iMyanmarHouse.com - Best Property Website for Myanmar
×







Credit : We Love Cele
# Unicode Version ဖြင့် ဖတ်ပါ #
ဒီနေ့ ၁၉ ရက်နေ့လေးဟာ မြန်မာနိုင်ငံရဲ့ ပရိသတ်တွေကြား ရေပန်းစားနေတဲ့ အဆိုတော် ရွှေထူးရဲ့ မွေးနေ့လေးပဲဖြစ်ပါတယ်။ မကြာသေးခင်ကမှ သူတို့နှစ်ယောက်ရဲ့ Relationship ကို တရားဝင်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ဘယ်လောက်ပဲဝေဖန်တိုက်ခိုက်မှုတွေ ရှိနေပါစေ ဘာကိုမှ ဂရုမစိုက်ပဲ ရှေ့ဆက်ချစ်နေကြတာကိုလည်း တွေ့ရပါတယ်။

ရွှေမှုန်လေးကတော့ ချစ်သူဖြစ်တဲ့ ရွှေထူးကို မွေးနေ့ဆုတောင်းပေးခဲ့တာလည်းဖြစ်ပါတယ်။ ဒီမွေးနေ့ဆုတောင်းမှာတော့ ရွှေမှုန်လေးက သူ့ကို သဝန်တိုတာလျှော့ဖို့လည်း ပြောထားပါသေးတယ်။

For my birthday boy ကယ် အသည်းနှလုံး မွေးနေ့မှစ၍ပိုပြီး စိတ်ချမ်းသာပါစေ ကျန်းမာရေးပိုကောင်းပါစေ ပရိတ်တွေပိုချစ်တဲ့ အနုပညာရှင်လေး ဖြစ်ပါစေ မိဘကိုလဲ ဒီထက်မက စိတ်ချမ်းသာအောင်ထားနိုင်ပါစေ မိဘကိုဒီထက်ပိုရှာကျွေးနိုင်ပါစေ သဲကိုလဲပိုချစ်နိုင်ပါစေ မိသားစု ပရိတ်သတ် ပြီးရင် အချစ်ဆုံးက သဲပဲဖြစ်ပါရစေ ပိုဂရုစိုက်နိုင်ပါစေ ဒီထက်ပိုချော့နိုင်ပါစေ သဝန်တိုတာလေးလဲ လျော့နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် အများကြီးလဲချစ်တယ

ဒီထက်ပို ချစ်နိုင်အောင်လဲကြိုးစားနေပါတယ် have a happy day my babe i’ll always be with u babe happy birhtday to uhappy birthday dear babe happy birthday to uပါတဲ့

ရွှေမှုန်လေးရဲ့ မွေးနေ့ဆုတောင်းကို အရမ်းတွေသဘောကျနေပုံရတဲ့ ရွှေထူးကတော့

ပေးတဲ့ဆုနဲ့ပြည့်ပါစေ စာကလေးရေ… မွေးနေ့တစ်နေ့လုံးကိုတူတူရှိနေပေးတာ အတိုင်းထက်အလွန်ကိုပျော်တယ်… မွေးနေ့လက်ဆောင်မလိုဘူး အတူရှိနေပေးတာမွေးနေ့လက်ဆောင်ပါပဲ ချစ်တယ် လို့ ပြန်ပြောပေးခဲ့ပါတယ်။ ရွှေထူးဟာ ချစ်သူဆီက မွေးနေ့လက်ဆောင်ဆိုတာထက် အမြဲအတူအနားမှာရှိနေပေးတာလေးကို ပိုပြီးတန်ဖိုးထားတာကိုလည်းတွေ့ရပါတယ်။

Credit : We Love Cele
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top