iMyanmarHouse.com - Best Property Website for Myanmar
×


Beauty Blogger တဦးအေနနဲ႔ ပရိသတ္ေတြ သိရွိထားတဲ့ ေနျခည္ဦးဟာ “ရန္သူ”ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဒီဇာတ္ကားမွာ ဝတ္မႈံေ႐ႊရည္နဲ႔ သ႐ုပ္ေဆာင္တဲ့အခါ ေၾကာက္ခဲ့ရတယ္လို႔ ဆိုပါတယ္။

“မကစ္ကို ပါး႐ိုက္ဖို႔ အရမ္းေၾကာက္ေနတာ။ အဲ့လို႐ိုက္ဖို႔အတြက္ သူငယ္ခ်င္းေတြကို တန္းဆီၿပီး ပါး႐ိုက္ေလ့က်င့္တယ္။ တကယ္လည္း ႐ိုက္မယ္ဆိုေတာ့ ထိပ္တန္း မင္းသမီးေလးေလ ကိုယ့္ထက္လည္း စီနီယာက်တယ္။ မေတာ္လို႔ ထိမိသြားရင္ ျပႆနာတက္မွာစိုးလို႔ မကစ္ကန္ေတာ့ဆိုၿပီး ကင္မရာလွည့္ကြက္ေတြနဲ႔ အရမ္းပီျပင္သြားတာပါ” လို႔ ေနျခည္ဦးက ေျပာပါတယ္။


“ရန္သူ” ဇာတ္ကားက ေနျခည္ဦးရဲ႕ သ႐ုပ္ေဆာင္အျဖစ္ ပထမဆုံ း႐ိုက္ကူးတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးျဖစ္ၿပီး ဒီကားကို စ႐ိုက္ကတည္းက အမွတ္တရေတြ အမ်ားႀကီးရွိတယ္လို႔ ဆိုပါတယ္။

“ဘဝမွာ မေမ့ႏိုင္မယ့္ ကားေလးတကားပါ။ ပထမဆုံးကားဆိုေပမယ့္ ေနရာတေနရာ ရတဲ့ ကားေလးတကားပါ။ အရမ္း ဝမ္းသာပါတယ္။ ဒီကားထဲမွာ “ေလေျပႏု”ဆိုတဲ့ ကာ႐ိုက္တာနဲ႔ အျပင္ကာ႐ိုက္တာက တျခားစီပဲေပါ့ေနာ္။ ေနျခည္ အမ်ားႀကီးေက်နပ္ပါတယ္။ ေအာင္မွတ္ရတယ္လို႔ေျပာတယ္။ အကုန္လုံးကေတာ့ ၄၀ ေက်ာ္တယ္ ေျပာတယ္”

“ ေနျခည္ကအျပင္မွာ စပ္စလူးစိန္ဆိုေတာ့ ဇာတ္ကားထဲမွာ ၿငိမ္ေအာင္ မနည္းထိန္းရတယ္။ အစပိုင္းမွာေတာ့ အရမ္းေၾကာက္ေနတယ္။ ေနာက္ပိုင္း႐ိုက္ရင္းနဲ႔ နယ္မွာပဲျဖစ္ေနေတာ့ ဇာတ္ကား႐ိုက္တယ္ ၿပီးေတာ့ ဟိုတယ္ျပန္အိပ္တယ္။ အဲ့ေတာ့ ဒီကာ႐ိုက္တာကို ေမ်ာသြားတယ္”လို႔ ေနျခည္ဦးက ေျပာပါတယ္။

ဇာတ္ကားထဲမွာ Tom Boy အျဖစ္နဲ႔ သ႐ုပ္ေဆာင္ထားတဲ့ ဝတ္မႈံေ႐ႊရည္နဲ႔ အၿပိဳင္သ႐ုပ္ေဆာင္ရတဲ့အတြက္ ဒီအေပၚကိုလည္း အခုလို ဆိုပါတယ္။

“အျပင္မွာ ႏွစ္ေယာက္လုရတာ မႀကဳံဘူးဘူးေပါ့။ Tom boy နဲ႔လုရတာဆို ပိုမႀကဳံဘူးဘူးေပါ့။ ေယာက်ာ္းေလးတေယာက္ ကိုအျပင္မွာ ၿပိဳင္လုတာေလးေတြရွိမယ္ထင္တယ္။ ဒီကားေလးကို ဇာတ္ကားတကားအေနနဲ႔ပဲ ျမင္ေစခ်င္ပါတယ္။ ဒီကားက တျခားဘာကိုမွ ရည္႐ြယ္ၿပီလုပ္ထားတာ မဟုတ္တဲ့ အတြက္ အခ်စ္ဒရာမာကားတကားပါ။ အရမ္းလည္း ရင္ခုန္ေနပါတယ္”လို႔ ေနျခည္ဦးက ေျပာပါတယ္။

“ရန္သူ” ဇာတ္ကားစျပမယ့္ ပထမရက္မွာပဲ ႐ုပ္ရွင္႐ုံတ႐ုံလုံးရဲ႕ပထမတထပ္လုံးစာ လက္မွတ္ကို ေနျခည္ဦးက ဝယ္ယူထားတယ္လို႔ သိရပါတယ္။ ဒါနဲ႔ ပတ္သက္လို႔လည္း ေနျခည္ဦးက အခုလိုဆိုထားပါတယ္။

“သမၼတအေပၚတထပ္လုံး လက္မွတ္ဝယ္လိုက္တယ္ဆိုတာ ေနျခည္အေဖ စိမ္းလဲ့တင္ ဝန္ထမ္းက ၁၀၀ ေက်ာ္ရွိတာ ဆိုေတာ့ ေနျခည္က ေ႐ႊစင္ဦးထုတ္လုပ္ေရးကို လက္မွတ္ေပးပါဆို မေကာင္းဘူးေလ။ အမ်ိဳးေတြကလည္း ၾကည့္ခ်င္တယ္။ fan ေတြကလည္း ထားခဲ့လို႔ မရေတာ့ ရန္ကုန္က fan ေတြေရာ မႏၲေလးက fan ေတြေရာ ေလ။ အဲ့ဒါေၾကာင့္ ပထမဦးဆုံးကားေလး ျဖစ္ေတာ့ အမွတ္တရျဖစ္ေအာင္ယူလိုက္တာ”

“ေနျခည္က အေပါင္းအသင္း မိတ္ေဆြ သူငယ္ခ်င္းမ်ားတာေၾကာင့္ ယူလိုက္တာကပါ။ တျခားဘာေၾကာင့္မွမဟုတ္ပါဘူး။ ေနျခည္ငိုတဲ့ အခန္းေတြကို မႀကိဳက္ဘူး။ ပထမဦးဆုံးကားဆိုေတာ့ အမွားေတြကိုၾကည့္ၿပီး ေနာက္ကားေတြအတြက္ ျပင္ဆင္မွာပါ”


“ ဒီကားမွာ ေနျခည္ဘာမွ မခြဲစိတ္ဘဲ ပင္ကိုအလွနဲ႔႐ိုက္ခဲ့တဲ့ ကားပါ။ ကားထဲမွာေတာ့ ႐ုပ္ဆိုးတယ္လို႔ျမင္တယ္။ ငါ့ကို ေဝဖန္ တိုက္ခိုက္မႈအရမ္းမ်ားတယ္။ အဲ့အတြက္ငါအရမ္းေကာင္းေအာင္အရမ္းႀကိဳးစားၿပီး အရမ္းေကာင္းေအာင္ လုပ္မယ္ဆိုတဲ့ စိတ္ကို သြင္းထားတယ္”လို႔ ေနျခည္ဦးက ဆိုပါတယ္။

ေနျခည္ဦးရဲ႕ ပထမဆုံး႐ုပ္ရွင္ဇာတ္ကားႀကီးျဖစ္တဲ့”ရန္သူ” ႐ုပ္ရွင္ဇာတ္ကားႀကီးကို သ႐ုပ္ေဆာင္ ေနမင္း၊ ဝတ္မႈံေ႐ႊရည္နဲ႔ အတူ႐ိုက္ကူးခဲ့တာျဖစ္ၿပီး ဒီဇင္ဘာလ ၁၄ ရက္ေန႔မွာ ႐ုံတင္ျပသေတာ့မွာျဖစ္ပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

Beauty Blogger တဦးအနေနဲ့ ပရိသတ်တွေ သိရှိထားတဲ့ နေခြည်ဦးဟာ “ရန်သူ”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဒီဇာတ်ကားမှာ ဝတ်မှုံရွှေရည်နဲ့ သရုပ်ဆောင်တဲ့အခါ ကြောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

“မကစ်ကို ပါးရိုက်ဖို့ အရမ်းကြောက်နေတာ။ အဲ့လိုရိုက်ဖို့အတွက် သူငယ်ချင်းတွေကို တန်းဆီပြီး ပါးရိုက်လေ့ကျင့်တယ်။ တကယ်လည်း ရိုက်မယ်ဆိုတော့ ထိပ်တန်း မင်းသမီးလေးလေ ကိုယ့်ထက်လည်း စီနီယာကျတယ်။ မတော်လို့ ထိမိသွားရင် ပြဿနာတက်မှာစိုးလို့ မကစ်ကန်တော့ဆိုပြီး ကင်မရာလှည့်ကွက်တွေနဲ့ အရမ်းပီပြင်သွားတာပါ” လို့ နေခြည်ဦးက ပြောပါတယ်။


“ရန်သူ” ဇာတ်ကားက နေခြည်ဦးရဲ့ သရုပ်ဆောင်အဖြစ် ပထမဆုံ းရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး ဒီကားကို စရိုက်ကတည်းက အမှတ်တရတွေ အများကြီးရှိတယ်လို့ ဆိုပါတယ်။

“ဘဝမှာ မမေ့နိုင်မယ့် ကားလေးတကားပါ။ ပထမဆုံးကားဆိုပေမယ့် နေရာတနေရာ ရတဲ့ ကားလေးတကားပါ။ အရမ်း ဝမ်းသာပါတယ်။ ဒီကားထဲမှာ “လေပြေနု”ဆိုတဲ့ ကာရိုက်တာနဲ့ အပြင်ကာရိုက်တာက တခြားစီပဲပေါ့နော်။ နေခြည် အများကြီးကျေနပ်ပါတယ်။ အောင်မှတ်ရတယ်လို့ပြောတယ်။ အကုန်လုံးကတော့ ၄၀ ကျော်တယ် ပြောတယ်”

“ နေခြည်ကအပြင်မှာ စပ်စလူးစိန်ဆိုတော့ ဇာတ်ကားထဲမှာ ငြိမ်အောင် မနည်းထိန်းရတယ်။ အစပိုင်းမှာတော့ အရမ်းကြောက်နေတယ်။ နောက်ပိုင်းရိုက်ရင်းနဲ့ နယ်မှာပဲဖြစ်နေတော့ ဇာတ်ကားရိုက်တယ် ပြီးတော့ ဟိုတယ်ပြန်အိပ်တယ်။ အဲ့တော့ ဒီကာရိုက်တာကို မျောသွားတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

ဇာတ်ကားထဲမှာ Tom Boy အဖြစ်နဲ့ သရုပ်ဆောင်ထားတဲ့ ဝတ်မှုံရွှေရည်နဲ့ အပြိုင်သရုပ်ဆောင်ရတဲ့အတွက် ဒီအပေါ်ကိုလည်း အခုလို ဆိုပါတယ်။

“အပြင်မှာ နှစ်ယောက်လုရတာ မကြုံဘူးဘူးပေါ့။ Tom boy နဲ့လုရတာဆို ပိုမကြုံဘူးဘူးပေါ့။ ယောကျာ်းလေးတယောက် ကိုအပြင်မှာ ပြိုင်လုတာလေးတွေရှိမယ်ထင်တယ်။ ဒီကားလေးကို ဇာတ်ကားတကားအနေနဲ့ပဲ မြင်စေချင်ပါတယ်။ ဒီကားက တခြားဘာကိုမှ ရည်ရွယ်ပြီလုပ်ထားတာ မဟုတ်တဲ့ အတွက် အချစ်ဒရာမာကားတကားပါ။ အရမ်းလည်း ရင်ခုန်နေပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

“ရန်သူ” ဇာတ်ကားစပြမယ့် ပထမရက်မှာပဲ ရုပ်ရှင်ရုံတရုံလုံးရဲ့ပထမတထပ်လုံးစာ လက်မှတ်ကို နေခြည်ဦးက ဝယ်ယူထားတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း နေခြည်ဦးက အခုလိုဆိုထားပါတယ်။

“သမ္မတအပေါ်တထပ်လုံး လက်မှတ်ဝယ်လိုက်တယ်ဆိုတာ နေခြည်အဖေ စိမ်းလဲ့တင် ဝန်ထမ်းက ၁၀၀ ကျော်ရှိတာ ဆိုတော့ နေခြည်က ရွှေစင်ဦးထုတ်လုပ်ရေးကို လက်မှတ်ပေးပါဆို မကောင်းဘူးလေ။ အမျိုးတွေကလည်း ကြည့်ချင်တယ်။ fan တွေကလည်း ထားခဲ့လို့ မရတော့ ရန်ကုန်က fan တွေရော မန္တလေးက fan တွေရော လေ။ အဲ့ဒါကြောင့် ပထမဦးဆုံးကားလေး ဖြစ်တော့ အမှတ်တရဖြစ်အောင်ယူလိုက်တာ”

“နေခြည်က အပေါင်းအသင်း မိတ်ဆွေ သူငယ်ချင်းများတာကြောင့် ယူလိုက်တာကပါ။ တခြားဘာကြောင့်မှမဟုတ်ပါဘူး။ နေခြည်ငိုတဲ့ အခန်းတွေကို မကြိုက်ဘူး။ ပထမဦးဆုံးကားဆိုတော့ အမှားတွေကိုကြည့်ပြီး နောက်ကားတွေအတွက် ပြင်ဆင်မှာပါ”

“ ဒီကားမှာ နေခြည်ဘာမှ မခွဲစိတ်ဘဲ ပင်ကိုအလှနဲ့ရိုက်ခဲ့တဲ့ ကားပါ။ ကားထဲမှာတော့ ရုပ်ဆိုးတယ်လို့မြင်တယ်။ ငါ့ကို ဝေဖန် တိုက်ခိုက်မှုအရမ်းများတယ်။ အဲ့အတွက်ငါအရမ်းကောင်းအောင်အရမ်းကြိုးစားပြီး အရမ်းကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်ကို သွင်းထားတယ်”လို့ နေခြည်ဦးက ဆိုပါတယ်။

နေခြည်ဦးရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့”ရန်သူ” ရုပ်ရှင်ဇာတ်ကားကြီးကို သရုပ်ဆောင် နေမင်း၊ ဝတ်မှုံရွှေရည်နဲ့ အတူရိုက်ကူးခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top