iMyanmarHouse.com - Best Property Website for Myanmar
×


အခုတေလာ Facebook တစ္ခြင္ ဟိုးေလးတေက်ာ္ျဖစ္ေနတဲ့သတင္းကေတာ့ ေနျခည္ဦးနဲ႔ ေအာင္ရဲလင္း ရည္းစားေဟာင္းေတြ ဇာတ္ကားအတူ႐ိုက္ၾကေတာ့မယ္ဆိုတဲ့ သတင္း ပါပဲ။ ေနျခည္ဦးဟာ မင္းသမီးျဖစ္မလာခင္ Beauty Blogger ဘဝတုန္းက ေအာင္ရဲလင္ းရဲ႕ ခ်စ္သူေကာင္မေလးအေနနဲ႔ နာမည္ႀကီးလာခဲ့ၿပီး ပရိသတ္ေတြကလည္း ေအာင္ရဲလင္းေကာင္မေလးကခ်စ္စရာေလးရယ္လို႔ဝိုင္းခ်စ္ေပးခဲ့ၾကတာပါ။

 ေနာက္ပိုင္းမွာ ေအာင္ရဲလင္းနဲ႔ ျပတ္သြားခဲ့ၾကေတာ့လည္း ပရိသတ္ေတြက ေနျခည္ဦးဘက္မွာ ေဖးေဖးမမရွိေနေပးခဲ့ၾကတာလည္းျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ေနျခည္ဦးကို မင္းသမီးတစ္လက္အေနနဲ႔ ေအာင္ရဲလင္းနဲ႔ အတူျပန္ေတြ႕ၾကရတာ့မွာပါ။ေအာင္ရဲလင္းနဲ႔ ဇာတ္ကားအတူ႐ိုက္ျဖစ္မယ့္အေၾကာင္းကို ေနျခည္ဦးက “ကိုေအာင္ရဲလင္းနဲ႔ ႐ိုက္မယ့္ကားကလည္း ေနျခည္တိ့ုက ေသခ်ာမသိေသးတာပါ။ ေနျခည့္ကိုေတာ့ ႐ိုက္ဖို႔ေျပာထားတယ္။ ေနျခည္ကလည္း ႐ိုက္မယ္လို႔ ေျပာထားတယ္။


 ေနျခည့္ကိုေျပာထားတဲ့ဇာတ္လမ္းေလးကိုေတာ့ ေနျခည္ႀကိဳက္တယ္။ ဇာတ္လမ္းအေျပာင္းလဲေလးရွိရင္ေတာ့ ေနျခည္ဇာတ္ၫႊန္းကို တခ်က္ျပန္ၿပီးေတာ့ ဖတ္ရဦးမွာေပါ့။ သူနဲ႔ ႐ိုက္ဖို႔အတြက္ ေနျခည့္ဖက္ကေတာ့ ေအးေဆးပဲ။ သူ႔ဖက္ကလည္း ေအးေဆးပဲလို႔ ေနျခည္ၾကားတယ္။ ဒါေပမယ့္လည္း အဓိကကေတာ့ ဇာတ္ၫႊန္းက အတည္မျပဳရေသးတာပါ”လို႔ ေျဖၾကားထားၿပီး

ေအာင္ရဲလင္းနဲ႔ ႐ိုက္ရမွာလန႔္တယ္ဆိုတဲ့အေၾကာင္းကိုလည္း “အစကေတာ့ လန႔္တယ္။ ဘာလို႔လန႔္လဲဆိုေတာ့ ကိုယ့္ Ex နဲ႔ေတြ႕ရမွာကို ၿပီးေတာ့ ဒါကသူ႔နယ္ပယ္ေလ။ ေနျခည္နဲ႔ႀကိဳက္ေနတုန္းက ေနျခည္က မင္းသမီးမွ မဟုတ္တာ။ အခုျဖစ္လာၿပီဆိုေတာ့ ဘာပဲျဖစ္ျဖစ္လန႔္တာေပါ့ေနာ္။ လန႔္တယ္ဆိုတာကလည္း သူကိုယ့္ကို ဘာေတြမ်ားေခ်မလဲဆိုၿပီးေတာ့ လန႔္တာမဟုတ္ပါဘူး။ ျပန္ေတြ႕ရမယ္ဆိုတဲ့ စိတ္ေပါ့ေနာ္။


 ကိုယ္ေတြက ဘယ္ေတာ့မွ ျပန္ေတြ႕ရမွာ မဟုတ္ေတာ့ဘူးလို႔ ထင္ထားတဲ့လူနဲ႔ ျပန္ေတြ႕ရမွာဆိုေတာ့ ေနျခည္ဖက္က လန႔္တယ္။ဒါေပမယ့္လည္း ေတြ႕ခဲ့ရင္လည္း ေနျခည္တို႔က အႀကီးအက်ယ္ဝုန္းမွာပဲ။ ဝုန္းမယ္ဆိုတာက ႀကိဳးစားမွာကို ေျပာတာပါ။ ပရိသတ္အတြက္ကလည္း ဒီသတင္းထြက္တာနဲ႔ကို တန္တယ္ေလ။ ဘာေတြျဖစ္ဦးမွာလဲ။ Ex ေတြေတြ႕ၾကၿပီဆိုေတာ့ ပ႐ိုဂ်ဴဆာေတြအတြက္ကလည္း တြက္ေခ်ကိုက္တယ္။ ေနျခည္တို႔အတြက္ကလည္း ေကာင္းတယ္ေလ။ ဇာတ္လမ္းသာ ေကာင္းတယ္ဆိုရင္ေတာ့ ေနျခည္တိ့ုက ႐ိုက္မွာပဲ”လို႔ ေျပာျပထားတာလည္းျဖစ္ပါတယ္။

ေအာင္ရဲလင္းကေတာ့ သိပ္မၾကာခင္ကမွ မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာ ေနျခည္ဦးနဲ႔ အတူ႐ိုက္ဖို႔လက္ခံတယ္ဆိုတဲ့အေၾကာင္းကို “လက္ခံပါတယ္။ လက္ခံတယ္ဆိုတာက ဦးမီးပြားကေနတစ္ဆင့္ ဖုန္းဆက္တာ။ ဖုန္းဆက္ၿပီးေတာ့မွ ကြၽန္ေတာ္တို႔ကေနျပည္ေတာ္မွာ ကား႐ိုက္ေနတာ။ ဖုန္းဆက္ေတာ့ ျပန္လာရင္ေတြ႕မယ္ေပါ့ေနာ္။ ကား႐ိုက္ဖို႔ရွိတယ္ေပါ့။ မင္းသမီးကေနျခည္ဦးဆိုတာလည္းၾကားပါတယ္။ ကြၽန္ေတာ္ကေတာ့ ဇာတ္လမ္းေပါ့။ ဇာတ္လမ္းေလးသိခ်င္တယ္ဆိုၿပီးေတာ့ ဦးမီးပြားကိုျပန္ေျပာတယ္”လို႔ ေျပာထားပါတယ္။


ဒါေပမယ့္ ေနာက္ပိုင္းမွာ ေနျခည္ဦးနဲ႔ ႐ိုက္မယ့္ကားက မေသခ်ာေတာ့ဘူး ခဏရပ္ထားေၾကာင္းသိရတယ္လို႔လည္း “ျပန္ေရာက္လာေတာ့ကြၽန္ေတာ္ေတြ႕ဖို႔ေျပာေတာ့ ဦးမီးပြားနဲ႔ခ်ိတ္တဲ့အခါက်ေတာ့လည္း ဦးမီးပြားက သားတဲ့ ေလာေလာဆယ္မ႐ိုက္ျဖစ္ေသးဘူးတဲ့။ ျပန္ေျပာမယ္လို႔ေျပာပါတယ္။ ေလာေလာဆယ္ကေတာ့ ခဏရပ္ထားတယ္ေပ့ါေနာ္။ ႐ိုက္ဖို႔မျဖစ္ေသးဘူး။ ဆိုေတာ့ .. ႐ိုက္ျဖစ္တဲ့အခါက်ရင္ေတာ့ ကြၽန္ေတာ္ေျပာပါမယ္ခင္ဗ်” လို႔ ေျဖၾကားထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ႀကီးေရာ ေနျခည္ဦးနဲ႔ ေအာင္ရဲလင္းတို႔ ႐ုပ္ရွင္အတူ႐ိုက္ဖို႔ကိစၥမွာ ဘာကေႏွာင့္ေႏွးေနတယ္လို႔ထင္လဲ။ သူတို႔ႏွစ္ေယာက္အတူ႐ိုက္မယ့္႐ုပ္ရွင္ကိုၾကည့္ခ်င္ေနၾကၿပီလား။ ႐ုပ္ရွင္ထြက္လာရင္ေရာ သြားေရာက္အားေပးၾကမွာလား။ ေျပာခဲ့ၾကပါဦး။

Credit: Lwinpyin

# Unicode Version ျဖင့္ ဖတ္ပါ #

အခုတလော Facebook တစ်ခွင် ဟိုးလေးတကျော်ဖြစ်နေတဲ့သတင်းကတော့ နေခြည်ဦးနဲ့ အောင်ရဲလင်း ရည်းစားဟောင်းတွေ ဇာတ်ကားအတူရိုက်ကြတော့မယ်ဆိုတဲ့ သတင်း ပါပဲ။ နေခြည်ဦးဟာ မင်းသမီးဖြစ်မလာခင် Beauty Blogger ဘဝတုန်းက အောင်ရဲလင် းရဲ့ ချစ်သူကောင်မလေးအနေနဲ့ နာမည်ကြီးလာခဲ့ပြီး ပရိသတ်တွေကလည်း အောင်ရဲလင်းကောင်မလေးကချစ်စရာလေးရယ်လို့ဝိုင်းချစ်ပေးခဲ့ကြတာပါ။

 နောက်ပိုင်းမှာ အောင်ရဲလင်းနဲ့ ပြတ်သွားခဲ့ကြတော့လည်း ပရိသတ်တွေက နေခြည်ဦးဘက်မှာ ဖေးဖေးမမရှိနေပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ အခုဆိုရင်တော့နေခြည်ဦးကို မင်းသမီးတစ်လက်အနေနဲ့ အောင်ရဲလင်းနဲ့ အတူပြန်တွေ့ကြရတာ့မှာပါ။အောင်ရဲလင်းနဲ့ ဇာတ်ကားအတူရိုက်ဖြစ်မယ့်အကြောင်းကို နေခြည်ဦးက “ကိုအောင်ရဲလင်းနဲ့ ရိုက်မယ့်ကားကလည်း နေခြည်တိ့ုက သေချာမသိသေးတာပါ။ နေခြည့်ကိုတော့ ရိုက်ဖို့ပြောထားတယ်။ နေခြည်ကလည်း ရိုက်မယ်လို့ ပြောထားတယ်။

 နေခြည့်ကိုပြောထားတဲ့ဇာတ်လမ်းလေးကိုတော့ နေခြည်ကြိုက်တယ်။ ဇာတ်လမ်းအပြောင်းလဲလေးရှိရင်တော့ နေခြည်ဇာတ်ညွှန်းကို တချက်ပြန်ပြီးတော့ ဖတ်ရဦးမှာပေါ့။ သူနဲ့ ရိုက်ဖို့အတွက် နေခြည့်ဖက်ကတော့ အေးဆေးပဲ။ သူ့ဖက်ကလည်း အေးဆေးပဲလို့ နေခြည်ကြားတယ်။ ဒါပေမယ့်လည်း အဓိကကတော့ ဇာတ်ညွှန်းက အတည်မပြုရသေးတာပါ”လို့ ဖြေကြားထားပြီး

အောင်ရဲလင်းနဲ့ ရိုက်ရမှာလန့်တယ်ဆိုတဲ့အကြောင်းကိုလည်း “အစကတော့ လန့်တယ်။ ဘာလို့လန့်လဲဆိုတော့ ကိုယ့် Ex နဲ့တွေ့ရမှာကို ပြီးတော့ ဒါကသူ့နယ်ပယ်လေ။ နေခြည်နဲ့ကြိုက်နေတုန်းက နေခြည်က မင်းသမီးမှ မဟုတ်တာ။ အခုဖြစ်လာပြီဆိုတော့ ဘာပဲဖြစ်ဖြစ်လန့်တာပေါ့နော်။ လန့်တယ်ဆိုတာကလည်း သူကိုယ့်ကို ဘာတွေများချေမလဲဆိုပြီးတော့ လန့်တာမဟုတ်ပါဘူး။ ပြန်တွေ့ရမယ်ဆိုတဲ့ စိတ်ပေါ့နော်။

 ကိုယ်တွေက ဘယ်တော့မှ ပြန်တွေ့ရမှာ မဟုတ်တော့ဘူးလို့ ထင်ထားတဲ့လူနဲ့ ပြန်တွေ့ရမှာဆိုတော့ နေခြည်ဖက်က လန့်တယ်။ဒါပေမယ့်လည်း တွေ့ခဲ့ရင်လည်း နေခြည်တို့က အကြီးအကျယ်ဝုန်းမှာပဲ။ ဝုန်းမယ်ဆိုတာက ကြိုးစားမှာကို ပြောတာပါ။ ပရိသတ်အတွက်ကလည်း ဒီသတင်းထွက်တာနဲ့ကို တန်တယ်လေ။ ဘာတွေဖြစ်ဦးမှာလဲ။ Ex တွေတွေ့ကြပြီဆိုတော့ ပရိုဂျူဆာတွေအတွက်ကလည်း တွက်ချေကိုက်တယ်။ နေခြည်တို့အတွက်ကလည်း ကောင်းတယ်လေ။ ဇာတ်လမ်းသာ ကောင်းတယ်ဆိုရင်တော့ နေခြည်တိ့ုက ရိုက်မှာပဲ”လို့ ပြောပြထားတာလည်းဖြစ်ပါတယ်။

အောင်ရဲလင်းကတော့ သိပ်မကြာခင်ကမှ မီဒီယာတွေနဲ့ အင်တာဗျူးမှာ နေခြည်ဦးနဲ့ အတူရိုက်ဖို့လက်ခံတယ်ဆိုတဲ့အကြောင်းကို “လက်ခံပါတယ်။ လက်ခံတယ်ဆိုတာက ဦးမီးပွားကနေတစ်ဆင့် ဖုန်းဆက်တာ။ ဖုန်းဆက်ပြီးတော့မှ ကျွန်တော်တို့ကနေပြည်တော်မှာ ကားရိုက်နေတာ။ ဖုန်းဆက်တော့ ပြန်လာရင်တွေ့မယ်ပေါ့နော်။ ကားရိုက်ဖို့ရှိတယ်ပေါ့။ မင်းသမီးကနေခြည်ဦးဆိုတာလည်းကြားပါတယ်။ ကျွန်တော်ကတော့ ဇာတ်လမ်းပေါ့။ ဇာတ်လမ်းလေးသိချင်တယ်ဆိုပြီးတော့ ဦးမီးပွားကိုပြန်ပြောတယ်”လို့ ပြောထားပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ နေခြည်ဦးနဲ့ ရိုက်မယ့်ကားက မသေချာတော့ဘူး ခဏရပ်ထားကြောင်းသိရတယ်လို့လည်း “ပြန်ရောက်လာတော့ကျွန်တော်တွေ့ဖို့ပြောတော့ ဦးမီးပွားနဲ့ချိတ်တဲ့အခါကျတော့လည်း ဦးမီးပွားက သားတဲ့ လောလောဆယ်မရိုက်ဖြစ်သေးဘူးတဲ့။ ပြန်ပြောမယ်လို့ပြောပါတယ်။ လောလောဆယ်ကတော့ ခဏရပ်ထားတယ်ပေ့ါနော်။ ရိုက်ဖို့မဖြစ်သေးဘူး။ ဆိုတော့ .. ရိုက်ဖြစ်တဲ့အခါကျရင်တော့ ကျွန်တော်ပြောပါမယ်ခင်ဗျ” လို့ ဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေခြည်ဦးနဲ့ အောင်ရဲလင်းတို့ ရုပ်ရှင်အတူရိုက်ဖို့ကိစ္စမှာ ဘာကနှောင့်နှေးနေတယ်လို့ထင်လဲ။ သူတို့နှစ်ယောက်အတူရိုက်မယ့်ရုပ်ရှင်ကိုကြည့်ချင်နေကြပြီလား။ ရုပ်ရှင်ထွက်လာရင်ရော သွားရောက်အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top