖြင့် ဆေးကြောပေးလိုက်ရုံပါပဲ ။
မျက်လုံးအောက်နားက အဲ့အဖုလေးတွေက ပျောက်ဖို့ခက်လို့ စိတ်ရှည်ရှည်နဲ့တော့ ပြုလုပ်ပေးမှ ရပါမယ်နေ်ာ ။

Credit : ရွှေအင်းလေး
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top