iMyanmarHouse.com - Best Property Website for Myanmar
×
Credit: padonmar
# Unicode Version ဖြင့် ဖတ်ပါ #
အောင်ဘာလေသိန်းထီဆုကြီး ပေါက်ခဲ့တဲ့ငွေတွေကို ဘုရားနဲ့ မိဘနှစ်ပါးကို အညီအမျှခွဲဝေကန်တော့မယ့် သရုပ်ဆောင်ပပဝင်းခင်အရင်က အနုပညာလောကမှာ နေရာတစ်နေရာရမာခဲ့တဲ့ သရုပ်ဆောင်ပပဝင်းခင်ဟာ အနုပညာအလုပ်နဲ့ ဝေးကွာနေတာ ကာလအတော်ကြာမြင့်နေခဲ့ပါပြီ။ အနုပညာအလုပ်တွေကို ဆက်မလုပ်တော့ပေမယ့်  ကုသိုလ်ကောင်းမှုတွေကို ဆထက်တိုးလုပ်ဆောင်နေခဲ့ပါတယ်။ ယနေ့မှာတော့ သရုပ်ဆောင် ပပဝင်းခင်ဟာ အောင်ဘာလေသိန်းထီဆုကြီး ပေါက်ခဲ့တဲ့အကြောင့် သူမရဲ့ လူမှုစာမျက်နှာမှာ အခုလိုပဲရေးသားလာပါတယ်။
“မင်္ဂလာ မနက်ခင်းပါရှင်
Sweet December1 မှာ ပပ, ထီ 100000ပေါက်တယ်ရှင့် ,ဘယ်လောက်ပေါက်ပေါက် အားလုံးကို အမြဲတမ်းလှူဖို့အတွက်ပဲ ရည်စူးထားလို့ ကြည်နူးရပါတယ်မင်္ဂလာရှိသော ငွေသားကို ဘုရားမှာ 50000လှူပြီး , ကျေးဇူးရှင်မိဘနှစ်ပါးကို 50000ကန်တော့ပါမည် ။ များစွာသော သာသနာ ပြုခွင့်လှူခွင့်ရပါစေ ” လို့ရေးသားထားခဲ့ပါတယ်။
သရုပ်ဆောင် ပပဝင်းခင်က စေတနာသဒါ္ဒတရားထက်သန်တာကြောင့် အခုလိုပဲကံကောင်းတာဖြစ်တယ်လို့ အားလုံးကမှတ်ချက်ပေးနေကြပါတယ်။ပရိတ်သတ်ကြီးရော မိဘကျေးဇူးနားလည်ပြီး ဘာသာတရားကိုင်းရှိုင်းလွန်းသူလေးဖြစ်တဲ့ ပပဝင်းခင်အတွက် ဝမ်းသာပီတိစကားသံလေးတွေကို ပြောခဲ့ပါဦးနော်…
Credit: padonmar
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top