iMyanmarHouse.com - Best Property Website for Myanmar
×

(၁) သင်္ဘောသီး

Shutterstock

(၂) ရှားစောင်းလက်ပပ်


(၃) ငှက်ပျောသီး

Pixabay

(၄) ကြက်ဥအကာ

Pixabay

(၅) အုန်းဆီ

Shutterstock



Credict:auntymay.com
အမျိုးသမီးတွေဟာ အသက် ၃၀ ကျော်လာတာနဲ့ တဖြည်းဖြည်း မျက်နှာပေါ်မှာ အရေးကြောင်းတွေ ပေါ်လာတာ၊ အရေပြားတွေ တွန့်လာတာအပြင် အိုမင်းရင့်ရော်ခြင်းလက္ခဏာတွေ ဖြစ်လာတော့မှာပါ။ ခုဖော်ပြပေးမှာကတော့ ၃၀ ကျော်မမတွေ၊ မေမေတွေအတွက် အသားအရေလေးကို တင်းရင်းပြီး နုပျိုကြည်လင်စေတယ့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ အရမ်းထိရောက်တဲ့ နည်းလမ်းလေးတွေ ဖြစ်တဲ့အတွက် လုပ်ဖြစ်အောင် လုပ်ကြည့်လိုက်ပါနော်။
(၁) သင်္ဘောသီး
Shutterstock

သင်္ဘောသီးမှည့်တစ်စိတ်လောက်ကို ယူပြီး သေသေချာချာ ကြိတ်ချေလိုက်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ လိမ်းလိုက်ပါ။ မိနစ် ၂၀ အကြာမှာ ရေလေးနဲ့ ဆေးကြောလိုက်ရုံပါပဲ။
(၂) ရှားစောင်းလက်ပပ်
Shutterstock


ညအိပ်ရာဝင်ခါနီး မျက်နှာသစ်ပြီးတိုင်းမှာ ရှားစောင်းလက်ပပ်အနှစ်လေးကို ယူပြီး မျက်နှာပေါ်ကို လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ လောက်ထားပြီးရင်တော့ ရေလေးနဲ့ ဆေးကြောပေးလိုက်ရုံပါပဲ။

(၃) ငှက်ပျောသီး
Pixabay

ငှက်ပျောသီးမှည့်တစ်လုံးကို သေသေချာချာချေကာ ရောမွှေပေးလိုက်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာမှာ လိမ်းပြီး ၁၅ မိနစ်အကြာမှာ ရေလေးနဲ့ ဆေးကြောလိုက်ရုံပါပဲ။
(၄) ကြက်ဥအကာ
Pixabay

ကြက်ဥအကာရည်ကို ပျားရည်အနည်းငယ်ရောပြီး သေသေချာချာခလောက်လိုက်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာလိမ်းကာ ၁၅ မိနစ်ခန့် ထားလိုက်ပါ။ ပြီးရင်တော့ သုံးနေကျဆပ်ပြာလေးနဲ့ မျက်နှာသစ်ပေးလိုက်ရုံပါပဲ။
(၅) အုန်းဆီ
Shutterstock

ညအိပ်ရာဝင်ခါနီး မျက်နှာသစ်ပြီးတိုင်းမှာ အုန်းဆီလေးကို မျက်နှာပေါ်မှာလိမ်းပြီး စက်ဝိုင်းပုံသဏ္ဍာန်နှိပ်နယ်ပေးပါ။ ၁၀ မိနစ်ခန့် နှိပ်နယ်ပြီးရင် အိပ်လိုက်ရုံပါပဲ။ အုန်းဆီဟာ အရေပြားအတွင်းပိုင်းထဲက ဆဲလ်တွေကို အားဖြည့်ပေးနိုင်ပြီး ရေဓာတ်ကို ဖြည့်ပေးနိုင်တဲ့အတွက် အသားအရေကို နုပျိုစေပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
Credict:auntymay.com
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top