iMyanmarHouse.com - Best Property Website for Myanmar
×


အခ်စ္ေရးမွာ တည္ၿငိမ္ေနတဲ့ သ႐ုပ္ေဆာင္နန္းဆုဦးကအလုပ္ဘက္မွာ အာ႐ုံစိုက္ေနရတဲ့အတြက္ အခ်စ္ေရးကို ဦးစားမေပးေသးဘူးလို႔ ဆိုပါတယ္။

“အလုပ္ကို ပိုၿပီးေတာ့ အားစိုက္ေနတဲ့အခ်ိန္မလို႔လည္း အခ်စ္ေရးဘက္ကို ဦးစားေပး မစဥ္းစားျဖစ္ေတာ့တာလည္း ပါတယ္။ နန္းဆု ကိုယ္တိုင္ကလည္း စိတ္မဝင္စားတာပါ ပါတယ္။ အလုပ္ကိုပဲ အာ႐ုံစိုက္ၿပီးေတာ့ လုပ္မယ္လို႔ ဆုံးျဖတ္ထား တယ္။ စီးရီးတြဲနဲ႔ ဇာတ္ကားနဲ႔ ကြာျခားခ်က္ကေတာ့ အခ်ိန္ေပးရတာနည္းနည္း ပိုၾကာၾကာေပးရတယ္”လို႔ နန္းဆုဦးက ေျပာပါတယ္။

နန္းဆုဦးက လတ္တေလာမွာေတာ့ canal+ကလႊင့္မယ့္ “ခရီးသြားေကာက္ေၾကာင္း” အစီအစဥ္မွာ ပါဝင္ထားၿပီး ဒါနဲ႔ပတ္သက္လို႔လည္း အခုလိုဆိုပါတယ္။


“canal+ကလႊင့္မယ့္ “ခရီးသြားေကာက္ေၾကာင္း” မွာ နန္းစု ကိုအလင္းေရာင္နဲ႔ ပါဝင္သ႐ုပ္ေဆာင္ထားတယ္။ ခရီးသြား ေကာက္ေၾကာင္းဆိုေတာ့ ခရီးေတြသြားၿပီး ႐ိုက္ရတဲ့ Documentary ေပါ့။ ခါတိုင္း႐ိုက္ေနတဲ့ ဇာတ္လမ္းေတြနဲ႔ေတာ့ မတူပါဘူး။ ရခိုင္ျပည္နယ္ေျမာက္ဦးရယ္ ၊ငပလီရယ္မွာ သြားေရာက္႐ိုက္ကူးထားပါတယ္”

“ခရီးသြားရင္းထူးျခားမႈေတြေတာ့ မႀကဳံပါဘူး။ အခက္အခဲေတြေတာ့ရွိပါတယ္။ ေနအရမ္းပူတာရယ္။ ဝတ္ထားတဲ့ အဝတ္အစားေတြေၾကာင့္ အရမ္းပူတာေတြေၾကာင့္ အခက္အခဲေတြရွိပါတယ္။ ခရီးေတြသြားရတာ ဝါသနာပါတာေၾကာင့္ ခရီးသြားၿပီး႐ိုက္ ရရင္ေပ်ာ္တယ္” လို႔ နန္းဆုဦးက ေျပာပါတယ္။

လတ္တေလာမွာေတာ့ ေၾကာက္ေၾကာက္ေၾကာက္ ၂ ဇာတ္ကားႀကီး႐ိုက္ကူးေနၿပီး ဇာတ္ကားေတြ႐ိုက္ကူးမႈ၊ ဇာတ္လမ္းတြဲ႐ိုက္ကူးမႈအေၾကာင္းကိုလည္း အခုလိုဆိုပါတယ္။


“အၿမဲတမ္းေတာ့ ဇာတ္ကားေတြကို ကိုယ္လုပ္ႏိုင္မယ့္ ကာ႐ိုက္တာေတြကို ေ႐ြးခ်ယ္ၿပီး႐ိုက္ကူးပါတယ္။ ကာ႐ိုက္တာေတြ မစုံေသးေတာ့ အစုံလုပ္ခ်င္ပါတယ္။ စီးရီးတြဲနဲ႔ ဇာတ္ကားနဲ႔ ကြာျခားခ်က္ကေတာ့ အခ်ိန္ေပးရတာနည္းနည္း ပိုၾကာၾကာ ေပးရတယ္”

အဲ့ဒီေနာက္ ႐ုပ္ရွင္ဇာတ္ကားေတြ ဆက္တိုက္႐ိုက္ကူးျဖစ္ေနတဲ့ နန္းဆုဦးကေတာ့ ပရိသတ္ေတြက ဖက္ရွင္အပိုင္း မွာလည္း ကိုယ္ပိုင္ ဖက္ရွင္ဝတ္တာကိုသေဘာက်တယ္လို႔ဆိုၿပီး၊ သူမအေနနဲ႔ Sexy ပုံစံ အဝတ္အစားေတြကိုေတာ့ ဝတ္မွာ မဟုတ္ဘူးလို႔ နန္းဆုဦးက ဆိုပါတယ္။


“ဖက္ရွင္က တႏွစ္ တႏွစ္ေျပာင္းလာတာ မဟုတ္ဘူး။ သူက Season အလိုက္ကို ေျပာင္းလာတာဆိုေတာ့ ရာသီဥတု အေပၚမွာလည္း မူတည္တယ္ေလ။ နန္းဆုက တခ်ိန္လုံး ကား႐ိုက္ေနရတာဆိုရင္ ကားထဲက ကာ႐ိုက္တာအတိုင္းပဲ။ ကိုယ့္ဘာသာကိုယ္ လြတ္လြတ္လပ္လပ္ သြားတဲ့ ဖက္ရွင္ကိုက်ေတာ့ အျပင္သြားတဲ့ အခါက်မွ တင္ျဖစ္တယ္။ နန္းဆုက Sexy ပုံစံေတြ မႀကိဳက္ဘူး”လို႔ နန္းဆုဦးကဆိုပါတယ္။

သ႐ုပ္ေဆာင္နန္းဆုဦး ဟာ အႏုပညာနဲ႔ပတ္သက္လာရင္ သ႐ုပ္ေဆာင္အပိုင္းမွာသာမက သီခ်င္းဆိုတဲ့အပိုင္းမွာပါ ပရိသတ္ေတြ အားေပးမႈ ရရွိထားတဲ့သူျဖစ္ပါတယ္။

Credit: Irrawaddy

#Unicode Version#

အချစ်ရေးမှာ တည်ငြိမ်နေတဲ့ သရုပ်ဆောင်နန်းဆုဦးကအလုပ်ဘက်မှာ အာရုံစိုက်နေရတဲ့အတွက် အချစ်ရေးကို ဦးစားမပေးသေးဘူးလို့ ဆိုပါတယ်။

“အလုပ်ကို ပိုပြီးတော့ အားစိုက်နေတဲ့အချိန်မလို့လည်း အချစ်ရေးဘက်ကို ဦးစားပေး မစဉ်းစားဖြစ်တော့တာလည်း ပါတယ်။ နန်းဆု ကိုယ်တိုင်ကလည်း စိတ်မဝင်စားတာပါ ပါတယ်။ အလုပ်ကိုပဲ အာရုံစိုက်ပြီးတော့ လုပ်မယ်လို့ ဆုံးဖြတ်ထား တယ်။ စီးရီးတွဲနဲ့ ဇာတ်ကားနဲ့ ကွာခြားချက်ကတော့ အချိန်ပေးရတာနည်းနည်း ပိုကြာကြာပေးရတယ်”လို့ နန်းဆုဦးက ပြောပါတယ်။


နန်းဆုဦးက လတ်တလောမှာတော့ canal+ကလွှင့်မယ့် “ခရီးသွားကောက်ကြောင်း” အစီအစဉ်မှာ ပါဝင်ထားပြီး ဒါနဲ့ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“canal+ကလွှင့်မယ့် “ခရီးသွားကောက်ကြောင်း” မှာ နန်းစု ကိုအလင်းရောင်နဲ့ ပါဝင်သရုပ်ဆောင်ထားတယ်။ ခရီးသွား ကောက်ကြောင်းဆိုတော့ ခရီးတွေသွားပြီး ရိုက်ရတဲ့ Documentary ပေါ့။ ခါတိုင်းရိုက်နေတဲ့ ဇာတ်လမ်းတွေနဲ့တော့ မတူပါဘူး။ ရခိုင်ပြည်နယ်မြောက်ဦးရယ် ၊ငပလီရယ်မှာ သွားရောက်ရိုက်ကူးထားပါတယ်”

“ခရီးသွားရင်းထူးခြားမှုတွေတော့ မကြုံပါဘူး။ အခက်အခဲတွေတော့ရှိပါတယ်။ နေအရမ်းပူတာရယ်။ ဝတ်ထားတဲ့ အဝတ်အစားတွေကြောင့် အရမ်းပူတာတွေကြောင့် အခက်အခဲတွေရှိပါတယ်။ ခရီးတွေသွားရတာ ဝါသနာပါတာကြောင့် ခရီးသွားပြီးရိုက် ရရင်ပျော်တယ်” လို့ နန်းဆုဦးက ပြောပါတယ်။

လတ်တလောမှာတော့ ကြောက်ကြောက်ကြောက် ၂ ဇာတ်ကားကြီးရိုက်ကူးနေပြီး ဇာတ်ကားတွေရိုက်ကူးမှု၊ ဇာတ်လမ်းတွဲရိုက်ကူးမှုအကြောင်းကိုလည်း အခုလိုဆိုပါတယ်။

“အမြဲတမ်းတော့ ဇာတ်ကားတွေကို ကိုယ်လုပ်နိုင်မယ့် ကာရိုက်တာတွေကို ရွေးချယ်ပြီးရိုက်ကူးပါတယ်။ ကာရိုက်တာတွေ မစုံသေးတော့ အစုံလုပ်ချင်ပါတယ်။ စီးရီးတွဲနဲ့ ဇာတ်ကားနဲ့ ကွာခြားချက်ကတော့ အချိန်ပေးရတာနည်းနည်း ပိုကြာကြာ ပေးရတယ်”

အဲ့ဒီနောက် ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ နန်းဆုဦးကတော့ ပရိသတ်တွေက ဖက်ရှင်အပိုင်း မှာလည်း ကိုယ်ပိုင် ဖက်ရှင်ဝတ်တာကိုသဘောကျတယ်လို့ဆိုပြီး၊ သူမအနေနဲ့ Sexy ပုံစံ အဝတ်အစားတွေကိုတော့ ဝတ်မှာ မဟုတ်ဘူးလို့ နန်းဆုဦးက ဆိုပါတယ်။

“ဖက်ရှင်က တနှစ် တနှစ်ပြောင်းလာတာ မဟုတ်ဘူး။ သူက Season အလိုက်ကို ပြောင်းလာတာဆိုတော့ ရာသီဥတု အပေါ်မှာလည်း မူတည်တယ်လေ။ နန်းဆုက တချိန်လုံး ကားရိုက်နေရတာဆိုရင် ကားထဲက ကာရိုက်တာအတိုင်းပဲ။ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် သွားတဲ့ ဖက်ရှင်ကိုကျတော့ အပြင်သွားတဲ့ အခါကျမှ တင်ဖြစ်တယ်။ နန်းဆုက Sexy ပုံစံတွေ မကြိုက်ဘူး”လို့ နန်းဆုဦးကဆိုပါတယ်။

သရုပ်ဆောင်နန်းဆုဦး ဟာ အနုပညာနဲ့ပတ်သက်လာရင် သရုပ်ဆောင်အပိုင်းမှာသာမက သီချင်းဆိုတဲ့အပိုင်းမှာပါ ပရိသတ်တွေ အားပေးမှု ရရှိထားတဲ့သူဖြစ်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top