iMyanmarHouse.com - Best Property Website for Myanmar
×


တစ္ေခတ္တစ္ခါက နာမည္ႀကီး လူသိမ်ားခဲ့ၿပီး အားေပးမႈမ်ားစြာရ႐ွိခဲ့တဲ့ ေအာင္ရင္ကေတာ့ မူးယဇ္ေဆးဝါးအမႈနဲ႔ ပထမက ေထာင္ဒဏ္၅ႏွစ္က်ခဲ့ဖုိ႔အတြက္ အမိန္႔ခ်ထားၿပီး ဒီဇင္ဘာလ၁၂ရက္ေန႔မွာေတာ့ ေနာက္ထပ္ေထာင္ဒဏ္၁၂ႏွစ္ကုိ က်ခံရဖုိ႔အတြက္ အမိန္႔ခ်ခံထားရတာတဲ့ သားျဖစ္သူ မုိးေအာင္ရင္နဲ႔ ပတ္သက္ၿပီး ကုိယ့္သားသမီးကုိ ဒီလုိအေနအထားမ်ိဳးႀကီးနဲ႔ ဘယ္မိဘကမွ ေတြ႔ခ်င္မွာမဟုတ္ဘူးလုိ႔ မီဒီယာအင္တာဗ်ဴးတစ္ခုမွာ ေျပာဆုိသြားခဲ့ပါတယ္။

ေအာင္ရင္က “ပုံမွန္ေတြ႔ပါတယ္ တစ္ပတ္ႏွစ္ခါ သူ႔ဆီကုိ သြားတယ္ အရင္တုန္းက ႐ုံးခ်ိန္း႐ွိရင္သူနဲ႔က ၄ရက္ေတြ႔ျဖစ္တာေပါ့ေနာ္။ ၂ရက္က ႐ုံးခ်ိန္း၂ရက္ကက်ေတာ့ ေထာင္ထဲမွာ သြားေတြ႔ပါတယ္။ အခုဒီႏွစ္ပုိင္းမွာေတာ့ ဒီတစ္ႏွစ္ေလာက္မွာေတာ့ နည္းနည္းေလး ရင့္က်က္လာတယ္လုိ႔ထင္တယ္ပါတယ္ အရင္တုန္းကေတာ့ သူက Mommy’s Boyပဲေလ သူ႔အေမနဲ႔က ကေလးလုိေနရ အဲ့လုိအေျခအေနကေန အေဖအေမက မ႐ွိလုိ႔ေတာ့ ဘာညာသူက အဲ့လုိေပါ့ နည္းနည္းေတာ့ ရင့္က်က္သြားတာေပါ့ေနာ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

သားအတြက္ဘယ္ေလာက္အထိ ခံစားရလဲလုိ႔ ေမးျမန္းရာ”ဒါကေတာ့ မိဘတုိင္း ဒီလုိပဲ ျဖစ္မွာပါေလ။ သူအႏုပညာဘာညာေအာင္ျမင္တာ မေအာင္ျမင္တာ ဒါေတြက တစ္ပုိင္းပါ။ ကုိယ့္သားသမီး ဒီလုိအေနအထားႀကီးနဲ႔ေတာ့ ဘယ္မိဘမဆုိေတြ႔ခ်င္မွာ မဟုတ္ပါဘူး။”လုိ႔ ေျပသြားခဲ့ၿပီး မုိးေအာင္ရင္ရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး “ေကာင္းပါတယ္ က်န္းမာေရးက ေကာင္းတယ္သူ ေအးေဆးပဲ ေနာက္ၿပီးေတာ့ ၾကည့္ရတာ သူစိတ္ကလည္း နည္းနည္း စိတ္ဓာတ္က်ေနတဲ့ ပုံေတြဘာေတြေတာ့ မ႐ွိဘူး။


 သူ႔ကုိလည္း အျမဲတမ္းေတြ႔တုိင္းလည္း အားေပးတယ္။ သူက ေျပာတယ္ အေဖတဲ့ သားကေတာ့ မုိက္သြားတယ္ေပါ့ေနာ္။ အေဖတုိ႔ဆုိလည္း ဒုကၡေရာက္တယ္ေပါ့။ လာရတာဘာညာနဲ႔ အဲ့က်ေတာ့ မဟုတ္ဘူး သားမင္းမုိက္တာမဟုတ္ဘူး မင္းမွားတာ မွားသြားတာ ဘာမွမျဖစ္ဘူး ဒီအေပၚမွာ သင္ခန္းစာယူၿပီး ကုိယ္က ဒီလုိမ်ိဳး မမွားေတာ့ဘူးဆုိရင္ မင္းက မုိက္တာမဟုတ္ပါဘူးလုိ႔ သူ႔ကုိ ေျပာရတယ္။”လုိ႔ ေျပာပါတယ္။


အႏုပညာအလုပ္ေတြေရာ ဆက္လုပ္ဖုိ႔႐ွိလားလုိ႔ ေမးျမန္းရာ “အဲ့တာက သူအေပၚမွာ မူတည္တယ္ေလ သူ႔အေပၚမွာ မူတည္တယ္ဆုိတာ ဒီလုိေလ သူကဒီအရာႀကီးကုိ အခုအခ်ိန္အထိေတာ့ လုပ္မယ္ဆုိတာခ်ည္းပဲ။ လုပ္မယ္ဆုိေတာ့ သူ႔ကုိေတာ့ ေျပာျပတယ္ နားလည္ေအာင္ သားဒီအလုပ္ဆုိတာကေတာ့ ကုိယ္လုပ္ခ်င္တုိင္းလည္း လုပ္လုိ႔မျဖစ္ဘူး ပရိသတ္က လက္ခံမွသာ လုပ္လုိ႔ရတာ ျဖစ္တဲ့ အတြက္ ပရိသတ္က လက္ခံေနေသးတယ္ Demand႐ွိေသးတယ္ဆုိရင္ေတာ့ မင္းဆက္လုပ္ရမွာေပါ့။ မဟုတ္ရင္ေတာ့ အေဖနဲ႔ပဲ လုိက္ခဲ့ေတာ့လုိ႔ သူ႔ကုိေျပာထားတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Credit: Nanmalgyi

# Unicode Version ျဖင့္ ဖတ္ပါ #

တစ်ခေတ်တစ်ခါက နာမည်ကြီး လူသိများခဲ့ပြီး အားပေးမှုများစွာရရှိခဲ့တဲ့ အောင်ရင်ကတော့ မူးယဇ်ဆေးဝါးအမှုနဲ့ ပထမက ထောင်ဒဏ်၅နှစ်ကျခဲ့ဖို့အတွက် အမိန့်ချထားပြီး ဒီဇင်ဘာလ၁၂ရက်နေ့မှာတော့ နောက်ထပ်ထောင်ဒဏ်၁၂နှစ်ကို ကျခံရဖို့အတွက် အမိန့်ချခံထားရတာတဲ့ သားဖြစ်သူ မိုးအောင်ရင်နဲ့ ပတ်သက်ပြီး ကိုယ့်သားသမီးကို ဒီလိုအနေအထားမျိုးကြီးနဲ့ ဘယ်မိဘကမှ တွေ့ချင်မှာမဟုတ်ဘူးလို့ မီဒီယာအင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

အောင်ရင်က “ပုံမှန်တွေ့ပါတယ် တစ်ပတ်နှစ်ခါ သူ့ဆီကို သွားတယ် အရင်တုန်းက ရုံးချိန်းရှိရင်သူနဲ့က ၄ရက်တွေ့ဖြစ်တာပေါ့နော်။ ၂ရက်က ရုံးချိန်း၂ရက်ကကျတော့ ထောင်ထဲမှာ သွားတွေ့ပါတယ်။ အခုဒီနှစ်ပိုင်းမှာတော့ ဒီတစ်နှစ်လောက်မှာတော့ နည်းနည်းလေး ရင့်ကျက်လာတယ်လို့ထင်တယ်ပါတယ် အရင်တုန်းကတော့ သူက Mommy’s Boyပဲလေ သူ့အမေနဲ့က ကလေးလိုနေရ အဲ့လိုအခြေအနေကနေ အဖေအမေက မရှိလို့တော့ ဘာညာသူက အဲ့လိုပေါ့ နည်းနည်းတော့ ရင့်ကျက်သွားတာပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

သားအတွက်ဘယ်လောက်အထိ ခံစားရလဲလို့ မေးမြန်းရာ”ဒါကတော့ မိဘတိုင်း ဒီလိုပဲ ဖြစ်မှာပါလေ။ သူအနုပညာဘာညာအောင်မြင်တာ မအောင်မြင်တာ ဒါတွေက တစ်ပိုင်းပါ။ ကိုယ့်သားသမီး ဒီလိုအနေအထားကြီးနဲ့တော့ ဘယ်မိဘမဆိုတွေ့ချင်မှာ မဟုတ်ပါဘူး။”လို့ ပြေသွားခဲ့ပြီး မိုးအောင်ရင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး “ကောင်းပါတယ် ကျန်းမာရေးက ကောင်းတယ်သူ အေးဆေးပဲ နောက်ပြီးတော့ ကြည့်ရတာ သူစိတ်ကလည်း နည်းနည်း စိတ်ဓာတ်ကျနေတဲ့ ပုံတွေဘာတွေတော့ မရှိဘူး။

 သူ့ကိုလည်း အမြဲတမ်းတွေ့တိုင်းလည်း အားပေးတယ်။ သူက ပြောတယ် အဖေတဲ့ သားကတော့ မိုက်သွားတယ်ပေါ့နော်။ အဖေတို့ဆိုလည်း ဒုက္ခရောက်တယ်ပေါ့။ လာရတာဘာညာနဲ့ အဲ့ကျတော့ မဟုတ်ဘူး သားမင်းမိုက်တာမဟုတ်ဘူး မင်းမှားတာ မှားသွားတာ ဘာမှမဖြစ်ဘူး ဒီအပေါ်မှာ သင်ခန်းစာယူပြီး ကိုယ်က ဒီလိုမျိုး မမှားတော့ဘူးဆိုရင် မင်းက မိုက်တာမဟုတ်ပါဘူးလို့ သူ့ကို ပြောရတယ်။”လို့ ပြောပါတယ်။

အနုပညာအလုပ်တွေရော ဆက်လုပ်ဖို့ရှိလားလို့ မေးမြန်းရာ “အဲ့တာက သူအပေါ်မှာ မူတည်တယ်လေ သူ့အပေါ်မှာ မူတည်တယ်ဆိုတာ ဒီလိုလေ သူကဒီအရာကြီးကို အခုအချိန်အထိတော့ လုပ်မယ်ဆိုတာချည်းပဲ။ လုပ်မယ်ဆိုတော့ သူ့ကိုတော့ ပြောပြတယ် နားလည်အောင် သားဒီအလုပ်ဆိုတာကတော့ ကိုယ်လုပ်ချင်တိုင်းလည်း လုပ်လို့မဖြစ်ဘူး ပရိသတ်က လက်ခံမှသာ လုပ်လို့ရတာ ဖြစ်တဲ့ အတွက် ပရိသတ်က လက်ခံနေသေးတယ် Demandရှိသေးတယ်ဆိုရင်တော့ မင်းဆက်လုပ်ရမှာပေါ့။ မဟုတ်ရင်တော့ အဖေနဲ့ပဲ လိုက်ခဲ့တော့လို့ သူ့ကိုပြောထားတယ်။”လို့ ပြောသွားခဲ့ပါတယ်။

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top