iMyanmarHouse.com - Best Property Website for Myanmar
×




 Image may contain: 1 person

Credit: myat thu tun

#Unicode Version#

အောက်တိုဘာ ၃ ရက်နေ့ တစ်ရက်တည်းအတွင်း မြန်မာနိုင်ငံမှာ ဘောလုံးကစားရင်း မတော်တဆဖြစ်ပြီး ရုတ်တရက် သေဆုံးခဲ့ရသူသုံးဦး ရှိခဲ့ကြောင်း သတင်းများအရသိရသည်

ပထမတစ်ဦးမှာ မြစ်ကြီးနားမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဖလား ဗိုလ်လုပွဲမှာ ကျွန်းပင်သာ/ကချင်စုဘောလုံးအသင်းက ဂိုးသမား ဆိုင်းထွယ်အောင် ဆိုသူဖြစ်ပြီး သူဟာ ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး သတိလစ်သွားခဲ့သည့်အတွက် အရေးပေါ် မန္တလေးဆေးရုံကြီးကို သယ်ယူ လာစဉ်လမ်းခရီးမှာပဲ
သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်ဒုတိယတစ်ယောက်မှာ သရုပ်ဆောင်မင်းသွေးဖြစ်ပြီး ဘောလုံးကစားရင်း ရေသောက်လိုက်စဉ်မှာ နှလုံးဖောက်ပြီး သေဆုံးခဲ့ရခြင်းပါ။

အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းမှာ့ ရုတ်တရက်ကွယ်လွန်ခဲ့သည့် သရုပ်ဆောင်မင်းသွေးသည် သေဆုံးခဲ့သည့်အောက်တိုဘာ ၃ ရက်နေ့မှ စင်္ကာပူနိုင်ငံက ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်ထပ်မံသေဆုံးသွားသူ တတိယတယောက်မှာအောက်တိုဘာ ၃ ရက်နေ့ ကကျင်းပနေသည့်
မပခ တိုင်းမှူ းဒိုင်း ဘောလုံးပွဲစဉ်၌ ပါဝင်ယှဉ်ပြိုင်နေသည့် ကိုဇင်ဘိုလေး(ခ)မရမ်းသီး ပဲဖြစ်ပါသည်

ဘောလုံးကစားရင်း အသက်ရှုကြပ်လာပြီး ဆေးကုသမှုခံယူနေစဉ်မှာ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းမြစ်ကြီးနားဘောလုံးအဖွဲ့ချုပ်ရဲ့ စာမျက်နှာမှာ ဖော်ပြထားကြောင်းတွေ့ရသည်အသက်နှင့်ရင်းရလောက်သည်အထိ ဘောလုံးကစားခြင်း ကို ဝါသနာပါပြီး သေဆုံးခဲ့ကြသူသုံး ယောက်စလုံး ကောင်းရာသုဂတိသို့ လားကြပါစေ….ဟု ဆန္ဒပြုလိုက်ရပါသည်။


Credit: myat thu tun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top