iMyanmarHouse.com - Best Property Website for Myanmar
×

အူမၾကီးကင္ဆာဟာ အသက္၅၀နွင့္အထက္ရွိသူမ်ား ၊ အူမၾကီးမေကာင္းသူ ။ ကင္ဆာမ်ိဳးရိုးရွိသူမ်ား ၊ ေဆးလိပ္ေသာက္ျခင္း ၊ အဝလြန္ျခင္း ၊ အရက္ေသာက္ျခင္း နွင့္ ဆီးခ်ိဳအမ်ိဳးအစာ၂ ျဖစ္ပြါးသူေတြမွာ အျဖစ္မ်ားေလ့ရွိပါတယ္ ။ အူမၾကီးကင္ဆာရဲ႕ ၾကိဳတင္လကၡဏာရပ္ေတြကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္ ။

၁။ဝမ္းခ်ဳပ္ျခင္း
ဝမ္းခ်ဳပ္ျခင္းဟာ အူမၾကီးကင္ဆာရဲ႕ အေရးပါဆံုး လကၡဏာတစ္ရပ္ ျဖစ္ပါတယ္ ။အာရွပစိဖိတ္ဂ်ာနယ္ရဲ႕ ကင္ဆာေရာဂါဆိုင္ရာ ေလ့လာမႈမွာ ဝမ္းခ်ဳပ္ျခင္း နွင့္ အူမၾကီးကင္ဆာ ဆက္စပ္မႈဟာ ျမင့္မားစြာ ဆက္စပ္လ်က္ရွိတယ္လို႔ ဆိုပါတယ္ ။

၂။ဝမ္းပ်က္ျခင္း
အူမၾကီးကင္ဆာရဲ႕ ေနာက္ထပ္လကၡဏာတစ္ခုကေတာ့ ဝမ္းပ်က္ျခင္းပဲ ျဖစ္ပါတယ္ ။ ရက္သတၱပါတ္ အေတာ္ၾကာေအာင္ထိ ဝမ္းပ်က္ဝမ္းေလွ်ာေနတာဟာ အူမၾကီးနဲ႔ပတ္သတ္တဲ့ ေရာဂါေတြ ျဖစ္ေနနို္င္ပါတယ္ ။ ဒီလို ျဖစ္လာရင္ေတာ့ မေပါ့ေလ်ာ့ဘဲ ဆရာဝန္နွင့္ အျမန္ဆံုး ျပသသင့္ပါျပီ။

၃။မစင္ထဲမွာေသြးပါျခင္း
လိပ္ေခါင္းေၾကာင့္လည္း မစင္ထဲမွာ ေသြးပါနိုင္ပါတယ္ ။ ဒီလို လိပ္ေခါင္းေၾကာင့္ ထြက္တဲ့ေသြးဟာ အမ်ားအားျဖင့္ အနီေရာင္ ျဖစ္ပါတယ္ ။ဒီလိုမဟုတ္ဘဲ အနီပုပ္ေရာင္ (သို႔) အနက္ပုပ္ေရာင္ ေသြးမ်ား မစင္ထဲပါလာျပီဆိုရင္ေတာ့ အူမၾကီးကင္ဆာ အႏၱရာယ္နဲ႕ ရင္ဆိုင္ေနရတာ ျဖစ္ေနနိုင္ပါတယ္ ။ မည္သို႔ပင္ျဖစ္ေစ မစင္ထဲမွာ ေသြးပါျခင္းမ်ိဳး ျဖစ္ေနရင္ေတာ့ ဘယ္လိုအေၾကာင္းေၾကာင္းေၾကာင့္ျဖစ္ေစ နားလည္တတ္ကြ်မ္တဲ့ ဆရာဝန္ဆီမွာ ကုသမႈ ခံယူသင့္ပါတယ္။

၄။မစင္အရြယ္အစား ေသးျခင္း
မစင္အရြယ္အစား ေသးငယ္ျပီး ရွည္ေျမာ့ေျမာ့ ပံုစံ ဝမ္းေတြသြားေနတာလည္း အူမၾကီးကင္ဆာ လကၡဏာပါ ။ ကင္ဆာၾကိတ္ဟာ အူမၾကီးလမ္းေၾကာင္းရဲ႕ ဘယ္ဘက္အလယ္ေလာက္မွာ တည္ရွိေနတဲ့အတြက္ ဝမ္းသြားတဲ့အခါ ေသးငယ္က်ဥ္းေျမာင္းတဲ့ မစင္ပံုစံေတြကိုသာ ထုတ္လႊတ္ေပးပါတယ္ ။ ဒီလိုမ်ိဳးေတြ မၾကာခဏ ျဖစ္လာျပီဆိုလွ်င္ ဆရာဝန္ကို မရွက္မေၾကာက္ဘဲ ဖြင့္ေျပာျပီး ကုသမႈ ခံယူသင့္ပါျပီ ။

၅။ဝမ္းဗိုက္ေပ်ာ့ျခင္း (သို႔)နာၾကင္ျခင္း
ကိုယ့္ရဲ႕ဝမ္းဗိုက္ကို ကိုင္ၾကည့္တဲ့အခါ ခပ္ေပ်ာ့ေပ်ာ့ပံုစံ ခံစားရလွ်င္ (သို႔) နာၾကင္မႈေတြ ခံစားေနရျပီဆိုလွ်င္ အူမၾကီးကင္ဆာရဲ႕ ကနဦး လကၡဏာတစ္ရပ္ ျဖစ္နို္င္ပါတယ္ ။

၆။ေသြးအားနည္းလာျခင္း
ရုတ္တရက္ ေသြးအားနည္းေရာဂါေတြ ျဖစ္လာတာမ်ိဳးကိုလည္း သတိထားသင့္ပါတယ္ ။ေသြးအားနည္းလာတဲ့အခါ အသားအေရ ေဖ်ာ့ေတာ့လာျခင္း ၊ ေသြးခုန္နႈန္းျမန္လာျခင္း ၊ အသက္ရွဴမဝျခင္း ၊ ေခါင္းမူးေခါင္းကိုက္ျခင္း ၊ ေနထိုင္မေကာင္းျခင္း နွင့္ လက္ဖ်ားေျခဖ်ားမ်ား ေအးစက္လာျခင္းတို႔ ျဖစ္လာတတ္ပါတယ္ ။ ကင္ဆာက်ိတ္ျဖစ္လာတဲ့အခါ အစာေျခလမ္းေၾကာင္းထဲသို႔ ေသြးထြက္ကာကုန္ဆံုးတတ္ျခင္းေၾကာင့္ ေသြးအားနည္းတာမ်ိဳးေတြ ျဖစ္လာတာပါ ။ ဒ့ါေၾကာင့္ နဂိုတည္းက ေသြးအားနည္းတတ္သူမဟုတ္ဘဲ ရုတ္တရက္ ေသြးအားနည္းေရာဂါမ်ိဳးေတြ ၾကံဳေတြ႕ေနရတာဟာ အူမၾကိးကင္ဆာရဲ႕ လကၡဏာတစ္ခု ျဖစ္နို္င္ပါတယ္ ။

၇။အေၾကာင္းအရင္းမရွိ ကိုယ္အေလးခ်ိန္က်သြားျခင္း
အေၾကာင္းအရင္းမရွိဘဲ ကိုယ္အေလးခ်ိန္က်သြားျခင္းဟာ အျခားေရာဂါမ်ားလည္း ျဖစ္နိုင္သလို အူမၾကီးကင္ဆာရဲ႕ လကၡဏာေတြထဲမွာလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္ ။ ဒါ့ေၾကာင့္ မိမ္ိမွာ အေၾကာင္းျပခ်က္မရွိဘဲ တေျဖးေျဖး ပိန္ပိန္လာတယ္ဆိုလွ်င္ နားလည္တတ္ကြ်မ္းတဲ့ ဆရာဝန္နဲ႕ တိုင္ပင္ေဆြးေႏြးျပီး ေရာဂါစစ္ေဆးမႈမ်ား ျပဳလုပ္သင့္ပါတယ္ ။

၈။ပင္ပန္းအားနည္းလာျခင္း
ေမာပန္းႏြမ္းနယ္မႈေတြ အၿမဲလိုလို ခံစားေနရတယ္ ၊ အားအင္ခ်ိနဲ႕တာေတြ ျဖစ္လာတယ္ဆိုရင္လည္း မေပါ့ေလ်ာ့သင့္ပါဘူးေန္ာ ။ ေဆးရံု ၊ ေဆးခန္းသြားကာ စစ္ေဆးသင့္ပါျပီ ။

၉။ ေလထိုး၊ေလပြျဖစ္ျခင္း
အူမၾကီးအတြင္းမွာရွိတဲ့ ကင္ဆာအၾကိတ္ေၾကာင့္ ေလထိုး၊ေလပြ ျဖစ္နိုင္ပါတယ္ ။ အစာအိမ္ေၾကာင့္လည္း ျဖစ္နိုင္တာေၾကာင့္ ကြဲကြဲျပားျပား ေသခ်ာသိေအာင္ က်န္းမာေရး ေဆးစစ္မႈမ်ား ခံယူဖို႔ လိုပါတယ္ ။

အူမၾကီးကင္ဆာမျဖစ္ေအာင္ ေနထိုင္နည္းမွတ္ခ်က္
– လတ္ဆတ္ေသာ အသီးအရြက္မ်ားကိုသာ စားသံုးပါ။
– အရက္ေသာက္ျခင္း ၊ ေဆးလိပ္ေသာက္ျခင္း ေရွာင္ၾကဥ္ပါ ။ (မေရွာင္နိုင္လွ်င္လည္း အလြန္အက်ြံမေသာက္မိပါေစနွင့္ )
– တစ္ေန႔လွ်င္ နာရီဝက္ခန္႔ ေလ့က်င့္ခန္း ျပဳလုပ္ေပးပါ ။ အနည္းဆံုး တစ္ပါတ္၅ရက္ ျပဳလုပ္ပါ။
– ကို္ယ္အေလးခ်ိန္ မ်ားေနလွ်င္ က်န္းမာေရးနွင့္ ညီညြတ္စြာ ထိန္းသိမ္းေနထို္င္ပါ။
– အူမၾကီးကင္ဆာေရာဂါမွ ကာကြယ္ရန္ မွန္ကန္တဲ့ စစ္ေဆးမႈေတြ ျပဳလုပ္ပါ။

Credit: CHAN
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#


အူမကြီးကင်ဆာဟာ အသက်၅၀နှင့်အထက်ရှိသူများ ၊ အူမကြီးမကောင်းသူ ။ ကင်ဆာမျိုးရိုးရှိသူများ ၊ ဆေးလိပ်သောက်ခြင်း ၊ အဝလွန်ခြင်း ၊ အရက်သောက်ခြင်း နှင့် ဆီးချိုအမျိုးအစာ၂ ဖြစ်ပွါးသူတွေမှာ အဖြစ်များလေ့ရှိပါတယ် ။ အူမကြီးကင်ဆာရဲ့ ကြိုတင်လက္ခဏာရပ်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ် ။

၁။ဝမ်းချုပ်ခြင်း
ဝမ်းချုပ်ခြင်းဟာ အူမကြီးကင်ဆာရဲ့ အရေးပါဆုံး လက္ခဏာတစ်ရပ် ဖြစ်ပါတယ် ။အာရှပစိဖိတ်ဂျာနယ်ရဲ့ ကင်ဆာရောဂါဆိုင်ရာ လေ့လာမှုမှာ ဝမ်းချုပ်ခြင်း နှင့် အူမကြီးကင်ဆာ ဆက်စပ်မှုဟာ မြင့်မားစွာ ဆက်စပ်လျက်ရှိတယ်လို့ ဆိုပါတယ် ။

၂။ဝမ်းပျက်ခြင်း
အူမကြီးကင်ဆာရဲ့ နောက်ထပ်လက္ခဏာတစ်ခုကတော့ ဝမ်းပျက်ခြင်းပဲ ဖြစ်ပါတယ် ။ ရက်သတ္တပါတ် အတော်ကြာအောင်ထိ ဝမ်းပျက်ဝမ်းလျှောနေတာဟာ အူမကြီးနဲ့ပတ်သတ်တဲ့ ရောဂါတွေ ဖြစ်နေနိုင်ပါတယ် ။ ဒီလို ဖြစ်လာရင်တော့ မပေါ့လျော့ဘဲ ဆရာဝန်နှင့် အမြန်ဆုံး ပြသသင့်ပါပြီ။

၃။မစင်ထဲမှာသွေးပါခြင်း
လိပ်ခေါင်းကြောင့်လည်း မစင်ထဲမှာ သွေးပါနိုင်ပါတယ် ။ ဒီလို လိပ်ခေါင်းကြောင့် ထွက်တဲ့သွေးဟာ အများအားဖြင့် အနီရောင် ဖြစ်ပါတယ် ။ဒီလိုမဟုတ်ဘဲ အနီပုပ်ရောင် (သို့) အနက်ပုပ်ရောင် သွေးများ မစင်ထဲပါလာပြီဆိုရင်တော့ အူမကြီးကင်ဆာ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်နေနိုင်ပါတယ် ။ မည်သို့ပင်ဖြစ်စေ မစင်ထဲမှာ သွေးပါခြင်းမျိုး ဖြစ်နေရင်တော့ ဘယ်လိုအကြောင်းကြောင်းကြောင့်ဖြစ်စေ နားလည်တတ်ကျွမ်တဲ့ ဆရာဝန်ဆီမှာ ကုသမှု ခံယူသင့်ပါတယ်။

၄။မစင်အရွယ်အစား သေးခြင်း
မစင်အရွယ်အစား သေးငယ်ပြီး ရှည်မြော့မြော့ ပုံစံ ဝမ်းတွေသွားနေတာလည်း အူမကြီးကင်ဆာ လက္ခဏာပါ ။ ကင်ဆာကြိတ်ဟာ အူမကြီးလမ်းကြောင်းရဲ့ ဘယ်ဘက်အလယ်လောက်မှာ တည်ရှိနေတဲ့အတွက် ဝမ်းသွားတဲ့အခါ သေးငယ်ကျဉ်းမြောင်းတဲ့ မစင်ပုံစံတွေကိုသာ ထုတ်လွှတ်ပေးပါတယ် ။ ဒီလိုမျိုးတွေ မကြာခဏ ဖြစ်လာပြီဆိုလျှင် ဆရာဝန်ကို မရှက်မကြောက်ဘဲ ဖွင့်ပြောပြီး ကုသမှု ခံယူသင့်ပါပြီ ။

၅။ဝမ်းဗိုက်ပျော့ခြင်း (သို့)နာကြင်ခြင်း
ကိုယ့်ရဲ့ဝမ်းဗိုက်ကို ကိုင်ကြည့်တဲ့အခါ ခပ်ပျော့ပျော့ပုံစံ ခံစားရလျှင် (သို့) နာကြင်မှုတွေ ခံစားနေရပြီဆိုလျှင် အူမကြီးကင်ဆာရဲ့ ကနဦး လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ် ။

၆။သွေးအားနည်းလာခြင်း
ရုတ်တရက် သွေးအားနည်းရောဂါတွေ ဖြစ်လာတာမျိုးကိုလည်း သတိထားသင့်ပါတယ် ။သွေးအားနည်းလာတဲ့အခါ အသားအရေ ဖျော့တော့လာခြင်း ၊ သွေးခုန်နှုန်းမြန်လာခြင်း ၊ အသက်ရှူမဝခြင်း ၊ ခေါင်းမူးခေါင်းကိုက်ခြင်း ၊ နေထိုင်မကောင်းခြင်း နှင့် လက်ဖျားခြေဖျားများ အေးစက်လာခြင်းတို့ ဖြစ်လာတတ်ပါတယ် ။ ကင်ဆာကျိတ်ဖြစ်လာတဲ့အခါ အစာခြေလမ်းကြောင်းထဲသို့ သွေးထွက်ကာကုန်ဆုံးတတ်ခြင်းကြောင့် သွေးအားနည်းတာမျိုးတွေ ဖြစ်လာတာပါ ။ ဒ့ါကြောင့် နဂိုတည်းက သွေးအားနည်းတတ်သူမဟုတ်ဘဲ ရုတ်တရက် သွေးအားနည်းရောဂါမျိုးတွေ ကြုံတွေ့နေရတာဟာ အူမကြိးကင်ဆာရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ် ။

၇။အကြောင်းအရင်းမရှိ ကိုယ်အလေးချိန်ကျသွားခြင်း
အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်ကျသွားခြင်းဟာ အခြားရောဂါများလည်း ဖြစ်နိုင်သလို အူမကြီးကင်ဆာရဲ့ လက္ခဏာတွေထဲမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ် ။ ဒါ့ကြောင့် မိမိမှာ အကြောင်းပြချက်မရှိဘဲ တဖြေးဖြေး ပိန်ပိန်လာတယ်ဆိုလျှင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ရောဂါစစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ် ။

၈။ပင်ပန်းအားနည်းလာခြင်း
မောပန်းနွမ်းနယ်မှုတွေ အမြဲလိုလို ခံစားနေရတယ် ၊ အားအင်ချိနဲ့တာတွေ ဖြစ်လာတယ်ဆိုရင်လည်း မပေါ့လျော့သင့်ပါဘူးနေ်ာ ။ ဆေးရုံ ၊ ဆေးခန်းသွားကာ စစ်ဆေးသင့်ပါပြီ ။

၉။ လေထိုး၊လေပွဖြစ်ခြင်း
အူမကြီးအတွင်းမှာရှိတဲ့ ကင်ဆာအကြိတ်ကြောင့် လေထိုး၊လေပွ ဖြစ်နိုင်ပါတယ် ။ အစာအိမ်ကြောင့်လည်း ဖြစ်နိုင်တာကြောင့် ကွဲကွဲပြားပြား သေချာသိအောင် ကျန်းမာရေး ဆေးစစ်မှုများ ခံယူဖို့ လိုပါတယ် ။

အူမကြီးကင်ဆာမဖြစ်အောင် နေထိုင်နည်းမှတ်ချက်
– လတ်ဆတ်သော အသီးအရွက်များကိုသာ စားသုံးပါ။
– အရက်သောက်ခြင်း ၊ ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ ။ (မရှောင်နိုင်လျှင်လည်း အလွန်အကျွံမသောက်မိပါစေနှင့် )
– တစ်နေ့လျှင် နာရီဝက်ခန့် လေ့ကျင့်ခန်း ပြုလုပ်ပေးပါ ။ အနည်းဆုံး တစ်ပါတ်၅ရက် ပြုလုပ်ပါ။
– ကိုယ်အလေးချိန် များနေလျှင် ကျန်းမာရေးနှင့် ညီညွတ်စွာ ထိန်းသိမ်းနေထိုင်ပါ။
– အူမကြီးကင်ဆာရောဂါမှ ကာကွယ်ရန် မှန်ကန်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပါ။

Credit: CHAN

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top