iMyanmarHouse.com - Best Property Website for Myanmar
×


နိုင္းဝမ္း၊ D ၿဖိဳး၊ Waiလွ်ံ၊ Okka တို႕နဲ႕ သီခ်င္းဆိုဖို႕အတြက္ ယုန္ေလးကို လာငွားခဲ့ၿပီး အျခားအႏုပညာရွင္ေတြကို အႏုပညာ ေၾကးေပးဖို႕ စီစဥ္ထားေပမယ့္ သူ႕ကိုေတာ့ ဒီတိုင္းဆိုေပးဖို႕ ေျပာခဲ့တယ္တဲ့။ သူ႕ကို အဲ့လိုေျပာခဲ့ေပမယ့္လည္း ပြဲရွင္ကို ေဒါသမျဖစ္မိပဲ ကိုယ့္ကိုကိုယ္သာ သိမ္ငယ္သြားသလုိ ခံစားခဲ့ရတယ္လို႕ ဆုိပါတယ္။

အဆုိေတာ္ ယုန္ေလးတစ္ေယာက္ ပြဲရွင္တစ္ေယာက္ရဲ႕ စကားတစ္ခြန္းေၾကာင့္ ကိုယ့္ကိုကိုယ္ သိမ္ငယ္သြားခဲ့တယ္လို႕ ဆုိပါတယ္။ အခုခ်ိန္ထိ အႏွိမ္ခံဘဝက မလြတ္ေသးပါလားဆိုၿပီး ကိုုယ့္ကိုကိုယ္ ေတြးမိတဲ့အထိ ျဖစ္သြားခဲ့ပါတယ္။

ယုန္ေလးကို နိုင္းဝမ္း၊ D ၿဖိဳး၊ Waiလွ်ံ၊ Okka တို႕နဲ႕ သီခ်င္းဆိုဖို႕အတြက္ ပြဲတစ္ပြဲ လာငွားခဲ့ေပမယ့္ အျခားေသာ အႏုပညာရွင္ေတြ အႏုပညာ ေၾကးေပးဖို႕ စီစဥ္ထားၿပီး သူ႕ကိုေတာ့ Budget မရွိေတာ့တဲ့အတြက္ ဒီတိုင္း ဆိုေပးဖို႕ ေျပာခဲ့တယ္ဆိုၿပီး ယုန္ေလး ျဖစ္စဥ္ကို သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ယခုလို ေျပာခဲ့ပါတယ္။

"ကိုယုန္ေလး အျပင္ဘယ္သူေတြရိွဦးမလဲေပါ့။လက္တေလာအားတာ သူငယ္ခ်င္းေတြ Nine One၊D Phyo၊  Wai Hlian၊ Okka . ေပါ့ အႏုပညာေၾကး ေမးၿပီး သူတို႔ေပးဖို႔အဆင္ေျပပါတယ္ေပါ့ ေပ်ာ္ေပ်ာ္ပါးပါးသြားဆိုက်မယ္ေပါ့ .က်န္တဲ့ ၄ေယာက္ကိုေတာ့ အဆင္ေျပတယ္ . ကိုယုန္ေလးေတာ့ ဒီတိုင္းေမတၱာနဲ႔ လိုက္ဆိုပါတဲ့ . Budget မရိွေတာ့လို႔ပါတဲ့ .ကိုယုန္ေလးကို လူလဲသိတာေပါ့တဲ့ .ေဒါသမျဖစ္ဘူး။ကိုယ္ဟာ ကိုသိမ္ငယ္သြားတယ္။ငါဒီ အခ်ိန္ထိ လူအထင္ေသးခံေနရတုန္းပဲ ဒါမွမဟုတ္ သေဘာအရမ္းေကာင္းလို႔လား လုပ္လို႔ရရင္ လူ႔ေလာကမွာ လုပ္တက္က်တယ္ေလကိုယ့္ဟာကို နာမည္ႀကီးတယ္မေျပာပါဘူး . သီခ်င္းဘက္မွာလဲတည္ေဆာက္ သင့္သေလာက္တည္ေဆာက္ၿပီးပါၿပီ " ဆိုၿပီး ဒီဇင္ဘာ(၅) ရက္ေန႕က ေရးသားထားတာပါ။

ဘာျဖစ္လို႕ သူ႕ကို အခုခ်ိန္ထိ အႏွိမ္ခံဆက္ဆံေနေသးတာလဲဆိုၿပီး ေမးခြန္းထုတ္ထားပါတယ္။

"ဘာျဖစ္လို႔ ဒီလိုေတြအႏိွမ္ခံဆက္ဆံခံေနရေသးတာလဲ .ကြ်န္ေတာ့ရဲ႕ ညီအစ္ကိုေတြကလည္း ခ်စ္ဖို႔ေကာင္း ညီခ်က္ . သူတို႔လည္း ဘယ္ေလာက္ရရ မသြားဘူးတဲ့ ပြဲပ်က္သြားပါတယ္။ဘာပဲျဖစ္ျဖစ္ ကိုယ္ယံုၾကည္ရာ ကိုယ့္အလုပ္ကိုေရွ႕ဆက္ေနမွာပဲ ." ဆုိၿပီး ယုန္ေလးက ဆက္လက္ေရးသားထားပါေသးတယ္။ဒီလထဲမွာလည္း သီခ်င္းေလးေတြ ျပန္တင္ဖုိ႕ စီစဥ္ထားၿပီး သီခ်င္းသစ္ေတြလာရင္လည္း ပရိသတ္ေတြ အားေပးၾကပါဦးလို႕ ေျပာထားပါတယ္။

ယုန္ေလး ရုိက္ကူးခဲ့တဲ့ Original Gangster ရုပ္ရွင္ဇာတ္ကားႀကီး၊ Speical 9 ရုပ္ရွင္ဇာတ္ကားႀကီးေတြကလည္း ပရိသတ္အႀကိဳက္နဲ႔ ထပ္တူ က်ခဲ့တာျဖစ္ပါတယ္။ အက္ရွင္ဇာတ္ကားေကာင္းေကာင္းေတြကုိ ဖန္တီးတတ္တဲ့ ယုန္ေလးကေတာ့ ေနာက္ထပ္ ဘယ္လို ဇာတ္ေကာင္းေတြ ျပင္ဆင္သြားမလဲဆုိတာကေတာ့ မၾကာခင္ သိရေတာ့မွာပါ။

သူဟာ အႏုပညာအလုပ္ေတြလည္း ဆက္တုိက္ေဆာင္ရြက္ေနသလုိ ပရဟိတအလွဴဘက္မွာလည္း မျပတ္မကြက္ ေဆာင္ရြက္ေန သူျဖစ္ပါ တယ္။ လက္ရွိမွာလည္း အႏုပညာနဲ႔ပတ္ သက္တဲ့ အလုပ္ေတြ အမ်ားႀကီးေဆာင္ရြက္ေနတာကုိ ေတြ႔ရပါတယ္။

ယုန္ေလးက  သူကိုယ္တုိင္ေရးသားတဲ့ ကုိယ့္သမုိင္းကုိယ္ေရးၾကသူမ်ား ၁ ၊ Original Gangster 1 စတဲ့ ရုပ္ရွင္ဇာတ္ကားႀကီးေတြမွာ ပါဝင္ ခဲ့သူပါ။ ဒီရုပ္ရွင္ဇာတ္ကားႀကီးေတြကေနတဆင့္ ပရိသတ္အားေပးမႈလည္း ပုိမုိရရွိလာတာျဖစ္ပါတယ္။ အခုလက္ရွိမွာလည္း သီခ်င္းေတြ ေရးေပးျဖစ္ေနတယ္လုိ႔ သိရပါတယ္။

Credit:Duwun

# Unicode Version ျဖင့္ ဖတ္ပါ #

နိုင်းဝမ်း၊ D ဖြိုး၊ Waiလျှံ၊ Okka တို့နဲ့ သီချင်းဆိုဖို့အတွက် ယုန်လေးကို လာငှားခဲ့ပြီး အခြားအနုပညာရှင်တွေကို အနုပညာ ကြေးပေးဖို့ စီစဉ်ထားပေမယ့် သူ့ကိုတော့ ဒီတိုင်းဆိုပေးဖို့ ပြောခဲ့တယ်တဲ့။ သူ့ကို အဲ့လိုပြောခဲ့ပေမယ့်လည်း ပွဲရှင်ကို ဒေါသမဖြစ်မိပဲ ကိုယ့်ကိုကိုယ်သာ သိမ်ငယ်သွားသလို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုတော် ယုန်လေးတစ်ယောက် ပွဲရှင်တစ်ယောက်ရဲ့ စကားတစ်ခွန်းကြောင့် ကိုယ့်ကိုကိုယ် သိမ်ငယ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အခုချိန်ထိ အနှိမ်ခံဘဝက မလွတ်သေးပါလားဆိုပြီး ကိုယ့်ကိုကိုယ် တွေးမိတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

ယုန်လေးကို နိုင်းဝမ်း၊ D ဖြိုး၊ Waiလျှံ၊ Okka တို့နဲ့ သီချင်းဆိုဖို့အတွက် ပွဲတစ်ပွဲ လာငှားခဲ့ပေမယ့် အခြားသော အနုပညာရှင်တွေ အနုပညာ ကြေးပေးဖို့ စီစဉ်ထားပြီး သူ့ကိုတော့ Budget မရှိတော့တဲ့အတွက် ဒီတိုင်း ဆိုပေးဖို့ ပြောခဲ့တယ်ဆိုပြီး ယုန်လေး ဖြစ်စဉ်ကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ပြောခဲ့ပါတယ်။

"ကိုယုန်လေး အပြင်ဘယ်သူတွေရှိဦးမလဲပေါ့။လက်တလောအားတာ သူငယ်ချင်းတွေ Nine One၊D Phyo၊  Wai Hlian၊ Okka . ပေါ့ အနုပညာကြေး မေးပြီး သူတို့ပေးဖို့အဆင်ပြေပါတယ်ပေါ့ ပျော်ပျော်ပါးပါးသွားဆိုကျမယ်ပေါ့ .ကျန်တဲ့ ၄ယောက်ကိုတော့ အဆင်ပြေတယ် . ကိုယုန်လေးတော့ ဒီတိုင်းမေတ္တာနဲ့ လိုက်ဆိုပါတဲ့ . Budget မရှိတော့လို့ပါတဲ့ .ကိုယုန်လေးကို လူလဲသိတာပေါ့တဲ့ .ဒေါသမဖြစ်ဘူး။ကိုယ်ဟာ ကိုသိမ်ငယ်သွားတယ်။ငါဒီ အချိန်ထိ လူအထင်သေးခံနေရတုန်းပဲ ဒါမှမဟုတ် သဘောအရမ်းကောင်းလို့လား လုပ်လို့ရရင် လူ့လောကမှာ လုပ်တက်ကျတယ်လေကိုယ့်ဟာကို နာမည်ကြီးတယ်မပြောပါဘူး . သီချင်းဘက်မှာလဲတည်ဆောက် သင့်သလောက်တည်ဆောက်ပြီးပါပြီ " ဆိုပြီး ဒီဇင်ဘာ(၅) ရက်နေ့က ရေးသားထားတာပါ။

ဘာဖြစ်လို့ သူ့ကို အခုချိန်ထိ အနှိမ်ခံဆက်ဆံနေသေးတာလဲဆိုပြီး မေးခွန်းထုတ်ထားပါတယ်။

"ဘာဖြစ်လို့ ဒီလိုတွေအနှိမ်ခံဆက်ဆံခံနေရသေးတာလဲ .ကျွန်တော့ရဲ့ ညီအစ်ကိုတွေကလည်း ချစ်ဖို့ကောင်း ညီချက် . သူတို့လည်း ဘယ်လောက်ရရ မသွားဘူးတဲ့ ပွဲပျက်သွားပါတယ်။ဘာပဲဖြစ်ဖြစ် ကိုယ်ယုံကြည်ရာ ကိုယ့်အလုပ်ကိုရှေ့ဆက်နေမှာပဲ ." ဆိုပြီး ယုန်လေးက ဆက်လက်ရေးသားထားပါသေးတယ်။ဒီလထဲမှာလည်း သီချင်းလေးတွေ ပြန်တင်ဖို့ စီစဉ်ထားပြီး သီချင်းသစ်တွေလာရင်လည်း ပရိသတ်တွေ အားပေးကြပါဦးလို့ ပြောထားပါတယ်။

ယုန်လေး ရိုက်ကူးခဲ့တဲ့ Original Gangster ရုပ်ရှင်ဇာတ်ကားကြီး၊ Speical 9 ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အကြိုက်နဲ့ ထပ်တူ ကျခဲ့တာဖြစ်ပါတယ်။ အက်ရှင်ဇာတ်ကားကောင်းကောင်းတွေကို ဖန်တီးတတ်တဲ့ ယုန်လေးကတော့ နောက်ထပ် ဘယ်လို ဇာတ်ကောင်းတွေ ပြင်ဆင်သွားမလဲဆိုတာကတော့ မကြာခင် သိရတော့မှာပါ။

သူဟာ အနုပညာအလုပ်တွေလည်း ဆက်တိုက်ဆောင်ရွက်နေသလို ပရဟိတအလှူဘက်မှာလည်း မပြတ်မကွက် ဆောင်ရွက်နေ သူဖြစ်ပါ တယ်။ လက်ရှိမှာလည်း အနုပညာနဲ့ပတ် သက်တဲ့ အလုပ်တွေ အများကြီးဆောင်ရွက်နေတာကို တွေ့ရပါတယ်။

ယုန်လေးက  သူကိုယ်တိုင်ရေးသားတဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများ ၁ ၊ Original Gangster 1 စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင် ခဲ့သူပါ။ ဒီရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်အားပေးမှုလည်း ပိုမိုရရှိလာတာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း သီချင်းတွေ ရေးပေးဖြစ်နေတယ်လို့ သိရပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top