iMyanmarHouse.com - Best Property Website for Myanmar
×

အသားအေရေျခာက္ေသြ႔မႈ၊ အေရးအေၾကာင္းျဖစ္ျခင္း၊ အရြယ္မတိုင္မီ ရင့္ေရာ္ျခင္းတို႔အျပင္ မ်ားစြာ ေဆးဖက္၀င္ေသာ(သပြတ္သီး)ရဲ႕ေဆးဖက္ဝင္ အာနိသင္မ်ား

သပြတ္သီးဟာ သူ႔ရဲ႕အာဟာရအာနိသင္ေၾကာင့္ အာရွတလႊားနဲ႔ အေမရိကန္မွာ စိုက္ပ်ိဳးစားသံုးေနၾကတဲ့ အသီးတစ္မ်ိဳးျဖစ္ပါတယ္။ ျမန္မာနုိင္ငံမွာေတာ့ သပြတ္သီးကို နုတဲ့အခ်ိန္မွာ ခ်က္ျပဳတ္စားေသာက္လို႔ရျပီး အသီးကရင့္လာတဲ့အခ်ိန္က်ရင္ အေရာင္ရင့္လာျပီးအမွ်င္ေတြယွက္ေနတဲ့ သပြတ္အူကို ပန္းကန္ေဆး၊ အိုးတိုက္တဲ့ အစအျဖစ္ အသံုးျပဳၾကပါတယ္။


သူ႔မွာ ကာဗိုဟိုက္ဒရိတ္နဲ႔ ဗီတာမင္ ေအ အျပင္ ပိုတက္စီယမ္၊မဂၢနိစ္၊ ေကာ့ပါး၊ ဗီတာမင္ B6၊ ဗီတာမင္ စီတို႔လည္းပါဝင္ပါတယ္။ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ၊ ဗီတာမင္ေတြ၊ အာဟာရဓာတ္ေတြနဲ႔ အဆီဓာတ္၊ သတၳဳဓာတ္ေတြပါဝင္တဲ့သပြတ္သီးဟာ စြယ္စံုအသံုးဝင္တဲ့သဘာဝပစၥည္းျဖစ္ပါတယ္။

အလွအပေရးရာမွာဆို အေရာင္က်ေစဖို႔နဲ႔ အသားအေရအဆိပ္ထုတ္ဖို႔ သပြတ္သီးအမႈန္႔ကို အလွကုန္ပစၥည္းေတြမွာသံုးၾကပါတယ္။ အမ်ိဳးသမီးေတြမွာ ရာသီေသြး ထိန္ရင္လည္း သပြတ္သီးက အက်ိုးျပဳပါတယ္။ ကေလးငယ္ရွိတဲ့မိခင္ေတြမွာလည္း နို႔ထြက္မ်ားေစတယ္လို႔ ဆိုပါတယ္။ တခါတရံက်ရင္ သပြတ္သီးအတြင္းသားကို အေရျပားမွာပြတ္ေပးရင္ အေရျပားဆဲလ္ေသေတြကို ဖယ္ရွားျပီး အသားအေရကို ဝင္းလက္ေစတယ္လို႔ ေျပာၾကပါတယ္။ သပြတ္အူနဲ႔ျပဳလုပ္ဖန္တီးထားတဲ့ Luffa charcoal ကို မ်က္ႏွာနဲ႔ မ်က္လံုးတဝိုက္ ေရယုန္ေတြေပၚ လိမ္းၾကတယ္လို႔ လည္း သိရပါတယ္။


သပြတ္သီးရဲ႕ က်န္းမာေရးအက်ိုးေက်းဇူးေတြကေတာ့ ေသြးတြင္းသၾကားဓာတ္ကိုေလ်ာ့က်ေစျပီး ဝမ္းခ်ဳပ္ျခင္းကိုကာကြယ္ေပးတဲ့အျပင္ ကိုယ္အေလးခ်ိန္ကိုက်ဆင္းေစျပီး ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကိုဖယ္ရွားသန္႔စင္ေပးပါတယ္။ က်န္တဲ့ အာနိသင္ေတြကေတာ့

မ်က္စိျမင္လႊာယိုယြင္းျခင္းကို ကာကြယ္ေပးပါတယ္။ သပြတ္သီးမွာပါတဲ့ ဗီတာမင္ေအေၾကာင့္ မ်က္စိနဲ႔ပတ္သက္တဲ့ျပႆနာေတြကို ကာကြယ္ေပးနိုင္ပါတယ္။

ႏွလံုးက်န္းမာေရးအတြက္ေကာင္းပါတယ္။ ဗီတာမင္ေအေၾကာင့္ပဲ မေကာင္းတဲ့ ကိုလက္စထေရာနဲ႔triglycerides ကိုေလ်ာ့နည္း ေစတဲ့အတြက္ ႏွလံုးေရာဂါအႏၱရာယ္ကို ေလ်ာ့နည္းေစပါတယ္။

ဆီးခ်ိဳေရာဂါကိုကာကြယ္ေပးပါတယ္။ မဂၢနိစ္က အစာေခ်ဖ်က္ေပးတဲ့အင္ဇိုင္းေတြကို ထုတ္ေပးရာမွာ အေရးပါတဲ့အတြက္ gluconeogenesis အင္ဇိုင္းစနစ္အတြက္ အသံုးဝင္ပါတယ္။ မဂၢနိစ္ဟာ အင္ဆူလင္စြန္႔ထုတ္မႈကိုျမွင့္တင္ေပးျပီး mitochondrial လုပ္ေဆာင္ခ်က္ေတြကို တိုးတက္ေစနိုင္တယ္လို႔ သုေတသနေတြ႔ရွိခ်က္ေတြက ေဖာ္ျပပါတယ္။

ၾကြက္သားနာက်င္ကိုက္ခဲမႈမျဖစ္ေစပါ။ သူ႔မွာပါဝင္တဲ့ ပိုတက္စီယမ္က အရည္ဓာတ္ေတြကို ျငိမ္ေစျပီး ၾကြက္သားကို ေျပေလ်ာ့ေစပါတယ္။ ပိုတက္စီယမ္ခ်ိဳ႕တဲ့ရင္ ၾကြက္တက္ျခင္း၊ နာက်င္ကိုက္ခဲျခင္းနဲ႔အေၾကာဆြဲျခင္းတို႔ ျဖစ္ေစနုိင္ပါတယ္။

အဆစ္ေရာင္နာကိုသက္သာေစပါတယ္။ သပြတ္သီးမွာ အေရာင္က်ေစတဲ့အာနိသင္ပါရွိတဲ့ ေကာ့ပါးဓာတ္ေၾကာင့္ အဆစ္ေရာင္ေရာဂါနဲ႔ ပတ္သက္တဲ့ ေတာင့္တင္းမႈ၊ နာက်င္ကိုက္ခဲမႈေတြကို သက္သာေစပါတယ္။ ဒါ့ေၾကာင့္ပဲ အဆစ္ေရာင္ေဝဒနာရွင္ေတြက နာက်င္မႈသက္သာေစမယ္ဆိုတဲ့ယံုၾကည္ခ်က္နဲ႔ ေကာ့ပါး လက္ပတ္ေတြဝတ္ဆင္ၾကတာျဖစ္ပါတယ္။

ေသြးအားနည္းျခင္းကို ကုသနုိင္ပါတယ္။ ဗီတာမင္B6 ေၾကာင့္ ေသြးတြင္းေဟမိုဂလိုဘင္ ထုတ္လုပ္မႈပိုေကာင္းေစျပီး ေသြးအားေကာင္းေစပါတယ္။

အေရျပားအတြက္ေကာင္းပါတယ္။ ဗီတာမင္စီက အေရျပားက်န္းမာေရးအတြက္ေကာင္းျပီး အသားအေရေျခာက္ေသြ႔မႈ၊ အေရးအေၾကာင္းျဖစ္ျခင္း၊ အရြယ္မတိုင္မီ ရင့္ေရာ္ျခင္းတို႔ကို တားဆီးေပးပါတယ္။ ဗီတာမင္ စီဟာ ၾကြက္သား၊အေရျပား၊ ေသြးေၾကာနဲ႔ အရြတ္တို႔ ဖြဲ႕စည္းတည္ေဆာက္ဖို႔ ပရိုတင္းထုတ္လုပ္မႈမွာ အေရးပါပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ အနာက်က္ျမန္တာပဲျဖစ္ပါတယ္။

ေခါင္းတစ္ျခမ္းကိုက္ေဝဒနာကို သက္သာေစပါတယ္။ သပြတ္သီးက မဂၢနီဆီယမ္ေၾကာင့္ ေခါင္းတစ္ျခမ္းကိုက္ေဝဒနာကို သက္သာေစတာျဖစ္ပါတယ္။ မဂၢနီဆီယမ္က ခႏၶာကိုယ္ထဲက neurotransmitters ေတြကို ထိန္းညွိရာမွာ အေထာက္အကူေပးတာေၾကာင့္ အခုလိုအစြမ္းသတၱိရွိေစတာျဖစ္ပါတယ္။


ဦးေႏွာက္က်န္းမာေရးအတြက္လည္း အက်ိဳးျပဳပါတယ္။ ဦးေႏွာက္ရဲ႕လုပ္ေဆာင္ခ်က္ေကာင္းမြန္ေစဖို႔ ေအာက္ဆီဂ်င္လိုအပ္ပါတယ္။ ဒါေပမယ့္သံဓာတ္အလံုအေလာက္မရွိရင္ ဦးေႏွာက္ဆီကို ေအာက္ဆီဂ်င္မေရာက္နုိင္ပါဘူး။ ဒါ့ေၾကာင့္သံဓာတ္ခ်ိဳ႕တဲ့ျခင္းက ေသြးအားနည္းျခင္းအျပင္ စိတ္မျငိမ္ျခင္း၊စိတ္တိုလြယ္ျခင္း၊အာရံုမစူးစိုက္နုိင္ျခင္းတို႔ကိုပါ ျဖစ္ေစနိုင္ပါတယ္။

အမ်ိဳးအစား၂ ဆီးခ်ိဳေရာဂါ ။ သပြတ္သီးက ဂလူးကို႔စ္ရဲ႕ဇီဝျဖစ္စဥ္အတြက္လိုအပ္တဲ့ မဂၢနီဆီယမ္ပမာဏ အမ်ားအျပားပါဝင္တာေၾကာင့္ အမ်ိဳးအစား၂ ဆီးခ်ိဳေရာဂါျဖစ္နိုင္ေျခကိုေလ်ာ့နည္းေစပါတယ္။

ေရးသားသူ Yun Sandi Nan Mon

ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Kaung Thar.

Credit: Mizzima – News in Burmese

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔မွ်ေဝေပးပါေနာ္...
အသားအရေခြောက်သွေ့မှု၊ အရေးအကြောင်းဖြစ်ခြင်း၊ အရွယ်မတိုင်မီ ရင့်ရော်ခြင်းတို့အပြင် များစွာ ဆေးဖက်ဝင်သော(သပွတ်သီး)ရဲ့ဆေးဖက်ဝင် အာနိသင်များ

သပွတ်သီးဟာ သူ့ရဲ့အာဟာရအာနိသင်ကြောင့် အာရှတလွှားနဲ့ အမေရိကန်မှာ စိုက်ပျိုးစားသုံးနေကြတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ သပွတ်သီးကို နုတဲ့အချိန်မှာ ချက်ပြုတ်စားသောက်လို့ရပြီး အသီးကရင့်လာတဲ့အချိန်ကျရင် အရောင်ရင့်လာပြီးအမျှင်တွေယှက်နေတဲ့ သပွတ်အူကို ပန်းကန်ဆေး၊ အိုးတိုက်တဲ့ အစအဖြစ် အသုံးပြုကြပါတယ်။

သူ့မှာ ကာဗိုဟိုက်ဒရိတ်နဲ့ ဗီတာမင် အေ အပြင် ပိုတက်စီယမ်၊မဂ္ဂနိစ်၊ ကော့ပါး၊ ဗီတာမင် B6၊ ဗီတာမင် စီတို့လည်းပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေနဲ့ အဆီဓာတ်၊ သတ္ထုဓာတ်တွေပါဝင်တဲ့သပွတ်သီးဟာ စွယ်စုံအသုံးဝင်တဲ့သဘာဝပစ္စည်းဖြစ်ပါတယ်။

အလှအပရေးရာမှာဆို အရောင်ကျစေဖို့နဲ့ အသားအရေအဆိပ်ထုတ်ဖို့ သပွတ်သီးအမှုန့်ကို အလှကုန်ပစ္စည်းတွေမှာသုံးကြပါတယ်။ အမျိုးသမီးတွေမှာ ရာသီသွေး ထိန်ရင်လည်း သပွတ်သီးက အကျိုးပြုပါတယ်။ ကလေးငယ်ရှိတဲ့မိခင်တွေမှာလည်း နို့ထွက်များစေတယ်လို့ ဆိုပါတယ်။ တခါတရံကျရင် သပွတ်သီးအတွင်းသားကို အရေပြားမှာပွတ်ပေးရင် အရေပြားဆဲလ်သေတွေကို ဖယ်ရှားပြီး အသားအရေကို ဝင်းလက်စေတယ်လို့ ပြောကြပါတယ်။ သပွတ်အူနဲ့ပြုလုပ်ဖန်တီးထားတဲ့ Luffa charcoal ကို မျက်နှာနဲ့ မျက်လုံးတဝိုက် ရေယုန်တွေပေါ် လိမ်းကြတယ်လို့ လည်း သိရပါတယ်။

သပွတ်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ သွေးတွင်းသကြားဓာတ်ကိုလျော့ကျစေပြီး ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးတဲ့အပြင် ကိုယ်အလေးချိန်ကိုကျဆင်းစေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးပါတယ်။ ကျန်တဲ့ အာနိသင်တွေကတော့

မျက်စိမြင်လွှာယိုယွင်းခြင်းကို ကာကွယ်ပေးပါတယ်။ သပွတ်သီးမှာပါတဲ့ ဗီတာမင်အေကြောင့် မျက်စိနဲ့ပတ်သက်တဲ့ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေးအတွက်ကောင်းပါတယ်။ ဗီတာမင်အေကြောင့်ပဲ မကောင်းတဲ့ ကိုလက်စထရောနဲ့triglycerides ကိုလျော့နည်း စေတဲ့အတွက် နှလုံးရောဂါအန္တရာယ်ကို လျော့နည်းစေပါတယ်။

ဆီးချိုရောဂါကိုကာကွယ်ပေးပါတယ်။ မဂ္ဂနိစ်က အစာချေဖျက်ပေးတဲ့အင်ဇိုင်းတွေကို ထုတ်ပေးရာမှာ အရေးပါတဲ့အတွက် gluconeogenesis အင်ဇိုင်းစနစ်အတွက် အသုံးဝင်ပါတယ်။ မဂ္ဂနိစ်ဟာ အင်ဆူလင်စွန့်ထုတ်မှုကိုမြှင့်တင်ပေးပြီး mitochondrial လုပ်ဆောင်ချက်တွေကို တိုးတက်စေနိုင်တယ်လို့ သုတေသနတွေ့ရှိချက်တွေက ဖော်ပြပါတယ်။

ကြွက်သားနာကျင်ကိုက်ခဲမှုမဖြစ်စေပါ။ သူ့မှာပါဝင်တဲ့ ပိုတက်စီယမ်က အရည်ဓာတ်တွေကို ငြိမ်စေပြီး ကြွက်သားကို ပြေလျော့စေပါတယ်။ ပိုတက်စီယမ်ချို့တဲ့ရင် ကြွက်တက်ခြင်း၊ နာကျင်ကိုက်ခဲခြင်းနဲ့အကြောဆွဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

အဆစ်ရောင်နာကိုသက်သာစေပါတယ်။ သပွတ်သီးမှာ အရောင်ကျစေတဲ့အာနိသင်ပါရှိတဲ့ ကော့ပါးဓာတ်ကြောင့် အဆစ်ရောင်ရောဂါနဲ့ ပတ်သက်တဲ့ တောင့်တင်းမှု၊ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။ ဒါ့ကြောင့်ပဲ အဆစ်ရောင်ဝေဒနာရှင်တွေက နာကျင်မှုသက်သာစေမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ကော့ပါး လက်ပတ်တွေဝတ်ဆင်ကြတာဖြစ်ပါတယ်။

သွေးအားနည်းခြင်းကို ကုသနိုင်ပါတယ်။ ဗီတာမင်B6 ကြောင့် သွေးတွင်းဟေမိုဂလိုဘင် ထုတ်လုပ်မှုပိုကောင်းစေပြီး သွေးအားကောင်းစေပါတယ်။

အရေပြားအတွက်ကောင်းပါတယ်။ ဗီတာမင်စီက အရေပြားကျန်းမာရေးအတွက်ကောင်းပြီး အသားအရေခြောက်သွေ့မှု၊ အရေးအကြောင်းဖြစ်ခြင်း၊ အရွယ်မတိုင်မီ ရင့်ရော်ခြင်းတို့ကို တားဆီးပေးပါတယ်။ ဗီတာမင် စီဟာ ကြွက်သား၊အရေပြား၊ သွေးကြောနဲ့ အရွတ်တို့ ဖွဲ့စည်းတည်ဆောက်ဖို့ ပရိုတင်းထုတ်လုပ်မှုမှာ အရေးပါပါတယ်။ နောက်တစ်ချက်ကတော့ အနာကျက်မြန်တာပဲဖြစ်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သက်သာစေပါတယ်။ သပွတ်သီးက မဂ္ဂနီဆီယမ်ကြောင့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သက်သာစေတာဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်က ခန္ဓာကိုယ်ထဲက neurotransmitters တွေကို ထိန်းညှိရာမှာ အထောက်အကူပေးတာကြောင့် အခုလိုအစွမ်းသတ္တိရှိစေတာဖြစ်ပါတယ်။

ဦးနှောက်ကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကောင်းမွန်စေဖို့ အောက်ဆီဂျင်လိုအပ်ပါတယ်။ ဒါပေမယ့်သံဓာတ်အလုံအလောက်မရှိရင် ဦးနှောက်ဆီကို အောက်ဆီဂျင်မရောက်နိုင်ပါဘူး။ ဒါ့ကြောင့်သံဓာတ်ချို့တဲ့ခြင်းက သွေးအားနည်းခြင်းအပြင် စိတ်မငြိမ်ခြင်း၊စိတ်တိုလွယ်ခြင်း၊အာရုံမစူးစိုက်နိုင်ခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။

အမျိုးအစား၂ ဆီးချိုရောဂါ ။ သပွတ်သီးက ဂလူးကို့စ်ရဲ့ဇီဝဖြစ်စဉ်အတွက်လိုအပ်တဲ့ မဂ္ဂနီဆီယမ်ပမာဏ အများအပြားပါဝင်တာကြောင့် အမျိုးအစား၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

Credit: Mizzima – News in Burmese

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top