iMyanmarHouse.com - Best Property Website for Myanmar
×



ေဆာင္းရာသီရဲ႕ ေအးစိမ့္စိမ့္ ရာသီဥတုေၾကာင့္ ေရေသာက္ဖို႔ကို ေမ့ေလ်ာ့ေလ့ရွိၾကပါတယ္။ ေဆာင္းရာသီဟာ တျခားေသာ ရာသီေတြထက္ ဘာေၾကာင့္ ေရမ်ားမ်ား ေသာက္ေပးသင့္လဲဆိုတာကို ဧရာဝတီ စာဖတ္ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ေဆာင္းရာသီဟာ တျခားေသာ ရာသီဥတုေတြမွာထက္ ခႏၶာကိုယ္ရဲ႕ ေရဓာတ္ ခမ္းေျခာက္ျခင္းကို ျဖစ္ေပၚေစႏိုင္တာေၾကာင့္ ေရမဆာေပမယ့္ ေရမ်ားမ်ား ေသာက္ေပးသင့္ပါတယ္။ ေရမ်ားမ်ားေသာက္ျခင္းအားျဖင့္ ခႏၶာကိုယ္ရဲ႕ ကိုယ္တြင္း အပူခ်ိန္ကို ပုံမွန္ျဖစ္ေစၿပီး ေသြးလည္ပတ္မႈကို ေကာင္းမြန္ေစပါတယ္။


(၂) ေဆာင္းရာသီမွာ ျဖစ္တတ္တဲ့ အသားပပ္ျခင္းနဲ႔ ႏႈတ္ခမ္းသားေတြ ေျခာက္ေသြ႕အက္ကြဲျခင္းအတြက္ အေကာင္းဆုံးနဲ႔ အထိေရာက္ဆုံး နည္းလမ္းကေတာ့ ေရမ်ားမ်ားေသာက္သုံးျခင္းပဲျဖစ္ပါတယ္။ ပတ္ဝန္းက်င္ရဲ႕ ေျခာက္ေသြ႕တဲ့ ေလေအးေတြဟာ အေရျပားကို ေရဓာတ္ခမ္းေျခာက္ေစတာေၾကာင့္ ေဆာင္းတြင္းမွာ ေရကိုပုံမွန္ထက္ ပိုမိုေသာက္သုံးေပး သင့္ပါတယ္။

(၃) ေဆာင္းရာသီမွာ ေလကတဆင့္ ေပါက္ဖြားတဲ့ ဗိုင္းရပ္စ္ေတြဟာ ပတ္ဝန္းက်င္ေလထုမွာ ပ်ံ႕ႏွံ႔ေနတာေၾကာင့္ အေအးမိ ၊ ဖ်ားနာျခင္းေတြကို အလြယ္တကူ ျဖစ္ေပၚေစႏိုင္ပါတယ္။ ေရမ်ားမ်ားေသာက္သုံးေပးျခင္းဟာ ခႏၶာကိုယ္မွာ ေရဓာတ္ကို ျပည့္ဝေနေစတာေၾကာင့္ ျပင္ပေလထုမွာ ပါလာတဲ့ ေရာဂါပိုးေတြကို ခံႏိုင္ရည္ရွိေစပါတယ္။

(၄) ေဆာင္းတြင္းမွာ ေရမ်ားမ်ားေသာက္ေပးသင့္တဲ့ ေနာက္ထပ္ အေၾကာင္းအရင္းတခုကေတာ့ ခႏၶာကိုယ္လႈပ္ရွားမႈ နည္းျခင္းေၾကာင့္ ကိုယ္အေလးခ်ိန္တက္လာျခင္းကို ကာကြယ္ေပးႏိုင္တာပဲျဖစ္ပါတယ္။ ေရမ်ားမ်ားေသာက္ေပးျခင္းဟာ အစာေျခစနစ္ကို ေကာင္းမြန္ေစတဲ့အျပင္ အစားအစာေတြကို ပုံမွန္ထက္ ပိုမိုစားသုံးျခင္းကေနလည္း တားဆီးေပးႏိုင္ ပါတယ္။

(၅) ေဆာင္းရာသီမွာ ခႏၶာကိုယ္က တျခားေသာ ရာသီဥတုမွာထက္ ပိုမိုေလးလံထိုင္းမႈိင္းေနတတ္တာဟာ ေရဓာတ္ခမ္းေျခာက္ျခင္းနဲ႔လည္း ဆက္စပ္ေနပါတယ္။ ခႏၶာကိုယ္က လုံေလာက္တဲ့ ေရဓာတ္ေတြ မရရွိတဲ့အခါ လႈပ္ရွားမႈေတြ ပိုမိုေႏွးေကြးလာၿပီး ပင္ပန္းႏြမ္းနယ္မႈကို ခံစားရေစႏိုင္တာေၾကာင့္ ေရမ်ားမ်ားေသာက္ေပးသင့္ပါတယ္။

Credit:Irrawaddy

# Unicode Version ျဖင့္ ဖတ္ပါ #

ဆောင်းရာသီရဲ့ အေးစိမ့်စိမ့် ရာသီဥတုကြောင့် ရေသောက်ဖို့ကို မေ့လျော့လေ့ရှိကြပါတယ်။ ဆောင်းရာသီဟာ တခြားသော ရာသီတွေထက် ဘာကြောင့် ရေများများ သောက်ပေးသင့်လဲဆိုတာကို ဧရာဝတီ စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆောင်းရာသီဟာ တခြားသော ရာသီဥတုတွေမှာထက် ခန္ဓာကိုယ်ရဲ့ ရေဓာတ် ခမ်းခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် ရေမဆာပေမယ့် ရေများများ သောက်ပေးသင့်ပါတယ်။ ရေများများသောက်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်း အပူချိန်ကို ပုံမှန်ဖြစ်စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။


(၂) ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အသားပပ်ခြင်းနဲ့ နှုတ်ခမ်းသားတွေ ခြောက်သွေ့အက်ကွဲခြင်းအတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ ရေများများသောက်သုံးခြင်းပဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ခြောက်သွေ့တဲ့ လေအေးတွေဟာ အရေပြားကို ရေဓာတ်ခမ်းခြောက်စေတာကြောင့် ဆောင်းတွင်းမှာ ရေကိုပုံမှန်ထက် ပိုမိုသောက်သုံးပေး သင့်ပါတယ်။

(၃) ဆောင်းရာသီမှာ လေကတဆင့် ပေါက်ဖွားတဲ့ ဗိုင်းရပ်စ်တွေဟာ ပတ်ဝန်းကျင်လေထုမှာ ပျံ့နှံ့နေတာကြောင့် အအေးမိ ၊ ဖျားနာခြင်းတွေကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပါတယ်။ ရေများများသောက်သုံးပေးခြင်းဟာ ခန္ဓာကိုယ်မှာ ရေဓာတ်ကို ပြည့်ဝနေစေတာကြောင့် ပြင်ပလေထုမှာ ပါလာတဲ့ ရောဂါပိုးတွေကို ခံနိုင်ရည်ရှိစေပါတယ်။

(၄) ဆောင်းတွင်းမှာ ရေများများသောက်ပေးသင့်တဲ့ နောက်ထပ် အကြောင်းအရင်းတခုကတော့ ခန္ဓာကိုယ်လှုပ်ရှားမှု နည်းခြင်းကြောင့် ကိုယ်အလေးချိန်တက်လာခြင်းကို ကာကွယ်ပေးနိုင်တာပဲဖြစ်ပါတယ်။ ရေများများသောက်ပေးခြင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အစားအစာတွေကို ပုံမှန်ထက် ပိုမိုစားသုံးခြင်းကနေလည်း တားဆီးပေးနိုင် ပါတယ်။

(၅) ဆောင်းရာသီမှာ ခန္ဓာကိုယ်က တခြားသော ရာသီဥတုမှာထက် ပိုမိုလေးလံထိုင်းမှိုင်းနေတတ်တာဟာ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ ခန္ဓာကိုယ်က လုံလောက်တဲ့ ရေဓာတ်တွေ မရရှိတဲ့အခါ လှုပ်ရှားမှုတွေ ပိုမိုနှေးကွေးလာပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရစေနိုင်တာကြောင့် ရေများများသောက်ပေးသင့်ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top